Category: News

  • ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန်  စုစုပေါင်း ၄၈၉ ဦး  မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့

    ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်း ၄၈၉ ဦး မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့

    ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်း ၄၈၉ ဦး မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်းအင်အား ၄၈၉ ဦး ပြောင်းရွှေ့ လာကြောင်း ကြံခိုင်ရေးပါတီ သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယခု စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး စစ်ရုံးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်အရာရှိကြီးအဆင့်မှ အရာရှိငယ်အဆင့်အထိ အရာရှိများ၊ အောက်ခြေအဆင့်တွင်မူ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအဆင့်များကိုပါ ကြံ့ဖွတ်ပါတီသို့ ပြောင်းရွှေ့ခိုင်းနေကြောင်း သိရှိရသည်။

    စစ်တပ်မှ ဗိုလ်ချုပ်ကြီး ၁ ဦး ၊ ဒုဗိုလ်ချုပ်ကြီး ၆ ဦး ၊ ဗိုလ်ချုပ် ၁၂ ဦး၊ ဗိုလ်မှူးချုပ်၊ဗိုလ်မှူးကြီးနှင့်ဒုဗိုလ်မှူးကြီး ၃၀၀ ဦး ၊ ဗိုလ်ကြီးနှင့်ဗိုလ်မှူး ၁၁၀ ဦး၊ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအထိ အခြားအဆင့် ၆၀ ဦး စုစုပေါင်း ၄၈၉ ဦးကို ကြံ့ဖွတ်ပါတီသို့ စစ်ခေါင်းဆောင်က ပြောင်းရွှေ့စေခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

    “အောင်လင်း‌ဒွေးနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ၃ ယောက် ၊ ဒုတိယဗိုလ်ချုပ်ကြီး ၆ ယောက်ကတော့ အတည်ပြုပြီ။ အမည်စာရင်း List ကတော့ ထွက်နေပြီ။ ထူးချုပ်မှာရော စာရင်းချုပ်ရုံးမှာရော စစ်ရာထူးခန့်ချုပ်ရုံးမှာရော ထွက်နေပြီ။ ဒီ စက်တင်ဘာလထဲမှာပဲ အပြီးသတ် ဖြစ်သွားလိမ့်မယ်ထင်ပါတယ်။ ဒါတွေကတော့ စာရွက်စာတမ်းရဖို့ အတော်လေး ခဲယဉ်းတယ် ။ စစ်ရာထူးခန့်ချုပ်နဲ့ စာရင်းချုပ်ရုံးကပဲ ထုတ်ပြန်မယ့် ရုံးတွင်း အမိန့်တွေ ဖြစ်တဲ့အတွက် Documents ရဖို့ကတော့ အတွင်းပိုင်းက အဖွဲ့တွေနဲ့ ထပ်ပြီးတော့ ချိတ်ဆက်ရဦးမှာပါ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    ကြံ့ခိုင်ရေး ပါတီသတင်းရင်းမြစ်ကမူ ​စစ်တပ်မှ ကြံ့ဖွတ်ပါတီသို့ ပြောင်းရွှေ့လာသော စစ်အရာရှိများ၏ စာရင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ဆုံးအတည်ပြု ပြီးမှ ရောက်ရှိလာခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ ခင်ရီ ခေါင်း ဆောင်သော ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က လက်ခံပေးရကြောင်း၊ အရေအတွက် အတိအကျ မသိရှိရသော်လည်း မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် စစ်တပ်မှ ပြောင်းရွှေ့လာသော စစ်အရာရှိဟောင်းများအတွက် မဲဆန္ဒနယ်များ ချန်ထားပေးရကြောင်း သိရှိရသည်။

