Category: News

  • ဂန့်ဂေါမြို့တွင်း စစ်သားများ သွားလာသောနေရာများသို့ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲ

    ဂန့်ဂေါမြို့တွင်း စစ်သားများ သွားလာသောနေရာများသို့ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲ

    မကွေးတိုင်း ၊ ဂန့်ဂေါမြို့တွင်းသို့ ရှေ့ာတိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ သွားလာလေ့ရှိသည့် နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

    ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင်ဂန့်ဂေါမြို့ အရှေ့မြောက်ခြမ်းရှိ ခလရ ၅၀တပ်ရင်းသို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ မကျဘဲ ရေပုတ်ရပ်ကွက် အနီးသို့ တစ်လုံး ၊ စစ်သားများ သွားလာလေ့ရှိသည့် သစ်ထုတ်လုပ်ရေးရုံးအနီး လမ်းမပေါ်သို့ တစ်လုံးနှင့် လဝကရုံး အနီးသို့တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရသည်။

    “သစ်ထုတ်ရေးနားက လမ်းမပေါ်မှာ တစ်လုံး ၊ လဝကနားမှာ တစ်လုံး ၊ ရေပုတ်နား တစ်လုံး။ အဲ့ဒီ့နေရာတွေမှာ ကွဲတယ်လို့ သိရတယ်။စခတွေ သွားလာလေ့ရှိတဲ့နေရာတစ်ခုပါ။ ထိခိုက်မရှိ ဘူးလို့လည်း ပြောလာပါတယ်။ မနက် နည်းနည်းစောတော့ လူသွားလူလာမရှိသေးတဲ့အချိန်လေ။ လိုကယ်ရင်း(local တပ်ရင်း) တစ်ခုက ပစ်ခတ်တာလို့ သိရပါတယ်ဗျ။ သူတို့ကတော့ ရကပ (ရွေးကောက်ပွဲ) ကိုသတိပေးတာလို့ပြောတယ်ဗျ”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့သည့် နေရာများအနီးတွင် လူနေအိမ်များရှိသော်လည်း အိမ်များ ထိခိုက်မှုမရှိသလို ပြည်သူများလည်း ဒဏ်ရာမရရှိခဲ့ကြောင်းနှင့် မြို့အဝင်အထွက်ရှိ ဂိတ် ၅ ခုတွင် လုံခြုံရေးအင်အားတိုးမြှင့်လိုက်ကြောင်း သိရသည်။

    “ရဲတွေ စခတွေ ချက်ချင်းရောက်လာပြီး အပိုင်းအစတွေကို သိမ်းယူသွားပါတယ်ဗျ။ လုံခြုံရေးဂိတ် တွေတော့တိုးမြှင့်ထားပါတယ်။ မြို့က မြို့သေးလေးပဲဆိုတော့ မြို့ထဲ ဝင်ထွက်တွေမှာသာ တိုးမြှင့်တဲ့သဘောပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

    မြို့အဝင်အထွက်ရှိ ဂိတ် ၅ ခုတွင် ယခင်က တစ်ဂိတ်လျှင် စစ်သားအင်အား ၁၅ ဦးခန့်သာ ရှိသော်လည်း ယနေ့ နံနက်တွင်မူ ခလရ ၅၀ မှ အင်အားများဖြင့် တစ်ဂိတ်လျှင် ၂၀ မှ ၂၅ ဦးအထိ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

    ဂန့်ဂေါမြို့ အရှေ့မြောက်ခြမ်းတွင် ခလရ ၅၀ တပ်ရင်းတည်ရှိပြီး မြို့လယ်တွင် ရဲစခန်းရှိကာ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပုံမှန် မြို့တွင်း ကင်းလှည့်လေ့ရှိကြောင်း သိရသည်။

