Category: News

  • မိုးကုတ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရ

    မိုးကုတ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ စစ် ကောင်စီတပ်စွဲထားတဲ့ စစ်တန်းကုန်းလမ်းဆုံရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး ဒရုန်းဗုံးလည်း ဗုံးကြဲခံရတာကြောင့် စစ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက် ၉ နာရီခန့်မှာ တိုက်ခိုက်ခံရတာလို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    ” ပေါက်ကွဲသံကြားပြီး ခဏနေတော့ လူနာတင် ကားနဲ့ လာတင်သွားတယ်။ အဲ့ဒီနောက်ပိုင်း လမ်းကို ပိတ်စစ်တယ်”လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းက ရဲစခန်း ဒရုန်နဲ့ ဗုံးကြဲခံရပါတယ်။

    တအာင်းတပ်မတော်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ နိုဝင်ဘာလကုန်မှာ ပြန်အပ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီစစ်ကြောင်းတွေပြန်လည်ဝင်ရောက်တပ်စွဲထားတာဖြစ်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

    နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂၄ ရက်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်စခန်း တချို့ကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးပြီး ၃ ဦးဖမ်းမိထားတယ်လို့ MODက ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MOD က အသိပေးထားပါတယ်။

    (တိုက်ပွဲကြောင့် မိုးကုတ်တနေရာ မီးလောင်နေတာကို ၂၀၂၄ ဇူလိုင်က တွေ့ရစဉ်။ ဓာတ်ပုံ – ဒေသခံ)

  • သက်သက်ခိုင်ကို စစ်​ကော်မရှင်က နေအိမ်တွင်းကန့်သတ်ချက်ဖြင့်ထား

    သက်သက်ခိုင်ကို စစ်​ကော်မရှင်က နေအိမ်တွင်းကန့်သတ်ချက်ဖြင့်ထား

    စစ်​ကော်မရှင်က ​ပြည်သူ့​ရှေ့​ဆောင်ပါတီ(PPP) ပါတီ ဥက္ကဋ္ဌ ​ဒေါ်သက်သက်ခိုင်ကို (ဇန်နဝါရီလ ၁၃ ရက်​နေ့) က တရက်တာ​ခေါ်ယူစစ်​ဆေးပြီး​သည့်နောက် လက်ရှိအချိန်ထိ ၎င်းကိုနေအိမ်တွင် ကန့်သတ်ချက်ဖြင့်ထားရှိ​ကြောင်း ​ဒေါ်သက်သက်ခိုင်နှင့်နီးစပ်သူထံမှ စုံစမ်းသိရသည်။

    ပါတီမဲဆွယ်စည်းရုံး​ရေးကိစ္စမှလွဲ၍ ကျန်ကိစ္စများကို လူမှုကွန်ရက်ဆိုရှယ်မီဒီယာများတွင်တင်ပြခြင်း၊ မီဒီယာများကို​ဖြေကြားခြင်းမပြုရန်နှင့် ကိစ္စအဝဝကို စစ်​ကော်မရှင်ခွင့်ပြုချက်ယူခြင်း၊ သတင်း​ပေးပို့ခြင်းများလုပ်​ဆောင်ရန် ကန့်သတ်ထားခြင်းဟု သိရသည်။

    “ဘယ်မီဒီယာတွေနဲ့မှ လက်ခံဖြေဆိုတာမျိုးမလုပ်ရဘူး။ ကိစ္စတခုခုဆောင်ရွက်မယ်ဆိုရင် သက်ဆိုင်ရာကို အရင်သတင်းပို့ရမယ်။ လူမှုကွန်ရက်အကောင့်တွေကနေလည်း ဘာတခုမှမတင်ရဘူး။ ရဲ တို့ ဘာတို့တော့ မထားဘူး။ နေအိမ်အကျယ်ချုပ် သဘောမျိုးထက် ကန့်သတ်ခံထားရတယ်ဆိုရင် ပိုမှန်တယ်”ဟု ဒေါ်သက်သက်ခိုင်နှင့်နီးစပ်သူတဦးက ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်​နေ့ ​မွန်းလွဲတွင် သံရုံးတခုက တာဝန်ရှိသူနိုင်ငံခြားသားအချို့နှင့် ရန်ကုန်မြို့၊ နတ်မောက်လမ်းက စားသောက်ဆိုင်တဆိုင်တွင် လျှို့ဝှက်တွေ့ဆုံခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်​ကော်မရှင် စစ်ဘက်ဆိုင်ရာရဲတပ်ဖွဲ့များက ​ဒေါ်သက်သက်ခိုင်ကို ၂၄ နာရီ​ခေါ်ယူစစ်​ဆေးပြီးသည့်​နောက် ​နေအိမ်တွင်ကန့်သတ်​နေထိုင်ခိုင်းထား​ကြောင်း သိရသည်။