    ” ပြောင်းရွှေ့လာတဲ့ ဗိုလ်ချုပ်စာရင်းတွေဘေးမှာ ပြိုင်မယ့် မဲဆန္ဒနယ်နဲ့ ပြိုင်မယ့် လွှတ်တော်ပါ တစ်ခါတည်းပါပါတယ်။ အဲဒါတွေက ပါတီဘက်က မဖြစ်မနေ ဖယ်ပေးရပါတယ်။ တပ်ချုပ်အတည်ပြုပြီးလာတာမို့ ဒီဘက်ကလည်း မဖြစ်မနေ လက်ခံရတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    ကြံ့ခိုင်ရေးပါတီက လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ယှဉ်ပြိုင်မည်ဖြစ်ပြီး မည်သည့် နိုင်ငံရေးပါတီနှင့်မှ ရွေးကောက်ပွဲတွင် မဟာမိတ်လုပ်မည်မဟုတ်ဘဲ မဲဆန္ဒနယ်အားလုံးအနိုင်ရရှိအောင် ယှဉ်ပြိုင်သွားမည်ဟု မူဝါဒ ချမှတ်ထားကြောင်း သိရှိရသည်။

  • တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကော်မရှင်၏ ကာကင်း စခန်းများသိမ်းဆည်းရမိထား

    ‎စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြောင်း သိရသည်။

    ‎တော်လှန်ရေးပူးပေါင်းတပ်များသည် ယမန်နေ့ စက်တင်ဘာ ၁၅ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး ဗန်းမောက်ရှိ စစ်ကော်မ ရှင်၏ ကာကင်း စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ‎”ဗန်းမောက်မြို့ထဲ အခြေအနေတော့ မသိရသေးဘူး။ ပိတ်မိနေသူထောင်ချီရှိပါတယ်။ နဂိုကတည်းက တော်လှန်ရေးတပ်တွေက မြို့ပြင်ဘက်မှာ နေရာယူထားတာရှိပါတယ်။ ရှမ်းနီတပ်က မြို့ထဲနဲ့ တခြားနေရာတွေကို စိုးမိုးထားတာပါ” ဟု ဗန်းမောက်ဒေသခံနှင့် အဆက်အသွယ်ရသူတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်သည် ၎င်းတို့၏ ‎ကာကင်းစခန်းအချို့သိမ်းဆည်းခံရပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ကြောင်း သိရသည်။

    တိုက်ပွဲဖြစ်ပွားသည့်နေ့မှစ၍ ဗန်းမောက်- အင်းတော်လမ်းကို ယာယီပိတ်ထားမည်ဟု အင်းတော် (ပကဖ) က ထုတ်ပြန်ထားပြီး ‎စစ်ရေးလုံခြုံရေးအတွက် အင်တာနက် ဝိုင်ဖိုင်အသုံးပြုမှုများကိုပါ ပိတ်သိမ်း ထားရေး ထုတ်ပြန်ထားကြောင်း သိရသည်။

    ‎ဗန်းမောက်တွင် စစ်ကော်မရှင်နှင့် ရှမ်းနီတပ်မတော် (SNA) တို့အဓိက စိုမိုးနေရာယူထားပြီး ယမန်နေ့တိုက်ပွဲတွင် SNA၏ ကာကင်းစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။ ‎တိုက်ပွဲအတွင်း ဒေသခံထောင်ချီပိတ်မိနေပြီး လေကြောင်းရန်ကြောင့် ပုန်းခိုနေထိုင်နေရကြောင်း သိရသည်။

