Category: News

  • မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ရုရှားနိုင်ငံသားတွေကို ကျားဖြန့်ဂိုဏ်းတွေ ဖမ်းထားတယ်လို့ သံရုံး ယူဆ

    မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ရုရှားနိုင်ငံသားတွေကို ကျားဖြန့်ဂိုဏ်းတွေ ဖမ်းထားတယ်လို့ သံရုံး ယူဆ

    မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲ ခံရတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ငွေကြေးလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးမှု၊ အဓမ္မ ခိုင်းစေမှုတွေကို ခံနေရတယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဆိုပါတယ်။

    ရုရှားသတင်းဌာန TASSနဲ့ တွေ့ဆုံရာမှာ သံရုံးတာဝန်ရှိသူ တစ်ဦးက လက်ရှိ ပျောက်ဆုံးနေတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်သွားတယ်လို့ အခိုင်အမာ ယူ
    ဆရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

    ပျောက်ဆုံးနေတဲ့ ရုရှားနိုင်ငံသားတွေရဲ့ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေဆီက အကူအညီ တောင်းခံမှုတွေကို ရရှိထားကြောင်း၊ အဲဒီကိစ္စတွေကို အာဏာသိမ်း စစ်တပ်ရဲ့ ပြည်ထဲရေး ဝန်ကြီး
    ဌာနဆီ အကြောင်းကြားထားကြောင်း၊ ရုရှားနိုင်ငံသားတွေကို အမြန်ဆုံး ရှာတွေ့ပြီး ကယ်ထုတ်နိုင်ဖို့အတွက် သံရုံးဟာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်း အဲဒီ အရာရှိက ပြောပါတယ်။

    ပြည်ပရောက် နိုင်ငံသားတွေကို ကူညီရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုစင်တာ (UCC)ရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ အိုင်ဗန် မယ်လ်နီကော့ဗ်က ရုရှားမော်ဒယ် တစ်ဦးဟာ မြန်မာနိုင်ငံထဲမှာ ပြန်ပေးဆွဲ ခံခဲ့ရတယ်လို့ အစောပိုင်းက ပြောခဲ့ဖူးပါတယ်။

    အဲဒီအမျိုးသမီးဟာ ထိုင်းကို သွားရောက်ခဲ့ပြီး အဲဒီနောက် အလုပ်ကိစ္စ အင်တာဗျူးအတွက် ရန်ကုန်ဆီ ပို့ဆောင်ခံခဲ့ရကြောင်း၊ ပြီးတော့ သူ့ရဲ့ ပတ်စ်ပို့တ်နဲ့တခြားစာရွက်စာတမ်းတွေကို အတင်းအကြပ် သိမ်းယူ ခံရပြီး နောက်တော့ နေရာအတိအကျ မသိရတဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုမှာ အဓမ္မ ခိုင်းစေ ခံနေရတယ်လို့ မယ်လ်နီကော့ဗ်က ဆိုပါတယ်။

    သူ့ကိုပြန်လွှတ်စေချင်ရင်ဒေါ်လာတစ်သောင်း ပေးရမယ်လို့ ပြန်ပေးဆွဲထားတဲ့ ဒုစရိုက်သမားတွေက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ရုရှား နိုင်ငံသားတွေအတွက် ပြန်ပေးငွေ အများအပြား တောင်းခံမှုတွေ ရှိလာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

