Category: News

  • မင်းလှမြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို PDF တပ်ဖွဲ့က မီးရှို့ရှင်းလင်း

    မင်းလှမြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို PDF တပ်ဖွဲ့က မီးရှို့ရှင်းလင်း

    မင်းလှမြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို PDF တပ်ဖွဲ့က မီးရှို့ရှင်းလင်း

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာရှိ လူငယ်အားမာန် စာကြည့်တိုက်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားသော မဲစာရင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “စစ်ခွေး ရွေးကောက်ပွဲအတွက် ဆင်တဲကုန်းအုပ်စုက မဲစာရင်းတွေကို ကျနော်တို့ ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်။ ပစ်ခတ်မှုဖြစ်ပွားတာတော့ မရှိပါဘူး။ မဲစာရင်းတွေကတော့ အကုန်လောင်သွားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။

    ထိုသို့ မီးရှို့ရှင်းလင်းမှု ဖြစ်ပွားပြီးနောက် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်တဲကုန်းကျေးရွာရှိ လူငယ်အားမာန် စာကြည့်တိုက်ကို အကြမ်းဖက် စစ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    အဆိုပါ ရှင်းလင်းမှုကို ၃၈ဝ၂ တပ်ခွဲ ၂ မြေအောက်ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်သားများအနီး သွားလာနေထိုင် ခြင်းများ မပြုလုပ်ကြရန်နှင့် သတိထားသွားလာနေထိုင်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ မှ အသိပေး ပြောဆိုထားသည်။

  • ထိုင်း၌ မိုက်လုရာမှ ဦးလေးဖြစ်သူကို တူဖြစ်သူက ရိုက်သတ်

    ထိုင်း၌ မိုက်လုရာမှ ဦးလေးဖြစ်သူကို တူဖြစ်သူက ရိုက်သတ်

    ထိုင်းနိုင်ငံတွင် မူးယစ်သောက်စားရင်း ကာရာအိုကေဆိုသော မိုက်ခရိုဖုန်းအတွက် စကားများရာမှ ဦးလေး သတ်ဖြတ်ခဲ့ကြောင်း အသက် ၄၀ အရွယ် အမျိုးသားတဦးက ဝန်ခံချက်ပေးသည်။

    အကြောင်းကြား ခေါ်ယူ၍ ပတ်ချောင်ခရိုင် ပွန်တာလုံရပ်ကွက်ရှိ အိမ်တအိမ်ဆီ ရဲများ ရောက်ရှိရာ အသက် ၅၉ နှစ်အရွယ် ထျန်းဆိုသူသည် ဦးခေါင်း၌ ဒဏ်ရာကြီးကြီးမားမား ရထားပြီး သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ ရှိသည်။

    ထို အလောင်း ဘေးတွင် ဒင်ကျိုးနေသော လေသေနတ် တလက်ကိုပါ တွေ့ရှိသည်။

    ရဲများက ဦးလေးဖြစ်သူကို သတ်ဖြတ်ခဲ့ဟု ဖြောင့်ချက်ပေးသော တူဖြစ်သူ အက်သစ်ကို ဖမ်းဆီးခဲ့သည်။

    သူတို့ တူဝရီး နှစ်ဦး အတူတူ သောက်စားခဲ့ကြသည်ဟု အက်သစ်က စုံစမ်းစစ်ဆေးသူများကို ပြောကြောင်း ရဲတပ်ဖွဲ့အရ သိရသည်။ ဦးလေးဖြစ်သူက သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောပြီး သူဆီက မိုက်ကို ဆွဲလုကြောင်း ၎င်းက ထွက်ဆိုသည်။

    သူက တုံ့ပြန်ကာ ဦးလေးကို သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုရိုက်ပြီး နားအောက်ကို ဓားဖြင့် ထိုးခဲ့သည်။

    ရဲက အက်သစ်ကို လူသတ်ဖြတ်မှု စွဲချက်တင်ထားကာ တရားစွဲဆိုရေးအတွက် ဖမ်းဆီးထားသည်။

    Bangkok Post မှ Man slays uncle over karaoke microphone ကို မိုးသဲ ဘာသာပြန်သည်။

  • သီတင်းကျွတ်လပြည့်‌ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်

    သီတင်းကျွတ်လပြည့်‌ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်

    စစ်အုပ်စုက သီတင်းကျွတ်လပြည့်‌ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်

