Category: News

  • လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ၅၀၅ (က) အမှုဖွင့်ခံထားရသူအချို့ကို စစ်ကော်မရှင်က အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်

    လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ၅၀၅ (က) အမှုဖွင့်ခံထားရသူအချို့ကို စစ်ကော်မရှင်က အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်

    အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူ တချို့၊ ကြားနာစစ်ဆေးဆဲ အမှုတွေကို ပိတ်သိမ်းခြင်အမိန့်တို့အား ဒီနေ့ည ၈ နာရီသတင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

    “ပြည်ထောင်မှာက ၁၀ ယောက်ကျော် ဒီနေ့ ညနေ ၄ နာရီက လွှတ်ပေးတယ်၊ ရုတ်တရက် လွှတ်တာ၊ သရက်ထောင်မှာလည်း ထောင်ကြီးချုပ်မှာ တရားရင်ဆိုင်နေရသူတွေလည်း လွှတ်ပေးတယ်၊ အရေအတွက်ကတော့ ၁၅ ယောက်ကျော်တယ်၊ ခုညနေထိတော့ အဲ့တာပဲ သိရသေးတယ်၊ ရုတ်တရက် အမိန့်စာ ရောက်လာတာလို့ ပြောတယ်၊ အမှုကြီးတွေနဲ့ တွဲလျက် ကျနေတဲ့သူတွေကိုလည်း ၅၀၅ ပုဒ်မတွေ ဖျောက်ပေးမယ်လို့ ပြောတယ်” လို့ မြို့တော်ရဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။

    ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်အကျဉ်းထောင်ကြီးမှာ ရှိနေတဲ့ ပုဒ်မ-၅၀၅ နဲ့ ဖမ်းဆီးထောင်ချချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသူ/သား တွေကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေမှာ ရုတ်တရက် လွှတ်ပေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    ယနေ့ ညနေ ၄ နာရီခွဲခန့်ကစတင်ကာ ပြည်အကျဉ်းထောင် မှာ ၅၀၅ နဲ့ အချုပ်ကျနေသူ အမျိုးသား၊ အမျိုးသမီးတွေအပါအဝင် ထောင်ကျပြီးသားဖြစ်တဲ့ ၅၀၅ နိုင်ကျဉ်း တွေ စုစုပေါင်း ၁၀ ဦးထက်မနည်းလွှတ်ပေးနေတာလို့ သိရပါတယ်။

    “အသိပေးထားတာဘာမှမရှိပါဘူး။ မိသားစုတွေလည်း မသိသေးဘူး။ ရုတ်တရက်ကြီး လွှတ်ပေးနေတော့ အံ့ဩနေကြတယ်။ အချုပ်နဲ့ အကျ တွေပါတယ်လို့ ကနဦး သိထားပါတယ်။ နာမည်နဲ့ အရည်အတွက်အသေးစိပ်ကိုတော့ မသိရသေးပါဘူး” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ဒို့ပြည် ကို သတင်းပေးပါတယ်။

    နိုင်ကျဉ်းတွေကို လွှတ်ပေးနေတာ မှန်ကန်မှုရှိပြီး ၅၀၅ တွေချည်းပဲပါဝင်ကာ အခြား နိုင်ငံရေးအကျဉ်းသားတွေတော့ မပါဝင်သေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူ အခြားတဦးကလည်း ဒို့ပြည် ကို အတည်ပြုပါတယ်။

    “လွှတ်ပေးတာဟုတ်ပါတယ်။ အားလုံးပဲအံ့ဩနေကြတယ်။ ဘာမှကိုသတင်းရမထားပါဘူး။ ကျနော်တို့ ထင်တာတော့ ရွေးကောက်ပွဲကြောင့်ပဲလား ဒါမှမဟုတ် တခြားနိုင်ငံတကာရဲ့ အခင်းအကျင်းနဲ့ ဖိအားတွေကြောင့်လားမသိဘူး။ တခြား ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ သူတို့ကခန့်မှန်းရခက်နေတယ်” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသားကလည်း ပြောပါတယ်။

    လက်ရှိမှာတော့ လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသား အရည်အတွက် နဲ့ နာမည်အသေးစိပ်ကို သိရဖို့ ဒို့ပြည်က စုံစမ်းနေပြီး ထပ်မံသိရတဲ့ အခြေအနေကို ဆက်လက်ဖော်ပြပေးပါ့မယ်။

