Category: News

  • မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိ

    မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိ

    စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိပြီး ၎င်း၏ ဖုန်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို စိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိပြီး ၎င်း၏ ဖုန်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို စိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံက ပြောဆိုသည်။

    ဩဂုတ်လ ၂၁ ရက်နေ့ စစ်ကိုင်းမြိုနယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်မ ၃၃ လက်အောက်ခံ ဆက်သွယ်ရေး နှင့် အင်ဂျင်နီယာတပ်မှ တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ အရှင် ဖမ်းဆီးရမိသော တပ်ကြပ် ရဲလင်းနိုင်ထံမှ ဖုန်း ၂လုံး သိမ်းဆည်းရမိခဲ့ပြီး ဖုန်းအတွင်းမှ ယူနီကွန်းတော်လှန်ရေးတပ်ကိုစိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရကြောင်း၊ တပ်ကြပ် ရဲလင်းနိုင်က သေမင်းတမန် နာမည်ဖြင့် တော်လှန်ရေးရဲဘော်များကို တယ်လီဂရမ် မက်ဆေ့ချ်မှတစ်ဆင့် စိန်ခေါ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဖမ်းမိတာက တစ်ယောက်တည်းပါ။ ဖမ်းမိတဲ့နေ့ကတော့ ဩဂုတ် ၂၁ရက်နေ့က ဖမ်းမိတာ။ ဘယ်နေရာမှာ ဖမ်းမိခဲ့တာလဲဆိုတော့ မင်းကွန်းနယ်မြေရဲစခန်း အနီးမှာ ဖမ်းမိခဲ့တာပါ။ စစ်ခွေး ဖမ်းမိတုန်း သေနတ်ပါသေးလားဆိုတော့ မပါဘူး။ ဖုန်း၂ လုံးပဲပါပါတယ်။ လက်ရှိ ဖမ်းဆီးထားတဲ့သူကို ဘယ်လို အရေးယူဆောင်ရွက်ထားလဲဆိုတော့ အခုလက်ရှိတော့စစ်ဆေးမေးမြန်းမှုတွေလုပ်နေပါတယ်။”ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံကပြောဆိုသည်။

    လက်ရှိအချိန်တွင် စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး လိုအပ်သည့်အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

  • ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ  ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

    ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်

    စာသင်ကျောင်း အပါအဝင် နေအိမ် ၂၄၀ ကျော်လည်း မီးလောင်ပြာကျ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ် ဖြတ်ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဩဂုတ်လ ၁၉ ရက်နေ့ ကန့်ဘလူမြို့နယ်၊ ကျေးပင်အက်ရွာကို ခမရ ၃၆၁ တပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာ စာသင်ကျောင်း အပါအဝင် ပြည်သူပိုင် နေ အိမ် ၂၄၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်က သတ်ဖြတ်သွားသော ပြည်သူ ၄ ဦးသည် ကျေးပင်အက်ရွာမှ အသက် ၅၀ ကျော်အရွယ် ဦးမိုးညို နှင့် သရက်တာရွာမှ အမည်မသိ ပြည်သူ ၃ ဦးဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသြာည်။

    “ဩဂုတ် ၁၉ ရက်နေ့က ၃၆၁ တပ်ရင်း နဲ့ ပျူစောထီးတွေ ပူပေါင်းထားတဲ့ စစ်ကြောင်းက အင်အား ၂၀၀ ကျော်နဲ့ ရွာစာသင် ကျောင်း ပြည်သူနေအိမ်၂၄၀ နဲ့ ရွာပိုင်ပစ္စည်းတွေကိုပါ မီးရှို့ ဖျက်စီးခဲ့တယ်။ ပြည်သူတွေကို ဓားနဲ့ခုတ်သတ်ပြီးတောက မီးရှို့အလောင်းဖျောက်သွားတာ အလောင်းတွေက ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့ ခက်နေတယ်။ စစ်ခွေးတွေက စာသင်ကျောင်းက ထိုင်ခုံတွေနဲ့ သင်ထောက် ပစ္စည်းတွေကိုပါ ဖျက်ဆီးသွားတယ်။ ကျေးရွာထဲက ပြည်သူပိုင် ပစ္စည်းတွေ အကုန်လုံးကိုလည်း ယူဆောင်သွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အဆိုပါ စစ်ကြောင်းက ဩဂုတ်လ ၁၆ ရက်နေ့ တန့်ဆည်မြို့ပေါ်မှ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး ထိန်တောရွာမှ အသက် ၇၀ ကျော်အရွယ် အဖွားအို ၁ ဦးကိုလည်း အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ရွာသစ်ရွာ၊ ကိုင်းရိုးရွာ၊ ကျေးပင်အပ်ရွာ၊ သရက်တော့ရွာ၊ အင်္ဂါဒေါင့်ရွာနှင့် မြစိန်ဘုရားတောတိုက်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

  • ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး

    ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး

    ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး

    မြန်မာနိုင်ငံ၊ မြဝတီမြို့ နယ်စပ်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မဈေးတွင် မြန်မာဈေးသည်များ ယခုရက်ပိုင်းအတွင်း အချင်းချင်း ခိုက်ရန်ပွဲဖြစ်ပွားနောက် ထိုင်းအာဏာပိုင်များက မဲဆောက်ဈေးက မြန်မာဈေးသည်များအား ဝင်ရောက်ဖမ်းဆီးနေသည်။

    မဲဆောက်ဈေးတွင် မြန်မာဈေးသည်များအချင်းချင်း ခိုက်ရန်ပွဲ အနည်းဆုံး ၄ ပွဲထက်မနည်း ဖြစ်ပွားခဲ့ပြီးနောက်မှာ ရဲ၊ လဝက၊ စည်ပင် စသည့် အဖွဲ့ပေါင်းစုံပါဝင်သော ထိုင်းအာဏာပိုင်များက ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်သည်။

    မြန်မာဈေးသည်များမှာ တုတ်၊ ဓါးများ ကိုင်ဆောင်၍ ခိုက်ရန်ပွဲဖြစ်ပွားခဲ့သလို ကိုယ်ထိလက်ရောက် ထိုးနှက်မှုများကိုလည်း ကျူးလွန်ခဲ့ကြကြောင်း မျက်မြင်များက ပြောဆိုသည်။

    ထို့ကြောင့် ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးရာတွင် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေသော မြန်မာဈေးသည်များအား ဖမ်းဆီးခြင်းနှင့် ၎င်းတို့၏ ပိုင်ဆိုင်သော အသီးအနှံများ၊ ကုန်ပစ္စည်းများအား သိမ်းဆည်းသွားသည်။

    မဲဆောက်မြို့ရှိ မြန်မာဈေးသည်တစ်ဦးက “ကျနော်တို့ မြန်မာတွေက နေဖို့ထိုင်ဖို့ မတတ်ကြဘူး။ ဒါက ကိုယ့်နိုင်ငံမဟုတ်ဘူးဆိုတာကို သတိထားရပါမယ်။ အခုတော့ တစ်ယောက်မကောင်းတာနဲ့ အားလုံးခံနေရတယ်။ နဂိုကတည်းကမှ ထိုင်းရဲတွေက မြန်မာတွေဆို လိုက်ဖမ်းဖို့ လုပ်နေကြတာ။ အခုလို ရန်ပွဲတွေကို သိသွားတော့ စစ်ဆေးရေးတွေ ပိုတင်းကျပ်လာမှာဖြစ်တယ်။ နေဖို့ထိုင်ဖို့ တတ်ဖို့ လိုပါတယ်” ဟု ပြောသည်။

    မဲဆောက်မြို့တွင် အထောက်အထား အပြည့်အစုံဖြင့် နေထိုင်ကြသော မြန်မာများရှိသလို အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ခိုလှုံနေကြသော မြန်မာများလည်းရှိသည့်အတွက် အထူးသတိထား နေထိုင်ကြရန်လည်း ၎င်းက အကြံပြုထားသည်။

    “ကျနော်တို့က ထိုင်းဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ စည်းမဲ့ကမ်းမဲ့ နေလို့မရဘူး။ အုပ်စုလိုက် ရန်ပွဲတွေဖြစ်တာက တော်တော် တရားလွန်ပါတယ်။ ထိုင်းမှာ နိုင်ငံခြားသားတွေက ဈေးရောင်းခွင့်မရှိဘူး။ အခြေအနေကြည့်ပြီးတော့ နားလည်မှုတွေနဲ့ လုပ်နေကြရတာ။ ပြဿနာမဖြစ်အောင် ဆင်ခြင်နေထိုင်ရပါမယ်” ဟု မဲဆောက်မြို့ရှိ နောက်ထပ် မြန်မာတစ်ဦးက ပြောသည်။

