Category: News

  • ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ပုဒ်မ ၅၈(ဂ) ဖြင့် အမှုဖွင့်

    မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’ ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၈ ရက်မှာ မြို့နယ်ရဲစခန်းက ပုဒ်မ ၅၈(ဂ) နဲ့ အမှုဖွင့်လိုက်တယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီက နေအိမ်မှာ လာရောက်ဖမ်းဆီးပြီး ညပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ ပြန်လည်ထုတ်ခဲ့ရတယ်လို့ ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။

    “ရဲစခန်းမှာ စစ်တာအတော်ကြာတယ်၊ ည ၁ နာရီမှ ပြန်လွတ်တာ။ ဒါတောင် ကိုယ်စားလှယ်လောင်း ၂ ယောက်က အာမခံနဲ့ပြန်ထုတ်လို့။ ဖုန်းကိုတော့ CID က သိမ်းသွားတယ်။ ၁၈ ရက်နေ့ကျတော့ ပုဒ်မ ၅၈ (ဂ) နဲ့ အမှုဖွင့်လိုက်ရော။”

    ဦးလွင်မြင့် ဖမ်းဆီးခံရတာဟာ စစ်တပ်ထောက်ခံသူ သတင်းထောက် နောင်တော်လေး အပါအဝင် ၆ ယောက်က ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတာကြောင့် အခုလိုစစ်ဆေးတာလို့ မြို့နယ်ရွေးကောက်ပွဲရှင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ပထမတကြိမ်က တော်လှန်ရေး ဆိုတဲ့ စကားလုံး သုံးတယ်၊ စရဖက ခေါ်စစ်ပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီနောက် ဦးလွင်မြင့်က သူရဲ့ဖေ့စ်ဘွတ်ခ် ပရိုဖိုင်မှာ NUG ပုံတင်တယ်ဆိုပြီး နောင်တော်လေး အပါအဝင် ကြံ့ခိုင်ရေးသတင်းထောက် ၆ ယောက်က UEC ကို ထပ်တိုင်လို့ ဖမ်းပြီးစစ်တာ။ ဘာလို့လဲဆိုတော့ သင်္ဃန်းကျွန်းမှာ ကြံ့ခိုင်ရေးက ဒေါ်သန်းသန်းအေး ပြိုင်မှာဆိုတော့ ဦးလွင်မြင့် နိုင်သွားမှာ ကြောက်နေတယ်။ ဒါကြောင့် အခုလို လုပ်တာ။”

    UEC က အမှုဖွင့်ထားတဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ) မှာ နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက် တရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း ဖြစ်ပါတယ်။

    တော်လှန်ရေးဆိုတဲ့ စကားလုံးကို သုံးပြီး မဲဆွယ်စည်းရုံးတာကို အရေးယူမှု ရှိ၊ မရှိ နိုဝင်ဘာ ၁၅ ရက်က စစ်အုပ်စုနဲ့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ အုပ်စုဖွဲ့တည်ထောင်ထားတဲ့ Viber Group မှာ Myanmar Nations Post သတင်းဌာနမှ နောင်တော်လေးက မေးမြန်းခဲ့တာဖြစ်ပါတယ်။

    ဒီလိုမေးမြန်းခဲ့တဲ့အတွက် နိုဝင်ဘာ ၂၁ ရက်မှာ ဦးလွင်မြင့်က ကြံ့ခိုင်ရေးသတင်းထောက် နောင်တော်လေးကို လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူပေးဖို့ စာနယ်ဇင်းကောင်စီကို ပြန်လည်တိုင်ကြားခဲ့ပါတယ်။

    စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စီက နှစ်ဖက်စလုံးကို ခေါ်ယူပြီး ညှိနှိုင်းခဲ့ရာ ပြေလည်သွားခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်မှာ ကြံ့ခိုင်ရေးသတင်းထောက် နောင်တော်လေး အပါအဝင် ၆ ယောက်က ဦးလွင့်မြင်အား UEC ကို ထပ်မံတိုင်ကြားခဲ့တာပါ။

    စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းထောက်တွေရဲ့ လုပ်ရပ်ကြောင့် ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ ရခိုင်သားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင် နဲ့ လေဘာပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရတို့ကို UEC က ကိုယ်စားလှယ်အဖြစ် ရပ်နားခဲ့ပါတယ်။

  • Two Worlds One Wish

    Two Worlds One Wish

    Two Worlds One Wish (2025 )

    အချိန်အားဖြင့် ၂၀၀၀ခုနှစ် နှစ်သစ်ကူးညတစ်ည ကလေးဘဝအရွယ်တုန်းက ဆေးရုံတစ်မှာ‌တွေ့ဆုံခဲ့ကြတဲ့ ဂျန် နဲ့ ဘစ်ဂဲလ်တို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ခုအစပြုရာကနေ အဆုံးသတ်‌ရောက်တော့လည်း ဆေးရုံမှာပဲ ပူဆွေးဝမ်းနည်းစွာအပြီးသတ်ခဲ့ရပါတယ်။

    နတ်သမီးပုံပြင်တွေ/အံ့ဖွယ်ဖြစ်ရပ်‌တွေကိုအယုံအကြည်မရှိတဲ့ ဂျန်ကို ယုံကြည်လာအောင် ဘစ်ဂဲလ်ကပဲ မီးမွှေးပေးခဲ့ပါတယ်။

    ဘစ်ဂဲလ်ရဲ့ကောင်းမှုကြောင့် ‌ရှေးဟောင်းသုတေသနပညာရှင်ဖြစ်လာခဲ့တဲ့ ဂျန်ဟာ ” Amphora ” ဆိုတဲရှေဟောင်းအိုးခွက်တစ်မျိုးကိုရှာတွေ့ခဲ့ရာနေစတင်လို့ ယုံကြည်ရတဲ့သူငယ်ချင်းဖြစ်သူရဲ့ ချောက်ချမှုကြောင့်သေခြင်းနဲ့ရှင်ခြင်းအကြားမှာဒွန်တွဲနေရင်းနဲ့ပဲ မရဏပေါင်းကူးတံတားမှတစ်ဆင့် ဘစ်ဂဲလ်နဲ့တစ်ဖန်ထူးဆန်းစွာထပ်မံချည်နှောင်မိခဲ့ပါတယ်။

    တင်းကြပ်စွာ ချည်‌နှောင်ရစ်ပတ်နေတဲ့ကြိုးကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ဖြေလျှော့ဖို့ ကြိုးစားကြမလဲဆိုတာကို‌တော့ Romance / supernatural / melo / comedy စသဖြင့်ရသစုံလင်စွာ ကြည့်ရှုခံစားနိုင်မယ့် တူရကီရုပ်ရှင်တစ်ပုဒ်ပဲဖြစ်ပါတယ်။

  • အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    အာဏာရှင်နဲ့ ရန်ငါစည်း ပြတ်တယ်လို့ တိုက်စစ်မှူး ကောင်းဆက်နိုင် ပြော

    မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးဖြစ်သူ ကောင်းဆက်နိုင်က စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးကာလအတွင်း ၎င်း၏ ခိုင်မာသော ခံယူချက်နှင့် “ရန်ငါစည်း” ကို မည်သို့ပြတ်သားစွာ ကျင့်သုံးနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

    ကောင်းဆက်နိုင်သည် တော်လှန်ရေးစတင်ကတည်းက မြန်မာ့ဘောလုံးလောကနှင့် လက်ရွေးစင်အသင်းကို စွန့်ခွာခဲ့သူဖြစ်ပြီး၊ လက်ရှိတွင်လည်း တော်လှန်ရေးဘက်တော်သားများနှင့်သာ ထိတွေ့ဆက်ဆံကာ စစ်ကောင်စီနှင့် ပတ်သက်သမျှကို ထိရောက်စွာ သပိတ်မှောက် (Boycott) နေကြောင်း သိရသည်။