    ဂန့်ဂေါရှော့တိုက်ဒုံးနောက်ဆက်တွဲသတင်း

    ယနေ့မနက် ၆ နာရီ ၁၅ မိနစ်ခန့်က ဂန့်ဂေါမြို့ခလရ ၅၀ တပ်ဖက်ကိုဦးတည် ပစ် ခတ် တိုက်ခိုက်ခဲ့တဲ့ ရှော့တိုက် ဒုံးး ၃ လုံးးဟာ ပ-စ် မှ-တ်အထိမရောက်မီ လမ်းးခုလတ်နေရာတွေမှာသာ ကျ-ရောက် ပေါ-က်-ကွဲသွားကြတာဖြစ်တယ်လို့သိရပါတယ်။

    “အဆိုပါ တို-က် ခို-က် မှုဟာ Local ရင်းတစ်ခုက ပြုလုပ်တာပါ၊ ပြောရရင် ရွေးးကောက်ပွဲ အတွက် သတိပေးးတာပါ” လို့ စစ်သတင်းရင်းမြစ်က ပြောပါတယ်။

    ရှော့- ဒုံးး ၃ လုံးဟာ ရေပုတ် ရပ်ကွက် နားတစ်လုံး၊ သစ်ထုတ်လုပ်ရေးဖက် တစ်လုံးနဲ့ ခရိုင် လဝက ရုံးနားမှာ တစ်လုံး ပေါ-က်ကွဲ ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပ-စ် ခ-တ် ပေါ-က် ကွဲချိန်ဟာ မနက်အစောဖြစ်နေတာကြောင့် လူအသွားအလာမရှိသေးတာတွေကြောင့် လူသူအထိ-အ ခို-က်မရှိဘူးလို့သိရပါတယ်။

    အဆိုပါ ပေါ-က် ကွဲ မှုအပြီး ချက်ခြင်း စစ်အုပ်စုတပ်ဖွဲ့ဝင်များနဲ့ ရဲတပ်သားများရောက်ရှိလာကာ ရှော့-ဒုံးး အပိုင်းးအစများကို သိမ်းးယူသွားကြတယ်လို့လည်းသိရပါတယ်။

    မြို့ အဝင်/ အထွက် ဂိတ်တွေ အားလုံးကိုပါ အင်အားတိုးမြှင့် ချထားတယ်လို့လည်း သိရပါတယ်။

    မိဘပြည်သူများနဲ့ မြို့နီးနားပတ်လည်ကျေးရွာကပြည်သူများ စစ်ရေးးသတိအမြဲရှိနေပေးကြရန်လည်း လိုအပ်ပါတယ်။

    ယောအလင်းတန်း

  • ပြည်သူများကို ဗုံးကြဲနေသည့် လေတပ်ကို စစ်ခေါင်းဆောင် ချီးကျူးနေ

    ပြည်သူများကို ဗုံးကြဲနေသည့် လေတပ်ကို စစ်ခေါင်းဆောင် ချီးကျူးနေ

    (ဂျက်ဖိုက်တာများ အပါဝင် လေယာဉ် အစင်း ၃၀ ကိုထုတ်ပြ)

    လက်ရှိ အချိန်အထိ ရရှိနေသည့် အောင်မြင်မှုရလဒ်ကောင်းများသည် လေတပ်အရာရှိစစ်သည်များ၏ ရဲစွမ်းသတ္တိ ပြည့်ဝမှု၊ တာဝန်ကျေပွန်မှုများကြောင့် ဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူး ဂုဏ်ယူစွာ ပြောဆိုလိုက်သည်။

    ရခိုင်ပြည် မြောက်ဦးဆေးရုံကို စုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ပြီးနောက် ၆ ရက်အကြာ နေပြည်တော် လေတပ်စခန်း၌ ပြုလုပ်သော ၇၈ နှစ်မြောက် လေတပ်အခမ်းအနားတွင် ယင်းသို့ ပြောလိုက်ခြင်း ဖြစ်သည်။

    ထို့အပြင် လက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် စစ်မှုထမ်းများအနေဖြင့်လည်း လေတပ်ကိုအတုယူပြီး တာဝန်ထမ်းဆောင်ကြရမည့်အပြင်‌ နောင်လာမည့်မျိုးဆက်များကလည်း လေတပ်မတော်၏ စွမ်းဆောင်ရည် မြင့်မားလာအောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဟုလည်း ဆိုထားသည်။