    TASSက ခြေရာခံ စုံစမ်းထားမှုတွေအရ အခုနှစ်ထဲမှာ မြန်မာအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်း
    ဆီးမှုကို ခံရပြီးမှ ပြန်လွတ်လာခဲ့တဲ့ ရုရှားနိုင်ငံသား ၆ ဦးထက်မနည်း ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ သူတို့တွေထဲက ၃ ဦးကို ထိုင်းအာဏာပိုင်တွေနဲ့ ဘန်ကောက်မှာရှိတဲ့ ရုရှားသံရုံးတို့ရဲ့ ညှိ
    နှိုင်းမှုအရ ရုရှားဆီ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ နောက်ထပ် ၂ ဦးကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုင်းပိုင်နက်ဖက် ရောက်လာခဲ့ပြီး ထိုင်းအာဏာပိုင်တွေက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ကို ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။ ရုရှား အမျိုးသမီး တစ်ဦးကိုတော့ တရုတ်နိုင်ငံဆီ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့တယ်လို့ ဆိပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အစ္စခန်ဒါ အဇီဇော့ဗ်က မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တဲ့ ရုရှားနိုင်ငံသားတွေ ရှိသလို ထိုင်းကနေ လူမှောင်ခို တင်ပို့ခံရသူတွေလည်း ရှိတာကြောင့် ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးချုပ်နှောင်မှု ခံထားရတဲ့ ရုရှားနိုင်ငံသား အရေအတွက်ကို တိတိကျ
    ကျ ခန့်မှန်းဖို့ ခဲယဉ်းကြောင်းလည်း ဝန်ခံသွားပါတယ်။

    ကိုးကား: TASS

    (ရန်ကုန်မြို့ ၊ Market Place မှာ နိုဝင်ဘာ ၁၃ ရက်က ​ဈေးဝယ်ထွက်​နေတဲ့ ရုရှား​ရေတပ်ကစစ်သားလို့ ယူဆရတဲ့ ရုရှားနိုင်ငံသား နှစ်ဦးကို​တွေ့ရစဥ်။ဓါတ်ပုံ-People’s Spring )

  • နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်

    နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်

    တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စုက ကျေးရွာတစ်ခုမှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အိမ်နီးချင်းဖြစ်သူ အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြုကျင့်ခံရသူရဲ့ မိသားစုဝင်တွေစီက သိရပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီဝန်းကျင်မှာ လွေးအီ(အမည်လွှဲ)တို့ရဲ့ နေအိမ်မှာ ရပ်ရွာအစည်းအဝေးပြုလုပ်နေစဥ် နေအိမ်အ​ပေါ်ထပ်ရှိ အိပ်ခန်းမှာ အိပ်ပျော်နေတဲ့ လွေးအီကို အောင်ကျိုးဆိုသူက အဓမ္မပြုကျင့်ခဲ့တယ်လို့ လွေးအီရဲ့ မိခင်ဖြစ်သူက ပြောပြပါတယ်။

    “ကျမတို့က သိန္နီဘက်မှာနေတာလေ။ သိန္နီမှာ ကျောင်းမဖွင့်တော့ ကျမသမီးတွေ ကျောင်းတက်လို့ရအောင်ဆိုပြီး သူ့အဖိုးတို့စီလာထားတာပေါ့။ အဲနေ့က သူ့အဖိုးရဲ့ အိမ်အောက်ထပ်မှာ အစည်းအဝေးလုပ်ကြတာတဲ့။ သူ့အဖွားက ဟင်းခဏစောအုံးမယ်ဆိုပြီး သူတို့ညီအစ်မနှစ်ယောက်ကို အရင်တက်အိပ်ခိုင်းတာ။ ကလေးတွေက အိပ်ပျော်နေပြီလေ။ သူတံခါးဖွင့်တဲ့အချိန်တောင် မတွေ့ဘူးတဲ့။ ဖြစ်ပြီးမှ ကလေး ၂ ယောက်က အောက်ထပ်ကို ငိုပြီးဆင်းလာကြတာ။ အဲချိန် ရွာကော်မတီတွေတောင် မပြန်ကြသေးဘူး။ သူတို့က ကလေးတွေကို မေးကြည့်တော့မှ အဓမ္မပြုကျင့်ခံရမှန်းသိရတာ။ ဖြစ်တဲ့အချိန် ကလေးတွေက အိမ်ပေါ်ကနေ သူတို့အဖွားကို အော်ခေါ်ပေမယ့် အောက်မှာက ဆူညံနေတော့ သူ့အဖွားက မကြားဘူးတဲ့။ ကျမစိတ်နဲ့ဆို အဲကောင်ကို သတ်ပစ်လိုက်ချင်တယ်”