    စစ်အုပ်စုက သီတင်းကျွတ်လပြည့်‌နေ့မှာ မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတော်တော်များများကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

    အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ တစ်ရက်တည်းမှာပဲ မုံရွာမြို့နယ်၊သီပေါနဲ့နမ္မတူ မြို့တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး မုံရွာနဲ့ချောင်းဦးအစပ် ဗုံတိုရွာကို စစ်အုပ်စုပါရာမော်တာနဲ့ကြဲချတာကြောင့် ပြည်သူ‌ ၄၀ ကျော် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း လေးဆယ်ထက်မနည်း ရှိပါတယ်။

    စစ်အုပ်စုက မုံရွာ‌မြို့ပေါ်၊မန္တလေးနဲ့ရန်ကုန်မြို့တွေမှာ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့နယ်မြေတွေကိုတော့ သီတင်းကျွတ်လပြည့်ညမှာ ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
    စစ်အုပ်စုအနေနဲ့ လေကြောင်းကနေ ဗုံးကြဲပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာက ပြည်သူကို အကြောက်တရားသွင်းနေတာလို့ အညာဒေသ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

    “စစ်ကောင်စီက လူမဆန်တာကတော့ ဒီလိုနေ့မှ မဟုတ်ဘူးပေါ့လေ နေ့စဉ်နဲ့အမျှ လူမဆန်စွာလုပ်နေတာ‌ပါ။ ဒီလိုနေ့ရက်တွေမှ ဆိုးရွားရက်စက်စွာ ဗုံးကြဲသတ်ဖြတ်တာက ဖော်ပြလို့မရအောင် ဆိုးရွားတဲ့ရက်စက်မှုတွေပေါ့ မြို့ပေါ်မှာတော့ လုပ်စေပြီး တော်လှန်ရေးနယ်မြေတွေကိုကျ အကြောက်တရားရိုက်သွင်းတာက နံပါတ်တစ်ပေါ့။ နံပတ်နှစ်က ဒါမျိုးတွေရှိလို့ ဖြစ်ရတာဆိုပြီး ပြည်သူလူထုက တော်လှန်ရေးကို မပါဝင်ရအောင် ပါဝင်ဖို့ ကြောက်သွားအောင် Mindset တွေ ရိုက်သွင်းချင်တာပါ။ ဒါပေမဲ့ အညာဒေသကလူတွေက ဒီထက်ပိုဆုံးရှုံးစရာမရှိတော့ဘူး ဆိုတော့လေ သူတို့ ဘယ်လိုမျိုး Mindset တွေ ရိုက်သွင်းသွင်း အညာဒေသကလူတွေအတွက် ဘာမှ သူတို့အပေါ်မှာ အမုန်းတရားနဲ့နာကျည်းချက်ကလွဲ ဘာမှရှိလာမှာ မဟုတ်တော့ဘူး”

    သီတင်းကျွတ်လပြည့်‌ညမှာ မုံရွာနယ်နဲ့ချောင်းဦးနယ် အစပ်မှာ ပြုလုပ်တဲ့ ဆီးမီးသပိတ်ကို စက်တပ်လေထီးနဲ့ ၁၂၀ မမ ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ ၄၀ ကျော်ထိသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များပြားတယ်လို့ ဆိုပါတယ်။

    အလားတူ TNLA ထိန်းချုပ်ထားတဲ့ သီပေါနဲ့နမ္မတူမြို့တို့မှာလည်း မနေ့က စစ်အုပ်စုဗုံးကြဲသတ်ဖြတ်လို့ ပြည်သူ လေးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်‌အဆောက်အဦး ၆ လုံးခန့်လည်း ပြိုကျပျက်စီး ခဲ့ပါတယ်။