    မဲဆောက်မြို့မဈေးအတွင်း မြန်မာအချင်းချင်း ရန်ပွဲများမှာ မကြာခဏ ဖြစ်လေ့ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ဖြစ်ပွားကြသည့် ရန်ပွဲများမှာ အုပ်စုလိုက်ဖြစ်ပွားကြသည့်အတွက် ထိုင်းနိုင်ငံသားများကြားတွင် ဝေဖန်မှုများ မြင့်တက်နေခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ၆ လကျော်ကစ၍ မဲဆောက်မြို့တွင် အဖွဲ့ပေါင်းစုံပါသော ထိုင်းအာဏာပိုင်များက စစ်ဆေးရေးတင်းကျပ်လျှက်ရှိနေကာ ယခုရန်ပွဲပြဿနာများကြောင့် ပိုမိုတင်းကျပ်လာကာ မြန်မာနိုင်ငံများအတွက် အခက်အခဲဖြစ်လာနိုင်သည်ဟု သိရသည်။

    ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မဈေးကြီးထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်း ဈေးသည်တွေ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့လို့ မြန်မာ အမျိုးသမီး ၆ ယောက် ဖမ်းဆီး အရေးယူခံခဲ့ရပါတယ်။

    ဩဂုတ် ၂၃ ရက်နေ့က မဲဆောက်ဈေးမှာ ငရုတ်သီးပြန်ရောင်းဖို့ အကြွေးနဲ့ယူသွားတာ ပြန်မဆပ်လို့ အကြွေးတောင်းရင်း စကားများကြရာက တုတ်တွေ၊ ဓားတွေ ပါလာကာ ရိုက်နှက်ကြတယ်၊ သူ့ဘက် ကိုယ့်ဘက်က လူတွေပါ ပါလာပြီး နှစ်ဖက်လုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

    ငရုတ်သီးရောင်းတဲ့ ဈေးသည်တွေ ဩဂုတ် ၂၃ ရက်က စကားများပြီး ရန်ဖြစ်ကြချိန် ထိုင်းစစ်တပ်က တွေ့ရှိလို့ ခဏငြိမ်သွားခဲ့ပေမဲ့ ဩဂုတ် ၂၄ ရက် မနက်ပိုင်းမှာ ဒုတိယကြိမ် ရန်ထပ်ဖြစ်ကြလို့ အနီးအနားက ထိုင်းဈေးသည်တွေက စိုးရိမ်စိတ်နဲ့ ထိုင်းရဲကို တိုင်ကြားခဲ့ပြီးနောက် ဖမ်းဆီးခဲ့ရတာပါ။

    ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ မခင်စန်းဦး (၄၄ နှစ်)၊ ခင်ဆွေမိုး (၃၃ နှစ်)၊ မေတ္တာခိုင် (၃၅ နှစ်)၊ စန်းစန်းထွေး (၃၅ နှစ်)၊ ထိုက်ထိုက်အောင် (၃၁ နှစ်) ၊ မိုးမိုးကြည် (၃၅ နှစ်) စတဲ့ မြန်မာအမျိုးသမီး ၆ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

    မြန်မာဈေးသည်တွေ ရန်ဖြစ်ချိန်မှာ ရိုင်းစိုင်းစွာ ဆဲဆိုနေကြပုံ၊ အုပ်စုဖွဲ့ တုတ်တွေနဲ့ လိုက်ရိုက်နေကြတဲ့ ဗွီဒီယိုဖိုင်တွေ အွန်လိုင်းပေါ် ပြန့်လာပြီးနောက် လူမှုကွန်ရက်မှာ ထိုင်းနိုင်ငံသားတွေရဲ့ ဝေဖန်ရှုတ်ချမှုတွေလည်း မြင့်တက်ခဲ့ပါတယ်။

    ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး မဲဆောက်မြို့နယ်ရဲစခန်းက ရဲမှူးကြီး ညွှန်ကြားချက်နဲ့ တာဝန်ရှိသူတွေဟာ မနေ့က အခင်းဖြစ်ပွားရာ မဲဆောက်ဈေးထဲ သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ Siamrath ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

    ဖမ်းဆီးခံရဲ့ မြန်မာအမျိုးသမီးတွေကို အများနဲ့ သက်ဆိုင်တဲ့နေရာမှာ ဆူပူရန်ဖြစ်တာ၊ ဒါမှမဟုတ် အများပြည်သူပိုင်နေရာရဲ့ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူလုပ်ဆောင်တာ စတဲ့ ပုဒ်မတွေနဲ့ မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့က စွဲချက်တင်ထားပါတယ်။

    အဲဒီထဲက ၂ ယောက်ကတော့ တရားမဝင် နေထိုင်လုပ်ကိုင်မှု၊ ခွင့်ပြုချက်မရတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်မှုတွေနဲ့ပါ အရေးယူခံရဖို့ရှိပါတယ်။

    အလားတူ ဆူပူသောင်းကျန်းမှုတွေ မဖြစ်စေရေးအတွက် လုံခြုံရေး ပိုမိုတင်းကျပ် စစ်ဆေးသွားမယ်လို့ မဲဆောက်ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။

    Source : Siamrath News

    ဓါတ်ပုံ – เจมส์ จันทรา

  • NUG ရဲ့ ရာဇသံ

    NUG ရဲ့ ရာဇသံ

    NUG စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ်၏ တရားမဝင် အတုအယောင်​ ရွေး ကောက်ပွဲ ဖိအားပေးလုပ် ဆောင်မှုများကို ဖမ်းဆီးအရေးယူမည်ဟု ကြေညာ

    အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ်၏ တရားမဝင် အတုအယောင်​ ရွေးကောက်ပွဲ ဖိအားပေးလုပ်ဆောင်မှုများကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း NUG က တရားဝင် ထုတ်ပြန် ကြေညာသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမည်ခံ အဖွဲ့အစည်းတို့ကို အကြမ်းဖက် အုပ်စုများအဖြစ်ကြေညာထားပြီးဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများအတွင်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ရန် ပြည်သူလူထုအား ဖိအားပေးဆောင်ရွက် လာမှုများရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUG က တရားဝင် အသိပေးကြေညာသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့တွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့အစိုးရခေါင်းဆောင်များကို မတရား ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့သည့် စစ်တပ်သည် ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာ အလျဉ်းမရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ရန်သူ(The Enemy of the State) အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ကြေညာခြင်းခံထားရသည့် အဖွဲ့အစည်းတစ်ခုသာဖြစ်သည်ဟု ကြေညာခဲ့သည်။

    ထို့ပြင် ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်သောကြောင့် အဆိုပါ အခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိသော အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှန်သမျှသည် တရားမဝင်သော၊ ဥပဒေမဲ့ လုပ်ရပ်များသာဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသည့် ဥပဒေပြုရေးမဏ္ဍိုင်များ၊ အုပ်ချုပ်ရေးမဏ္ဍိုင်များ အခိုင်အမာ တည်ရှိနေပြီးဖြစ်ကြောင်း၊ ပြည်သူလူထု၏သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး ၎င်းတို့၏ အာဏာ တည်မြဲရေးနှင့် ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရေးတို့အတွက် တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို ဇွတ်အတင်းဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အချာ အာဏာကို မတရားရယူရန်ကြိုးစားခြင်း ဖြစ်ကြောင်း NUG က ဆိုသည်။

    အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်တပ်က ကြိုးကိုင်ထားသော ဟန်ပြ နိုင်ငံရေးလှည့်စားမှု မဟုတ်ဘဲ ပြည်သူက တွန်းအားပေးသော၊ အားလုံးပါဝင်နိုင်မှုရှိသော၊ ဒီမိုကရေစီ နည်းကျသော လုပ်ငန်းစဉ်ကသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို အမှန်တကယ် ဆုံးဖြတ်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် မဟာမိတ်တိုင်းရင်းသားအဖွဲ့များအပါအဝင်၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ မိမိတို့၏ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) တွင် ပြဌာန်းထားသည့် “တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဌာန်းခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်း” မူဘောင်အတိုင်း ရပ်တည်ကာ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ကြေညာသည်။

