Category: News

  • လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ ဖမ်းရန် စစ်ခေါင်းဆောင် ညွှန်ကြား

    လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ စီးနင်းမှုကြောင့် နိုင်ငံတော်အခွန်အခတွေ နစ်နာသလို လုံခြုံရေးကိုလည်း ခြိမ်းခြောက်မှုတွေ ဖြစ်နေတဲ့အတွက် ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင်က ညွှန်ကြားလိုက်ပါတယ်။

    မေ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့မှာ စစ်ခေါင်းဆောင်က ပြည်ထဲရေးဝန်ကြီးနဲ့ အရပ်ဘက်ဝန်ကြီးဌာနတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုခဲ့တာပါ။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကြောင့် နိုင်ငံတော်အခွန်အခ အများကြီးနစ်နာတယ်။ လုံခြုံရေးအတွက် အခက်အခဲရှိတယ်။ ဒါကြောင့် လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးရမယ်။ လိုင်စင်နံပါတ်အတုနဲ့ လိုင်စင်အတု လုပ်တဲ့သူတွေကိုလည်း အရေးယူရမယ်” လို့ ပြောဆိုခဲ့တာပါ။

    ဒီလိုဖမ်းဆီးရာမှာ အဂတိတရားကင်းဖို့ လိုအပ်ပြီး ပြည်သူလူထုက ယုံကြည်ရတဲ့ ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်သွားဖို့နဲ့ လိုအပ်တဲ့ နေထိုင်စားသောက်ရေးကို နိုင်ငံတော်က ပံ့ပိုးမယ်လို့ ပြောပါတယ်။

    လိုင်စင်မဲ့ယာဥ်တွေကို ၂၀၂၂ ကတည်းက ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပေမဲ့ လက်တွေ့ မြေပြင်မှာ လိုင်စင်မဲ့ယာဥ် အသုံးပြုသူ အများစုဟာ စစ်ဘက်ကများတယ်လို့ ယာဥ်ထိန်းရဲအရာရှိ တယောက်က ပြောပါတယ်။

    “လိုင်စင်မဲ့ကားမိရင် ကားပိုင်ရှင်က ဟိုအဘနဲ့ ပိုင်တယ်၊ ဒီအဘနဲ့ ပိုင်တယ်ဆိုပြီး ဖမ်းတဲ့ရဲကို ရန်လုပ်ရော၊ ပြန်မလွှတ်ဘဲ ဥပဒေအတိုင်းလုပ်တော့ နယ်ပြောင်းခံရတယ်။ တရားမဝင် သွင်းကုန်ဆိုတာ စစ်တပ်ရဲ့ ငွေရပေါက်ပဲ။ အပေါ်ကပြော အောက်က လုပ်ချင်တာလုပ်။”

    စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေက ၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ ဖမ်းဆီးခဲ့ရာ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တို့မှာ အများဆုံး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

  • KIA ပစ်ချမှုကြောင့် စစ်ကောင်စီ ၂ စီးရဟတ်ယာဉ်ပျက်မှုတွင် စစ်ကောင်စီ ဗျူဟာမှူးနှင့်အဖွဲ့  သေဆုံး

    KIA ပစ်ချမှုကြောင့် စစ်ကောင်စီ ၂ စီးရဟတ်ယာဉ်ပျက်မှုတွင် စစ်ကောင်စီ ဗျူဟာမှူးနှင့်အဖွဲ့ သေဆုံး

    ရွှေကူအနီး တောထဲတွင် ပျက်ကျသည့် ရဟတ်ယာဉ်ပျက်ကို KIA တပ်ဖွဲ့များက ရှာဖွေတွေ့ရှိပြီဟုဆို

    (more…)

  • ဗန်းမော်သို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်နိုင်ခဲ့

    ဗန်းမော်သို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်နိုင်ခဲ့

    ဗန်းမော်သို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်နိုင်ခဲ့ပြီး ၂ စီး ပျက်ဟု KIA ပြောခွင့်ရ ဗိုလ်မှူး ကြီးနော်ဘူ အတည်ပြု

    (more…)

  • ပြည်သူ့ဘ၀များ ပုံမှန်လည်ပတ်နေပြီဆိုသော အခြေအနေကို ကူညီပုံဖော်ပေးနေသူ စိုင်းစိုင်းခမ်းလှိုင်

    ပြည်သူ့ဘ၀များ ပုံမှန်လည်ပတ်နေပြီဆိုသော အခြေအနေကို ကူညီပုံဖော်ပေးနေသူ စိုင်းစိုင်းခမ်းလှိုင်

    စစ်ကောင်စီ၏ ဝါဒဖြန့် လှိုင်းများအောက်မှ ပြည်သူ့ဘ၀များ ပုံမှန်လည်ပတ်နေပြီဆိုသော အခြေအနေကို ကူညီပုံဖော်ပေးနေသူ စိုင်းစိုင်းခမ်းလှိုင်

    (more…)

  • မဲဇလီကုန်းကို ခံစစ်မြို့အဖြစ် အသွင်ပြောင်း

    မဲဇလီကုန်းကို ခံစစ်မြို့အဖြစ် အသွင်ပြောင်း

    အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် AA နှင့်PDF ပူးပေါင်းတပ်များကို ခုခံရန် စစ်သင်တန်းပေးနေပြီး စီးပွားလုပ်ငန်းရှင်များထံမှ တစ်ဦးလျှင် ၃ သိန်း၊ အိမ်ထောင်တစ်စုလျှင် ၁ သောင်း စစ်တပ်က ကောက်ခံ

    (more…)