    စစ်​ကော်မရှင်လက်​အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ခွင့်ပြုချက်မရှိဘဲ ဒေါ်သက်သက်ခိုင်နှင့် PPP ပါတီ၏ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်ထက်ထက်လှိုင်တို့သည် နိုင်ငံခြားသံရုံးများနှင့် လျှို့ဝှက်တွေ့ဆုံခဲ့ခြင်း​ကြောင့်အရေးယူသွားမည်ဟု UEC က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ပြည်ပသံရုံးတခုဟု သံရုံးအမည်မ​ဖော်ဘဲ UEC က ထုတ်ပြန်ထား​သော်လည်း သတင်းဌာနအချို့တွင် ဗြိတိန်သံရုံးဖြစ်​ကြောင်း​ဖော်ပြထားကြသည်။

    နိုင်ငံရေး​လောကမှသူများသည် နိုင်ငံခြားသံရုံးမှသံတမန်များနှင့်​တွေ့ဆုံခြင်းမှာ သာမန်လုပ်ရိုးလုပ်စဥ်သာ သတ်မှတ်ထားကြ​​သော်လည်း စစ်​​ကော်မရှင်အဖို့ ကန့်သတ်တင်းကြပ်ထားခြင်းဟု နိုင်ငံ​ရေးပါတီဝင်အချို့က သုံးသပ်ကြသည်။

    စစ်​ကော်မရှင်၏ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ -၆ (စ) ပါ ပြဋ္ဌာန်းချက်တွင်ပါဝင်သည့် နိုင်ငံခြားတိုင်းပြည်တခုခု၏အစိုးရဖြစ်​​စေ ၎င်းတို့၏ ဩဇာခံယူခြင်းမပြုရေး ကို စောင့်ထိန်းလိုက်နာရန်တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်းနှင့် ​အ​ကြောင်းတခုခု​ကြောင့်တွေ့ဆုံမည်ဆိုလျှင် UEC ဘက်က ခွင့်ပြုချက်နှင့် စိစစ်ချက်ယူရမည်ဟု သိရသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ​အောက်တိုဘာလကလည်း ဒေါ်သက်သက်ခိုင်သည် ဘဏ်အကြွေးပြန်ဆပ်ရန်ရှိခြင်းကြောင့်ဆိုသည့်အချက်မှာ ရွေးကောက်ပွဲတွင် နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန် တာဝန်ကင်းရှင်းသူများဆိုသည့် ဥပဒေပုဒ်မ ၈(ဃ)နှင့် ငြိစွန်းနေခြင်းကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။

  • ဆယ်လီ ဧရာဝတီမ ဝင်ပူးပြီး ဖော်ပြီ

    ဆယ်လီ ဧရာဝတီမ ဝင်ပူးပြီး ဖော်ပြီ

    ဆယ်လီ ဧရာဝတီမရဲ့ ဈာပနကို မဲဆောက်မှာပြုလုပ်သွားမည်

    ဆယ်လီ ဧရာဝတီမရဲ့ ရုပ်အလောင်းကို ဈာပနပြုလုပ်မယ့်နေရာဆီ သယ်ဆောင်လာပြီး ဈာပနကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

    ဇန်နဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့မှာ အသတ်ခံရတာဖြစ်ပြီး ယနေ့အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းသိရပါတယ်။