    စစ်တပ်က တိုင်းရင်းသားပြည်သူများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ် နည်းလမ်းပေါင်းစုံဖြင့် ဖိစီးနှိပ်စက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှု များကို ကျူးလွန်ခဲ့သဖြင့် ကမ္ဘာကအလိုရှိနေသော စစ်ရာဇဝတ်သားများဖြစ်ကြောင်း၊ ပြည်သူ့အာဏာကို မတရားလုယူရန်ကြိုးစားခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှ စတင်သည့် ပြည်သူ့နွေဦးတော်လှန်ရေး တွင်လည်း ပြည်သူလူထုအပေါ် ကြီးမားသည့် စစ်ရာဇဝတ်မှုမြောက်များစွာ ဆက်လက်ကျူးလွန်ခဲ့သည့် အစုအဖွဲ့လည်းဖြစ်ကြောင်း NUG က ထောက်ပြထားသည်။

    ယခု ၂၀၂၅ ခုနှစ် ဩဂုတ်လမှ စတင်၍ အကြမ်းဖက်စစ်အုပ်စုသည် အမည်နာမနှင့် ဖွဲ့စည်းပုံပြောင်းလဲကာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဇွတ်အတင်း ပြုလုပ်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူလူထုကို ပစ်မှတ်ထားသည့် ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုး တိုက်ခိုက်မှုများ၊ ကြီးမားသော စစ်ရာဇဝတ်မှုများကို ဆတိုးလုပ်ဆောင်လာလျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပ ကမ္ဘာအရပ်ရပ်တွင်ရှိကြသော မြန်မာပြည်သူလူထုသည် အကြမ်းဖက်စစ်တပ်၏ မတရားအာဏာလုယူရန်ကြိုးစားမှုကို လက်မခံကြောင်း ဖိနှိပ်မှုများစွာကြားထဲကပင် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒ ဖော်ထုတ်ပြသခဲ့ကြပြီးဖြစ်သကဲ့သို့ ယခုကဲ့သို့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို သေနတ် ထောက်၊ ဓားမိုး၍ ဇွတ်အတင်းပြုလုပ်ရန်ကြိုးစားလာမှုကိုလည်း တတ်စွမ်းသည့်နည်းဖြင့် ဆန့်ကျင်တော်လှန် ကြဦးမည်ဟု အပြည့်အဝယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။

    နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ မဟာမိတ်များအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက ဇွတ်အတင်းပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ပြေလည်စေမည့် အဖြေမဟုတ်ကြောင်းနှင့် ၎င်းလုပ်ရပ်ကို ထောက်ခံအားပေးခြင်းသည် မြန်မာပြည်သူလူထုအပေါ် စစ်အုပ်စုက ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများအား ထောက်ခံအားပေးခြင်း၊ အဆိုပါ ပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အထောက်အကူပြုခြင်းတို့နှင့် အလားသဏ္ဍာန်တူသည်ကို သတိချပ်ကြလျက် မြန်မာပြည်သူများနှင့်အတူ ခိုင်မြဲစွာ ရပ်တည်ပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းပယ်ရန်၊ ကျွန်ုပ်တို့နိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ပြန်လည်ရရှိရေး ကြိုးပမ်းမှုအတွက် ပံ့ပိုးမှုကို အားဖြည့်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

  • ဂုတ်ထိပ်တံတားပျက်စီးပုံများကို စစ်တပ်လော်ဘီများက ရှုထောင်မျိုးစုံမှ ရိုက်ကူး စတင် ဖြန့်ဝေခဲ့

    ဂုတ်ထိပ်တံတားပျက်စီးပုံများကို စစ်တပ်လော်ဘီများက ရှုထောင်မျိုးစုံမှ ရိုက်ကူး စတင် ဖြန့်ဝေခဲ့

