Category: News

  • အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို ရေဆုံးရေဖျား လိုက်လံနှိမ်နင်း သွားမယ်လို့ စစ်ကောင်စီပြောခွင့် ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

    အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို ရေဆုံးရေဖျား လိုက်လံနှိမ်နင်း သွားမယ်လို့ စစ်ကောင်စီပြောခွင့် ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

    အွန်လိုင်းလိမ်လည်မှု နဲ့ လောင်းကစားမှုတွေကို ကြီးလေးတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ရေဆုံးရေ ဖျား လိုက်လံနှိမ်နင်း သွားမယ်လို့ စစ်ကောင်စီပြောခွင့် ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောပါတယ် ။

    စစ်ကောင်စီက ဒီဇင်ဘာ ၁၄ မှာပြုလုပ်တဲ့ အွန်လိုင်းလိမ်လည် မှု အမြစ်ပြတ် နှိမ်နင်းရေး လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းရှင်းလင်းရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

    အွန်လိုင်းလိမ်လည်မှု နဲ့ လောင်းကစားမှုတွေ အပေါ် Zero Tolerance Policy ကို ကျင့်သုံးပြီး နည်းနည်းလိမ်တာ ဖြစ်စေ၊ များများ လိမ်တာ ဖြစ်စေ ခွင့်လွှတ်မှု မရှိစေရေး ရေဆုံးရေ ဖျား လိုက်လံနှိမ်နင်းချေ မှုန်း သွားမှာ ဖြစ်ပြီး နှိမ်နင်းရာမှာလည်း Aggressive Crackdowns Method နဲ့ ပြင်းပြင်း ထန်ထန် နှိမ်နင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    အွန်လိုင်းငွေလိမ်လုပ်ငန်း နဲ့ပတ်သက်လို့ (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ကို အမေရိကန်က နိုဝင်ဘာ ၁၂ ရက်မှာဖွဲ့စည်းလိုက်ပြီး အရှေ့တောင်အာရှမှာရှိတဲ့ အဆိုးရွားဆုံးငွေလိမ်ဂိုဏ်းနယ်မြေတွေကို စုံစမ်းထောက်လှမ်းသွားမယ်လို့ ပြောဆိုလာပါတယ်။

    မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဦးတည်ဖော်ထုတ်သွားမယ်လို့ အမေရိကန်ရှေ့နေချုပ်ရုံးရဲ့ အထူးအဖွဲ့နဲ့ပတ်သက်တဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

    နိုဝင်ဘာ ၁၂ ရက်မှာ အထူးအဖွဲ့အကြောင်းထုတ်ပြန်လာပေမဲ့ ဒီအဖွဲ့ဟာ မြန်မာက အွန်လိုင်း ငွေလိမ်ဂိုဏ်း ၂ ခုကို စုံစမ်းထောက်လှမ်းတာတွေ လုပ်နေခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ် ။

    “ဒီအွန်လိုင်းလိမ်လည်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရအဖွဲ့အစည်းက လူတွေရှိတယ်။ မကောင်းတဲ့သွေးတွေကို ကျွန်တော်တို့ ဖောက်ထုတ်ရမှာပဲ”

    အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေး သတင်းစာရှင်းလင်းပွဲကို ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့၊ မြန်မာအသံနဲ့ ရုပ်မြင်သံကြား စတူဒီယို (A) မှာကျင်းပခဲ့ပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဦးဆောင်ရှင်းလင်းပြီး ဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယ၊ တီမောလက်စ်တေ၊ မလေးရှား စတဲ့ နိုင်ငံတကာ သံတမန်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။

  • မိုးကုတ်မြို့ရှိ စစ်တပ်ဗျူဟာကုန်းအထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်

    မိုးကုတ်မြို့ရှိ စစ်တပ်ဗျူဟာကုန်းအထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်

    မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ စစ်ကော်မရှင် ခြေကုပ်ယူတပ်စွဲထားရာ မိုးကုတ်ဗျူဟာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

    တော်လှန်ရေးတပ်ဖွဲ့များသည် ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းအချိန်မှစကာ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကော်မရှင်ဗျူဟာကုန်းကို ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ပြီး မိုးကုတ်အရှေ့ပိုင်းတွင် ထိတွေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

    “ဗျူဟာကုန်းက မြို့နဲ့အတော်နီးတယ်။ မြို့နဲ့နီးတာကြောင့် တော်လှန်ရေးတပ်တွေ မြို့နဲ့နီးလာပြီဆိုတာ သိရတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတာ။ ဖြစ်တဲ့တိုက်ပွဲနေရာတွေကို နာရေးကားတွေ စစ်တပ်က တောက်လျှောက်လွှတ်နေတာ”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။

