Category: News

  • ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်​ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်​ကောင်စီထုတ်ပြန်မှုအ​ပေါ်ပြည်သူအချို့သံသယရှိ​နေ

    ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်​ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်​ကောင်စီထုတ်ပြန်မှုအ​ပေါ်ပြည်သူအချို့သံသယရှိ​နေ

    ရက်စက်တဲ့ဟိုတယ်လူသတ်မှု ဆယ်​ကျော်သက်စုံတွဲကကျူးလွန်ခဲ့တယ်လို့စစ်​ကောင်စီထုတ်ပြန်မှုအ​ပေါ်ပြည်သူအချို့သံသယရှိ​နေ

    ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်​တောက် ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်​​ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူ​တွေဟာ ဆယ်​ကျော်သက်အရွယ်လူငယ်တွေဖြစ်‌နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့​အ​ပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

    “စကစ က မိတယ်ဆိုတဲ့ တရားခံက တစ်ခုခုလွဲနေသလို ခံစားရတယ်။ အခြားမိန်းမတစ်ယောက်နဲ့ ပျော်ပါးပြီး သတ်လိုက်တဲ့ ကောင်လေးကို သူ့ကောင်မလေးက ကူညီအလောင်းဖျောက်ပေးမယ်ဆိုတာ ရိုးရိုးလေးပဲ စဥ်းစားကြည့် ဖြစ်နိုင်ပါ့မလား။ နောက်ပြီး လူတစ်ယောက်သတ်ရတာ သူတို့အတွက် အဲ့လောက် လွယ်ကူနေသလား။ ဂိမ်းအလွန်အကျွံ စွဲလန်းတယ် ဘယ်လောက်ပြောပြော ဒါက လူတစ်ယောက်ကို ဓားနဲ့သတ်ရတာလေ မလွယ်နိုင်ဘူး။ သက်သေခံဓားဆိုတာကလည်း အပိုင်းပိုင်းဖြတ်ဖို့ မဖြစ်နိုင်လောက်ဘူး။ ကြက်ကလေး၊ ငှက်ကလေးမှ မဟုတ်တာ လူ့ခန္ဓာကိုယ်လေ။” လို့ ဒီဖြစ်စဉ်အပေါ် ပြည်သူတစ်ဦးက သူ့အမြင်ကို​ပြောပါတယ်။

    ဒါ့အပြင် ပြစ်မှူကျူးလွန်တယ်ဆိုတဲ့ လူငယ်တွေက အလောင်းကိုဖျောက်ဖျက်ခဲ့ပေမယ့် သက်သေခံပစ္စည်းတွေကို မဖျောက်ဘဲ စစ်ကောင်စီက ဖမ်းဆီးနိုင်တဲ့အချိန် သိမ်းဆည်းနိုင်ခဲ့တာ ဟုတ်ပါ့မလားလို့ သူကမေးခွန်းထုတ်ထားတာပါ။

    “ဆန္ဒပြလူငယ်တွေကျ ဖူးယောင်နေအောင် ထိုးကြိတ်ထားတဲ့ ရဲတွေက အခုလူသတ်တရားခံကျ ဘာဒဏ်ရာမှမရှိဘဲ လွယ်လင့်တကူပဲ လက်ထိတ်လေးခတ်ပြီး ဖမ်းလာတာလား။ မဖြစ်နိုင်တဲ့မေးခွန်းတွေက အများကြီးပဲ။ ကျွန်တော်တို့ကတော့ တရားခံရှာမတွေ့လို့ တွေ့တဲ့ကလေးတွေကို ထိုးထည့်တယ်လို့ပဲ မြင်ပါတယ်” လို့ သူ့ထင်မြင်ချက်ကိုပြောပါတယ်။

    ဒါ့အပြင် စစ်အုပ်စုကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ သူ​တွေဟာ ငယ်ရွယ်လွန်း​နေတဲ့အတွက်တွေဟုတ်ပါ့မလား လို့ သံသယဝင်တယ်လို့ အခြားပြည်သူတစ်ဦးကဆိုပါတယ်။

    တကယ်လို့ ဒီလူငယ်လေးတွေက သတ်ဖြတ်ခဲ့တယ်‌ဆိုရင်တော့ ဒီလိုရက်စက်တဲ့ သတ်ဖြတ်မှုတွေကျူးလွန်နိုင်ဖို့ လှုံ့​ဆော်​စေတဲ့ အရာ​တွေကိုရှာ​ဖွေ​ဖော်ထုတ် အ​ဖြေရှာသင့်တယ်လို့ အကြံပြုထားပါတယ်။

    စစ်ကောင်စီက မှုခင်းကိစ္စတွေမှာ တရားခံ အစစ်တွေကို လွှတ်ပေးပြီး အစားထိုး‌ လေ့ရှိတာ ၊ တရားခံမမိရင် ​တွေ့ရာသူကိုတရားခံအဖြစ်ထိုထည့်တဲ့ဖြစ်စဉ်‌ တွေ ရှိဖူးတာကြောင့် ပြည်သူတွေဘက်က ဒီအမှုအပေါ်အပြည့်အဝ မယုံကြည်ကြတာဖြစ်ပါတယ်။

