ဒါကတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Père Lachaise သုသာန်မှာရှိတဲ့ Victor Noir ဆိုတဲ့ လူငယ်ရဲ့ အုတ်ဂူအကြောင်း ဖြစ်ပါတယ်။ ဒီအုတ်ဂူဟာ “ကမ္ဘာမှာ လာရောက်ပွတ်သပ်သူ အများဆုံးအုတ်ဂူ” လို့တောင် တင်စားလို့ရပါတယ်။ Victor Noir ဟာ ၁၉ ရာစုက ပြင်သစ်သတင်းထောက်တစ်ဦးပါ။ သူဟာ အသက် ၂၁ နှစ်အရွယ်မှာ နပိုလီယံရဲ့ အမျိုးဖြစ်သူနဲ့ စကားများရာကနေ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ သူဟာ လူပျိုကြီးဘဝနဲ့ သေဆုံးခဲ့ရသလို၊ မသေခင် တစ်ရက်အလိုမှာတင် လက်ထပ်ဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အုတ်ဂူကို ကြေးရုပ်တုနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူသေဆုံးချိန်မှာ လဲကျနေတဲ့ ပုံစံအတိုင်း ထုဆစ်ထားတာပါ။ အဲဒီရုပ်တုရဲ့ ဘောင်းဘီခွကြား (ပေါင်ကြား) နေရာမှာ အဖုအထစ်တစ်ခု […]