    တော်လှန်ရေးတပ်ဖွဲ့များက မိုးကုတ်မြို့၏ စစ်ရေးအရ အချက်အခြာကျသည့် ဆတ်အင်းပြန့် လမ်းဆုံအထိ တိုက်ပွဲများ ဖော်ဆောင်လာကာ မိုးကုတ်အနောက်ခြမ်းတွင်လည်း စစ်ကော်မရှင် စိုးမိုးကုန်းကို သိမ်းယူနိုင်ခဲ့သည်။

    မိုးကုတ်မြို့အတွင်း ဝင်ရောက်တပ်စွဲလာသည့် စစ်ကော်မရှင်က ဗျူဟာကုန်း၊ မစိုးရိမ်ဘုန်းကြီး ကျောင်းဝင်းနှင့် ရှမ်းကျောင်းတို့တွင် လက်နက်ကြီးများ အခိုင်အမာတပ်ဆင်ထားပြီး တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးပစ်ကူများ ပေးလျက်ရှိသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တို့ ဆတ်အင်းပြန့်ကျေး ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူခဲ့သည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့က TNLA အကူအညီဖြင့် မိုးကုတ်မြို့အတွင်း ဝင်ရောက်လာသည့် စစ်ကော် မရှင်တပ်များမှာ မိုးကုတ်မြို့အပြင်သို့ပါ စစ်ကြောင်းထိုး ထွက်လာသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ဓာတ်ပုံ-မိုးကုတ်ဗျူဟာ(ပုံဟောင်း)

  • အသံတိတ်သပိတ်ဟာစစ်တပ်ရွေးကောက်ပွဲ လက်မခံတဲ့ ပြည်သူဆန္ဒ

    အသံတိတ်သပိတ်ဟာစစ်တပ်ရွေးကောက်ပွဲ လက်မခံတဲ့ ပြည်သူဆန္ဒ

    အသံတိတ်သပိတ်ဟာစစ်တပ်ရွေးကောက်ပွဲ လက်မခံတဲ့ ပြည်သူဆန္ဒကမ္ဘာသို့ပေးတဲ့ သတင်းစကားဖြစ်ဟု NUCCနဲ့ NUG ထုတ်ပြန်

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ (၁၀) ရက်မှာ နိုင်ငံတဝန်း ပြည်သူတွေ ပါဝင်ခဲ့တဲ့ အသံတိတ်သပိတ် ( Nationwide Silent Strike Movement) ဟာ စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲကို ပြည်သူတရပ်လုံးက လက်မခံကြောင်း ကမ္ဘာသိအောင် ပြသတဲ့ သတင်းစကား ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပူးပေါင်းဖွဲ့စည်းထားတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ဒီကနေ့ ဒီဇင်ဘာ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။

    စစ်တပ်ရဲ့ ဖိနှိပ်ခြိမ်းခြောက်မှုကြားက အသံတိတ်သပိတ်မှာတက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးအား လေးစားဂုဏ်ပြုကြောင်းနဲ့ ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ရာမှာအခုလိုအသိပေးဖော်ပြတာဖြစ်ပါတယ်။

    စစ်အုပ်စုခြိမ်းခြောက်ဖိနှိပ်မှုကြားကအသံတိတ်သပိတ်မှာရဲရင့်စွာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ပြည်သူတွေ ဦးဆောင်စည်းရုံးခဲ့ကြတဲ့ သပိတ်အင်အားစုတွေ၊သမဂ္ဂတွေနဲ့တော်လှန်ရေးအင်အားစုအားလုံးကိုအလေးအနက်ဂုဏ်ပြုကြောင်းလည်းဖော်ပြပါတယ်။

    “ပြည်သူတခဲနက် ပူးပေါင်းပါဝင်ခဲ့သည့်ထိုအသံတိတ်သပိတ်ကြီးသည်စစ်အာဏာရှင်စနစ် နှင့် ၎င်းတို့လုပ်ဆောင်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို (လုံးဝ) လက်မခံကြောင်း ပြတ်သားသော ပြည်သူ့ဆန္ဒကို ကမ္ဘာသို့ သိရှိနိုင်ရန် ပေးပို့ခဲ့သည့် အကျယ်လောင်ဆုံး သတင်းစကားလည်း ဖြစ်ပေသည်”လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    အသံတိတ်သပိတ်အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့တာဟာပြည်သူတို့ရဲ့မယိမ်းယိုင်သောနွေဦးတော်လှန်ရေး စိတ်ဓါတ်ကို ထင်ရှားစွာ ဖေါ်ထုတ်ပြသခဲ့တဲ့သမိုင်း မှတ်တိုင်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