    Photo- Aung Aung

  • ဧရာဝတီမ ကိုTတ်သွားတဲ့တရားခံ ၂ယောက် နောက်ဆက်တွဲ သတင်းသူ့သူငယ်ချင်း အရင်း ပြောပီ

    ဧရာဝတီမ ကိုTတ်သွားတဲ့တရားခံ ၂ယောက် နောက်ဆက်တွဲ သတင်းသူ့သူငယ်ချင်း အရင်း ပြောပီ

    ဧရာဝတီမကို လုပ်ကြံသူမိပီလား

    ဘဝမှာ ဒီလိုလူတွေနဲ့ သူငယ်ချင်း မိတ်ဆွေဖြစ်ခွင့်ရချင်ကြမှာ အားလုံးနဲ့အတူ ကျနော်အပါအဝင်ပါ မြန်မာနိုင်ငံရဲ့ ရိုးရာအရ လူတစ်ယောက် သေဆုံးတဲ့အခါ ပထမဆုံးပြုလုပ်ကြတဲ့အရာကတော့ ကောင်းမှုကုသိုလ်ပြု အမျှဝေပေးတာပါပဲ

    ဧရာဝတီမရဲ့ သူငယ်ချင်း မိဖြိုးမကတော့ ဒီနေ့ ဘုရားသွား ကျောင်းတက်ပီး သူ့သူငယ်ချင်းတွက် ကောင်းရာ ဘုံဘဝရောက်ဖို့ သူတက်နိုင်တာလေးနဲ့ ကုသိုလ်ပြုအမျှပေးဝေခဲ့တာလေးမြင်တဲ့အချိန်မှာ အင်မတန်ကြည်နူးမိတယ် စိတ်ထဲမှာလဲတွေးမိတယ် ဒါဟာ တကယ့်သူငယ်ချင်းကောင်းပဲလို့

    နောက် ဧရာဝတီမကို လုပ်ကြံသူကို မမိသေးဘူးဆိုတာလဲ မိဖြိုးမရဲ့ accမှာ အတိအလင်းဖော်ပြထားပါတယ် ခတ်တာက Follower အများကြီးရှိပီး သတင်းတင်တဲ့ တချို့အကောင့်တွေကနေ လုပ်ကြံသူမိသွားပီဆိုပီး တင်ထားတာဟာ လုပ်ကြံသူတွက် အခွင့်သာအောင် ပိုပီးလွတ်မြောက်နိုင်အောင် သွယ်ဝိုက်ပီး အားပေးနေပါတယ် ဒါကြောင့် သတင်းမတိကျရင် မတင်စေချင်ဘူးခမျာ☝️

    ဧရာဝတီိမဟာ ရှိုင်းတို့ LGBT Community ကဖြစ်လို့ ရှိုင်းတို့ Community က ဧရာဝတီမတွက် တရားမျှတမူလိုချင်ပါတယ်နော် ဧရာဝတီမဟာ Good Soul ဆိုတာ လူတိုင်းမြင်နေရတဲ့အပြင် သူ့တွက် တရားမျှတမူ ရဖို့ ထိုက်တန်ကြောင်း ပြောရင်း ဧရာဝတီမ ကိုရှိုင်းပြုသမျှကုသိုလ်အစုစုတို့ကြောင့် ကောင်းရာဘုံဘဝရောက်ပါစေကွယ် 🕊️ Rest In Peace Ayarwaddyma 🕊️

    A true friend shows up with care, respect, and integrity.Having a friend who is a real lawyer and a genuinely kind, beloved person is a blessing.I truly appreciate and deeply respect him.မိဖြိုးမရေ လုံးဝ Respect ပါကွယ် 🫶🙏🩷

  • KBZ ဦးအောင်ကိုဝင်းကို ပိတ်ဆို့အရေးယူဖို့ ပိုမိုလှုံ့ဆော်လာ

    KBZ ဦးအောင်ကိုဝင်းကို ပိတ်ဆို့အရေးယူဖို့ ပိုမိုလှုံ့ဆော်လာ

    မြန်မာစစ်အုပ်စုနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးရှိသူ ကမော္ဘဇဘဏ် (KBZ) နာယက ဦးအောင်ကိုဝင်းနှင့် ခရိုနီတချို့ ဗြိတိန် နိုင်ငံတွင် စင်းလုံးငှားရဟတ်ယာဉ်ဖြင့် ဂေါက်ရိုက်ထွက်နေသည့် ဗီဒီယို၊ ဓာတ်ပုံများ အနီးကပ်လူယုံ ဦးမိုးဆန်းအောင်၏ လူမှုကွန်ရက်မှ ထွက်ပေါ်လာပြီးနောက် ပိတ်ဆို့အရေးယူမှုများလုပ်ရန် တိုက်တွန်းလှုံ့ဆော်မှုများ တဖန် ပြန်မြင့်တက်လာ သည်။