    အောင်ကျိုးဆိုသူဟာ လွေးအီတို့နဲ့ အိမ်နီးချင်းဖြစ်ပြီး အဓမ္မပြုကျင့်မှုဖြစ်စဥ်မတိုင်ခင်မှာလည်း လွေးအီရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ထိတွေ့ကိုင်တွယ်တာတွေ လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

    လွေးအီရဲ့ မိဘတွေကတော့ ကျူးလွန်သူ အမျိုးသားကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပြီး တရားဥပဒေအတိုင်း အရေးယူပေးစေချင်တယ်လို့ ပြောပါတယ်။

    “ကျတော်ကတော့ တရားဥပဒေအတိုင်းပဲ အရေးယူပေးစေချင်တယ်။ ကျနော်တို့ စိတ်လိုက်မာန်ပါလည်း တုံ့ပြန်လို့မရဘူးဆိုတော့။ တရားခံဘက်က ကျတော်တို့ကို ငွေကြေးနဲ့ပဲ ကျေးအေးပေးဖို့ တောင်းပန်လာရင်တောင် ကျတော်တို့ဘက်ကတော့ ခွင့်လွှတ်မပေးနိုင်ဘူး” လို့ လွေးအီရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

    လက်ရှိမှာတော့ အဓမ္မပြုကျင့်သူ အမျိုးသားကို TNLA ရဲ့ နမ္မတူမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

  • သင်္ကြန်စာက ပြောတဲ့ကြောက်စရာ ၂၀၂၆ ခုနှစ်

    သင်္ကြန်စာက ပြောတဲ့ကြောက်စရာ ၂၀၂၆ ခုနှစ်

    မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် အတွက် မဟာသင်္ကြန်စာဟောစာတမ်းကြီးကို ပရိသတ်တွေအတွက် တင်ဆက်လိုက်ပါတယ်။

    Photo by Nandar Win

  • တပ်သားသစ်အင်အားတစ်သိန်းနီးပါးစစ်ကောင်စီတပ်စုဆောင်းရရှိ

    တပ်သားသစ်အင်အားတစ်သိန်းနီးပါးစစ်ကောင်စီတပ်စုဆောင်းရရှိ

    စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်း သင်တန်းကာလတွေကို တိုးမြှင့်လေ့ကျင့်ပေးလာနေပြီး စစ်သင်တန်းကျောင်းနေရာတွေကိုလည်းတိုးချဲ့ဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI)ကဒီနေ့ ( ဒီဇင်ဘာ ၁၆ ရက် )မှာ ဖော်ပြပါတယ်။

    စစ်ကောင်စီတပ်ဟာ ခြေလျင်တိုက်ခိုက်ရေးအင်အားတွေ ဖြည့်တင်းလာနိုင်ပြီးနောက် တပ်သားအင်အား အပူတပြင်းလိုအပ်ချက် လျော့ကျလာနိုင်တာနဲ့အမျှ စစ်မှုထမ်း သင်တန်းကာလတွေကို အရင်လျာထားချက်ထက် တိုးမြှင့်လေ့ကျင့်ပေးလာတယ်လို့ MDSI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ယခင်ကစစ်သင်တန်းကာလကိုရက်သတ္တပတ်၁၂ ပတ်(သုံးလ ) သတ်မှတ်ပြီး ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၁) ကနေ (၁၃ )အထိ သင်တန်းပေးခဲ့ပါတယ်။ ဒါပေမယ့် အပတ်စဉ် (၁၄) ကစပြီး စစ်သင်တန်းကာလကို ၁၄ ပတ်အထိ တိုးမြှင့် လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။

