Category: News

  • လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍

    လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍

    မန္တလေးမြို့ လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍ အသက်အန္တရာယ် စိုးရိမ်ရ

    မန္တလေးမြို့ လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စုက ဆုကြေးငွေနှင့် တကွ ဖမ်းဝရမ်း ထုတ်ထားသည့် မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သူ ကိုထက်မြတ်အောင်ကို မန္တလေးမြို့၌ စစ်အုပ်စုက အဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ် အုပ်စုက အဓမ္မ ဖမ်းဆီးထားသော ကိုထက်မြတ်အောင်သည် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) နှင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။

    ကိုထက်မြတ်အောင်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ၎င်း၏ ယုံကြည်ချက်နှင့် သဘောထားဆန္ဒကို (အကြမ်းမဖက်) ငြိမ်းချမ်းစွာနှင့် ရဲရင့်စွာ ထုတ်ဖော်ပြသသူဖြစ်ကာ အသက်အရွယ်အားဖြင့် ၂၄ နှစ်သာရှိသေးပြီး ကျန်းမာရေး အထူးကောင်းမွန်သည့် လူငယ်တစ်ဦး ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုသည် ကိုထက်မြတ်အောင်ကို ဖမ်းဆီးစဉ်တွင် ပြင်းထန်သော အကြမ်းဖက် ရိုက်နှက်ထိုးကြိတ်မှုများ ကျူးလွန်ခဲ့သည့်အပြင် ယခုအခါ သူ၏ အသက်အန္တရာယ်အတွက်ပါ အလွန်အမင်း စိုးရိမ်ပူပန်ရသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

    “၁၄ ရက်နေ့ ညကတည်းက အဆက်အသွယ်ပြတ်သွားတယ်။ ကိုထက်မြတ်အောင်ကိုလည်း စစ်ကောင်စီ ဘက်က ရွေးကောက်ပွဲဟန့်တားနှောင့်ယှက်ရေးနဲ့ အမှုဖွင့်ထားတာဆိုတော့ စစ်ကြောရေးမှာ မလွယ်လောက်ဘူး။ သူ့ကျန်းမာရေးအတွက် အထူးစိုးရိမ်ရတယ်” ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူက ပြောဆိုသည်။

    ထိုသို့ အဓမ္မ ဖမ်းဆီးခံပြီးနောက် ကိုထက်မြတ်အောင်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက် ယိုယွင်းမှု တစုံတရာ ဖြစ်‌ပေါ်ခဲ့ပါက အကြမ်းဖက် စစ်အုပ်စုသည်သာ လုံးဝ တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်ကြောင်း အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-MDY) ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) နှင့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့က ပူးတွဲထုတ်ပြန်ထားသည်။

    ဖက်ဆစ်ဝါဒီ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုက အတိုင်းအဆမရှိ အင်အားသုံး၊ ရက်စက်ယုတ်မာ၍ ပြည်သူ့တော်လှန်ရေးကြီးကို ဖိနှိပ်ဖြိုခွဲနေသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာရှင်စနစ်ဟူသမျှ ကျဆုံးရေးတို့အတွက် ဦးလည်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

  • တော်လှန်ရေးတပ်များ ရေဖြူမြို့ကို ခေတ္တထိန်းချုပ်ကာ စစ်တပ်အခြေစိုက်စခန်းများကို မီးရှို့ရှင်းလင်း

    တော်လှန်ရေးတပ်များ ရေဖြူမြို့ကို ခေတ္တထိန်းချုပ်ကာ စစ်တပ်အခြေစိုက်စခန်းများကို မီးရှို့ရှင်းလင်း

    တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။

    ဒီစစ်ဆင်ရေးဟာ စစ်တပ် ဦးစီးကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရေဖြူမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရေဖြူမြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    တပြိုင်တည်းမှာပဲ ခမရ (၄၀၆)၊ ခမရ (၄၀၇)၊ အမတ (၃၀၄) တို့ကိုလည်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နိုင်ခဲ့ပြီး ရေဖြူမြို့ တံတားစစ်ဆေးရေးဂိတ်၊ ရပ်တော်မူဘုရား စစ်တပ်ယာယီစခန်းတို့ကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    “ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်မှုက အဓိကကျတယ်လေ… အဲဒါကြောင့် ပြင်ဆင်မှုတွေတော့ ရှိပါတယ်။ တိုက်ပွဲက ပြင်းထန်တယ်တော့ မဟုတ်ပါဘူး။ လက်နက်ကြီး လက်နက်ငယ် အပြန်အလှန် ပစ်ခတ်တာတော့ ရှိတယ်။ သေဆုံးတွေ အတိအကျတော့ မသိပါဘူး။ ခန့်မှန်းခြေ ၂၀လောက်တော့ ရှိမယ်ထင်တယ်” လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် ABC က ပြောပါတယ်။

    အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက ရေဖြူမြို့ကို ခေတ္တထိန်းချုပ်နိုင်ခဲ့သလို အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အုပ်ချုပ်ရေး ယန္တရားအဆောက်အအုံတွေနဲ့ ရဲစခန်းအတွင်းက နေရာတချို့ကိုလည်း မီးရှို့ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

    တိုက်ပွဲအပြီး တော်လှန်ရေးတပ်တွေက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပြီး လက်ရှိမှာတော့ စစ်တပ်က ရေဖြူမြို့မှာ အင်အားတွေ အများကြီး ထပ်တိုးထားကာ ကျေးရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

    “ဒီထက်မက ကြိုးစားသွားပါမယ်။ ပြည်သူတွေ လိုချင်တဲ့အရာကို ကျနော်တို့ရည်ရွယ်ချက်ဖြစ်တဲ့ စစ်အာဏာရှင် ကျရှုံးရေးအထိ ကြိုးစားသွားပါ့မယ်။ ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ အပ်နိုင်အောင်လည်း ကြိုးစားသွားပါ့မယ်” လို့ ရဲဘော် ABC က ဆိုပါတယ်။

    အဆိုပါစစ်ဆင်ရေးကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ဗျူဟာ (၃၃) ဒေါနစစ်ကြောင်း (၃) KBDF၊ ဗျူဟာ (၃၃) ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ရေဖြူပကဖ၊ Ba Htoo Army၊ ဂျိုးဖြူပြောက်ကျား၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ – DEFPDF၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF၊ Aဒင်မှူး၊ DNU၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ရင်းချေမှုန်းရေးတပ်ခွဲ(၇) LPF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

  • နတ်ရေကန်သို့ စကခ ၁၇ တပ်များအပြင် တပ်ပျက်လာသည့် တပ်များကိုစု၍ အင်အား ထောင်ချီပို့ဆောင် ‎

    နတ်ရေကန်သို့ စကခ ၁၇ တပ်များအပြင် တပ်ပျက်လာသည့် တပ်များကိုစု၍ အင်အား ထောင်ချီပို့ဆောင် ‎

    ‎နတ်ရေကန်ဗျူဟာကုန်းကို စစ်ကော်မရှင်၏ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံတပ်များအပြင် တပ်ပျက်လာသည့် တပ်ပေါင်းစုများကိုပါ ဖြန့်ခွဲပို့ဆောင်နေကြောင်း သိရသည်။

    ‎ပြီးခဲ့သည့် စက်တင်ဘာမှစတင်ကာ ပဒါန်းတပ်နယ်အတွင်းရှိ တပ်မ (၉၉) တပ်များကို နောက်တန်းသို့ပြန်လည်ခေါ်ယူပြီး စကခ -၁၇ တပ်များဖြင့် အစားထိုးခဲ့ကြောင်းသိရသည်။



    ‎ရှမ်းတောင် မိုင်းပန် အခြေစိုက် စကခ ၁၇ တပ်များအပြင် ဂွအခြေစိုက် ခမရ ၃၆၅၊ တပ်မ (၆၆) လက်အောက်ခံ ခလရ ၃၅၊ ခမရ ၃၆၅တပ်များကိုပါ တပ်ပေါင်းစုအဖြစ် နတ်ရေကန်ကို ပို့ဆောင်ထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ‎”နတ်ရေကန်ကို အင်အားတွေဖြန့်ပို့တာ ထောင်ချီနေပြီ။ ဂုတ်ကြီးနဲ့ ပစီကိုမကျော်နိုင်ဘဲ တပ်အင်အားအတော်ပြုန်းတီးနေပြီလို့ သိရတယ်။ နောက်တန်း ပြန်နားတဲ့ တပ်မရှိသလောက်ပဲ” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎အမ်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) မှ ခမရ ၃၆၅သည် အာရက္ခတပ်တော် (AA) ၏ မြို့သိမ်းတိုက်ပွဲတွင် တပ်ရင်း ဌာနချုပ်ပါ အသိမ်းခံလိုက်ရပြီး တပ်ပျက်သွားသည့် တပ်ရင်းဖြစ်သည်။



