Category: News

  • KLG PDF တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး

    KLG PDF တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး

    ဘုတလင်မြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဘုတလင်ရဲစခန်း ၊ ထွေ/အုပ် ရုံး နှင့် အထကကျောင်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

    တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ၏ MA-2 သေနတ် ၁ လက် ဆုံးရှုံးခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို အကြမ်းဖက် စစ်တပ်ဘက်မှ Y-12 ဖြင့် ၈ ကြိမ်၊ စက်တပ်လေထီးဖြင့် ၉ ကြိမ် ၊ အသေခံ ဒရုန်းဖြင့် ၆ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ဘုတလင်မြို့နှင့် နမခ အကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပကဖ ၊ မုံရွာခရိုင်တပ်ရင်း ၂၀ ၊ ဒီပဲယင်းမြို့နယ်ပကဖ ၊ ကနီမြို့နယ်တပ်ရင်း ၉+ ၊ ရေဦးမြို့နယ် ပကဖ လက်ရုံးတပ် ၊ ရွှေဘိုခရိုင် drone အဖွဲ့ ၊ မုံရွာခရိုင်ကွပ်ကဲရေး drone အဖွဲ့၊ BA တပ် နှင့် မဟာမိတ်အဖွဲ့များက ၉ နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဘုတလင်တိုက်ပွဲမှာ KLG PDF တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး

    စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီဇင်ဘာ ၂၈ ရက်က စစ်အုပ်တပ်စခန်းတွေအနီးမှာ စစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော်ခြောက်ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ကျဆုံးရဲဘော်တွေဟာ ကနီမြို့နယ်အခြေစိုက် ကျောက်လုံးကြီး(KLG PDF) တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ခွဲမှူးကိုသက်(ခ)သက်နိုင်ထွန်းနဲ့ ရဲဘော်ငါးဦး ဖြစ်တယ်လို့ ဆိုပါတယ်။

    ရွေးကောက်ပွဲကျင်းပနေတဲ့ ဘုတလင်မြို့ပေါ်က အထွေထွေ အုပ်ချုပ်ရေးမှုးရုံး ၊ရဲစခန်းတွေနဲ့ စစ်အုပ်စုစခန်းတွေကို တစ်ပြိုက်နည်ထဲ တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်အုပ်စုလေကြောင်းရန်ကြောင့် ကျဆုံးခဲ့တာဖြစ်တယ်လို့ ဘုတလင် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    “လေကြောင်းတိုက်ခိုက်လို့ ကျတာက သုံးယောက်၊ဘုတလင်မြို့ သိမ်းတိုက်ပွဲမှာ ကျတာကသုံးယောက် ။တပ်ခွဲမှုးကတော့ ကျောက်လုံးကြီးက ၊သူတို့ တပ်ရင်းက နှစ်ယောက်ကျတယ်။ကျန်တာတွေကတော့ လေးယောက်ကျတယ်”

    အဲ့ဒီကျဆုံးသွားသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ မှာပဲ နာရေးအခမ်းအနားပြုလုပ်ပြီး တပ်ဓလေ့ထုံးစံနဲ့အညီ သဂြိုဟ်သွားမယ်လို့ သူကဆိုပါတယ်။

    တစ်ဆက်ထဲမှာပဲ တော်လှန်ရေးရဲဘော်တွေ ကျဆုံးမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၂၃)တပ်ရင်း ကျောက်လုံးကြီးတပ်ဖွဲ့ကလဲ “တပ်ခွဲမှူး ကိုသက်(ခ)သက်နိင်ထွန်းသိစေရန် ၊သင်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2025ခုနှစ် ဒီဇင်ဘာလ 28ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်။တပ်ခွဲမှူး ကိုသက် (ခ) သက်နိင်ထွန်း၏ ရဲစွမ်းသတ္တိနှင့် စွန့်လွှတ် စွန့်စားမှုတို့ကို သင်၏ ရဲဘော် ရဲဘက်များက အစဉ်အောက်မေ့ သတိရလျှက် ပြည်သူ့တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဂတိသစ္စာပြုပါသည်”လို့ ဝမ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်သား ၁၅ ဦးကျော် သေဆုံးခဲ့ပြီးတော့ စစ်အုပ်စုအထွထွေအုပ်ချုပ်ရေးရုံး ၊မြို့နယ်ရဲစခန်း၊ စစ်အုပ်စု စခန်းတွေကို ယာယီထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်းအတွင်းမှာတော့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကသာ ၊ဝက်လက် ၊ဘုတလင်၊တမူး ၊ရွှေဘို၊အရာတော် မြို့နယ်တွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတော့ တော်လှန်ရေး ရဲဘော် ၁၅ဦးခန့် ကျဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်ကိုတော့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