    “ဒီလိုမျိုး ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို တိုးမြှင့်လေ့ကျင့်ပေးလာခြင်းဟာသူတို့(စစ်ကောင်စီတပ်)စစ်မှုထမ်းအင်အား အပူတပြင်းလိုအပ် ချက်တွေ လျော့ကျလာနေတယ် ၊ လျော့ကျလာတဲ့အတွက် အရင်လောက် အပူတပြင်းမလိုအပ်တဲ့အတွက် သင်တန်းကာလတွေကို တိုးမြှင့်လေ့ကျင့်ပေးခြင်းဖြစ်တယ်လို့ ကျွန်တော်တို့သုံးသပ်ပါတယ်” လို့ MDSI ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ CDM ဗိုလ်မှုးနောင်ရိုးကပြောပါတယ်။

    ခြေလျင်တိုက်ခိုက်ရေးတပ်တွေမှာ တပ်အင်အား ဖြည့်တင်းပေးလာနိုင်ချိန်မှာ ကျန်ရှိတဲ့ စစ်သင်တန်းတွေက သင်တန်းသားတွေကို သင်တန်းကာလတိုးမြှင့်သင်ကြားပေးလာတာလို့ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။

    ပုံမှန်အားဖြင့်တပ်သားသစ်တွေအတွက်စစ်အခြေခံလေ့ကျင်ရေးသင်တန်းဟာ ခြောက်လကြာမြင့်ပါတယ်။

    ဒါကိုအာဏာသိမ်းစစ်ကောင်စီတပ်ဟာတိုက်ခိုက်ရေးအင်အားအပူတပြင်းလိုအပ်လာချိန်မှာ လူငယ်လူရွယ်တွေကို လက်ပူတိုက် သင်တန်းပေးပြီးရှေ့တန်းကိုစေလွှတ်ခဲ့တာပါ။

    တချိန်တည်းမှာပဲ စစ်ကောင်စီတပ်ကပြည်သူ့စစ်မှုထမ်းသင်တန်း စစ်သင် တန်းကျောင်းနေရာတွေကိုလည်း တိုးချဲ့ ဖို့ ပြင်ဆင် နေတယ်လို့ လည်း MDSI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာဆိုရင် သင်တန်းကျောင်းတွေမှာ အပတ်စဉ် ၁၇ ၊ ၁၈ ၊၁၉ ၊ ၂၀ တို့ ကိုတပြိုင်တည်းလက်ခံ သင်တန်းပေးနေတာလို့သိရပါတယ်။

    “သင်တန်းသားတွေ သင်တန်းအပတ်စဉ်တွေများလာတော့ လက်ခံပတ်တွေတပြိုင်နက်တည်းများလာတဲ့အခါ သင်တန်းသားဦးရေများလာတော့ တချိန်ထဲမှာပဲ စစ်သင်တန်းကျောင်းတွေလည်း ထပ်မံပြီးတော့ တိုးမြှင့်လျာထားပြင်ဆင်နေနိုင်တယ်လို့ ကျွန်တော်တို့သုံးသပ်တယ်ပေါ့နော်” လို့ CDM ဗိုလ်မှူးနောင်ရိုးကဆိုပါတယ်။

    ထပ်တိုးချဲ့မယ့်ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းနေရာတွေက မြန်မာ နိုင်ငံအလယ်ပိုင်းရှိ လက်ရုံးတပ်ဖွဲ့ဝင်တွေကိုလေ့ကျင့်ပေးရာ စစ်သင်တန်းကျောင်းတွေ ဖြစ်နိုင်တယ်လို့ MDSI က ခန့်မှန်းထားပါတယ်။

    လက်ရှိမှာပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်(၂၀)ကို အခုလ ဒီဇင်ဘာ ၁၅ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်အကျအဆုံးများချိန် နဲ့ နေရာဒေသအသီးသီးမှာစစ်မျက်နှာဖွင့်ခံရချိန်မှာ တိုက်ခိုက်ရေးအင်အားဖြည့်တင်းဖို့အတွက်အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၂၀၂၃ ခုနှစ် ၊ဖေဖော်ဝါရီလ ၁၀ ရက် မှာ စစ်မှုထမ်း ဥပဒေ ကို အသက်သွင်းခဲ့ပါတယ်။