    ၎င်းအပြင် ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် သင်ခန်းစာယူပြီး ခေတ်မီ အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်နေကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုသည်။

    လေတပ်စတင်တည်ထောင်ချိန်ကဆိုလျှင် အခြေစိုက်စခန်းတစ်ခုနှင့် ပျံသန်းရေးအုပ် အနည်းငယ်သာရှိခဲ့ပြီး ယခုဆိုလျှင် မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကျက်ထားနိုင်ပြီဖြစ်ကြောင်းကိုလည်း စစ်ခေါင်းဆောင်က ပြောသည်။

    ထို့အတူ ယမန်နေ့ ၇၈ နှစ်မြောက် လေတပ်အခမ်းအနားတွင် တိုက်ခိုက်ရေးလေယာဉ်များဖြစ်သည့် Su – 30 SME၊ Mi – 17 အပါအဝင်၊ ကင်းထောက်လေယာဉ်၊ ရဟတ်ယာဉ်များ စုစုပေါင်း အစင်း ၃၀ ကို ထုတ်ပြခဲ့သည်။

    စစ်ခေါင်းဆောင်သည် နိုဝင်ဘာ ၇ ရက်ကလည်း ရုရှားမှ Mi 38 လေယာဉ် ၃ စင်းအပါအဝင် Y8 – F 200WB အကြီးစား သယ်ယူပို့ဆောင်ယာဉ် ၂ စင်းနှင့် ယခုနှစ်အတွင်းတွင် လေယာဉ် ၁၂၇ စီးနှင့် ရဟတ်ယာဉ် ၃၈ စီး ကိုဝယ်ယူခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီသည် ပြည်သူများ၏ အခွန်များနှင့် စစ်လေယာဉ်များဝယ်ယူကာ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများထိန်းချုပ်ရာနယ်မြေများမှ အပြစ်မဲ့အရပ်သားပြည်သူများရှိရာ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ကျေးရွာများကို ဗုံးကြဲနေသည်။

    လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်က ရခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲမှုကြောင့် ဒေသခံ ၃၃ ဦး သေဆုံးခဲ့ပြီး ၇၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

    ဓာတ်ပုံ – MOI

  • သူ့အမေပါ အလိုတူ အလိုပါ ဖြစ်နိုင်တယ်

    သူ့အမေပါ အလိုတူ အလိုပါ ဖြစ်နိုင်တယ်

    မိန်ခလေးတွေကို အိပ်ဆေးကြွေးပီး မုဒိန်းကျင့်ရာမှာ သူ့အမေပါ အလိုတူ အလိုပါ ဖြစ်နိုင်တယ် ဘာကြောင့်လဲဆို ဖြစ်စဥ်အသေးစိတ်ကို ဖတ်ရှုပါ👇👇

    ဖြစ်စဉ် – ပြီးခဲ့တဲ့ (၁၅)ရက်ခန့်က ပုံတွင် ပါရှိသည့် ဓါတိပုံထဲမှ အမည်ရင်း – သျှငိးသန့်သော်ဇင်

    နေရပ်လိပ်စာ – သုဝဏ္ဏ / ဓနသိဒ္ဓိလမ်း ပေါ်ဆန်းမွှေး ရပ်ကွက်တွင် နေထိုင်သော အဆိုပါ အမျိုးသားသည် နစ်နာသူ အသက် (၂၀) ခန့် မိန်းကလေးငယ်ကို တရားစာအုပ် လက်ဆောင်ပေးချင်လို့ အိမ်နားထွက်ယူပေးပါ ဆိုပြီး လမ်းထိပ်နား စာအုပ်ထွက်ယူစဉ် နစ်နာသူ မိန်းကလေးကို ဝက်ဝံရုပ်ပုံ ပါ ဂျယ်လီခဲ ကျွေး၍ မိန်းကလေး သတိလစ်မျောနေစဉ် ကားပေါ်တွင် သားမယားပြုကျင့်ယုတ်မာခဲ့ပါသည်။