    စစ်အာဏာရှင်တို့ မဖြိုခွဲနိုင်တဲ့ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုကိုလည်းပြသနိုင်ခဲ့သလို၊ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့မရောက်မချင်း ဆက်လက်ချီတက်မယ့် ပြည်သူတို့ မဆုတ်မနစ်သော ဇွဲသတ္တိစိတ်ဓါတ်ကိုလည်း ထင်ဟပ် စေတယ်လို့ ယုံကြည်ကြောင်း NUCCနဲ့ NUGက ပူးတွဲထုတ်ပြန်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်အာဏာရှင်တွေရဲ့ ညှင်းပမ်းရက်စက်မှုတွေကို လက်မခံနိုင်ကြောင်း ပြသတဲ့ အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြတဲ့ ပြည်သူအပေါင်းကို လေးစားစွာ ဦးညွှတ်ကြောင်း ပြောကြားထားပါတယ်။

    (နိုင်ငံတစ်ဝန်းအသံတိတ်သပိတ် ​ဆင်နွှဲ​နေစဥ်။ဓါတ်ပုံ-GSCB)

  • ဝင်းထွဋ်ဝင်းပြေးနေရပြီ

    ဝင်းထွဋ်ဝင်းပြေးနေရပြီ

    ဒီဗီဒီယိုမှာ မြန်မာနိုင်ငံရဲ့ အပူဆုံး အရှုပ်တော်ပုံအမှုတစ်ခုအကြောင်း နက်နက်နဲနဲ လေ့လာကြည့်ရအောင် – အဓိကအချက်အလက်တွေ၊ အဓိကစုံစမ်းစစ်ဆေးမှုအသေးစိတ်အချက်အလက်တွေနဲ့ ဒီထူးခြားတဲ့ဇာတ်လမ်းရဲ့နောက်ကွယ်က အမှန်တရားကို ဖော်ပြတဲ့ သမိုင်းနောက်ခံတွေကို လေ့လာကြည့်ရအောင်။

    ကျွန်ုပ်တို့ရဲ့ချန်နယ်ဟာ စစ်မှန်တဲ့ရာဇဝတ်မှု၊ ရာဇဝတ်မှုစိတ်ပညာ၊ ရာဇဝတ်မှုဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုနဲ့ အထင်ကရတရားရုံးအမှုတွေအကြောင်း ကောင်းမွန်စွာသုတေသနပြုထားပြီး ထိုးထွင်းသိမြင်နိုင်တဲ့ အကြောင်းအရာတွေကို ပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်။ အမှုတိုင်းရဲ့နောက်ကွယ်က ရှုပ်ထွေးမှုတွေကို ပိုမိုနက်ရှိုင်းစွာ နားလည်လိုသူတွေအတွက် ဖန်တီးထားပါတယ်။

    ရှင်းလင်းချက်-

    ဤဗီဒီယိုကို ပညာရေးနှင့် မှတ်တမ်းရုပ်ရှင်ရည်ရွယ်ချက်များအတွက်သာ ထုတ်လုပ်ထားပြီး ပါဝင်ပတ်သက်သူအားလုံးကို အပြည့်အဝလေးစားပါတယ်။ တင်ပြထားတဲ့ အချက်အလက်အားလုံးကို ယုံကြည်စိတ်ချရတဲ့ရင်းမြစ်တွေနဲ့ အများပြည်သူရရှိနိုင်တဲ့ မှတ်တမ်းတွေကနေ ဂရုတစိုက်သုတေသနပြုပြီး စုစည်းထားပါတယ်။

    ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်က လက်တွေ့ကမ္ဘာက ရာဇဝတ်မှုတွေအကြောင်း အသိပညာ၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနဲ့ အဓိပ္ပာယ်ရှိတဲ့ဆွေးနွေးမှုတွေကို မြှင့်တင်ပေးဖို့ပါ – ရာဇဝတ်မှုပုံစံတစ်ခုခုကို ချဲ့ကားပြောဆိုဖို့ ဒါမှမဟုတ် ချီးကျူးဂုဏ်ပြုဖို့မဟုတ်ပါဘူး။ ကြည့်ရှုသူတွေရဲ့ ဆင်ခြင်တုံတရားနဲ့အညီ ကြည့်ရှုပါ။