    ‎စစ်ကော်မရှင်က ပျက်သွားသည့်တပ်များကို အဝေးရောက်တပ်များအဖြစ်ပြန်လည်စုဖွဲ့ကာ အသုံးပြုလာခြင်းဖြစ်သည်။

    ‎တပ်ပျက်များကို စုပေါင်းထားသည့် တပ်ပေါင်းစုနှင့် စစ်မှုထမ်းတပ်သားသစ်အများစုကို ရှေ့တန်းနယ်မြေကို ပို့ဆောင်နေသည့်အတွက် တပ်သားသစ်များမှာ အစုလိုက်ထွက်ပြေးနေကြကြောင်း သိရသည်။

    ‎စစ်ကူယာဉ်တန်းများ နတ်ရေကန်ကိုပို့ဆောင်ရာတွင် တပ်ဖွဲ့ဝင်များထွက်မပြေးရန်စောင့်ကြည့်ရေးအဖွဲ့ပါစီစဉ်ထားရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎တပ်မ (၉၉) ကို ပဒါန်းတပ်နယ်အတွင်း နေရာချထားစဉ်က အင်အား ၁၅၀၀ ခန့်ရှိရာမှ နောက်တန်းပြန်နိုင်သူ ၇၀၀ ခန့်သာရှိခဲ့ပြီး အင်အား ၃၀၀ ခန့်မှာ ကာကင်းစခန်းများနှင့် နတ်ရေကန်တက်သည့် လမ်းပိုင်းများတွင် ဖြန့်ခွဲနေရာယူထားခဲ့ရကာ အင်အား ၅၀၀ ခန့်မှာ သေဆုံးပျောက်ပျက်အခြေအနေဖြစ်သွားကြောင်း သိရသည်။

    ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

  • ဂန့်ဂေါမြို့တွင်း စစ်သားများ သွားလာသောနေရာများသို့ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲ

    ဂန့်ဂေါမြို့တွင်း စစ်သားများ သွားလာသောနေရာများသို့ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲ

    မကွေးတိုင်း ၊ ဂန့်ဂေါမြို့တွင်းသို့ ရှေ့ာတိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ သွားလာလေ့ရှိသည့် နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

    ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင်ဂန့်ဂေါမြို့ အရှေ့မြောက်ခြမ်းရှိ ခလရ ၅၀တပ်ရင်းသို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ မကျဘဲ ရေပုတ်ရပ်ကွက် အနီးသို့ တစ်လုံး ၊ စစ်သားများ သွားလာလေ့ရှိသည့် သစ်ထုတ်လုပ်ရေးရုံးအနီး လမ်းမပေါ်သို့ တစ်လုံးနှင့် လဝကရုံး အနီးသို့တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရသည်။

    “သစ်ထုတ်ရေးနားက လမ်းမပေါ်မှာ တစ်လုံး ၊ လဝကနားမှာ တစ်လုံး ၊ ရေပုတ်နား တစ်လုံး။ အဲ့ဒီ့နေရာတွေမှာ ကွဲတယ်လို့ သိရတယ်။စခတွေ သွားလာလေ့ရှိတဲ့နေရာတစ်ခုပါ။ ထိခိုက်မရှိ ဘူးလို့လည်း ပြောလာပါတယ်။ မနက် နည်းနည်းစောတော့ လူသွားလူလာမရှိသေးတဲ့အချိန်လေ။ လိုကယ်ရင်း(local တပ်ရင်း) တစ်ခုက ပစ်ခတ်တာလို့ သိရပါတယ်ဗျ။ သူတို့ကတော့ ရကပ (ရွေးကောက်ပွဲ) ကိုသတိပေးတာလို့ပြောတယ်ဗျ”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့သည့် နေရာများအနီးတွင် လူနေအိမ်များရှိသော်လည်း အိမ်များ ထိခိုက်မှုမရှိသလို ပြည်သူများလည်း ဒဏ်ရာမရရှိခဲ့ကြောင်းနှင့် မြို့အဝင်အထွက်ရှိ ဂိတ် ၅ ခုတွင် လုံခြုံရေးအင်အားတိုးမြှင့်လိုက်ကြောင်း သိရသည်။