    ကောင်းဆက်နိုင် က သူ့ရဲ့ လူမှုကွန်ရက်မှာ အခုလိုရေးသားထားပါတယ်။

    “တော်လှန်ရေးမှာအဓိက ခံယူချက်ပါပဲ ကျွန်တော်တို့ဆို တော်လှန်ရေးစထဲက တော်လှန်ရေးဘက်က လူတွေကိုပဲ အဓိကဆက်ဆံတယ် BC တွေကိုထိထိရောက်ရောက်ဖြစ်အောင် သီချင်းနားထောင်ရင်တောင် တော်လှန်ရေး ဘက်က လူတွေရဲ့ သီချင်း ရုပ်ရှင်အားလုံးကိုပဲခံစားတယ်။ အားပေးတယ် လက်ရွေးစင်ဘောလုံးသမားတစ်ယောက်ဖြစ်နေပေမယ့် မြန်မာဘောလုံးကို စွန့်လွှတ်ထားခဲ့တာတော်လှန်ရေးစထဲကပဲ။ လက်ရွေးစင်အသင်းမှာ ကိုယ့်သူငယ်ချင်းပါလာခဲ့ရင်တောင် အဲ့ကစားသမားက ဘယ်လိုစိတ်ဓာတ်ရှိတယ်။ ကိုယ်တွေနဲ့ခံယူချက်တူတဲ့သူမျိုးကိုပဲပတ်သက်တယ်။ ဘောလုံး ကန်ချင်ရင်တောင် တော်လှန်ရေးပွဲမျိုး ရံပုံငွေပွဲမျိုးတွေကိုအဓိကဦးစားပေးကန်ဖြစ်တယ်။ ကျွန်တော့်အသက်အခု ၃၀ တော်လှန်ရေး စထဲကဆို ဒေါင်ဒေါင်မြည်ကန်နိုင်နေတဲ့အချိန်ကောင်းတွေကို ရင်နာနာနဲ့စွန့်လွှတ်ထားခဲ့တာ ရင်နာနာနဲ့ပါ”

    နိုင်ငံရေးနှင့် တော်လှန်ရေးအသုံးအနှုန်းဖြစ်သော “ရန်ငါစည်း” ဆိုသည်မှာ ရန်သူနှင့် မိမိဘက်တော်သား (ငါ) ကို ဝေဝါးမှုမရှိဘဲ ပြတ်ပြတ်သားသား ခွဲခြားသတ်မှတ်ထားသည့် အနီအသတ် သို့မဟုတ် စည်းဝိုင်းကို ဆိုလိုခြင်းဖြစ်သည်။

    ရန်သူကို ရန်သူဟု သိမြင်ပြီး မည်သည့်အခါမျှ အပေးအယူမလုပ်ခြင်း၊ မိမိတို့၏ ဘုံရည်မှန်းချက်ကို ဖျက်ဆီးနေသူများကို လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အဆက်အသွယ်ဖြတ်တောက်ခြင်းနှင့် မိမိတို့နှင့် ခံယူချက်တူသော မိတ်ဆွေများကိုသာ ရွေးချယ်ပူးပေါင်းခြင်းသည် ရန်ငါစည်းကို စောင့်ထိန်းခြင်းပင် ဖြစ်သည်။

    ကောင်းဆက်နိုင်၏ ယခုကဲ့သို့ ရပ်တည်ချက်သည် အနုပညာရှင်၊ အားကစားသမားများနှင့် အများပြည်သူကြားတွင် စစ်အာဏာရှင်ကို မည်သို့ပြတ်သားစွာ တော်လှန်ရမည်ဆိုသည့် စံနမူနာတစ်ခုအဖြစ် လူမှုကွန်ရက်တွင် ချီးကျူးခံနေရသည်။ ၎င်းသည် လက်ရှိတွင်လည်း တော်လှန်ရေးအတွက် ရန်ပုံငွေပွဲများနှင့် အများအကျိုးပြု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လျက်ရှိသည်။

  • ဧရာ၀တီကိုစတေးပြီး သူခိုးဓားရိုးကမ်းတဲ့အဖြစ်

    ဧရာ၀တီကိုစတေးပြီး သူခိုးဓားရိုးကမ်းတဲ့အဖြစ်

    ဧရာ၀တီမြစ်ဆုံစီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည် စတင်ရန် လုပ်ဆောင်နေမှုတွင် ပြည်သူလူထု၏ဆန္ဒကို အဓိက အလေးအနက်ထားရန် အရေးတကြီးလိုအပ်ဟု KIO/KIA က သတိပေး

    ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့သော မြစ်ဆုံစီမံကိန်းကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ပြန်လည် စတင်ရန် လုပ် ဆောင်နေရာတွင် လူထု၏ဆန္ဒသဘောထားကို အဓိက အလေးအနက်ထားရန် အရေးတကြီးလိုအပ်နေကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် သမ္မတသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံစီမံကိန်းကို မင်းအောင်လှိုင်က ပြန်လည် စတင်ရန် လုပ်ဆောင်လျက်ရှိပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်းကလည်း မြစ်ဆုံစီမံကိန်းအတွက် တည်ဆောက်မည့် ဆည်တာတမံဒီဇိုင်းကို နှစ်နိုင်ငံ ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

    KIO/KIA အနေဖြင့် ကချင်ပြည်နယ်၊ ဧရာ၀တီမြစ်ဆုံတွင် ပြန်လည် တည်ဆောက်ရန် လုပ်ဆောင်နေသော မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး အဖွဲ့အစည်းအနေဖြင့် သဘောထားမှတ်ချက်ပေးရန် လတ်တလော မရှိသော်လည်း ပြည်သူလူထု၏ ဆန္ဒသဘောထားကို အဓိက အလေးအနက် ထားရမည်ဖြစ် ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

    “ကျနော်တို့ KIO/KIA အနေနဲ့ မြစ်ဆုံစီမံကိန်း ပြန်စတာနဲ့ပတ်သက်လို့ သဘောထား ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ ဆန္ဒကအဓိကကျတော့ အလေးအနက်အထားဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

    အကြမ်းဖက် စိုးဝင်း၏ အဆိုအရ မြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံ စီးပွားရေးအရ တွက် ခြေကိုက်နိုင်မည့် တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အဖြစ် တည်ဆောက်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း လွန်ခဲ့သော ရက်ပိုင်းအတွင်း မြစ်ကြီးနားခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုထားသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် တရုတ် ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နှင့်အတူ ပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဆောင်အဖွဲ့က လမ်းညွှန်ချက် ပေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

    ဧရာ၀တီကိုစတေးပြီး သူခိုးဓားရိုးကမ်းတဲ့အဖြစ်

    ဧရာ၀တီမြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရနဲ့ မြန်မာစစ်တပ်ကြား ကြားကနေ ပွဲစားလုပ်ပေးသွားခဲ့တာဟာ အေရှားဝေါလ်(Asia World)ကုမ္ပဏီပါတဲ့။

    ဒီအတွက် အကျိုးဆောင်ခက ၁၀% လို့ နိုင်ငံတကာမြစ်ကြောင်းများအဖွဲ့က ဆိုပါတယ်။

    ကနဦးရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျီယံဆိုတော့ တွက်ကြည့်နိုင်ပါတယ်။

    စီမံကိန်းစတင်တဲ့၂၀၀၂ ကစပြီး မရပ်ဆိုင်ခင်၂၀၁၁ အထိ ၉ နှစ်ကာလအထိ တရုတ်ကုမ္ပဏီရယ်၊ AsiaWorld ရယ်က အဓိကနေရာကနေ လည်ပတ်စေခဲ့တာလို့ သိရပါတယ်။

    အေးရှားဝေါကုမ္ပဏီဆိုတာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးစီးပွားရေးလုပ်ငန်းစုတခုဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။

    ကုမ္ပဏီဥက္ကဋ္ဌကတော့ ကိုထွန်းမြင့်နိုင် (စတီဗင်လော) ဖြစ်ပါတယ်။

    မြစ်ဆုံစီမံကိန်းအကြောင်း ပြောရင် လူတော်တော်များများက တရုတ်ကုမ္ပဏီ CPI (ခုတော့ SPIC နဲ့
    မြန်မာအစိုးရကြားက ကိစ္စလို့ပဲ မြင်ကြတာများပါတယ်။