    နောက်မှ စုံစမ်းသိရှိရတာက ပုံပါ တရားခံသည် အသက် ၁၆ နှစ်မှ ၂၀ ခန့် မိန်းကလေးငယ်လေးများကို ပစ်မှတ်ထားကာ ယခုကဲ့သို့ ကလေးငယ်များ မထင်မှတ်ထားသော ဂျယ်လီ ၊ သကြားလုံးများ ကျွေးကာ အဓမ္မပြုကျင့် ၍ မိဘများ မတိုင်ပြောရန် ခြိမ်းခြောက် အကြပ်ကိုင်မှု အများအပြားပြုလုပ်ခဲ့တာ သိရှိရပါတယ်။

    ထပ်မံသိရှိရသည်မှာ တရားခံ၏ သုဝဏ္ဏ ဓနသိဒ္ဓိလမ်း နေအိမ်တွင် အိမ်တွင်းတရားစခန်းများ ဖွင့်လှစ်ကာ ဘာသာရေးစိတ်ဝင်စားသူ မိန်းကလေးငယ်များအား တရားလာထိုင်ပါရန် ရင်းနှီးအောင် စည်းရုံးသိမ်းသွင်းကာ တရားစာအုပိများပေးမည် တရားခွေများပေးမည်ဟု အယုံသွင်းကာ တရားလာထိုင်သူမိန်းမပျိုများကို ဖျက်စီးခဲ့ကြောင်းသိရှိရပါတယ်။

    သို့သော် နစ်နာသူ အပျိုဖော်ဝင် မိနိးကလေးငယ်များဟာ အမှုဖွင့်တိုင်ကြားလျှင် အရှက်တကွဲဖြစ်မည် စိုးရွံ့၍ သိုသိုသိပ်သိပ်နေကြရာမှ တရားခံသည် အခွင့်ရေးရကာ သားကောင်အသစ်များ ဆက်လက်ဖျက်စီးပြုကျင့်လျှက်ရှိကြောင်းသိရပါတယ်။

    မိဘအသိုင်းအဝိုင်းကလဲ ပြဿနာရှိခဲ့ပါက ငွေဖြင့်တစ်ဖုံ အနုနည်း အကြပ်ကိုင်နည်းဖြင့်တစ်ဖုံ လိုက်လံ ဖုံးဖိပေးလေ့ရှိပါတယ်။

    ယခုဖြစ်စဉ်မှာလဲ မိဘများကိုယ်တ်ုင် လာရောက်ညှိနှိုင်းတောင်းပန်သော်ငြားလဲ မိမိတို့၏ သားသမီးငယ်ကဲ့သို့ တစ်ခြားသောမိဘ၏ တန်ဖိုးထားရာ အညွန့်တလူလူ တက်မည့် ရတနာများ ထပ်မံ မနစ်နာရအောင် အမှုမှန်ပေါ်ပေါက်စေချင်တဲ့ ရည်ရွယ်ချက်ဖြင့် ဘယ်လိုညှိနှိုင်းမှုမျိုးကိုမှ လက်ခံခြင်းမပြုဘဲ အနိုင်ကျင့်ခံကလေးများ ထပ်မံမရှိစေရန် သားသမီးခြင်း ကိုယ်ချင်းစာ၍ တရားခံ ကို ထိရောက်သည့် ပြစ်ဒဏ်ကျခံစေချင်ပါသည်။

    ထို့ကြောင့် ပုံပါတရားခံကို သုဝဏ္ဏ ရဲစခန်းတွင် အလိုမတူ မုဒိနိးမှုဖြင့် တရားစွဲဆိုထားပါသည်။