    ဒါ့အပြင် ဒီလိုဖြစ်ရတာကစစ်ကောင်စီရဲ့ အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ မူးယစ်ဆေးတွေကို လွတ်လွတ်လပ်လပ်အသုံးပြုခွင့်ပေးထား‌တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြည်သူအချို့က မှတ်ချက်ပေးထားပါတယ်။

    ဒီဖြစ်စဉ်အပေါ် ဆရာဝန်တစ်ဦးကလည်း လူသတ်မှူကျူးလွန်သူကို သွေးစစ်ကြည့်ရင် Mephedrone၊ Methamphetamine၊ GHB/GBL စတဲ့ ဆေးတွေ ပြည့်နေနိုင်တယ် လို့ သုံးသပ်ထားပြီး လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ Chemsex ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

    စစ်ကောင်စီက​တော့ရန်ကုန်မြို့ ၊ပန်းပဲတန်းမြို့နယ် ၃၂ လမ်း က Beauty Land ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိပြီလို့ အောက်တိုဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားတာပါ။

    လူသတ်မှူကျူးလွန်သူ က သာကေတ မြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၈နှစ်အရွယ် အောင်ခန့်ကျော်ဇင်ဖြစ်ပြီး ဂိမ်းအလွန်ကစားသူဖြစ်ကာ နိုင်ငံခြားဇာတ်ကားများထဲက လူသတ်အ‌လောင်းဖျောက်သည့် ဇာတ်ဝင်ခန်းများအတိုင်း အသင့်ယူဆောင်လာတဲ့ ဓားနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ထွက်ဆိုကြောင်း စစ်ကောင်စီကဆိုပါတယ်။

    သေဆုံးသူကတော့ နတ္တလင်းမြို့နယ်က အသက် ၂၃ နှစ်အရွယ် မစုမြတ်ဝင်းဖြစ်ပြီး လူသတ်မှုကျူးလွန်သူက တယ်လီဂရန်ချန်နယ်မှတစ်ဆင့် အခပေးပျော်ပါးရန် ဆက်သွယ်ကာ ဟိုတယ်ကိုခေါ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    အောက်တိုဘာ ၆ ရက်က ၃၂ လမ်းမှာရှိတဲ့ Beauty Land ဟိုတယ်ရဲ့ အခန်း ၅၀၂ မှာ လူသတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ဝမ်းတွင်းကလီစာတွေ နဲ့ ပေါင်သားတွေ လှီးဖြတ်ခံထားရတဲ့ သေဆုံးသူကိုထည့်ထားတဲ့ကျွတ်ကျွတ်အိတ်အပြာကို အခန်း
    ပြတင်းပေါက် အပြင်ဘက် အဲကွန်း Outdoor နှစ်ခုကြားမှာ တွေ့ခဲ့တာပါ။

    လူသတ်မှူကျူးလွန်သူနဲ့ အခင်းနေရာကိုရှင်းလင်းရာမှာ ပါဝင်ကူညီခဲ့တဲ့ လူသတ်မှူကျူးလွန်သူ ရဲ့ ချစ်သူကို သူတို့ရဲ့ နေအိမ်တွေမှာ အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ စစ်​ကောင်စီကဆိုပါတယ်။

    “အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှူကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ ၊စတီးဓားနှစ်ချောင်း ၊ သေဆုံးသူကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်းသုံးလုံးနဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

    အောင်ခန့်ကျော်ဇင်ရဲ့ ချစ်သူက အခန်းတွင်းကသွေးတွေကိုသန့်ရှင်းရေးပြုလုပ်တာ ၊ အလောင်းဖျောက်တာမှာ ပါဝင်ကူညီခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

    အောင်ခန့်ကျော်ဇင် ဟာလူသတ်မှုကျူးလွန်တာဟုတ်၊မဟုတ် မသိ​ပေမယ့် သူကို ဖမ်းဆီးသွားတာ မှန်တယ်လို့ သူနေထိုင်တဲ့ ရပ်ကွက်က ဒေသခံအချို့က လူထုနွေဦးကို အတည်ပြုပေးပါတယ်။ သူ့ရဲ့မိခင်ဟာ ​ဆရာဝန်ဖြစ်ပြီး သူတို့မိသားစုဟာ​ငွေ​ကြွေးချမ်းသာတယ်လို့ စုံစမ်းသိရပါတယ်။

    စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ မပါဝင်ပေမယ့် စစ်ကောင်စီထောက်ခံတဲ့ သတင်းဌာနတွေမှာတော့ လူသတ်မှူကျူးလွန်သူက အမျိုးသားကိုသတ်ရင် ပြန်ခုခံမှာစိုးတာကြောင့် အမျိုးသမီးကို ရွေးချယ်ခဲ့တာဖြစ်ပြီး လူသတ်ဖို့ဓါး၊အလောင်းထည့်ဖို့ပလတ်စတစ်အိတ်နဲ့ သွေးတွေကိုချွတ်ဖို့အစွန်းချွတ်တဲ့အက်ဆစ်ပုလင်းတွေကို အောက်တိုဘာ ၅ ရက်ကတည်းက ယူဆောင်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် သေဆုံးသူရောက်ရှိလာချိန်မှာ လည်ပင်းကိုညှစ်ပြီး ရင်ဘတ်ကို ဓားနဲ့ ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။အဲဒီ့နောက် ပေါင်သားတွေကိုလှီးကာ အိမ်သာထဲကိုထည့်ခဲ့ပြီး ဝမ်းဗိုက်ထဲကကလီဇာတွေကိုတော့ အိတ်နဲ့ထည့်ကာ ဗိုလ်ချုပ်လမ်းပေါ်က အမှိုက်ပုံး‌ထဲကို ပစ်ခဲ့တာလို့ဆိုပါတယ်။

    စစ်ကောင်စီက နေအိမ်မှာဖမ်း‌ဆီးစဉ် လူသတ်မှုကျူးလွန်ခဲ့တဲ့ ဓားကိုသိမ်း‌ဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် စစ်​ကောင်စီလက်အောက်ခံ မီဒီယာတွေမှာတော့ အဲဒီ့ဓားကို မဟာဗန္ဓုလတံတားပေါ်ကနေ ပစ်ချခဲ့တယ်လို့ရေးသားထားပါတယ်။

    အဲဒီ့အပြင် လူသတ်မှုကျူးလွန်ချိန်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်တာကြောင့် အခန်းနံရံဆေးကွာသွားလို့ ဟိုတယ်ကို Check Out ပြုလုပ်ချိန်မှာ လျော်ကြေး ကိုးသောင်းပေးရတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ရေးသားထားပေမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မပါဝင်​ပါဘူး။

    ဖမ်းဆီးထားသူနှစ်ဦးကို စစ်အုပ်စုရဲ့ပန်းဘဲတန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

    စစ်ကောင်စီက လူသတ်မှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားပေမယ့် ပြည်သူ အချို့ကလည်း စစ်ကောင်စီရဲ့ ထုံးစံအတိုင်း ဇာတ်ကွက်ဆင် လုပ်ကြံဖန်တီးတာတွေရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။

    လူသတ်မှူကျူးလွန်တယ်ဆိုတဲ့သူတွေဟာ ၁၈ နှစ်အရွယ်တွေပေမယ့် စစ်ကောင်စီ အာဏာသိမ်းတဲ့ ကာလမှာဆိုရင် ဆယ်ကျော်သက်အရွယ်တွေသာရှိသေးတာကြောင့် အာဏာသိမ်းတဲ့ကာလ ဖြတ်သန်းရတဲ့ လူငယ်တွေရဲ့ စိတ်အခြေအနေအပေါ် ဖေ့စ်ဘွတ်ခ်အသုံးပြုသူအချို့က မေးခွန်းထုတ်​နေကြပါတယ်။

    (စစ်​ကောင်စီက လူသတ်မှုကျူးလွန်သူလို့ထုတ်ပြန်ခဲ့တဲ့ လူငယ် သမီးရည်စားစုံတွဲ ။ ဓါတ်ပုံ-စစ်​ကောင်စီ)

  • သီတင်းကျွတ်မီးထွန်းပွဲကို စစ်တပ် ပါရာမိုတာနဲ့ ဗုံးကြဲသတ်ခဲ့မှုအ​ပေါ် နိုင်ငံတကာမီဒီယာတွေ အကျယ်တဝင့်ဖော်ပြ

    သီတင်းကျွတ်မီးထွန်းပွဲကို စစ်တပ် ပါရာမိုတာနဲ့ ဗုံးကြဲသတ်ခဲ့မှုအ​ပေါ် နိုင်ငံတကာမီဒီယာတွေ အကျယ်တဝင့်ဖော်ပြ

    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက သီတင်းကျွတ် မီးထွန်းပွဲတော်ကိုအာဏာသိမ်းစစ်ကောင်စီက ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့လို့ အရပ်သား အများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာတွေက အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ညတုန်းက ချောင်းဦးမြို့နယ်ရဲ့ ဘုံတိုရွာထဲမှာ မီးထွန်းပွဲတော် ကျင်းပနေတုန်း စစ်ကောင်စီရဲ့ ပါရာမိုတာက ဗုံးကြဲခဲ့တာကြောင့် က​လေးငယ်​တွေအပါအဝင် ပြည်သူဒါဇင်နဲ့ချီ​သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တာပါ။

    အောက်တိုဘာ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ဗုံးကြဲသတ်ဖြတ်မှုအ​ပေါ် နိုင်ငံတကာ မီဒီယာတွေကလည်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် သတင်း ဖော်ပြခဲ့ကြတာပါ။

    အမေရိကန်ရဲ့ ဩဇာကြီးမားတဲ့ သတင်းစာ တစ်စောင်ဖြစ်တဲ့ New York Timesကလည်း ဘုံတိုရွာမှာ ပါရာမိုတာ ဗုံးကြဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင် သက်သေ တစ်ဦးနဲ့ NUGတို့ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ပါတယ်။