    စစ်ခေါင်းဆောင်ဟောင်း ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ လူရင်းတပည့် ဦးအောင်ကိုဝင်းသည် အလွန်လျို့ဝှက်စွာနေထိုင် တတ်သူဖြစ်ရာ ယခုကဲ့သို့ ရွေးကောက်ပွဲပြီးခါနီး စစ်တပ်ပါတီ အစိုးရဖွဲ့နိုင်တော့မည့်အချိန် လူလုံးပြလာခြင်းအပေါ် အများက စိတ်ဝင်စား အာရုံစိုက်မှုဖြစ်ပေါ်ခဲ့ကြသည်။

    သူ၏ ဗြိတိန်အထိ သွားရောက်သည့် ခရီးစဉ်အစ ထိုင်းနိုင်ငံ၌ ဧရာဝတီဘဏ် (AYA) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့သလို ဗြိတိန်ရောက်စဉ် စစ်တပ်အား အထောက်အပံ့ပေးနေသည့် ခရိုနီပေါက်စ ဂျော်နသန်ကျော်သောင်းကိုလည်း ဦးအောင်ကိုဝင်းနှင့် ပူးတွဲ တွေ့မြင်လိုက်ရသည်။

    ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းနဲ့ သမီး နန်းလိုင်ခမ်းကို တွေ့ရစဉ်

    ဦးအောင်ကိုဝင်း၏ လှုပ်ရှားမှု ဓာတ်ပုံ ဗွီဒီယိုများဖြန့်ဝေခဲ့သူ ဦးမိုးဆန်းအောင်မှာ အာဏာရှင် ဦးနေဝင်းမြေးများ၏ နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဗိုလ်မှူးရာထူးမှပြုတ်ခဲ့သူဖြစ်ပြီး ဦးအောင်ကိုဝင်း နေရာပေးမှုဖြင့် ကမ္ဘောဇ လေကြောင်းလိုင်း၌ မန်နေးဂျင်းဒါရိုက်တာ တာဝန်ယူခဲ့သူဖြစ်သည်။

    လက်ရှိ ဦးမိုးဆန်းအောင်သည် ဦးအောင်ကိုဝင်းခရီးစဉ် မှတ်တမ်းများအား ၎င်း၏ ဖေ့ဘွတ်ခ်မှ ဖြုတ်ချလိုက်ပြီး အကောင့် ကိုပါ ယာယီပိတ်ထား (Deactivate) ထားသလို အခြား ခရိုနီအကောင့်များလည်း ယာယီပိတ်သွားကြကြောင်း စစ်တပ်နှင့် ဆက်နွယ်သူများအား ဖော်ထုတ်ဆန့်ကျင်နေသည့် Fncc Burma Fact Check Community အဖွဲ့က ရေးသားထားသည်။

    Fncc Burma Fact Check Community အဖွဲ့သည် ဦးအောင်ကိုဝင်းနှင့် အပေါင်းအပါများအား ဗြိတိန်နိုင်ငံအနေဖြင့် ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ရန်လည်း တိုက်တွန်းလှုံ့ဆော်လျက် ရှိသည်။

    ဦးအောင်ကိုဝင်းသည် လန်ဒန်ခရီးစဉ်တွင် COMO The Halkin Hotel ၌ တည်းခိုခဲ့ကြောင်း၊ ဇန်နဝါရီ ၁၈ ရက်တွင် ရဟတ်ယာဉ်စီး၍ လန်ဒန်မြို့ပေါ် လှည့်ပတ်ခဲ့ကြောင်းလည်း ထိုအဖွဲ့က ဖော်ပြခဲ့သည်။