  • ရက်ကန်းစင်တောင်ရှိ စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်

    ရက်ကန်းစင်တောင်ရှိ စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်

    ထားဝယ် အရှေ့တောဒေသ ရက်ကန်းစင်တောင်ရှိ စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ ရက်ကန်းစင်တောင်ရှိ အကြမ်းဖက် စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    စက်တင်ဘာလ ၁၄ ရင်နေ့ ညနေပိုင်းမှ စတင်ပြီး ထားဝယ်မြို့နယ် အရှေ့တောဒေသ ပကာရီရွာရှိ ရက်ကန်းစင်တောင် ဘုန်းကြီးကျောင်းတွင် အင်အား ၁၀၀ ကျော်ဖြင့် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲသည် စက်တင်ဘာလ ၁၅ ရက်နေ့ထိ ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သောကြောင့် ယာယီတပ်စွဲထားသော နေရာမှ စစ်သားများ ဆုတ်ခွာသွား၍ တော်လှန်တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ယင်းသို့ သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ရက်ကန်းစင်တောင်ကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများ ထိခိုက်မှုရှိကာ ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်က ရက်ကန်းစင်တောင်မှ ဆုတ်ခွာပေးလိုက်ရသော်လည်း ပကာရီရွာ ရဲစခန်းအတွင်း၌ အကြမ်းဖက် စစ်သား အများအပြား ရှိနေသေးပြီး ထားဝယ်မြို့ဘက်မှလည်း စစ်ကူ အများအပြား ပို့ဆောင်နေကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ ရက်ကန်းစင်တောင်ကို တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်တာပေါ့။ ရက်ကန်းစင်တောင်ကိုတော့ သိမ်းနိုင်ခဲ့တယ်လို့ သိရတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ ပကာရီရွာထဲက ရဲစခန်းထဲမှာလည်း စစ်ခွေးတွေ အများကြီးကျန်သေးတယ်။ နောက်ပြီး ထားဝယ် ဘက်ကလည်း စစ်ကူတွေ အများကြီးပို့နေတယ်လို့ သိရတယ်။ မြေပြင်မှာတော့ စစ်ရေးတင်းမာနေတုန်းပဲ မနေ့က သူတို့ ယာယီတပ်စွဲထားတဲ့ နေရာ သိမ်းခံရပြီးနောက်မှာ စစ်ခွေးတွေက လေယာဉ် ၂ စီးနဲ့ ဗုံးလာကျဲတယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ ရက်ကန်းစင်တောင် ဘုန်းကြီးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို မြေသယ်ကားများဖြင့် ထားဝယ်မြို့သို့ ပို့ဆောင်နေကြောင်း သိရသည်။

  • ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းအစိုးရ ဖွဲ့ရန် အစီအစဉ်မရှိဟုဆို

    ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းအစိုးရ ဖွဲ့ရန် အစီအစဉ်မရှိဟုဆို

    စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းအစိုးရ ဖွဲ့ရန် အစီအစဉ်မရှိဟုဆို

    အကြမ်းဖက် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲတွင် နိုင်သမျှ အကုန်ယူမည်ဖြစ်ပြီး မည်သည့်ပါတီနှင့်မှ ညွှန့် ပေါင်းဖွဲ့ရန် အစီအစဉ်မရှိကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။

    ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများတွင် စစ်အာဏာသိမ်းရန် တိုက်တွန်းခဲ့သော မဟာ မိတ်နိုင်ငံရေးပါတီနှင့် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းထားမည်ဖြစ်သော်လည်း ရွေးကောက်ပွဲတွင်မူ မဲဆန္ဒနယ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်သမျှ မဲဆန္ဒနယ်အားလုံးကို ရယူမည်ဖြစ်ကြောင်း၊ အစိုးရ ဖွဲ့စည်းခြင်းနှင့် လွှတ်တော်တွင် အဓိက အရေးကြီးနေရာများ ရယူခြင်းတို့တွင် မည်သည့် နိုင်ငံရေးပါတီနှင့်မှ ညွှန့်ပေါင်းပုံစံ ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်း သိရှိရသည်။

    “ပါတီရဲ့ ရွေးကောက်ပွဲ မူဝါဒက မဲဆန္ဒနယ်အားလုံး ပြိုင်မယ်၊ နိုင်သမျှ အကုန်ယူမယ်။ အစိုးရအဖွဲ့ရော လွှတ် တော်ဥက္ကဋ္ဌ လို အဓိက ရာထူး နေရာတွေမှာပါ အခြားပါတီတွေကို နေရာပေးတာမျိုး၊ ညွှန့်ပေါင်း လုပ်တာမျိုးတော့ မလုပ်ဘူးလို့ မူဝါဒချမှတ်တယ်။ အခုထက်ထိတော့ ပါတီက အပြတ်အသတ်အနိုင်ရမယ်လို့ ယုံကြည်တယ်။ အမတ်လောင်းတွေရော မဲဆွယ်စည်းရုံးရောက ပါတီအနေနဲ့ ရယ်ဒီ အဆင်သင့်ဖြစ်နေပြီလို့ ပြောရမယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