    သို့ရာတွင် အဆိုပါ တရားခံသည် ၄င်းမိသားစုဝင်များ အကူအညီဖြင့် ထွက်ပြေးတိမ်းရှောင်နေပါသဖြင့် တရားခံအမြန်ဆုံးဖမ်းမိပြီး နောက်ထပ် မိန်းကလေးငယ်လေးများ ယခုဖြစ်စဉ်ကဲ့သို့ ထိခိုက်နစ်နာမှု မဖြစ်စေရန် အမှုမှန် အမြန်ဆုံးပေါ်ပေါက်စေရန် မိဘပြည်သူများအနေဖြင့် တရားခံကို အမြန်ဆုံး ဖမ်းမိပါစေရန် ယခု post ကို ပြည်သူများများ မျက်စိရှေိ့ရောက်ပြီး မိမိကလေးငယ်များ ကာကွယ်နိုင်စေရန် များများ share ပေးပါရှင်။

    တရားခံကို တွေ့ရှိပါက အမြန်ဆုံးအကြောင်းကြားပေးပါရှင် ။

    တွေ့ရှိပါက သတင်းပေးသူကို ထိုက်ထိုက်တန်တန်ကျေးဇူးဆပ်မည်ဖြစ်ကြောင်းအသိပေးပါတယ် ။

    သားသမီးချင်းကိုယ်ချင်းစာပြီး social media မှာ ကူညီပေးပါသော Admin ကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ။

    * ထပ်မံသိရှိရသည်မှာ ..

    တရားခံ၏ သုဝဏ္ဏ ဓနသိဒ္ဓိလမ်း နေအိမ်တွင် အိမ်တွင်းတရားစခန်းများ ဖွင့်လှစ်ကာ ဘာသာရေးစိတ်ဝင်စားသူ မိန်းကလေးငယ်များအား တရားလာထိုင်ပါရန် ရင်းနှီးအောင် စည်းရုံးသိမ်းသွင်းကာ တရားစာအုပိများပေးမည် တရားခွေများပေးမည်ဟု အယုံသွင်းကာ တရားလာထိုင်သူမိန်းမပျိုများကို ဖျက်စီးခဲ့ကြောင်းသိရှိရပါတယ်

    ဒါကြောင့် မိမိ၏ သမီးပျိုများအား တရားထိုင်မယ်ဆိုတိုင်းလဲ အလွယ် မလွှတ်ကြဖို့ အယုံအကြည်မလွယ်ကြဖို့လဲ မိဘများကို အထူးသတိပေးချင်ပါတယ်

    သမီးငယ်လိုအဖြစ်ဆိုးမျိုး ဘယ်ကလေးငယ်မှ ထပ်မကြုံစေလိုပါ သေချာကွယ်ကာပေးကြပါရှင်

    Credit

  • မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ရုရှားနိုင်ငံသားတွေကို ကျားဖြန့်ဂိုဏ်းတွေ ဖမ်းထားတယ်လို့ သံရုံး ယူဆ

    မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ရုရှားနိုင်ငံသားတွေကို ကျားဖြန့်ဂိုဏ်းတွေ ဖမ်းထားတယ်လို့ သံရုံး ယူဆ

    မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲ ခံရတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ငွေကြေးလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးမှု၊ အဓမ္မ ခိုင်းစေမှုတွေကို ခံနေရတယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဆိုပါတယ်။

    ရုရှားသတင်းဌာန TASSနဲ့ တွေ့ဆုံရာမှာ သံရုံးတာဝန်ရှိသူ တစ်ဦးက လက်ရှိ ပျောက်ဆုံးနေတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်သွားတယ်လို့ အခိုင်အမာ ယူ
    ဆရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

    ပျောက်ဆုံးနေတဲ့ ရုရှားနိုင်ငံသားတွေရဲ့ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေဆီက အကူအညီ တောင်းခံမှုတွေကို ရရှိထားကြောင်း၊ အဲဒီကိစ္စတွေကို အာဏာသိမ်း စစ်တပ်ရဲ့ ပြည်ထဲရေး ဝန်ကြီး
    ဌာနဆီ အကြောင်းကြားထားကြောင်း၊ ရုရှားနိုင်ငံသားတွေကို အမြန်ဆုံး ရှာတွေ့ပြီး ကယ်ထုတ်နိုင်ဖို့အတွက် သံရုံးဟာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်း အဲဒီ အရာရှိက ပြောပါတယ်။