    မျက်မြင်တွေရဲ့ အဆိုအရ လူလိုက်ပါစီးနင်းနဲ့ ပါရာမိုတာ တစ်စီးပေါ်ကနေ အခုတိုက်ခိုက်မှုကို လုပ်ခဲ့တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း New York Timesက ရေးသားထားပါတယ်။

    အောက်တိုဘာ ၆ ရက်နေ့ တိုက်ခိုက်မှုမှာ ၂၄ ဦးထက်မနည်း သေဆုံးပြီး ၄၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ New York Timesက ဆိုပါတယ်။

    သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းအခြေစိုက်လှုပ်ရှားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် အနည်းဆုံး တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ New York Timesက သတင်းရေးသားခဲ့ပါတယ်။

    အောက်တိုဘာ ၈ ရက်နေ့ ညပိုင်းအထိတော့ စစ်ကောင်စီဟာ ဘုံတိုရွာမှာ ပါရာမိုတာ အသုံးပြု ဗုံးကြဲခဲ့တဲ့ ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးဘူးလို့လည်း New York Timesက ဖော်ပြထားပါတယ်။

    ဗြိတိန်ရဲ့ Independent သတင်းဌာနက ချောင်းဦးမြို့နယ်ထဲမှာ လူပေါင်း ၁၀၀ လောက် စုဝေးပြီး ဖယောင်းတိုင် ထွန်းနေကြတဲ့ ဘာသာရေး ပွဲတော် တစ်ခုကို ပါရာမိုတာ (ပါရာဂလိုက်ဒါ) တွေက ဗုံးကြဲလို့ ၂၄ ဦးထက်မနည်းသေပြီး ၄၇ ဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

    စက်တပ်ထားတဲ့ ပါရာဂလိုက်ဒါပေါ်ကနေ ဗုံးနှစ်လုံးကို ကြဲချခဲ့တာဖြစ်ကြောင်း၊ ပျံသန်းနိုင်တဲ့ အဲဒီယာဉ်တွေမှာ စစ်သား ၃ ဦးထိ စီးနင်းလိုက်ပါနိုင်ကြောင်း Independentက ဖော်ပြခဲ့ပါတယ်။ BBCရဲ့ သတင်းမှာ ဖော်ပြထားတဲ့ အသေအပျောက် ကိန်းဂဏန်းတွေကလည်း Independentနဲ့ တူညီမှု ရှိပါတယ်။

    ပါရာဂလိုက်ဒါနဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်မှာ ထိခိုက်သေကြေမှု ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကတော့ ကွဲပြားမှုတွေ ရှိခဲ့ပါတယ်။

    Metro သတင်းဌာနကတော့ စုစုပေါင်း ၄၀ လောက်သေပြီး ၈၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီ ကိန်းဂဏန်းဟာ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မီးထွန်းပွဲတော် စီစဉ်သူ တစ်ဦးဆီကနေ ရရှိထားတာလို့ Metroက ဆိုပါတယ်။

    စက်တပ်ပါရာဂလိုက်ဒါချဉ်းကပ်လာတာကိုသတိထားမိလို့ ပွဲစီစဉ်သူတွေက လူထုကို အရေးပေါ် သတိပေးခဲ့တဲ့အတွက် သုံးပုံတစ်ပုံလောက်က ဘေးလွတ်ရာ တိမ်းရှောင်နိုင်ခဲ့ကြကြောင်း၊ ဒါပေမယ့် သေဆုံးခဲ့ကြတဲ့ထဲမှာ ကလေးတွေလည်း ပါဝင်ပြီး ခန္ဓာကိုယ်တွေပါ အပိုင်းပိုင်း ပြတ်ကုန်ကြောင်း Metroရဲ့ သတင်းမှာ ပါရှိခဲ့ပါတယ်။

    Al Jazeera သတင်းဌာနကတော့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ကို ၂၀ ကျော်လို့ ဖော်ပြခဲ့ပြီး Amnesty International (AI)ရဲ့ မြန်
    မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းရဲ့ အဆိုကိုပါထည့်သွင်း ရေးသားထားပါတယ်။

    ဖရီးမန်းက စစ်ကောင်စီဟာ အာဏာကို ပိုမို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ဖို့အတွက် အခုနှစ်ကုန်ပိုင်းမှာ တစ်ဖက်သတ် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေရင်း တစ်ချိန်တည်းမှာပဲ တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားတဲ့ ဒေသတွေကို ရက်ရက်စက်စက် ဖြိုခွင်း တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ပြောကြားသွားပါတယ်။

    အသေအပျောက် ကိန်းဂဏန်းတွေကို တိတိကျကျအတည်မပြုနိုင်သေးကြောင်း၊ ပါရာမိုတာတွေဟာ အရပ်သား ဧရိယာတွေပေါ် ဗုံးနဲ့ တခြားဖောက်ခွဲရေးပစ္စည်းတွေကြဲချဖို့စစ်တပ်က ပိုမို ချဲ့ထွင် အသုံးပြုလာတဲ့ ယာဉ်အမျိုးအစားဖြစ်ကြောင်းလည်း Al Jazeeraက ဆိုပါတယ်။