  • အိမ်အကူပုံစံနဲ့ အလုပ်လာလျှောက်တဲ့ ကျာ၊းဖြ၊န့်အကွက်သစ်

    အိမ်အကူပုံစံနဲ့ အလုပ်လာလျှောက်တဲ့ ကျာ၊းဖြ၊န့်အကွက်သစ်

    အိမ်အကူပုံစံနဲ့ အလုပ်လာလျှောက်တဲ့ ကျားဖြန့်အကွက်သစ်

    (အိမ်ရှင်မတွေ အထူးဂရုပြုကြပါ)

    အိမ်အကူအသစ်ရတာ (၃) ရက်ရှိပီ ဒီနေ့တော့ထုတ်လိုက်ပြီ။

    ဘာလဲဆိုတာ မပြောဘူးနော် စာဖတ်ပီးသာစဉ်းစာတော့…။

    -အသက် ၁၉ ရုပ်က Model အတိုင်းပဲအိမ်အကူနဲ့တောင်မတူ

    -စရောက်တဲ့နေ့ကကြည့်လိုက်တာ လက်သည်းတွေက နည်းနည်းနောနောအရှည်ကြီးတွေမဟုတ်ဘူး။

    အဲ့ဒါညှပ်ခိုင်းတော့ လက်သည်းအတုတပ်ထားတာတဲ့ အမခွင့်ပေးရင် သူဆိုင်မှာသွားဖြုတ်ပေးမယ်နော်တဲ့။

    စကားပြောတာ လုံးဝအိမ်အကူနဲ့ကိုမတူဘဲ ယဉ်ကျေးပီးတော်တော်ကို လူချစ်အောင်ပြောနိုင်တယ်

    – တနေကုန်ဖုန်းပြောတယ်

    – ညဆို တညလုံး ၃:၀၀/၄:၀၀ ထိ စာတွေရိုက်တယ်

    – သန့်ရှင်းရေး လုံးဝမရ / ဘာမှ ရေရေရာရာမလုပ်

    – ဖုန်းပဲသုံးတော့ ဪ ဘဲတွေများတယ်ထင်တယ် ချောတာကိုလို့ထင်ခဲ့တာ

    – ဒါပေမဲ့လူအိပ်ချိန်တာသူမအိပ်ပဲ စာတွေတတောက်တောက်။

    မနက်လဲဖုန်းတွေဖြေတောက်လျောက် ပုံက လင်တရူးလို လင်တွေနဲ့ပြောတဲ့ပုံနဲ့ တူမနေဘူး။

    အလုပ်တခုကိုတောက်လျောက်လုပ်နေသလိုမျိုး

    စိတ်ကမထင်လို့ အပေါ်ထပ် ကောင်မလေးကို သွားမေးစမ်းဆိုပီး အစ်မေးခိုင်းတာ အရင်အလုပ်က ဘာမှမလုပ်ရဘူး။

    ကွန်ပြူတာတွေဖုန်းတွေနဲ့လူခေါ်ပေးရတယ် ဖုန်းဆက်ရင် ဖုန်းဖြေပေးရတယ်

    လစာ ၅ သိန်း အဆောင်ပေးတယ်တဲ့။

    ခုဘာလို့နားတာလဲဆိုတော့ အလုပ်ကခနနားလိုက်တာ ၂ လခွဲတဲ့ ဒါပေမဲ့စာချုပ်ချုပ်ခဲ့ရတယ် နှစ်လခွဲပြည့်တာနဲ့ ပြန်ရမယ်။

    ခုလဲလစာကပေးတယ်တဲ့ ဖုန်းနဲ့လုပ်ပေးတယ်တဲ့။

    ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေအကုန်လုံးကို ရုံးကသိတယ်တဲ့။

    ဘယ်ချိန် ဘာလုပ်နေလဲကစ ဘယ်သူနဲ့ပြောနေလဲပါသိတယ်တဲ့။

    သူတို့ပြန်မဖွင့်ခင် အိမ်တအိမ် ခနနေနေ ဖွင့်တာနဲ့ မပြန်လို့မရဘူး ပြန်ရမယ်တဲ့။

    နောက်ဆုံးတချက် သူတို့ပေးထားတဲ့ စာရွက်လိုကဒ်ရှိတယ်။

    အဲ့ဒါက ဒီတနိုင်ငံတည်းမဟုတ်ဘူး။ တခြားနိုင်ငံတွေပါသွားလို့ရတယ်။

    အလုပ်က နိုင်ငံတိုင်းမှာရှိတယ်တဲ့။

    သူကိုယ်သူဘာအလုပ်လုပ်နေလဲ သူဘယ်အခြေအနေရောက်နေလဲ သူတကယ်မသိရှာဘူး…

    ဘယ်ဟာကအမှန်လဲဆိုတာတော့ ကျမမသိပေမယ့် သူရဲ့ပုံကတော့ မှန်မနေဘူး။

    ဆိုတော့ ကလေးတွေအတွက် စိတ်အရမ်းပူပီးထုတ်လိုက်ပြီ။

    ညနေတည်းက ချက်ချင်းအထုတ်သိမ်းရပြီ။

    ပွဲစားခလဲမပေးနဲ့ နင် ၁၀ ရက်စာယူထားတာလဲ မုန့်ဖိုးယူလိုက်နော် ပြန်တော့ ဆိုပီး ချက်ချင်းထုတ်လိုက်တယ်။

  • လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းအချို့ AA နဲ့ ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်

    တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)နဲ့ ပူး‌ပေါင်းတပ်တွေက ထပ်မံသိမ်းလိုက်ပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေပါတယ်။

    လေးမျက်နှာမြို့နယ်၊သဲနုကုန်းရွာပတ်ဝန်းကျင်က စစ်ကောင်စီရှေ့တန်းစခန်းတချို့ကို AAနဲ့ ပူး‌ပေါင်းတပ်တွေက သိမ်းယူလိုက်တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဒီကနေ့ (နိုဝင်ဘာလ ၂၆ ရက်) မနက်ပိုင်းမှာ ပြောပါတယ်။

    “ရွာနားက တိုက်ပွဲတော်တော်ပြင်းထန်တယ်။မုံရွာ-ပုသိမ်လမ်းပိုင်းနားမှာလည်းချတယ်။ စစ်တပ်ကကျတော့် လေကြောင်းကနေ ညဘက်တွေဆို ဗုံးကြဲပြီ။လက်နက်ကြီးကတော့ခဏခဏပစ်တယ်”လို့ ပြောပါတယ်။

    လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာစစ်တပ်ထိခိုက်သေဆုံးမှုတွေများပြားနေပြီးဂျက်ဖိုက်တာအပြင် စက်တပ်လေထီး၊ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

    ညနက်ပိုင်းတွေမှာ လေကြောင်းကနေဗုံးကြဲလေ့ရှိပြီး လေးမျက်နှာမြို့နယ်ဘက်ကိုဦးတည်ပျံတဲ့ ဂျက်ဖိုက်တာအသံကို ဇလွန်၊ ဟင်္သာတမြို့မြို့နယ်တွေကနေ ညတိုင်းကြား​နေရတယ်လို့ ဒေသခံ​တွေကပြောပါတယ်။

    တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသက ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့၊ တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကို မလာကြဖို့လည်း တော်လှန်စရေးအင်အားစုတွေကတော့ သတိပေးထားကြပါတယ်။

    လေးမျက်နှာမြို့နယ်ဟာဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။ အခုရက်ပိုင်းမှာ စစ်ကောင်စီက တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေလက်နက်ကြီးတွေပစ်ခတ်မှု​တွေပိုမိုလုပ်​နေတယ်လို့ သိရပါတယ်။

    စက်စက်ယိုကျေးရွာအပါအဝင်လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မတ်လကတိုက်ပွဲတွေမှာ သိမ်းယူခဲ့ပါ‌သေးတယ်။

    တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်ကအရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်နေ့က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYAPDF အမှတ် ၂၉ ဗျူဟာက ထုတ်ပြန်ထားပါတယ်။

    ဧရာဝတီတိုင်းထဲမှာ လေးမျက်နှာမြို့နယ်အပြင် ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

    အဲဒီမြို့နယ်လေးခုဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေဖြစ်ပါတယ်။

    လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ချင်းလယ်ရွာနဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ ၁၁ ရက်nညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲ အခြေအနေကိုမထုတ်ပြန်သေးပါဘူး။

    အဲဒီဒေသတွေမှာ တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

  • လားရှိုးမြို့ပေါ် အမျိုးသမီးတစ်ဦး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခံရ

    လားရှိုးမြို့ပေါ် အမျိုးသမီးတစ်ဦး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခံရ

    သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင်မှ အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ ကြောင်း စုံစမ်းသိရသည်။

    ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်) ညနေ ၅ နာရီခွဲတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ သိန္နီလမ်းမကြီးတွင် ဆိုင်ကယ် မောင်းနှင်နေသည့် အမျိုးသမီးတစ်ဦးကို အမည်မ သိ လက်နက်ကိုင်များမှ ကားတစ်စီးဖြင့် နောက်မှ လိုက်လာပြီး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ ကြောင်း လားရှိုးဒေသခံများက ပြောသည်။

