နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ဖွင့်လှစ်နေပြီး လိုင်းကြေးယူထားတာကြောင့် အရေးယူမှုမရှိ နေပြည်တော်မှာ ဌာနဆိုင်ရာတွေဖြစ်တဲ့ ထွေအုပ်၊ ရဲ၊ စရဖ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လိုင်းကြေးပေးကာ လောင်းကစားဝိုင်းတွေဖြစ်တဲ့ လေးကောင်ဂျင်၊ ကြက်ဝိုင်းတွေကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ဆွာလမ်းဆုံ မီးပွိုင့်အနီးရှိ အမှတ် (၅) နယ်မြေရဲစခန်း ဧရိယာအတွင်းမှာ လေးကောင်ဂျင်ဝိုင်းကို တခမ်းတနား ဖွင့်လှစ်ထားပြီး ဒေသခံအာဏာပိုင်တွေက လျစ်လျူရှုထားတဲ့ အခြေအနေကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “အမှတ် (၅) နယ်မြေရဲစခန်းနှင့် ဥတ္တရသီရိအပိုင် စရဖ မိုးတိမ်၊ ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာနေ ထွေအုပ်ဝန်ထမ်း ကိုမျိုးချစ် တို့က အပတ်စဉ် လိုင်းကြေးတွေယူပြီး Cover ပေးထားတာ၊ နေ့လယ် […]