    WION သတင်းဌာနကတော့ အသေအပျောက် စာရင်းကို ၄၀ ကျော်နဲ့ ဒဏ်ရာရသူ ၄၇ ဦးလို့ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဘာသာရေး ပွဲတော်တစ်ခုနဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်နေစဉ် အတောအတွင်း ပါရာဂလိုက်ဒါတွေနဲ့ ဗုံးကြဲတာ ခံခဲ့ရပြီး ကြေကွဲစရာ ဖြစ်ရပ်ဆိုးမျိုးအဖြစ် ပြောင်းလဲသွားတယ်လို့ WIONက ရေးသားထားပါတယ်။

    သီတင်းကျွတ် မီးထွန်းပွဲတော်နဲ့အတူ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဖယောင်းတိုင်မီးထွန်းညှိ ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်နေတဲ့အချိန် စက်တပ် ပါရာဂလိုက်ဒါက လူအုပ်ထဲ ဗုံးနှစ်လုံး ကြဲချသွားတာလို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) အရာရှိ တစ်ဦးရဲ့ အဆိုကို WION က ကိုးကားထားခဲ့ပါတယ်။

    AFP သတင်းဌာနမှာတော့ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးကို ဆက်သွယ် မေးမြန်းထားခဲ့ရာမှာအခမ်းအနားစီစဉ်သူတွေကပါရာမိုတာ ပျံသန်းလာနေတာကို လူတွေဆီ အမြန်လိုက် သတိပေးပြီး လူစုခွဲစေခဲ့ပေမယ့် အဲဒီအချိန်မှာတင် တစ်စီးက လူအုပ်ပေါ် ဖြတ်ပျံသွားခဲ့တယ်လို့ သူတွေ့ကြုံတာကို ပြောပြထားပါတယ်။

    ဗုံးနှစ်လုံးဟာ လူစုလူဝေး အလယ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အများအပြား သေကြေခဲ့ကြောင်း၊ ပါရာမိုတာက ထွက်ခွာသွားပြီဆိုတာ သေချာတာနဲ့ ဒဏ်ရာရသူတွေကို ဒေသခံတွေက ကူညီဖို့ အပူတပြင်း ကြိုးစားခဲ့ကြောင်းသူကဆိုပါတယ်။

    ပေါက်ကွဲမှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့ တချို့ အလောင်းတွေဟာ ဘယ်သူဘယ်ဝါ ခွဲခြားဖို့တောင် ခက်ခဲသွားတယ်လို့လည်း ဒေသခံတွေက မှတ်ချက်ပေးခဲ့ပါတယ်။

    နောက်တစ်နေ့ မနက်ထိ ရွာသားတွေဟာအလောင်းတွေက ပြတ်ထွက်နေတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလိုက်လံစုစည်းကောက်ယူလို့ မပြီးနိုင်အောင် ဖြစ်နေသေးတယ်လို့ အမျိုးသမီးက ဆိုပါတယ်။

    BBC သတင်းဌာနက စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမိုချဲ့ထွင် အသုံးပြုလာချိန်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ် မလုံလောက်မှုအတွက် အစားထိုးနည်းလမ်းအဖြစ်ပါရာမိုတာတွေကိုကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

    သီတင်းကျွတ် လပြည့်ည မီးထွန်းပွဲ ကျင်းပရင်း ဆန္ဒပြရာမှာ စစ်ကောင်စီရဲ့ အဓမ္မ စစ်သားသစ် စုဆောင်းမှုတွေကို ဆန့်ကျင်တာ၊ စစ်ကောင်စီက ကြီးမှူးမယ့် ရွေးကောက်ပွဲကို ကန့်ကွက်တာ၊ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း နိုင်ငံတကာ သတင်းဌာနတွေမှာ ရေးသားထားခဲ့ပါတယ်။

    အိန္ဒိယသတင်းဌာဖြစ်တဲ့ Time of India သတင်းဌာနကလည်း ဆီးမီးထွန်းပွဲပြုလုပ်တဲ့​နေရာကိုစစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၄၀ ​​​လောက်​သေဆုံးပြီး( ၈၀)ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့​ဖော်ပြပါတယ်။

    ဒါ​ပေမယ့် စစ်တပ်ကို ကူညီ​နေတဲ့ တရုတ်နိုင်ငံက တရုတ်အစိုးရပိုင်သတင်းဌာန​တွေက​တော့စစ်တပ်ဗုံးကြဲလို့ ဆီမီးထွန်း​နေတဲ့ပြည်သူအများအပြား​သေဆုံးခဲ့တဲ့သ​တင်းကို​ဖော်ပြကြတာမ​တွေ့ရပါဘူး။

    ကိုးကား-နိုင်ငံတကာသတင်းဌာနများ

    (နိုင်ငံတကာသတင်းဌာန​တွေရဲ့​ဖော်ပြမှု )