    စစ်မှုထမ်း ဥပဒေ ကို စတင်အသက်သွင်းချိန်ကတည်းက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း မြန်မာလူငယ်တွေ အလုံးအရင်းနဲ့ ပြင်ပ ကိုထွက်ခွာခဲ့ပါတယ်။

    ကုလသမဂ္ဂ ရဲ့ခန့်မှန်းချက်အရ အာဏာသိမ်းကာလအတွင်း မြန်မာလူငယ် သုံးသိန်းကနေ ငါးသိန်းကြား ပြည်ပကို ထွက်ခွာသွားခဲ့ပြီလို့ သိရပါတယ်။

    စစ်မှုထမ်းဖို့လူအင်အားစုဆောင်းရာမှာလည်းစစ်ကောင်စီတပ်ရဲ့အောက် ခြေ အုပ်ချုပ်ရေးအဖွဲ့တွေဟာ လူငယ်တွေကို ဖိအားပေးတာ၊ အတင်းမဲနှိုက်ခိုင်းတာ ၊ အဓမ္မနည်းနဲ့ ဖမ်းဆီးစုဆောင်းတာ တွေအပြင် ပေါ်တာဆွဲတာပြုလုပ်ခဲ့ပါတယ်။

    စစ်မှုထမ်းအပတ်စဉ်တစ်ခုကို လူငါးထောင်နှုန်းခေါ်ယူမယ်လို့စစ်ကောင်စီကတရားဝင်ထုတ်ပြောထားတာကြောင့် လက်ရှိမှာ အပတ်စဉ် (၂၀ )အထိ ရောက်ရှိပြီဖြစ်တဲ့အတွက် တပ်သားအင်အား တစ်သိန်းခန့် ရရှိထားပြီးပြီလို့ ခန့်မှန်းလို့ရပါတယ်။

    စစ်ကောင်စီတပ်ဟာလစဉ် ပြည်သူ့စစ်မှုထမ်းအင်အားသတ်မှတ်အရေ အတွက် ပြည့်မီကျော်လွန်အောင် နည်းလမ်းပေါင်းစုံနဲ့ စုဆောင်းလာသလို စစ်မှုထမ်းသင်တန်းကျောင်းတွေကိုလည်း တိုးမြှင့်ဖွင့်လှစ် လေ့ကျင့်ပေးလာတယ်လို့ MDSI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီလိုအချိန်တိုအတွင်းစုဆောင်းလေ့ကျင့်သင်တန်းဆင်းပေးခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်းတပ်သားတွေကိုခြေလျင်တိုက်ခိုက်ရေးတပ်တွေဆီခွဲဝေဖြည့် တင်းခဲ့ပြီးနောက် တန်ပြန်ထိုးစစ်အနေအထားနဲ့ စစ်ရေးအရွေ့များစွာ ပြောင်းလဲလာတာကို တွေ့မြင်ခဲ့ရတယ်လို့ MDSI ရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

    တော်လှန်ရေးဦးဆောင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဖော်ဆောင်နေမှုတွေကို စနစ်တကျ တုံပြန်နိုင်ဖို့အတွက် လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မဟာဗျူဟာမူဝါဒတွေ ဖော်ဆောင်ဖို့၊ ပြည်သူ့ စစ်မှုထမ်းတပ်သားတွေအလင်းဝင်ပူးပေါင်းလာမှုပိုမိုလွယ်ကူအား ကောင်းစေရေးအတွက် နည်းဗျူဟာလုပ်ငန်းစဉ်တွေ သုံးသပ်ဖော်ဆောင်ပေးဖို့ MDSI က အကြံပြုသုံးသပ်ထားပါတယ်။