    အဲဒီလိုပဲ စစ်အုပ်စုက မြိုင်မြို့နယ်တောင်ပိုင်းက တွင်းမ ပျူစောထီးကျေးရွာအနီးက စစ်ရှောင်ပြည်သူတွေကို ဦးတည်ပြီး Y-12 အမျိုးအစားလေယာဉ်နဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ပေမဲ့ ယာခင်းပြင်ကို ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူအထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

    ဂန့်ဂေါမြို့နယ် ဇဟောရွာကိုလည်း စစ်အုပ်စုတပ် ခလရ ၅၀ ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရပြီး နွား‌တစ်ကောင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    Photo- Monywa Night King

    မုံရွာချောင်းဦးနယ်အစပ်က ဆီမီးသပိတ် ဗုံးကြဲခံရပြီးနောက် ဒဏ်ရာရသူတွေကို မြင်တွေ့ရပုံ။

  • အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီး

    မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း Chindwin Rocket Brother(CRB)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အောက်တိုဘာလ ၂ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၉ ကြိမ်မြောက်အဖြစ် Rocket ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှု အတွင်း စစ်တိုင်းရုံးမှ အရာရှိ ၅ ဦး ၊ ရိက္ခာဂိုထောင်စောင့်စစ်သား ၂ ဦးနှင့် တပ်မိသားစုဝင် ၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် တပ်တွင်း မိသားစု ၅ ဦးလည်း ထိခိုက် ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများကို တဆ(ခွဲ) ၄/၃၀၀ တပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားကြောင်း သိရှိရသည်။

    ထို့ပြင် နမခ စစ်တိုင်းရုံးအတွင်းရှိ ရိက္ခာဂိုဒေါင် ၂ လုံးလည်း ပြိုကျပျက်စီးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းကို ၉ ကြိမ်မြောက်အဖြစ် Rocket ၁၀ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အရာရှိ ၅ ကောင်အပါအဝင် တပ်မိသားစုဝင်တွေကော စုစုပေါင်း ၁၂ ကောင် သေဆုံးတယ်။ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့အတွက် ပဲပြောချင်ပါတယ်” ဟု Chindwin Rocket Brother(CRB)မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရောကတ်ညီနောင် ( Chindwin Rocket Brother – C.R.B) ဦးဆောင်၍ မဟာမိတ်အဖွဲ့များ ဖြစ်သော ချိုမိုင်မိုင် (ကနီ)၊ Chindwin Brother၊ Budalin Defense Force၊Bandula Defense Force၊ Federal Democratic Force၊Burmer Army ၊ မုံရွာခရိုင်တပ်ရင်း(14)ဗိုလ်လက်ကောက် နှင့် ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်းနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • ကျောက်မဲတွင် စစ်တပ်က ပြည်သူများကို တရားလက်လွတ်သတ်ဖြတ် အဓမ္မပြုကျင့်

    ကျောက်မဲတွင် စစ်တပ်က ပြည်သူများကို တရားလက်လွတ်သတ်ဖြတ် အဓမ္မပြုကျင့်

    ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်ရာမှာ အရပ်သားပြည်သူတွေအပေါ် တရားလက်လွတ်သတ်ဖြတ်၊ အဓမ္မပြုကျင့်မှုတွေ ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

    လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့် ရွာသားတွေ သေဆုံး ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ အနည်းဆုံး ၁၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

    စက်တင်ဘာ ၂၄ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ရွာကနေ စခန်းသာဘက် ရောက်လာစဉ် လမ်းမှာတွေ့တဲ့ ရွာသားတယောက်ကို စစ်ဆေးရိုက်နှက်ခဲ့တယ်၊ ရွာသားက လယ်ထဲ ထွက်ပြေးတာကြောင့် စစ်သား ၂ ယောက် နောက်က လိုက်ဖမ်းတယ်၊ လယ်စောင့်တဲတခုမှာ စစ်ရှောင်နေတဲ့ ဦးပဥ္စင်းတပါးဟာ စစ်သားကို မြင်တော့ ထိတ်လန့်ထွက်ပြေးစဉ် အဆိုပါစစ်သားက သေနတ်နဲ့ပစ်လို့ ပျံလွန်သွားတယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။