    လာမည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက မဲဆွယ်အသုံးစရိတ်များကိုလည်း ကြိုတင် စီစဉ်ထားပြီဖြစ်ပြီး စစ်တပ်က လာမည့် စစ်ဗိုလ်ချုပ်များ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များကိုလည်း သီးခြားဖယ်ထုတ်ထားကြောင်း သိရှိရသည်။

    ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေက လာမည့် ရွေးကောက်ပွဲတွင် တွက်ချက်မှုများအရ NLD မပါဝင်တော့၍ ကြံ့ဖွတ်ပါတီကသာ အနိုင်ရရန် သေချာနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရသစ်ဖွဲ့စည်းပြီးပါက အင်အားကောင်းလာသော စစ်တပ်နှင့်ပူးပေါင်း၍ AA နှင့် MNDAA ကို အပြတ်အသတ် နှိမ်နင်းမည်ဖြစ်ကြောင်း၊ ယင်းသို့ နှိမ်နင်းရန်မှာ ကြံ့ဖွတ်အစိုးရသစ်က လုပ် ဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း လူမှုကွန်ရက်များမှတစ်ဆင့် ထုတ်ဖော်ပြောဆိုနေသည်။

  • ကမ္ဘာတဝန်းဆင်ဆာဖြတ်တောက်မှုတွင်သုံးသော တရုတ်၏ Great Firewall ဖိုင်များ ပေါက်ကြား

    ကမ္ဘာတဝန်းဆင်ဆာဖြတ်တောက်မှုတွင်သုံးသော တရုတ်၏ Great Firewall ဖိုင်များ ပေါက်ကြား

    Interesting Engineering

    Great Firewall အင်တာနက်ဆင်ဆာစနစ်ကို တရုတ် အသုံးချပုံများနှင့်ပတ်သက်၍ စက်တင်ဘာ ၁၁ ရက်က အချက်အလက်များပေါက်ကြားခဲ့သည်။ စာရွက်စာတမ်းများ၊ အရင်းအမြစ်ကုဒ်များ၊ မှတ်တမ်းများနှင့် ကိုယ်ရေး ကိုယ်တာဆက်သွယ်ပြောဆိုမှုများအပါအဝင် ဖိုင်အရွယ်အစား ၅၀၀ ဂစ်ဂါဘိုက်ကျော်ရှိ အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။

    ပေါက်ကြားလာသောဖိုင်များတွင် ဆော့ဖ်ဝဲလ်ဖိုင်များနှင့် အင်တာနက်ဆင်ဆာစနစ် Great Firewall ကို တရုတ်က တည်ဆောက်ထိန်းသိမ်းပုံနှင့် လမ်းညွှန်လက်စွဲများစာအုပ်များလည်း ပါ၀င်သည်။

    ပေါက်ကြားခဲ့ဖူးသမျှထဲတွင် အသေးစိတ်အကျဆုံး ဆင်ဆာနည်းပညာများပေါက်ကြားမှုဖြစ်သည်ဟု သုတေသီများက ပြောသည်။

    ပေါက်ကြားလာသောဖိုင်များသည် အင်တာနက်ဆင်ဆာစနစ် Great Firewall ၏ ဖခင်ဟု တင်စားကြလေ့ရှိသည့် Fang Binxing ကုမ္ပဏီနှင့်ဆက်စပ်သော တရုတ်နည်းပညာကုမ္ပဏီ Geedge Networks ထံမှ အချက်အလက်များဖြစ်ပုံရသည်။

    ပေါက်ကြားခဲ့သည့်မှတ်တမ်းတွင် အင်တာနက်လမ်းကြောင်းကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ စစ်ထုတ်သည့် DPI ပလက်ဖောင်းများတည်ဆောက်ရန်အသုံးပြုသည့် စနစ်အပြည့်အစုံပါရှိသည်။

    ဆင်ဆာဖြတ်တောက်မှုကို ကျော်လွှားရန် လူများအသုံးပြုသည့် ဆော့ဖ်ဝဲလ်များကို စစ်ဆေး၍ နှေးကွေးအောင်လုပ်သော ကုဒ်များကိုလည်း သုတေသီများက တွေ့ရှိခဲ့သည်။ ဖိုင်အများစုတွင် VPN ကို စစ်ဆေးခြင်း၊ SSL လုံခြုံရေးစနစ်နှင့် အွန်လိုင်းလုပ်ဆောင်ချက်များကို စောင့်ကြည့်ခြင်းတို့ ပါဝင်သည်။