    ပြည်သူ့စစ်မှုထမ်း ဥပဒေ ကိုသုံးပြီးစုဆောင်းခံရတဲ့ တပ်သားသစ်တွေကို တွေ့ရပုံ

    ဓာတ်ပုံ – စစ်ကောင်စီ

  • မြောက်ဦးဆေးရုံဗုံးကြဲပြီးနောက် စစ်အုပ်စုရဲ့လူမျိုးရေးမုန်းတီးလှုံ့ဆော်လမ်းလွှဲနေမှုအပေါ် ​တော်လှန်​ရေးအင်အားစုတွေ သတိပေး

    မြောက်ဦးဆေးရုံဗုံးကြဲပြီးနောက် စစ်အုပ်စုရဲ့လူမျိုးရေးမုန်းတီးလှုံ့ဆော်လမ်းလွှဲနေမှုအပေါ် ​တော်လှန်​ရေးအင်အားစုတွေ သတိပေး

    “ဖက်ဆစ်တပ်ဟာ သူတို့ရဲ့လူမဆန် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ရာဇဝတ်မှုကို အာရုံလွှဲချင်တယ်” -ဦးမင်းကိုနိုင်

    အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအားသတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်သောစစ်ရာဇဝတ်မှုဖြစ်ကြောင်း လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၄၅ ဖွဲ့က စုပေါင်းထုတ်ပြန်ခဲ့ပြီး အဲဒီဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်ရဲ့ လူမျိုးရေးမုန်တီးလှုံ့ဆော်လမ်းလွှဲနေခြင်းအား သတိပြုကြရမယ်လို့ သတိပေးထားပါတယ်။

    စစ်ကောင်စီက မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်နဲ့ပတ်သက်ပြီး ​တော်လှန်​ရေးအင်အားစု​တွေဖြစ်တဲ့ ဦးမင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲအစည်း စုစုပေါင်း ၄၅ဖွဲ့ပါဝင်တဲ့ တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိင်းရေးအင်အားစု(GSCB)က ဒီကနေ့ည ဒီဇင်ဘာ ၁၆ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

    စစ်ရာဇဝတ်မှုကျူးလွန်တရားခံ စစ်ခေါင်းဆောင်တွေအား တညီတညွတ်တည်း တော်လှန်နေကြသူသွေးချင်းတွေဖြစ်လို့ ဘယ်သူထိခိုက်နစ်သည်ဖြစ်စေ အတူခံစားနာကျင်ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားကြဖို သန္နိဌာန်ပြုကြောင်းလည်း တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်မှာ ဖော်ပြထားပါတယ်။

    “ဖက်ဆစ်တပ်ဟာ သူတို့ရဲ့လူမဆန် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ရာဇဝတ်မှုကို အာရုံလွှဲချင်တယ်။ တော်လှန်ရေးကိုစိတ်ဝမ်းခွဲချင်တယ်ဒါကို ဖေါ်ထုတ်တုန့်ပြန်ကြတာပဲ” လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။

    စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို ကမ္ဘာကအရေးယူတဲ့အထိ အားလုံးအားစိုက်ကြအုံးမှာ ဖြစ်ကြောင်းလည်း ဦးမင်းကိုနိုင်က အသိပေးပါတယ်။

    စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၀ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့ညပိုင်းမှာ မြောက်ဦးမြို၊ ပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့ရာ လသားအရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၃၃) ဦးထက်မနည်းသေဆုံးကာ ၇၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

    အဲဒီလို ဗုံးကြဲအပြီး နောက်နေ့ညမှာလည်း စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ်က ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို ထပ်မံဗုံးကြဲခဲ့လို စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

    ဒီလို အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ မြောက်ဦးဆေးရုံ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ရေးပစ်မှတ်ကို သတင်းအတိအကျရလို့ တိုက်ခိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက လိမ်ညာဝါဒဖြန့်ခဲ့ပါတယ်။

    စစ်ကောင်စီဟာ ရခိုင်ပြည်တဝန်းလုံးအပါအဝင် မြန်မာပြည်အနှံအပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။