    “ရဲတွေ စခတွေ ချက်ချင်းရောက်လာပြီး အပိုင်းအစတွေကို သိမ်းယူသွားပါတယ်ဗျ။ လုံခြုံရေးဂိတ် တွေတော့တိုးမြှင့်ထားပါတယ်။ မြို့က မြို့သေးလေးပဲဆိုတော့ မြို့ထဲ ဝင်ထွက်တွေမှာသာ တိုးမြှင့်တဲ့သဘောပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

    မြို့အဝင်အထွက်ရှိ ဂိတ် ၅ ခုတွင် ယခင်က တစ်ဂိတ်လျှင် စစ်သားအင်အား ၁၅ ဦးခန့်သာ ရှိသော်လည်း ယနေ့ နံနက်တွင်မူ ခလရ ၅၀ မှ အင်အားများဖြင့် တစ်ဂိတ်လျှင် ၂၀ မှ ၂၅ ဦးအထိ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

    ဂန့်ဂေါမြို့ အရှေ့မြောက်ခြမ်းတွင် ခလရ ၅၀ တပ်ရင်းတည်ရှိပြီး မြို့လယ်တွင် ရဲစခန်းရှိကာ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပုံမှန် မြို့တွင်း ကင်းလှည့်လေ့ရှိကြောင်း သိရသည်။

    ဂန့်ဂေါရှော့တိုက်ဒုံးနောက်ဆက်တွဲသတင်း

    ယနေ့မနက် ၆ နာရီ ၁၅ မိနစ်ခန့်က ဂန့်ဂေါမြို့ခလရ ၅၀ တပ်ဖက်ကိုဦးတည် ပစ် ခတ် တိုက်ခိုက်ခဲ့တဲ့ ရှော့တိုက် ဒုံးး ၃ လုံးးဟာ ပ-စ် မှ-တ်အထိမရောက်မီ လမ်းးခုလတ်နေရာတွေမှာသာ ကျ-ရောက် ပေါ-က်-ကွဲသွားကြတာဖြစ်တယ်လို့သိရပါတယ်။

    “အဆိုပါ တို-က် ခို-က် မှုဟာ Local ရင်းတစ်ခုက ပြုလုပ်တာပါ၊ ပြောရရင် ရွေးးကောက်ပွဲ အတွက် သတိပေးးတာပါ” လို့ စစ်သတင်းရင်းမြစ်က ပြောပါတယ်။

    ရှော့- ဒုံးး ၃ လုံးဟာ ရေပုတ် ရပ်ကွက် နားတစ်လုံး၊ သစ်ထုတ်လုပ်ရေးဖက် တစ်လုံးနဲ့ ခရိုင် လဝက ရုံးနားမှာ တစ်လုံး ပေါ-က်ကွဲ ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပ-စ် ခ-တ် ပေါ-က် ကွဲချိန်ဟာ မနက်အစောဖြစ်နေတာကြောင့် လူအသွားအလာမရှိသေးတာတွေကြောင့် လူသူအထိ-အ ခို-က်မရှိဘူးလို့သိရပါတယ်။

    အဆိုပါ ပေါ-က် ကွဲ မှုအပြီး ချက်ခြင်း စစ်အုပ်စုတပ်ဖွဲ့ဝင်များနဲ့ ရဲတပ်သားများရောက်ရှိလာကာ ရှော့-ဒုံးး အပိုင်းးအစများကို သိမ်းးယူသွားကြတယ်လို့လည်းသိရပါတယ်။

    မြို့ အဝင်/ အထွက် ဂိတ်တွေ အားလုံးကိုပါ အင်အားတိုးမြှင့် ချထားတယ်လို့လည်း သိရပါတယ်။