    ပေါက်ကြားလာသော ဖိုင်များတွင် Tiangou အင်တာနက်ဆင်ဆာစနစ်ကို မည်သို့ တီထွင်ထားကြောင်း ဖော်ပြထား သည်ဟု အချက်အလက်များကို ပထမဆုံးအတည်ပြုခဲ့သည့် Great Firewall Report သုတေသီအဖွဲ့က ပြောသည် ။ Tiangou ဗားရှင်းဟောင်းများကို HP နှင့် Dell ဆာဗာများတွင်လည်း သုံးခဲ့သည်ဟု ဆိုသည်။

    Tiangou အင်တာနက်ဆင်ဆာစနစ်ကို မြန်မာရှိ ဒေတာစင်တာ ၂၆ ခုတွင် တပ်ဆင်ထားပြီး အင်တာနက်ပေါ် ဆက်သွယ်လှုပ်ရှားမှု ၈၁ သန်းခန့်ကို အချိန်နှင့်တပြေးညီ တပြိုင်နက် စောင့်ကြည့်နိုင်သည်ဟု ပေါက်ကြားလာသောစာတမ်းများတွင် ဖော်ပြထားသည်။

    စာရွက်စာတမ်းများအရ မြန်မာစစ်ကော်မရှင်လက်အောက်ရှိ ဆက်သွယ်ရေးကုမ္ပဏီသည် အဆိုပါစနစ်ကိုအသုံးပြုနေပြီး အင်တာနက်ပိတ်ဆို့ခြင်းများကို အကြီးအကျယ်လုပ်ဆောင်နေသည်။

    တရုတ်ကုမ္ပဏီ Geedge ၏ DPI စနစ်များကို တရုတ်ပြင်ပ ပါကစ္စတန်၊ အီသီယိုးပီးယားနှင့် ကာဇက်စတန်နိုင်ငံများသို့လည်း ရောင်းချခဲ့သည်ဟု WIRED နှင့် Amnesty International တို့၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

    အဆိုပါစနစ်များကို ဆက်သွယ်ရေးလမ်းကြောင်းများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်စေသည့် တရားဝင်ကြားဖြတ်ကြားဖြတ်စောင့်ကြည့်ရေးပလက်ဖောင်းများနှင့်အတူ တပ်ဆင်ထားသည်။

    ပါကစ္စတန်တွင် နိုင်ငံတဝန်းရှိ မိုဘိုင်းကွန်ရက်များကို အချိန်နှင့်တပြေးညီ ခြေရာခံနိုင်သည့် WMS 2.0 ဟု ခေါ်သော ပိုကြီးမားသည့် စောင့်ကြည့်ရေးပရိုဂရမ်တွင် Geedge ၏ နည်းပညာလည်း ပါဝင်သည်။

    ဖိုင်များပေါက်ကြားမှုကြောင့် သုတေသီများသည် တရုတ်၏ ဆင်ဆာစနစ်တည်ဆောက်ပုံနှင့်ပတ်သက်၍ အသေး စိတ် သိရှိသွားသည်။ စနစ်တည်ဆောက်မှုမှတ်တမ်းများနှင့် ဆော့ဖ်ဝဲလ်ရေးသားသူ၏မှတ်စုများပါဝင်မှုကြောင့် စနစ်အတွင်းရှိ အား နည်းချက်များကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ထိုအားနည်းချက်များကိုသိခြင်းအားဖြင့် အနာ ဂတ်တွင် ဆင်ဆာဖြတ်တောက်မှုကို ကျော်လွှားရန် ပိုအစွမ်းထက်သော ဆော့ဖ်ဝဲလ်များ တီထွင်နိုင်မည်ဟုဆိုသည်။

    Interesting Engineering မှ 500GB leak exposes China’s Great Firewall files used for global censorship အား Brownie ဘာသာပြန်သည်။