    ဒါပေမယ့် တကယ်တမ်း ဒီစီမံကိန်းနောက်ကွယ်မှာ အဓိကလက်မရွံ့ ဇာတ်ဆောင်တယောက်ရှိနေတာက အေးရှားဝေါလ် (Asia World) ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။

    အေးရှားဝေါလ်နဲ့ မြစ်ဆုံစီမံကိန်း ဘယ်လိုတွေ ပတ်သက်နေလဲဆိုတာကို ပြည်သူတွေသိထားသင့်တဲ့
    အချက်တွေကို ပြည်​တွင်း ပြည်ပမီဒီယာတွေမှာဖော်ပြထားတဲ့ အချက်လက်တွေကနေ အသေးစိတ် လေ့လာကြည့်တဲ့အခါ တွေ့ရှိရတဲ့အချက်တွေဟာဒါတွေ ပါ။

    🏗️ အေးရှားဝေါလ်က ပွဲစားလား၊ ရှယ်ယာရှင်လား ?

    တကယ်တော့ အေးရှားဝေါလ်က နှစ်မျိုးလုံးနဲ့ ပတ်
    သက်နေတာပါ။ မြစ်ဆုံစီမံကိန်းကို လုပ်ကိုင်ဖို့ တည်
    ထောင်ထားတဲ့ ACHC (Upstream Ayeyawady
    Confluence Basin Hydropower Co., Ltd) ဆို
    တဲ့ ကုမ္ပဏီမှာ အေးရှားဝေါလ်က ရှယ်ယာ ၅% ပိုင်
    ပါတယ်။

    ဒီ ၅%ဆိုတာ နည်းတယ်လို့ ထင်ရပေမဲ့ ဒေါ်လာ ၃.၆
    ဘီလီယံတန် စီမံကိန်းကြီးမှာ ဒီပမာဏက တကယ့်
    ကို များပြားလှပါတယ်။ နောက်ပြီး သူတို့က တရုတ်
    ဘက်က ငွေထုတ်သူတွေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ
    ကြားမှာ ညှိနှိုင်းပေးသူ(Fixer)အဖြစ် အဓိက အခန်း
    ကဏ္ဍကနေ ပါဝင်ခဲ့တာပါ။

    ​၁။ ကနဦး မြစ်ဆုံးစီမံကိန်းအတွက် ၁၀% ပွဲစားခ

    ​စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ
    ရဲ့ ၁၀% ဆိုတာ ဒေါ်လာ ၃၆၀ သန်း ဖြစ်ပါတယ်။
    ဒါဟာ မြန်မာငွေနဲ့ဆိုရင် ဘီလီယံပေါင်းများစွာ ဖြစ်
    ပြီး၊ စီမံကိန်းကြီး တခုလုံး မစရသေးခင်မှာတင်
    အေးရှားဝေါလ်က လက်မှတ်ထိုးခ သက်သက်နဲ့တင်
    ဒီလောက်ရထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း
    စီမံကိန်းကို ဘယ်လိုနည်းနဲ့မဆို ပြန်စဖို့ သူတို့ဘက်
    က အတင်းအကျပ် တွန်းအားပေးနေတာ ဖြစ်ပါ
    တယ်။ ၂၀၀၀ ခုနှစ်ကျော်ကာလ ငွေကြေးတန်ဖိုး
    နဲ့ဆို အလွန်များပြားလှတဲ့ အကျိုးအမြတ်ပါပဲ ။
    တိုင်းပြည်နဲ့လူထုရဲ့ မိခင်သဖွယ်မြစ်တစင်းကို
    စတေးဖို့အတွက် သူရလိုက်တဲ့ မြိုးမြိုးမြက်မြက်
    ဟာ ဘယ်လိုစား၀င်အိပ်ပျော်နိုင်မလဲတော့ မသိ
    ပါ။