  • Beauty Land Hotel လူသတ်မှု ထွက်ဆိုချက် အပြည့်အစုံ

    Beauty Land Hotel လူသတ်မှု ထွက်ဆိုချက် အပြည့်အစုံ

    လူ/သ/တ်တရားခံအောင်ခန့်ကျော်ဇင်သည်ဂိမ်းအဆော့များပြီးစိတ်မတည်မငြိမ်ဖြစ်ကာလူ/သ/တ်ချင်စိတ်ပေါ်ပေါက်လာ​ကြောင်း၊အမျိုးသားချင်းသ/တ်ပါကပြန်လည်ခုခံမည်စိုးရိမ်သဖြင့်အမျိုးသမီးတစ်ယောက်ကိုသ/တ်ရန်ရွေးချယ်ခဲ့ကြောင်း၊

    လူသ/တ်ရန်ဓါ:၊အလောင်:/ထည့်ရန်ပလတ်စတစ်အိတ်နှင့်သွေ:များကိုချွတ်ရန်အစွန်းချွတ်သည့်အက်/ဆစ်ပုလင်းများကို၀ယ်ပြီးတည်းခိုနေကြ၃၂လမ်းရှိBeauty Land ဟိုတယ်သို့ အောက်တိုဘာလ၅ရက်ကသွားခဲ့ကြောင်း၊

    ဟိုတယ်ရောက်သော်သမိုင်းDate Girl Service Channel၌ကြော်ငြာတင်ထားသောဖုန်း09986189996သို့ဆက်သွယ်ပြီးအပျော်မယ်တစ်ဦးခေါ်ခဲ့ကြောင်း၊အပျော်မယ်ရောက်လာချိန်တွင်လည်/ပင်း/ကိုညှစ်ပြီး ရင်/ဘတ်/ကိုဓါ:/ ဖြင့်ထို: သတ်ခဲ့​ကြောင်း၊

    ထို့နောက်ပေါင်သာ: များကိုလှီ: ကာအိမ်သာထဲထည့်ခဲ့ကြောင်း၊ဝမ်:/ဗိုက်ကို/ခွဲ/ကာကလီစာများကိုအမှိုက်အိတ်ထဲထည့်ပြီးဗိုလ်ချုပ်လမ်းထောင့်အမှိုက်ပုံးထဲထည့်ခဲ့ကြောင်း၊ထို့နောက်ရည်းစားဖြစ်သူအေမွန်အောင်ကိုလှမ်းခေါ်ပြီးလူ/သ/တ်မိကြောင်းပြောကာအ/လောင်:ထည့်ထားသည့်အိတ်ကိုပြူတင်းပေါက်ဖွင့်ပြီးအဲကွန်း​အောက်ဒိုးယူနစ်ပေါ်တင်ထားခဲ့ကြောင်း၊

    ထို့နောက်လူ/သ/တ်မှုကျူးလွန်သည့်::ဓါ:ကိုထုတ်ပိုးခြင်း၊အခန်းရှိသွေ:များဆေးကြောခြင်းပြုကာCheck outလုပ်ကြောင်း၊လူ/သ/တ်စဥ်ရုန်းရင်းဆံခတ်ဖြစ်သဖြင့်အခန်းနံရံဆေးကွာသွားသဖြင့်လျော်ကြေး၉သောင်းပေးခဲ့ရကြောင်း၊

    ထို့နောက်ဟိုတယ်မှထွက်လာပြီးလမ်းခွဲကာပြစ်မှုကျုးလွန်သည့် ဓါ:ကိုမဟာဗန္ဓုလတံတားပေါ်မှပစ်ချခဲ့ကြောင်းတရားခံမှဝန်ခံထွက်ဆိုချက်ပေးကြောင်းသိရသည်။

  • AA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များကစစ်ကူစစ်ကြောင်းများနှင့် စစ်တပ်ကာကင်းစခန်းကုန်များကို အပြတ်သတ်တိုက်ခိုက်ချေမှုန်းပြီးနောက် တိုက်ပွဲများမှာ ကပစ(၁၄)နှင့် တစ်မိုင်ခန့်အကွာထိရောက်ရှိလာ

    အာရက္ခတပ်တော် (AA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များသည်အကြမ်းဖက် စစ်တပ်၏ စစ်ကူစစ်ကြောင်းများနှင့် ကာကင်းစခန်းကုန်များကို အပြတ်သတ် တိုက်ခိုက် သိမ်းပိုက် ချေမှုန်းပြီးနောက် လက်ရှိနှစ်ဖက်တိုက်ပွဲများမှာကပစ(၁၄) နှင့် ဇင်ပြွန်းရွာလက်နက်ကြီးအထိုင်စခန်း၏တစ်မိုင်ခန့်အကွာသို့ရောက်ရှိလာကြောင်း သတင်းရရှိသည်။

    ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ခုက “AA နဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များကနတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကုန်းကြီးကို ဝိုင်းပတ်ပိတ်ဆို့ထားပြီးစစ်ကူနဲ့ရိက္ခာသယ်လာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေသလိုအနီးပတ်ဝန်းကျင်ကကာကင်းစခန်းတွေကိုတစ်ခုပြီး တစ်ခု သိမ်းပိုက်လာတာအခုဆိုရင် နှစ်ဖက်တိုက်ပွဲကကပစ(၁၄)နဲ့ဇင်ပြွန်းရွာလက်နက်ကြီးစခန်းရဲ့တစ်မိုင်ထိနီးကပ်လာပြီလိုသိရပါတယ်”ဟု ပြောသည်။