    စစ်သားတွေက လယ်စောင့်တဲနားရပ်ထားတဲ့ ဦးပဥ္စင်းရဲ့ဆိုင်ကယ်ကိုစီးပြီး ကျေးရွာခေါင်းဆောင်ပါ ခေါ်ကာ နောက်ထပ် နားအိုက်ခန့်ရွာက လယ်ထဲမှာပုန်းနေတဲ့ ရွာသားတွေကို စစ်ဆေးမေးမြန်းဖို့ လိုက်ရှာတယ်၊ သူတို့နဲ့လိုက်သွားတဲ့ ရွာခေါင်းဆောင်ရော လယ်ထဲက ရွာသား ၃ ယောက်ပါ ထွက်ပြေးလွတ်မြောက်သွားပြီး လယ်စောင့်တဲတခုမှာ ၁၆ နှစ်အရွယ် မိန်းကလေးနဲ့ ၁၂ နှစ်အရွယ် သူ့မောင်လေး၊ သူ့မိခင်တို့ ၃ ယောက် ကျန်ရစ်တယ်၊ နောက်တနေ့မှာ ထွက်ပြေးသွားတဲ့ သူတို့အဖေက တဲနားပြန်လာတော့ သူ့မိန်းမနဲ့ ကလေးတွေရဲ့ အလောင်းတွေ တွေ့တယ်၊ သမီးဖြစ်သူ အလောင်းမှာ ကိုယ်လုံးတီးနဲ့ နဖူးနဲ့ ခန္ဓာကိုယ်မှာပါ သွေးတွေရွှဲနေတယ်၊ သမီးမသေဆုံးခင် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဖခင်က ယုံကြည်တယ်၊ ဇနီးနဲ့ သားမှာ ရင်ဘတ်၊ ဦးခေါင်းနဲ့ ဝမ်းဗိုက်က သေနတ်ဒဏ်ရာတွေ တွေ့တယ်၊ တဲထဲမှာလည်း မြန်မာစစ်သားဝတ်စုံနဲ့ အသုံးအဆောင်တွေ တွေ့တယ်၊ ဒါကြောင့် ဒီပြစ်မှုကို မြန်မာစစ်သားဘက်က ကျူးလွန်တယ်လို့ မိသားစုဝင် ဆုံးရှုံးရသူ လုံးအောက ပြောပါတယ်။

    သေဆုံးသွားတဲ့ ရွာသား ၃ ယောက်နဲ့ ဦးပဥ္စင်းတပါးတို့ရဲ့ အလောင်းကို စက်တင်ဘာ ၂၅ ရက်မှာ ရွာသားတွေ ဝိုင်းပြီးသင်္ဂြိုဟ်လိုက်ကြပါတယ်။

    စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ထိုးစစ်ဆင်နေတဲ့ ကာလအတွင်း စက်တင်ဘာ ၈ ရက်မှ ၂၉ ရက်ထိ (ရက်ပေါင်း ၂၀ ကျော်) အတွင်း လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်လို ပစ်ခတ်နေတာလို့ ဆိုပါတယ်။

    အခုလို ပစ်ခတ်မှုကြောင့် နားအိုက်ခန့်၊ ပန်ပေါင်း၊ ပါပုတ်၊ လွယ်ခေါ်၊ တောင်ဆေးလိပ်၊ စခန်းသာ၊ ခိုက်တုန်ဟုန်း၊ ပန်ဟိုက်၊ ကုန်းကော်၊ မက်မန်ကုန်းဆာ၊ နောင်ပစ်၊ နမ့်ဟူး၊ မိုင်းတင်း၊ ပေါက်အင်းလေး၊ ငြိမ်းချမ်းရေးကုန်း၊ လုံဝယ်၊ ပန်ကွမ်၊ ပန်သပြေ၊ ခိုမုန်း စတဲ့ ကျေးရွာက ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်ခြေ စုစုပေါင်း ၁၃၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ပန်ပေါင်းနဲ့ ပါပုတ်ရွာက ရွာသား ၂ ယောက် သေဆုံးပြီး ရွာသူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ SHRF ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    Source: SHRF