ဆိပ်ဖြူတွင် ကပစစက်ရုံမှ ရှမ်းတဲလေတပ်သို့ ပို့ဆောင်မည့် လေယာဉ်ဗုံးများ လျှို့ဝှက်သယ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ မှ လေယာဉ်ကြဲဗုံးများနှင့် ခဲယမ်းများ လျှို့ဝှက် သယ် ဆောင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရှင်းပြသည်။ မေလ ၆ ရက်နေ့တွင် ကပစ စက်ရုံမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပုသိမ်-မုံရွာလမ်း၊ ဆိပ်ဖြူ-ပေါက် လမ်းဆုံအနောက်ဘက်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းမောင်းသမား မိုင်းထိမှန်သေဆုံးခဲ့ပြီး […]