    💵 စီမံကိန်း မစခင်ကတည်းက ငွေစရနေတာ

    မြစ်ဆုံဆည်ကြီးကသာ ဆိုင်းငံ့နေတာ အေးရှားဝေါ
    လ်ကတော့ ဒီစီမံကိန်းကြောင့် အစောကြီးကတည်း
    က အကျိုးအမြတ်တွေ ရထားပြီးပါပြီ။ ဘယ်လို
    နည်းတွေနဲ့လဲဆိုရင် –

    🌉 အကြိုဆောက်လုပ်ရေး ကန်ထရိုက်

    ဆည်မဆောက်ခင် လိုအပ်တဲ့ လမ်းတွေ၊ တံတား
    တွေ၊ ဝန်ထမ်းအိမ်ရာတွေနဲ့ စီမံကိန်းစခန်းတွေကို
    အေးရှားဝေါလ်ကပဲ တည်ဆောက်ခွင့်ရခဲ့ပါတယ်။

    ⛺ ရွှေ့ပြောင်းခိုင်းတဲ့ ကိစ္စတွေမှာ ပါဝင်မှု

    ဒေသခံတွေ အပြင်းအထန် ကန့်ကွက်တဲ့ကြားက
    ကျေးရွာတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာ၊
    ရွှေ့ပြောင်းရွာသစ် (ဥပမာ- အောင်မြင်သာရွာ)
    ဆောက်တာတွေကို အေးရှားဝေါလ်ကပဲ တာဝန်ယူ
    လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေရာမှာ ရသင့်ရထိုက်တဲ့
    လျော်ကြေးတွေ ပြည့်ပြည့်ဝဝ မရတာ၊ အိမ်ခြေရာ
    ခြေ ပျက်စီးတာတွေအတွက် အေးရှားဝေါလ်မှာ
    တာဝန်အရှိဆုံးပါ။

    🗡️ ” သူခိုးဓားရိုးကမ်း” အခန်းကဏ္ဍ

    မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့
    အခါ တရုတ်ကုမ္ပဏီတွေက မြန်မာ့မြေပြင် အခြေ
    အနေကို မသိကြပါဘူး။ အဲ့ဒီအခါမှာ အေးရှားဝေါလ်
    က တရုတ်တွေအတွက် လမ်းပြလုပ်ပေးခဲ့ပါတယ်။
    ဒေသခံတွေကို ဘယ်လိုဖိအားပေးမလဲ၊ အစိုးရဆီက
    ခွင့်ပြုချက်တွေ ဘယ်လိုမြန်မြန်ရမလဲဆိုတာမျိုးတွေ
    မှာ အေးရှားဝေါလ်က သူတို့ရဲ့လုပ်ပိုင်ခွင့်ကို သုံးပြီး
    လုပ်ပေးခဲ့တာပါ။

    🙅‍♂️🙅 လူထုကန့်ကွက်မှုကို ဘယ်လိုတုံ့ပြန်လဲ?

    ပြည်သူတွေက “ဧရာဝတီကို မထိနဲ့”လို့ အော်နေကြ
    ချိန်မှာ အေးရှားဝေါလ်ကတော့ စီးပွားရေးမျက်မှန်ပဲ
    တပ်ထားပါတယ်။ စီမံကိန်း ဆိုင်းငံ့သွားတဲ့အခါမှာ
    တောင် သူတို့က တရုတ်ကုမ္ပဏီဘက်ကနေ ရပ်တည်
    ပြီး “ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးကုန်ပြီ၊ ပြန်လုပ်သင့်
    တယ်”ဆိုတဲ့ သဘောမျိုးတွေ တွန်းအားပေးလေ့ရှိပါ
    တယ်။ ၂၀၂၄-၂၀၂၅ ဒီဘက်နှစ်တွေမှာ စစ်ကောင်စီ
    က မြစ်ဆုံကို ပြန်စဖို့ ကြိုးစားလာတဲ့အခါမှာလည်း
    အေးရှားဝေါလ်က အစောဆုံး ပြန်ပြီးတက်ကြွလာတဲ့
    ကုမ္ပဏီထဲမှာ ပါပါတယ်။

    👉 ပြည်သူတွေ ဘာကြောင့် သိထားသင့်သလဲ?