    ကမ္ဘာကျော်ဂုတ်ထိပ်တံတား ပျက်စီးနေပြီး စစ်တပ်လော်ဘီများအားလုံးက TNLA နှင့် PDF က မိုင်းခွဲဖျက်ဆီးသည်ဟု တစ်ဖက်သတ် တစ်ပြိုင်နက်တည်း ဝါဒဖြန့်မှုများ အကြီးအကျယ်လုပ်ဆောင်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုးရထားလမ်းပေါ်ရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတား ပျက်စီးနေပြီး စစ် တပ် လော်ဘီများအားလုံးက TNLA နှင့် PDF က မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု တစ်ပြိုင်နက်တည်း ဝါဒဖြန့်မှုများကို ဓာတ်ပုံများဖြင့် အကြီးအကျယ်လုပ်ဆောင်လာသည်။

    မည်သည့်အကြောင်းကြောင့် ဂုတ်ထိပ်တံတား ပျက်စီးနေသည်ကို အမှန်တ ကယ် မသိရှိရသေးသော်လည်း ဂုတ်ထိပ်တံတား အပျက်အစီးဓာတ်ပုံများကို စစ်တပ်ထောက်ခံသော လော်ဘီတယ်လီဂရမ်ချန်နယ်များအားလုံးက ယနေ့ နံနက်ပိုင်းမှစတင်၍ ပထမဆုံး ဖြန့်ဝေလာပြီး ယင်းသို့ ပျက်စီးမှုမှာ TNLA နှင့် PDF များက မိုင်းခွဲ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု တစ်ဖက်သတ် ဝါဒဖြန့်မှုများ အကြီးအကျယ် လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။

    ဂုတ်ထိပ်တံတားသည် သမိုင်းအမွေအနှစ်ဖြစ်ပြီး ယင်းကိုဖျက်ဆီးလိုက်ခြင်းကြောင့် ဖျက်ဆီးသူများကို လုံး၀ ချေမှုန်းသုတ်သင်ရမည်ဖြစ်ကြောင်း အစချီ ၍ စစ်တပ်လော်ဘီများအားလုံးက တစ်ပြိုင်နက်တည်း အကြီးအကျယ် ဝါဒဖြန့်နေကြသည်။

    ဂုတ်ထိပ်တံတားကို ဖျက်ဆီးမှုခံရမှုကြောင့် ပြည်သူများအနေဖြင့် သမိုင်းအမွေ အနှစ်ဖျက်ဆီးသူများကို ဆန့်ကျင်ရမည်ဖြစ် ကြောင်း စစ်တပ်လော်ဘီချန်နယ်များအားလုံး တညီတညွတ်တည်း ဝါဒဖြန့်နေကြသည်။

    ဂုတ်ထိပ်တံတား သည် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ တံတားတစ်စင်းဖြစ်ပြီး နောင်ချိုဘူတာအလွန် ၇ မိုင်အကွာတွင် တည်ရှိသည်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြုခံခြင်းဖြစ်သည်။ ဗြိတိသျှ ကိုလိုနီခေတ် ဂုတ်တွင်းခေါ် ဒေသကြီးရှိ ပေ ၃၀⁠၀ ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည် ဆောက်ထားခြင်း ဖြစ်ပြီး ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထား၍ ဂုတ်ထိပ်တံတားဟု ခေါ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါဂုတ်ထိပ်တံတားကြီး၏ အရှည်မှာ ၂⁠၂၆၀ပေ ရှိပြီး တံတားကြီး အောက်ခြေရှိ ရေမြောင်းကလေး၏ ရေမျက်နှာပြင်မှ တိုင်းတာလျှင် ပေပေါင်း ၁⁠၁၀၀ မြင့်သည်ဟုသိရှိရသည်။ ထိုတံတားကို ဆောက်လုပ်ရာ၌ သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း တစ်သန်း ၁ဝ⁠ဝဝ⁠ဝဝဝ ကို သုံးစွဲရပြီး ပေ ၁၂၀ ရှည်သော အလျားကူး သံဘောင်ကြီး ၁၀-ခု၊ ပေ ၆၀-ရှည်သော အလျားကူး သံဘောင်ကြီး ၁၆-ခုတို့ဖြင့် သံမဏိတိုင်ကြီး ၁၆-တိုင်ပေါ်၌ ခဲရာခဲဆစ် တည်ဆောက်ထားခဲ့ကြောင်း သိရှိရသည်။

    ကိုခိုင်ဇော် သွားရိုက်ပြထားတဲ့ ဂုတ်ထိပ်