    Photo -ဘုတလင်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၂၃)တပ်ရင်း ၊တပ်ခွဲမှူး ကိုသက်(ခ)သက်နိင်ထွန်းကို တွေ့မြင်ရစဉ်။ Photo – Ashin Vicitta

  • တော်လှန်ရေး ကလည်း အရှိန်အဟုန်နဲ့ ဆက်သွား နေဦးမှာ

    တော်လှန်ရေး ကလည်း အရှိန်အဟုန်နဲ့ ဆက်သွား နေဦးမှာ

    ရှင်းရှင်းလေးကွာ။

    စစ်တပ်က က ချင်လို့ ဇာတ်ထောင်တာ။

    ခုလက်ရှိက လိုင်စင်မဲ့ ဝစ်သောက် ဖြစ်နေလို့ တရားဝင် ဖြစ်အောင် လိုင်စင် ဝင်တဲ့သဘောကွာ။

    သူတို့ပဲ မနိုင်နိုင် အောင် အားလုံး လုပ်ထားပြီးသား။

    မကောင်းတတ်လို့ နိုင်ငံတကာကို ပြလို့ရအောင် အရပ်သားတွေကို နေရာလေး မဖြစ်စလောက် ပေးနိုင်ပြီး ကျန်တာ သူတို့ပဲ အကုန်ယူမှာ။

    ကိုကိုကြီးတို့လို အခွင့်အရေး သမားတွေက အဲဒီ စစ်တပ် ဟပေးထားတဲ့ ခွေးတိုးပေါက် စမူဆာ လောက်လေးကို အလုအယက် ပြိုင်တိုးနေကြတာ။

    မဲထွက်မပေးပေး မပေးပေး စစ်တပ်ပါတီ ကြဲံ့ဖွတ်ပဲ landslide နိုင် မယ်။

    သူတို့ပဲ အစိုးရ ဖွဲ့မယ်။

    ခွေးတိုးပေါက်က ဝင်လာတဲ့ ကောင်တွေက လွှတ်တော် ထဲမှာ လူပိန်းကြိုက်တွေ ထတောင်းဆိုရင် တောင်းဆိုမယ်။ မဲခွဲရင် ရှုံးမယ်။ ဒါပဲ။

    အဲ့တော့ ခွေးတိုးပေါက်က ဝင်တဲ့ အခွင့်အရေး သမားတွေ မဲမရလေ ကောင်းလေပဲ။

    နို့မို့ ဆိုရင်တောင် စစ်တပ်က သူတို့ ရွေးကောက်ပွဲကို တရားမျှတပါတယ် ဆိုပြီး မျောက်ပြ ဆန်တောင်း လုပ်ခွင့် ရနေဦးမယ်။

    ရွေးကောက်ပွဲ လုပ်ပြီးလည်း ပြည်သူတွေ ဘဝက ဆင်းရဲမြဲ၊ မီးပြတ်မြဲ၊ ဒုက္ခရောက်မြဲ၊ အနိုင်ကျင့် ခံရမြဲ ဖြစ်နေမှာပဲ။

    ဒါကြောင့် တော်လှန်ရေး ကလည်း အရှိန်အဟုန်နဲ့ ဆက်သွား နေဦးမှာပဲ။

    Zin Thaw Naing

  • စစ်တပ်မဟာမိတ် ဒေါ်သက်သက်ခိုင်၏ ပီသုံးလုံးပါတီ တစ်နေရာမျှ အနိုင်ရခြင်းမရှိ

    စစ်တပ်မဟာမိတ် ဒေါ်သက်သက်ခိုင်၏ ပီသုံးလုံးပါတီ တစ်နေရာမျှ အနိုင်ရခြင်းမရှိ

    ဒီဇင်ဘာလ ၂၈ ရက်က စစ်တပ်ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း(၁)တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် တစ်နေရာမျှ အနိုင်ရခြင်းမရှိသေးကြောင်း သိရသည်။

    စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် စတင်ကျင်းပခဲ့ရာ PPP ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်နေရာများတွင် ရှုံးနိမ့်ခဲ့ပြီး အပိုင်း သုံးခုစလုံးတွင် မဲရလဒ်များရေတွက်ပြီးမှသာ အနိုင်အရှုံးအတည်ပြုနိုင်မည့် အမျိုးသားလွှတ်တော်နှင့် တိုင်ရင်းသားရေးရာ ဝန်ကြီး နေရာများတွင်လည်း ပြတ်သားသည့်အဖြေမထွက်သေးကြောင်း PPP ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစောဟန်အေးက ပြောသည်။

    “ပြည်သူ့လွှတ်တော်တို့၊ တိုင်းဒေသကြီးလွှတ်တော်တို့ကတော့ မနိုင်ပါဘူး။ အမျိုးသားလွှတ်တော်လည်း အပိုင်း သုံးပိုင်းလုံးပါနေတဲ့အတွက် အဖြေမထွက်သေးဘူး” ဟု ၎င်းက ဆိုသည်။

    လတ်တလော၌ မကွေးတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာနှင့် ပဲခူးတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာတို့တွင် PPP ပါတီက မဲအသာစီးရထားသည်ဟု ၎င်းက ဆိုသည်။

    “အဲ့ဒီနှစ်နေရာက ရလဒ်က ကျွန်တော်တို့ သာနေတယ်လို့ကြားထားတယ်။ တစ်ခုရှိတာက ဒါကလည်း အနိုင်မဟုတ်သေးဘူးလေ။ ရလဒ်သဘောပဲရှိသေးတာကို။ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းက တစ်တိုင်းလုံးနဲ့ဆိုင်တာကို။ တစ်တိုင်းလုံးပြီးမှ အပိုင်း ၁၊ ၂၊ ၃ ပြီးပေါင်းမှသာ သူက အနိုင်အရှုံးကိုပြောလို့ရမှာပါ” ဟု ၎င်းက ပြောသည်။

    ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့သူသည် ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းတွင်း မဲအနိုင်ရနေရာမှ နံနက်ပိုင်းတွင်း မဲစာရင်းရလဒ်မှားယွင်းသည်ဟုဆိုကာ ရှုံးနိမ့်သွားကြောင်း ၎င်းက ဆိုသည်။

    ယခုအပိုင်း (၁) တွင် အချို့မြို့နယ်များတွင် ကြိုတင်မဲများနှင့်ပတ်သက်၍ အချိန်မီမရောက်ရှိခြင်း၊ အရေအတွက်မသိရှိရခြင်း စသည့်အခြေအနေများရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

    အပိုင်း (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည် ကိုယ်စားလှယ်လောင်းအရေအတွက်နှင့် နေရာအသေးစိတ်ကို စိစစ်ပြုစုဆဲဖြစ်၍ အတိအကျပြောဆိုခြင်းမရှိပေ။ သို့ရာတွင် ရွေးကောက်ပွဲအပိုင်းသုံးပိုင်းလုံးအတွက် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် PPP ပါတီမှ ကိုယ်စားလှယ်လောင်း ၆၆၅ ဦး ယှဉ်ပြိုင်မည်ဟု သိရသည်။

    စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပြဋ္ဌာန်းချက်ပါ “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ” ဟူသောအချက်နှင့် ငြိစွန်းသည်ဆိုကာ ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်ခဲ့သည်။

    ဒေါ်သက်သက်ခိုင်သည် အထပ်မြင့်ကွန်ဒိုအိမ်ရာစီမံကိန်းအတွက် ငွေကျပ်ဘီလီယံပေါင်းများစွာကို​ ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်ကို ပြန်လည်ပေးဆပ်ရန်ကျန်ရှိနေကြောင်း သိရသည်။

    အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်အသွင်ပြောင်း စစ်ကောင်စီက ဒေါ်သက်သက်ခိုင်ကို လူ/ကယ်/ပြန်ဝန်ကြီးနှင့် ဟိုတယ်ခရီးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့စိတ်တိုင်းကျခြယ်လှယ်ကျင်းပသည့် ရွေးကောက်ပွဲတွင်မူ ဒေါ်သက်သက်ခိုင်ကို ဖယ်ထုတ်ခဲ့သည်။

    ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၍ အတင်းအဓမ္မ အာဏာသိမ်းထားသည့် စစ်ကော်မရှင်က ၎င်းတို့ အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာ တိုင်းပြည်အနှံ့ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေချိန်တွင် ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၂) ကို၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀နှင့် အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်တွင် ၆၃ မြို့နယ်တို့တွင် ဆက်လက် ကျင်းပသွားမည်ဟု ကြေညာထားသည်။

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ပြည်သူ့ပါတီ (PP)၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့သာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးထားပြီးကျန် ၅၁ ပါတီသည် ပြည်နယ်နှင့်တိုင်း လွှတ်တော်တို့အတွက်သာ ဝင်ပြိုင်ခွင့်ရသည်။

  • လပ်တီးရဲ့ ကျဆုံးစာရင်း ဖရဲသီး သတင်းပေးလာပြီ

    လပ်တီးရဲ့ ကျဆုံးစာရင်း ဖရဲသီး သတင်းပေးလာပြီ

    ရခိုင် ကြေငြာချက်

    ၁။ တပ်မ ၁၁ (လှည်းကူး) တပ်မမှူး အသေရမိ

    ၂။ စကခ ၁၉ (ရေး) တပ်မမှူး ပျောက်ဆုံး

    ၃။ စကခ ၉( ကျောက်တော်) တပ်မမှူး ဖမ်းမိ

    ၄။ တိုင်းဗဟို လေ့ကျင့်ရေးစခန်း မြောက်ဦး ထွက်ပြေး

    ၅။ စကစ ၁၅ ဘူးသီးတောင် သိမ်းမိ

    ၆။ သံတွဲ တွင်် တပ်မ ၁၀၁( ပခုက္ကူ) လက်ကျန်အင်အား အကုန်ကျ

    ၇။ မောင်တောရှိ နယ်ခြားစောင့်စစ်ဌာနချုပ် နခခ (၂) ကျ

    ၈။ တပ်မ ၂၂ (ဘားအံ) တပ်မ တပ်အားလုံး တပ်ပျက် တပ်မမှူး အသေဖမ်းမိ

    ၉။ နခခ ၅ မောင်တော ကျ၊ တပ်မမှူး ဖမ်းမိ

    ၁၀။ စကခ ၅ တောင်ဂုတ်ကျ

    ၁၁။ နပခ (အမ်း) ဒုတိုင်းမှူး (လက်နက်ချ)