    အေးရှားဝေါလ်ရဲ့ ပိုင်ရှင် ကိုထွန်းမြင့်နိုင် (Steven
    Law)ဟာ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်ရဲ့ သား
    ဖြစ်ပြီး ဒီကုမ္ပဏီဟာ စစ်တပ်နဲ့ အမြဲတမ်း အကျိုး
    စီးပွားချင်း ဆက်နွှယ်နေတာပါ။ မြစ်ဆုံစီမံကိန်းကို
    ကန့်ကွက်တယ်ဆိုတာ တရုတ်ကိုပဲ ကန့်ကွက်ရမှာ
    မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ သယံဇာတနဲ့ အဖိုးတန်
    မြစ်ကြီးကို ကိုယ်ကျိုးအတွက် ရောင်းစားဖို့ အကျိုး
    ဆောင်နေတဲ့ “ပြည်တွင်း ခရိုနီကုမ္ပဏီ”တွေကိုလည်း
    သိထားဖို့ လိုပါတယ်။

    ချုပ်ပြောရရင် –
    အေးရှားဝေါလ်ဟာ မြစ်ဆုံစီမံကိန်းမှာ တရုတ်ရဲ့
    “လက်ဝေခံ”အဖြစ်ရော၊ မြန်မာစစ်တပ်ရဲ့ “စီးပွား
    ရေး အထောက်အပံ့”အဖြစ်ရော ပါဝင်နေတာပါ။
    သူတို့ဟာ ဒီစီမံကိန်းကြောင့် ဒေသခံတွေရဲ့ ဘဝ
    တွေ ပျက်စီးသွားတာကို ဂရုမစိုက်ဘဲ သူတို့ရဲ့ ၅%
    ရှယ်ယာနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တွေက
    ရမယ့် အမြတ်ငွေကိုပဲ ကြည့်နေတာ ဖြစ်ပါတယ်။

    ဒါကြောင့် မြစ်ဆုံကိုကာကွယ်မယ်ဆိုရင် ဒီလို ကုမ္ပ
    ဏီတွေရဲ့ နောက်ကွယ်က ပါဝင်ပတ်သက်မှုတွေကို
    လည်း မျက်ခြေမပြတ် စောင့်ကြည့်ကြဖို့ လိုအပ်ပါ
    တယ်။

    ပြည်သူလူထုကြီးတရပ်လုံး ကန့်ကွက်ဆန့်ကျင်နေ
    တဲ့ကြားထဲက ဆက်လုပ်ခဲ့ရင် သမိုင်းတရားခံထဲမှာ
    အဓိကနေရာကထည့်သွင်းရမယ့် တိုင်းပြည်နဲ့လူထု
    ဘုံရန်သူ ကုမ္ပဏီဖြစ်သွားနိုင်ပါတယ်။

    Source :
    • ISP Myanmar
    • “Myitsone Dam project will continue: Power Minister”. Kachin Development Networking Group. Archived from the original on 4 August 2012. Retrieved 12 March 2012.

    • “Factbox: Myanmar suspends controversial Myitsone Dam”. Reuters. 30 September 2011. Archived from the original on February 6, 2016. Retrieved 27 January 2015.

    • Wangkiat, Paritta (15 January 2017). “Against the flow”. Bangkok Post. Retrieved 2 August 2019.

    • Zhou, Laura (20 January 2019). “China faces backlash as it bids to rekindle stalled US$3.6 billion Myitsone Dam project”. South China Morning Post. Retrieved 2 August 2019.

    •McCann, Gregory (2 August 2019). “Myanmar’s Environmental Challenges”. Asia Sentinel. Retrieved 2 August 2019.

    •”US embassy cables: how Rangoon office helped opponents of Myitsone Dam”. The Guardian. London. 30 September 2011. Retrieved 4 March 2012.

    • “NGO working with Myitsone Dam firm to establish wildlife park in NDA-K area”. Burma News International. 27 August 2014. Retrieved 27 January 2015.

    🌿AI INFO TEAM 🌿
    19 DEC 2025
    #AI #Info #SaveIrrawaddy #Myanmar #history #Update #river #socialmedia