    လက်ရှိ အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူ၊ စစ်ကြောင်း စစ်ကူများဖြင့် တိုက်ခိုက်နေသည့် ကြားက စခန်းငယ် အများအပြားကို လက်လွှတ်ခဲ့ရသလို လက်ရှိတွင် အမ်း-ပဒန်း ရိုးတောင်ကျော်လမ်းရှိနတ်ရေကန်တောင်တွင်လေကြောင်းရန်ကာကွယ်ရေးဗျုဟာစခန်းကုန်းကြီးတစ်ခုသာ နောက်ဆုံး ကျန်ရှိတော့သည်ဟု ဆိုသည်။

    “ အခု ကင်းစခန်းတွေအားလုံးကို AA နှင့် တော်လှန်ရေးပူးပေါင်းတပ်တွေကအပြတ်သတ် ချေမှုန်း သိမ်းပိုက်လိုက်ပြီ။ အဲဒီ ကာကင်းတွေက နတ်ရေကန်နဲ့ ဇင်ပြွန်းရွာစခန်း၊ကပစ ၁၄တို့ အကြားမှာ တည်ရှိတာ။ တစ်ဖက်မှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကို အေအေနဲ့တော်လှန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ထားတော့စစ်တပ်စစ်ကြောင်းတွေက နောက်ဆုတ် နေရပြီး အခုတိုက်ပွဲက တဖြည်းဖြည်းနဲ့ ကပစ (၁၄) ထိ ကပ်သွားတာ” ဟုပြောဆိုသည်။

    ရေကန်တောင်ပေါ်ရှိ လေကြောင်းရန်ဗျူဟာကုန်းကိုAAနှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားကာစစ်ကူတက်လာသောစစ်ကြောင်းများကိုရိုးတောင်ခြေရင်းအနီးဝန်းကျင်နေရာကောင်းများမှ​စောင့်ကြိုကြားဖြတ်တိုက်ခိုက်၍စစ်တပ်ဘက်က အကျအဆုံးများနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    “အခုက လေကြောင်းရန်စခန်းကုန်ကြီး တစ်ခုဘဲကျန်ပြီ၊ပတ်လည်အကုန်ကျသွားပြီ၊အောက်ကတက်လာတဲ့စစ်ကြောင်းတွေကိုရိုးပေါ်ကိုအတက်မပေးတော့ဘူး။တော်လှန်ရေးတပ်ဖွဲ့တွေကဆီးကြိုပြီးတိုက်နေတာပါ”ဟုပြောသည်။

    စစ်ကောင်စီသည် နတ်ရေကန်တောင် လေကြောင်းရန်ဗျူဟာသို့စစ်ကူပို့ရာတွင် လမ်းဟောင်းနှင့် လမ်းသစ်နှစ်ခုစလုံးကို အသုံးပြုနေသည်ဟုဆိုသည်။

    “ ကပစ ၁၄ကဆိုရင် လမ်းဟောင်းကို အသုံးပြုပြီး စစ်ကြောင်း တက်လာတာ။အဲဒီ စစ်ကြောင်းတွေလည်းဖြတ်တောက်တိုက်ခိုက်ရတော့နောက်ဆုတ်ရတယ်။လမ်းသစ်ကနေတက်လာတဲ့ စစ်ကြောင်းကိုလည်းစပ်စီကျေးရွာအကျော်မှာအေအေနဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေကဖြတ်တောက်တိုက်ခိုက်နေတာ”ဟု ဆက်ပြောသည်။

    အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လက်ရှိ ထိုးစစ်များသည် ရခိုင်ပြည်၊ အမ်းမြို့သို့ ဝင်ရောက်ရန် ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့၏ စစ်ရေးရည်မှန်းချက်မှာ မအောင်မြင်သလို နတ်ရေကန် လေကြောင်းရန်ဗျူဟာ AA နှင့် တော်လှန်ရေးတပ်ဖွဲ့များ လက်ထဲမကျရန် အသည်းအသန် ကြိုးပမ်း နေရသည်ဟု ဆိုသည်။

    ထောက်ပို့စခန်းများသိမ်းပိုက်ခံရပြီးနောက်စစ်ကူမလာနိုင်သောအခြေအနေများဖြင့်ရင်ဆိုင်နေရသောအကြမ်းဖက် စစ်တပ်သည် အားကိုးစရာ တစ်ခုတည်းသာ ကျန်ရှိတော့သည့် လေကြောင်းတစ်ခုတည်းကိုအသုံးပြုပြီးY12၊ဂျက်တိုက်လေယာဉ်နှင့် Y8 တို့ဖြင့်နေ့ရောညပါလာရောက်ပြီး ဗုံးကြဲတိုက်ခိုက်နေသည်ဟုသိရသည်။