  • သင်္ကန်းနှင့်ဂန်းနန်းစတိုင် ပေါင်းစပ်ဖျော်ဖြေမှုဖြင့် အောင်စိုးမင်းဆိုင်းအဖွဲ့ကို ဖမ်းဆီး

    သင်္ကန်းနှင့်ဂန်းနန်းစတိုင် ပေါင်းစပ်ဖျော်ဖြေမှုဖြင့် အောင်စိုးမင်းဆိုင်းအဖွဲ့ကို ဖမ်းဆီး

    “အောင်စိုးမင်း” ဂီတပဒေသာ ဆိုင်းအဖွဲ့သည် နေပြည်တော် ဇလောင်းကျေးရွာ၌ ဖျော်ဖြေစဉ် ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင် သီချင်းတီးလုံး ပေါင်းစပ်သရုပ်ဖော်ရာတွင်သရုပ်ပျက် ကပြခဲ့သည်ဆိုကာ ဆိုင်းဆရာအပါ ၅ ဦးအား ဖမ်းဆီးထားကြောင်း စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

    အဆိုပါ ဆိုင်းအဖွဲ့သည် ဒီဇင်ဘာ ၆ ရက် ညပိုင်းက ဖျော်ဖြေမှုတွင် ဆိုင်းဆရာ စိုးသိန်း (ခ) အောင်စိုးမင်း တီးခတ်ခဲ့ပြီး လူရွှင်တော်ဖြစ်သူ စိုးမင်းဦးက သင်္ကန်းဝတ်ဆင် သရုပ်ဖော်ခဲ့ကြောင်း၊ ကိုရီးယားသီချင်းတီးလုံးဖြင့် သင်္ကန်းချွတ်ကာ အင်္ကျီမပါ ပုဆိုးခါးတောင်းကျိုက်ပြီး ကပြရာ ထက်လင်းဦး (ခ) မျက်ပြူး၊ ကိုဖြိုး (ခ) ဝေဖြိုးထက်၊ နန်းဝတီတို့ ပါဝင် သရုပ်ဖော် ကပြခဲ့ကြောင်း ဆိုထားသည်။

    ဖမ်းဆီးခံရသူများမှာ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်နေသူများဖြစ်ကြသည့် “အောင်စိုးမင်း”ဂီတပဒေသာဆိုင်းအဖွဲ့မှ ဆိုင်းဆရာ စိုးသိန်း (ခ) အောင်စိုးမင်း (၅၈) နှစ်၊ လူရွှင်တော် စိုးမင်းဦး (၄၂) နှစ်၊ နန်းဝတီ (၁၆) နှစ်နှင့် ကျွဲရှင်းကျေးရွာနေ ကိုဖြိုး (ခ) ဝေဖြိုးထက် (၃၉) နှစ်၊ လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာနေ ထက်လင်းဦး (ခ) မျက်ပြူး (၂၈)နှစ်တို့ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်က ၎င်းတို့၏နေအိမ်များတွင် ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။

    ဝါရင့်လူရွှင်တော်ကြီးတဦးက “ဘုန်းကြီးနဲ့ပတ်သက်တဲ့ ပြက်လုံးခွင်တွေဆိုတာ ရှေးကတည်းက ရှိတယ်၊ အခုဖြစ်စဉ်မှာ ကလေးတွေက ကာလံ ဒေသံ ဆိုတာကို နားမလည်ကြတာမျိုးပဲလို့ မြင်တယ်၊ အခုအချိန်မှာ ထိလွယ် ရှလွယ် ဆိုတာ မျိုးကို သတိထားဖို့ လိုလာပြီဆိုတာ အသိပေးလိုက်သလိုမျိုးမို့ ရှောင်ကြဖို့လိုပြီလို့ မြင်တယ်။ ထိခိုက်ပါစေဆိုပြီး ရည်ရွယ်တာမျိုးမရှိတာမို့ ဖြစ်နိုင်ရင်တော့ ဘာသာရေးနဲ့ဆိုင်တာမျိုးတွေ မပြက်တာ အကောင်းဆုံးပါပဲ” ဟု ပြောသည်။

    လက်ရှိအချိန်တွင် ဖမ်းဆီးထားသူများအား တောင်ညိုနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၂၉၅-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌လည်း မန္တလေးမြို့ Cover Club ဆိုင်တွင် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ တီးခတ်ခဲ့သည့် DJ Violet အပါအဝင် ၄ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့သေးသည်။

    ဓာတ်ပုံ- MOI