    ပြည်ပရောက် နိုင်ငံသားတွေကို ကူညီရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုစင်တာ (UCC)ရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ အိုင်ဗန် မယ်လ်နီကော့ဗ်က ရုရှားမော်ဒယ် တစ်ဦးဟာ မြန်မာနိုင်ငံထဲမှာ ပြန်ပေးဆွဲ ခံခဲ့ရတယ်လို့ အစောပိုင်းက ပြောခဲ့ဖူးပါတယ်။

    အဲဒီအမျိုးသမီးဟာ ထိုင်းကို သွားရောက်ခဲ့ပြီး အဲဒီနောက် အလုပ်ကိစ္စ အင်တာဗျူးအတွက် ရန်ကုန်ဆီ ပို့ဆောင်ခံခဲ့ရကြောင်း၊ ပြီးတော့ သူ့ရဲ့ ပတ်စ်ပို့တ်နဲ့တခြားစာရွက်စာတမ်းတွေကို အတင်းအကြပ် သိမ်းယူ ခံရပြီး နောက်တော့ နေရာအတိအကျ မသိရတဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုမှာ အဓမ္မ ခိုင်းစေ ခံနေရတယ်လို့ မယ်လ်နီကော့ဗ်က ဆိုပါတယ်။

    သူ့ကိုပြန်လွှတ်စေချင်ရင်ဒေါ်လာတစ်သောင်း ပေးရမယ်လို့ ပြန်ပေးဆွဲထားတဲ့ ဒုစရိုက်သမားတွေက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ရုရှား နိုင်ငံသားတွေအတွက် ပြန်ပေးငွေ အများအပြား တောင်းခံမှုတွေ ရှိလာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

    TASSက ခြေရာခံ စုံစမ်းထားမှုတွေအရ အခုနှစ်ထဲမှာ မြန်မာအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်း
    ဆီးမှုကို ခံရပြီးမှ ပြန်လွတ်လာခဲ့တဲ့ ရုရှားနိုင်ငံသား ၆ ဦးထက်မနည်း ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ သူတို့တွေထဲက ၃ ဦးကို ထိုင်းအာဏာပိုင်တွေနဲ့ ဘန်ကောက်မှာရှိတဲ့ ရုရှားသံရုံးတို့ရဲ့ ညှိ
    နှိုင်းမှုအရ ရုရှားဆီ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ နောက်ထပ် ၂ ဦးကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုင်းပိုင်နက်ဖက် ရောက်လာခဲ့ပြီး ထိုင်းအာဏာပိုင်တွေက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ကို ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။ ရုရှား အမျိုးသမီး တစ်ဦးကိုတော့ တရုတ်နိုင်ငံဆီ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့တယ်လို့ ဆိပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အစ္စခန်ဒါ အဇီဇော့ဗ်က မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တဲ့ ရုရှားနိုင်ငံသားတွေ ရှိသလို ထိုင်းကနေ လူမှောင်ခို တင်ပို့ခံရသူတွေလည်း ရှိတာကြောင့် ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးချုပ်နှောင်မှု ခံထားရတဲ့ ရုရှားနိုင်ငံသား အရေအတွက်ကို တိတိကျ
    ကျ ခန့်မှန်းဖို့ ခဲယဉ်းကြောင်းလည်း ဝန်ခံသွားပါတယ်။

    ကိုးကား: TASS

    (ရန်ကုန်မြို့ ၊ Market Place မှာ နိုဝင်ဘာ ၁၃ ရက်က ​ဈေးဝယ်ထွက်​နေတဲ့ ရုရှား​ရေတပ်ကစစ်သားလို့ ယူဆရတဲ့ ရုရှားနိုင်ငံသား နှစ်ဦးကို​တွေ့ရစဥ်။ဓါတ်ပုံ-People’s Spring )

  • နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်

    နမ္မတူမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အိမ်နီးချင်း အမျိုးသားက အဓမ္မပြုကျင့်

    တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ပန်ဆော့ကျေးရွာအုပ်စုက ကျေးရွာတစ်ခုမှာ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အိမ်နီးချင်းဖြစ်သူ အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ပြုကျင့်ခံရသူရဲ့ မိသားစုဝင်တွေစီက သိရပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီဝန်းကျင်မှာ လွေးအီ(အမည်လွှဲ)တို့ရဲ့ နေအိမ်မှာ ရပ်ရွာအစည်းအဝေးပြုလုပ်နေစဥ် နေအိမ်အ​ပေါ်ထပ်ရှိ အိပ်ခန်းမှာ အိပ်ပျော်နေတဲ့ လွေးအီကို အောင်ကျိုးဆိုသူက အဓမ္မပြုကျင့်ခဲ့တယ်လို့ လွေးအီရဲ့ မိခင်ဖြစ်သူက ပြောပြပါတယ်။

    “ကျမတို့က သိန္နီဘက်မှာနေတာလေ။ သိန္နီမှာ ကျောင်းမဖွင့်တော့ ကျမသမီးတွေ ကျောင်းတက်လို့ရအောင်ဆိုပြီး သူ့အဖိုးတို့စီလာထားတာပေါ့။ အဲနေ့က သူ့အဖိုးရဲ့ အိမ်အောက်ထပ်မှာ အစည်းအဝေးလုပ်ကြတာတဲ့။ သူ့အဖွားက ဟင်းခဏစောအုံးမယ်ဆိုပြီး သူတို့ညီအစ်မနှစ်ယောက်ကို အရင်တက်အိပ်ခိုင်းတာ။ ကလေးတွေက အိပ်ပျော်နေပြီလေ။ သူတံခါးဖွင့်တဲ့အချိန်တောင် မတွေ့ဘူးတဲ့။ ဖြစ်ပြီးမှ ကလေး ၂ ယောက်က အောက်ထပ်ကို ငိုပြီးဆင်းလာကြတာ။ အဲချိန် ရွာကော်မတီတွေတောင် မပြန်ကြသေးဘူး။ သူတို့က ကလေးတွေကို မေးကြည့်တော့မှ အဓမ္မပြုကျင့်ခံရမှန်းသိရတာ။ ဖြစ်တဲ့အချိန် ကလေးတွေက အိမ်ပေါ်ကနေ သူတို့အဖွားကို အော်ခေါ်ပေမယ့် အောက်မှာက ဆူညံနေတော့ သူ့အဖွားက မကြားဘူးတဲ့။ ကျမစိတ်နဲ့ဆို အဲကောင်ကို သတ်ပစ်လိုက်ချင်တယ်”

    အောင်ကျိုးဆိုသူဟာ လွေးအီတို့နဲ့ အိမ်နီးချင်းဖြစ်ပြီး အဓမ္မပြုကျင့်မှုဖြစ်စဥ်မတိုင်ခင်မှာလည်း လွေးအီရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ထိတွေ့ကိုင်တွယ်တာတွေ လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

    လွေးအီရဲ့ မိဘတွေကတော့ ကျူးလွန်သူ အမျိုးသားကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပြီး တရားဥပဒေအတိုင်း အရေးယူပေးစေချင်တယ်လို့ ပြောပါတယ်။

    “ကျတော်ကတော့ တရားဥပဒေအတိုင်းပဲ အရေးယူပေးစေချင်တယ်။ ကျနော်တို့ စိတ်လိုက်မာန်ပါလည်း တုံ့ပြန်လို့မရဘူးဆိုတော့။ တရားခံဘက်က ကျတော်တို့ကို ငွေကြေးနဲ့ပဲ ကျေးအေးပေးဖို့ တောင်းပန်လာရင်တောင် ကျတော်တို့ဘက်ကတော့ ခွင့်လွှတ်မပေးနိုင်ဘူး” လို့ လွေးအီရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

    လက်ရှိမှာတော့ အဓမ္မပြုကျင့်သူ အမျိုးသားကို TNLA ရဲ့ နမ္မတူမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။