    မြန်မာအကြမ်းဖက်စစ်တပ်သည် လိူင်ရွာ၊စပ်စီ၊နောင်ရွာ၊ဂုတ်ကြီးစသည့်ကျေးရွာများကိုဒရုန်းအပါအဝင်လေကြောင်းကနေတိုက်ခိုက်မှု၊ လက်နက်ကြီးတို့ဖြင့်ပစ်ခတ်မှုတို့ကို ယခင်ကထက်ပစ်ခတ်မူပိုမိုလုပ်ဆောင်လာသည်ဟုဒေသခံများပြောကြားချက်အရသိရသည်။

    ဒေသခံတစ်ဦးက”အခုကနှစ်ဖက်တိုက်ပွဲက ကပစ ၁၄ နဲ့ဇင်ပြွန်းရွာနားကိုရောက်နေပြီ။ လေကြောင်းကလည်း တော်လှန်ရေးတပ်တွေရှိတယ်ထင်ပြီးစပ်စီရွာနားနဲ့ ပတ်ဝန်းကျင်ကိုမကြာမကြာ လာပစ်နေတယ်”ဟုပြောဆိုသည်။

    စစ်တပ်၏စစ်ကူတပ်များသည် အင်အားအများအပြားဖြင့် လမ်းသစ်ကားလမ်းမထက်မှအကြိမ်ကြိမ်ထိုးစစ်ဆင်တက်နေသော်လည်းစပ်စီရွာနားကိုမကျော်နိုင်သေးဘဲနောက်ဆုတ်နေကြရသည်ဟုဆိုသည်။

    အာရက္ခတပ်တော်နဲ့ပူးပေါင်းတော်လှန်ရေးတပ်များသည် နတ်ရေကန်တောင်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုပတ်ဝန်းကျင်ရှိကာကင်းများကိုယခုလအတွင်းအပြတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်နောက်ထပ်တက်လာမဲ့စစ်ကူစစ်ကြောင်းများကိုရိုးတောင်အောက်တောင်ခြေရင်းနားထိဆီးကြိုတိုက်ခိုက်နေမူကြောင့်စစ်ကောင်စီသည် လမ်းသစ်၊လမ်းဟောင်းနှစ်လမ်းလုံးမှတက်မရောက်ဘဲဖြစ်နေပြီးနတ်ရေကန်တောင်စခန်းသို့စားနပ်ရိက္ခာများကို လေကြောင်းကနေပို့ဆောင်နေရသည်ဟုသိရသည်။

  • Beauty Land Hotel လူသတ်မှုတွင် အလောင်းဖျောက်ပေးသည့် အမျိုးသမီး ၁ ဦး ထပ်ဖမ်းမိ

    Beauty Land Hotel လူသတ်မှုတွင် အလောင်းဖျောက်ပေးသည့် အမျိုးသမီး ၁ ဦး ထပ်ဖမ်းမိ

    ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ Beauty Land Hotel မှာ အမျိုးသမီးတယောက်ကို ဓားနဲ့ ခုတ်သတ်ခဲ့သူနဲ့ အလောင်းဖျောက်ပေးတဲ့ သူ့ရဲ့ရည်းစားဖြစ်သူတို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    ပြစ်မှုကျူးလွန်သူ အသက် ၁၈ နှစ်အရွယ် အောင်ခန့်ကျော်ဇင်ကို သာကေတမြို့နယ် အမှတ် ၇ ရပ် ကွက်အရှေ့မှာ ဖမ်းမိခဲ့ပြီး အလောင်းဖျောက်ပေးခဲ့တဲ့ ရည်းစားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မအေမွန်အောင်ကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရကနေ ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “အသတ်ခံရတဲ့ ကောင်မလေး နတ္တလင်းက မစုမြတ်ဝင်းလို့ခေါ်တယ်။ သတ်တဲ့ကောင်လေးက လူသတ်ကားတွေအကြည့်များပြီး စိတ္တဇဆန်ဆန် ဓား ၂ ချောင်းနဲ့ လှီးဖြတ်တာ။ သတ်ပြီးတော့ ဗဟန်းက သူကောင်မလေးက အခန်းကို သန့်ရှင်းရေးလာလုပ်ပေးတာ။ လက်ရှိတော့ စစ်ဆေးနေတယ်။”

    အောက်တိုဘာ ၅ ရက်က မစုမြတ်ဝင်းကို ခန့်ကျော်ဇင်က လူမှုကွန်ရက်မှာ ချိန်းဆိုပြီး အခ ကြေးငွေနဲ့ Beauty Land Hotel အခန်းနံပါတ် ၅၀၂ မှာ ပျော်ပါးကာ ဓား ၂ ချောင်းနဲ့ တစစီ ခုတ်ထစ်သတ်ဖြတ်ခဲ့ပြီး ရည်စားဖြစ်သူကလည်း အခန်းကို သန့်ရှင်းရေးလာလုပ်ပေးခဲ့တယ်လို့သူ က ရှင်းပြပါတယ်။

    လက်တလောမှာ ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်ဇင်နဲ့ မအေမွန်အောင်တို့ကို ပန်းဘဲတန်းမြိုနယ်ရဲစခန်းက (ပ)အမှတ် ၄၂/၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေပါတယ်။