    “ကားဝိုင်းနားက ဖုန်းဆိုင်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို သေနတ်နဲ့ ပစ်သွားတယ်။ လက်မောင်းကနေ ကျည်ဆံက ဖောက်ထွက်သွား တော့ ဒဏ်ရာပြင်းတယ်၊ အသက်အန္တရာယ်တော့ စိုးရိမ်ရဘူး။ ပစ်တဲ့လူက ကားနဲ့ နောက်ကနေ လိုက် လာပြီး ပစ်သွားတာ၊ အခုထိ မဖမ်းမိသေးဘူး”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်း သံတော်ဆင့်ကို ပြောသည်။

    ထိုသို့ သေနတ်ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သူ အမျိုးသမီးမှာ လားရှိုးမြို့ ရပ်ကွက် (၇) တွင် နေထိုင်သည့် မဘောက်တောင် ဆိုသူ ဖြစ်ပြီး လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ လားရှိုး ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် သေနတ်ပစ်ခတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ သေနတ်ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့သည့် အဆိုပါ အမျိုးသမီးမှာ လားရှိုး မြို့တွင် အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

    အလားတူ ယမန်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ရေကန်တောင် အနီးတဝိုက်တွင် စစ် ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သုံးစွဲနေသူများကို လိုက်လံရှာဖွေ ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုး ဒေသခံများထံမှ သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းတွင် လားရှိုး မြို့ ရပ်ကွက်(၁) ထင်းရှူးမြိုင် အိမ်ယာအနီး မြို့ ရှောင်လမ်း၌ ကုန်ပစ္စည်းတင်ဆောင်လာသည့် ကားတစ်စီးအား စစ်ကော်မရှင်တပ်က တားဆီးခဲ့ရာ မရပ်ပေးခြင်းကြောင့်ဟုဆိုကာ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ထိတ်လန့်ခဲ့ရသည်။

    နိုဝင်ဘာလ (၂၅) ရက်မှ စတင်ပြီး ဒီဇင်ဘာလ (၁၀) ရက်အထိ ၁၆ ရက်တာ လှုပ်ရှားမှု ဟု ခေါ်ဆိုပြီး ပထမဆုံးနေ့ဖြစ်သည့် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နေ့” သို့မဟုတ် ဖဲကြိုးဖြူနေ့ကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

    လက်ရှိတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်ရသည့် အမျိုးသမီးများမှာ ရုပ်ပိုင်း ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိဘဲ လုပ်ငန်းခွင်၊ မိသားစုနှင့် ပတ်ဝန်းကျင်တို့တွင် အကြမ်းဖက်မှုများ ကျူးလွန်ခံနေရသည်။

  • မိုးကုတ်မြို့ထဲ စစ်အုပ်စုတပ်သား နှစ်ရာနီးပါး ရောက်ရှိနေ

    မိုးကုတ်မြို့ထဲ စစ်အုပ်စုတပ်သား နှစ်ရာနီးပါး ရောက်ရှိနေ

    TNLA ညွှန်ကြားချက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ကနေ ဆုတ်ခွာထား

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အပစ်ရပ်ကြေညာပြီးနောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ခေါ်သွင်းလာတာကြောင့် စစ်အုပ်စုတပ်သား နှစ်ရာနီးပါးရောက်ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    မိုးကုတ်မြို့နယ်အတွင်းက ကျောက်ဖားဂိတ်မှာ အင်အား ၃၀၊ အစိုးရရုံးတွေမှာ အင်အား ၄၀၊ အောက်အချုပ်မှာ အင်အား ၂၀၊ အပေါ်အချုပ်မှာ အင်အား ၅၀နဲ့ ပြောင်းပြင်ရွာထိပ်က ရတနာရှင်လုပ်ကွက်မှာ အင်အား ၃၀ ကျော် ရောက်ရှိနေပြီး အဲဒီ စစ်အုပ်စုတပ်သားတွေကို နိုဝင်ဘာလ ၂၀ ရက်နောက်ပိုင်းမှာ ခေါ်သွင်းလာတာလို့ ဆိုပါတယ်။

    စစ်အုပ်စုတပ်တွေကို မိုးကုတ်မြို့နယ် ၁၅ မိုင်ကျော်ဝေးတဲ့ ပြင်ဦးလွင်၊ ရှမ်းလမ်းဆုံကတဆင့် TNLA က ခေါ်သွင်းလာတာဖြစ်ပြီး မြို့ရဲ့နေရာတော်တော်များများမှာ စိမ့်ဝင်နေပြီလို့ ဆိုပါတယ်။

    ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိုင်ထားတဲ့ မြို့ပတ်ပတ်လည်မှာရှိတဲ့ ဗျုဟာကုန်းတွေကနေ တပ်တွေ နောက်ပြန်ဆုတ်ခိုင်းထားပြီး စစ်အုပ်စုတပ်တွေ ခေါ်သွင်းလာချိန်မှာ မတိုက်ခိုက်ဖို့ ပြောဆိုထားကြောင်း မိုးကုတ်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    “ကျနော်တို့အနေနဲ့ မြို့ကိုကာကွယ်ဖို့အတွက် TNLA ဘက်က ခွင့်မပြုထားဘူး။ သူတို့ဘက်က အတင်းအကြပ်မဖြစ်မနေ ခေါ်သွင်းမှရမဲ့ အနေထားတွေ ရှိထားတဲ့အတွက် ကျနော်တို့အနေနဲ့ တပ်တွေကို ရွှေ့ထားရတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ စုစည်းမှုအင်အားတွေ ပျက်ယွင်းလို့မရတဲ့အတွက် ရန်သူအသစ်တွေ မွေးလို့မရသေးဘူးပေါ့နော်။ ကျနော်တို့ ညီ‌ညွတ်နေကြဖို့ လိုတဲ့အတွက် အများကြီး စဉ်းစားနေရပါတယ်”

    လတ်တလော ရောက်ရှိနေတဲ့ စစ်အုပ်စုတပ်သားတွေကတော့ စစ်ယူနီဖောင်းဝတ်ဆင်ထားတာမရှိဘဲ မြို့ခံပုံစံနဲ့ လှုပ်ရှားနေထိုင်ကာ စစ်ပြင်နေကြတယ်လို့ သူကဆိုပါတယ်။

    ၂၀၂၄ ဇန်နဝါရီလက ကွတ်ခိုင်မြို့ ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-မြတ်ပန်း)

    တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော်ကတော့ TNLAနဲ့စစ်အုပ်စုရဲ့အပစ်အခတ်ရပ်စဲရေးဟာ ရေရှည်မဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

    “စစ်အုပ်စုက TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းကနေ တောက်လျှောက်ဖိအား ပေးနေတော့ အပစ်ရပ်ဖို့ကို ရွေးချယ်လိုက်ရတာပေါ့နော်။ ဒါပေမဲ့ ဒီအပစ်ရပ်တဲ့ အခိုက်အတန့်က ယာယီလို့ပဲ မြင်တယ်။ ရေရှည်ငြိမ်းချမ်းရေးအတွက်ဆို အပြေအလည် ဆွေးနွေးကြရမှာဖြစ်တယ်။ စစ်အုပ်စုဘက်က သူတို့ကိုင်ထားတဲ့ နိုင်ငံရေးအာဏာ၊ စီးပွားရေး၊ အုပ်ချုပ်ရေးအာဏာအဲဒါတွေကို သူတို့တစ်ဦးထဲ ဆက်ကိုင်ထားလို့ မရဘူးပေါ့။ ပြီးတော့ TNLA လည်း MNDAA လို ကိုယ်ရထားတဲ့ မြို့လေးတွေကို အုပ်ချုပ်ရေးနဲ့စစ်ရေး ပြန်တည်ဆောက်ရမှာပေါ့နော်”

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းမြောက်တွင် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AFP)

    လတ်တလောမှာတော့ မိုးကုတ်မြို့ကို စစ်အုပ်စုပြန်လည် ထိန်းချုပ်ဖို့ ပြင်ဆင်နေတာကြောင့် မြို့ခံလူထုတွေဟာ စစ်အုပ်စုကင်းစင်တဲ့နယ်မြေတွေနဲ့ တခြားဒေသတွေကို အလုံးအရင်းနဲ့ ထွက်ခွာ ရွှေ့ပြောင်းကုန်တာကြောင့် မြို့က လူသွားလူလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

    တရုတ်ကြားဝင်စေ့စပ်မှုကြောင့် စစ်အုပ်စုနဲ့TNLA တပ်တို့ဟာ ကူမင်းမြို့နယ်မှာ အပစ်ရပ်သဘောတူညီချက်နဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကို လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

    တရုတ်ဖိအားကြောင့် TNLA တပ်ဟာ မိုးကုတ်မြို့ကို စစ်အုပ်စုတပ်တွေ မဖြစ်မနေခေါ်သွင်းလာရမှာဖြစ်ပြီး မြို့ကနေတော့ နိုဝင်ဘာလ ၂၉ ရက် ၃၀ ရက်တို့မှာ တပ်တွေ ဆုတ်ခွာသွားမှာ ဖြစ်ပါတယ်။