    ၁၂။ ဂွမြို့သိမ်းပွဲတွင် လှည်းကူး တပ်မ ၁၁ တပ်မမှူးအသစ်အား အသေဖမ်းမိ

    ရှမ်းမြောက်ကြေငြာချက်

    ၄။ တပ်မ ၉၉ တပ်မမှူး(မိတ္ထီလာ) အသေရမိ

    ၅။ တပ်မ ၁၀၁ (ပခုက္ကူ) တပ်မမှူး ဖမ်းမိ

    ၆။ လောကိကိုင် ဒကစ တပ်မမှူး လက်နက်ချ

    ၇။ စကခ ၁၆(သန္နီ) တပ်မမှူး လက်နက်ချ

    ၈။ စကစ ၁၂ (ကော့ကရိတ်) တပ်မမှူး လက်နက်ချ

    ၉။ တပ်မ ၅၅ (ကလော) တပ်မမှူး လက်နက်ချ

    ၁၀။ စကခ ၁၄ (မိုင်းဆတ်)တပ်မမှူး လက်နက်ချ

    ၁၁။ လောက်ကိုင် အုပ်ချုပ်ရေးမှူး လက်နက်ချ

    ၁၁။စကခ ၁ (ကျောက်မဲ) တပ်မမှူး လက်နက်ချ

    ၁၂။ ရမခ (လားရှိုး) တိုင်းမှူး လက်နက်ချ

    ၁၃၊ စကခ ၂၁( ဗန်းမော်) တပ်ပျက်

    ၁၄။ လပခ( မိုးကုတ်ဗျူဟာ) လက်နက်ချ

    ရန်ကုန်တိုင်း မှ တပ်မ နှစ်ခု ၊

    ကရင်ပြည်နယ်မှ တပ်မ တစ်ခု၊

    မွန်ပြည်နယ်မှ တပ်မ နှစ်ခု၊

    ရခိုင်ပြည်နယ်မှ တပ်မ ၅ ခု နှင့် စစ်တိုင်းတစ်ခု

    မန္တလေးတိုင်းမှ တပ်မ တစ်ခု

    မကွေးတိုင်းမှ တပ်မ တစ်ခု၊

    ပဲခူးတိုင်းမှ တပ်မ တစ်ခု

    ဧရာဝတီတိုင်းမှ တပ်ရင်းငါးရင်း

    ရှမ်းပြည်နယ်မှ တပ်မ ၅ ခု နှင့် စစ် တိုင်းတစ်ခုဖွဲ့စည်းပုံပျက်သွားဟုဆိုနိုင်။

    နောက်တန်း တပ်မဌာနချုပ် တွေဖြစ်တဲ့ စကခ ၁၆ သိန္ဒိ၊ ဒကစ လောက်ကိုင်၊ စကခ ၉ ကျောက်တော်၊ စကခ ၁၅ ဘူးသီးတောင် ၊ နခခ (၂) မောင်တော၊ နခခ ၅ မောင်တော၊ စကခ (၅) တောင်ဂုတ်၊ စကခ(၁) ကျောက်မဲ တိုင်းဌာနချုပ်တွေဖြစ်တဲ့ လားရှိူး ရမခ၊ အမ်း နပခ တို့သည် မြောက်ပိုင်းမဟာမိတ်တို့ လက်ထဲ ကျရောက်ခဲ့ပြီးဖြစ်ပါတယ်။

  • ကသာမြို့ပေါ်ထိ တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

    ကသာမြို့ပေါ်ထိ တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

    ကသာမြို့ပေါ်ထိ တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး ခမရ ၃၀၉ တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ စစ်သား ၅၀ ကျော် အရှင် ဖမ်းမိထား

    စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ထိ တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး ခမရ ၃၀၉ တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေကာ စစ်သား ၅၀ ကျော် အရှင် ဖမ်းမိထားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းမှစတင်၍ စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေသည့် ကသာမြို့ကို KIA ၊ PDF ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ စစ်သားနှင့် ရဲများ ထွက်ပြေး ဆုတ်ခွာသွားကြောင်း သိရသည်။

    ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များသည် ကသာမြို့ပေါ်သို့ ရောက်ရှိလာပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၅၀ ကျော်ကို လက်နက်ခဲ ယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျန်ရှိနေသော အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၉ တပ်ရင်းကို ထပ်မံ ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲ ခုခံနေကြောင်း သိရသည်။

    “ကသာမှာရှိတဲ့ တစ်ခုတည်းသော စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ရင်းကို ဆက်လက် တိုက်နေဆဲပါ။ ကသာမြို့ထဲ တော်လှန်ရေးတပ်တွေ ဒီနေ့ဝင်ပြီ စစ်ခွေး အရှင် ၅၀ ကျော်ဖမ်းမိတယ်။ ကသာ ထွေ/အုပ်ရုံးနဲ့ ရဲစခန်း အကုန်ထွက်ပြေးကြပြီ ကသာမှာက တပ်မ ၇၇ လက်အောက်ခံ ခလရ တပ်ရင်းလည်းရှိတယ်။ ရှမ်းနီ ပြည်သူ့စစ်တွေလည်းရှိတယ်။ အင်အား ၆၀၀ ကျာ်ရှိတယ်။ တံတားဦးနဲ့ မိတ္ထီလာကနေတက်လာတဲ့ ဖိုက်တာတွေနဲ့ ကသာကို ပြင်းပြင်းထန်ထန် ဗုံးကျဲတိုက်ခိုက်နေပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။