    မိဘပြည်သူများနဲ့ မြို့နီးနားပတ်လည်ကျေးရွာကပြည်သူများ စစ်ရေးးသတိအမြဲရှိနေပေးကြရန်လည်း လိုအပ်ပါတယ်။

    ယောအလင်းတန်း

  • ပြည်သူများကို ဗုံးကြဲနေသည့် လေတပ်ကို စစ်ခေါင်းဆောင် ချီးကျူးနေ

    ပြည်သူများကို ဗုံးကြဲနေသည့် လေတပ်ကို စစ်ခေါင်းဆောင် ချီးကျူးနေ

    (ဂျက်ဖိုက်တာများ အပါဝင် လေယာဉ် အစင်း ၃၀ ကိုထုတ်ပြ)

    လက်ရှိ အချိန်အထိ ရရှိနေသည့် အောင်မြင်မှုရလဒ်ကောင်းများသည် လေတပ်အရာရှိစစ်သည်များ၏ ရဲစွမ်းသတ္တိ ပြည့်ဝမှု၊ တာဝန်ကျေပွန်မှုများကြောင့် ဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူး ဂုဏ်ယူစွာ ပြောဆိုလိုက်သည်။

    ရခိုင်ပြည် မြောက်ဦးဆေးရုံကို စုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ပြီးနောက် ၆ ရက်အကြာ နေပြည်တော် လေတပ်စခန်း၌ ပြုလုပ်သော ၇၈ နှစ်မြောက် လေတပ်အခမ်းအနားတွင် ယင်းသို့ ပြောလိုက်ခြင်း ဖြစ်သည်။

    ထို့အပြင် လက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် စစ်မှုထမ်းများအနေဖြင့်လည်း လေတပ်ကိုအတုယူပြီး တာဝန်ထမ်းဆောင်ကြရမည့်အပြင်‌ နောင်လာမည့်မျိုးဆက်များကလည်း လေတပ်မတော်၏ စွမ်းဆောင်ရည် မြင့်မားလာအောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဟုလည်း ဆိုထားသည်။

    ၎င်းအပြင် ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် သင်ခန်းစာယူပြီး ခေတ်မီ အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်နေကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုသည်။

    လေတပ်စတင်တည်ထောင်ချိန်ကဆိုလျှင် အခြေစိုက်စခန်းတစ်ခုနှင့် ပျံသန်းရေးအုပ် အနည်းငယ်သာရှိခဲ့ပြီး ယခုဆိုလျှင် မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကျက်ထားနိုင်ပြီဖြစ်ကြောင်းကိုလည်း စစ်ခေါင်းဆောင်က ပြောသည်။

    ထို့အတူ ယမန်နေ့ ၇၈ နှစ်မြောက် လေတပ်အခမ်းအနားတွင် တိုက်ခိုက်ရေးလေယာဉ်များဖြစ်သည့် Su – 30 SME၊ Mi – 17 အပါအဝင်၊ ကင်းထောက်လေယာဉ်၊ ရဟတ်ယာဉ်များ စုစုပေါင်း အစင်း ၃၀ ကို ထုတ်ပြခဲ့သည်။

    စစ်ခေါင်းဆောင်သည် နိုဝင်ဘာ ၇ ရက်ကလည်း ရုရှားမှ Mi 38 လေယာဉ် ၃ စင်းအပါအဝင် Y8 – F 200WB အကြီးစား သယ်ယူပို့ဆောင်ယာဉ် ၂ စင်းနှင့် ယခုနှစ်အတွင်းတွင် လေယာဉ် ၁၂၇ စီးနှင့် ရဟတ်ယာဉ် ၃၈ စီး ကိုဝယ်ယူခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီသည် ပြည်သူများ၏ အခွန်များနှင့် စစ်လေယာဉ်များဝယ်ယူကာ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများထိန်းချုပ်ရာနယ်မြေများမှ အပြစ်မဲ့အရပ်သားပြည်သူများရှိရာ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ကျေးရွာများကို ဗုံးကြဲနေသည်။

    လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်က ရခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲမှုကြောင့် ဒေသခံ ၃၃ ဦး သေဆုံးခဲ့ပြီး ၇၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

    ဓာတ်ပုံ – MOI