    UK ရောက် မြန်မာ့အရေးလှုပ်ရှားသူတဦးက ဦးအောင်ကိုဝင်း ခရီးစဉ်သည် အလုပ်သဘောမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အားလပ် ရက် ခရီးစဉ်ဖြစ်ပုံရကြောင်း၊ ဗြိတိန်တွင် ၁ ရက် သို့မဟုတ် ၂ ရက်သာ နေထိုင်ခဲ့ပြီး ဂေါက်ရိုက်ခြင်းများပြုလုပ်ခဲ့သလို အခြား ဥရောပနိုင်ငံများသို့ သွားရောက်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။

    စစ်အာဏာရှင်အဆက်ဆက် ရင်းနှီးသည့်ဆက်ဆံရေးဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ရပြီး ချမ်းသာလာသူ ဦးအောင်ကို ဝင်းသည် စစ်တပ်အာဏာမသိမ်းမီ တလကျော်အလို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများအား တောင်ကြီးမြို့ အေးသာယာဂေါက်ကွင်း၌ ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့သူ ဖြစ်သည်။

    ၂၀၂၁ အာဏာသိမ်းချိန်မှစ၍၂၀၂၆ ခုနှစ်အထိ ဗြိတိန်နိုင်ငံက မြန်မာစစ်အုပ်စုအား ပိတ်ဆို့အရေးယူမှုပေါင်း ၁၉ ကြိမ် တိုင် တိုင် ချမှတ်ထားသော်လည်း စစ်တပ်နှင့်ရင်းနှီးသော ဆက်ဆံရေးရှိသူ ခရိုနီတဦးအား အာဏာပိုင်များက ဗြိတိန်နိုင်ငံ အတွင်း ဝင်ရောက်ခွင့်ပြုလိုက်ခြင်းသည် မြန်မာပြည်သူများအတွက် အလွန်အမင်း စိတ်ပျက် နာကျည်းဖွယ်ရာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Myanmar Accountability Project အဖွဲ့မှ Christopher Gunness က သုံးသပ်ပြောဆို သည်။

    “ဦးအောင်ကိုဝင်းက ရိုဟင်ဂျာမျိုးတုံး သတ်ဖြတ်မှုနဲ့ အခြားရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်တွေအတွက် ငွေကြေး ထောက်ပံ့ပေးခဲ့သူ ဖြစ်တယ်။ သူ့လက်မှာ ပြည်သူတွေရဲ့ သွေးတွေ စွန်းပေနေတယ်။ လန်ဒန်မြို့မှာ သူ ဇိမ်ကျကျ နေထိုင် နေတဲ့ပုံတွေကို ကြည့်ရတာ အော့နှလုံးနာစရာ ကောင်းတယ်။ သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီး တရားစီရင်သင့်တယ်လို့ ကျနော် မြင်တယ်။ အနည်းဆုံးတော့ သူ့ကို ဗြိတိန်နိုင်ငံကနေ နှင်ထုတ်သင့်တယ်” ဟု သူက ပြောသည်။

    ၂၀၂၀ ရွေးကောက်ပွဲအပြီး မဲစာရင်းမှားယွင်းမှုအပေါ် အခြေခံကာ စစ်တပ်နှင့် NLD ကြား ပဋိပက္ခပြင်းထန်နေချိန် အရပ်သား NLD အစိုးရအဖွဲ့ဝင်များ မပါဝင်သည့် အေးသာယာဂေါက်ကွင်း ညစာစားပွဲတွင် ဦးအောင်ကိုဝင်းက ၎င်း၏မိတ်ဘက် ခရိုနီ များစွာအား စစ်ခေါင်းဆောင်နှင့် မိတ်ဆက်ပေးခဲ့ကြောင်း အာဏာသိမ်းပါ စစ်အုပ်စုနှင့်အတူ ရပ်တည်မည်ဟု သတင်းစကားပေးသည့် တွေ့ဆုံပွဲအဖြစ် စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်ခဲ့ဖူးသည်။

    စစ်အာဏာသိမ်းပြီးနောက် ဦးအောင်ကိုဝင်း၏ ကမော္ဘဇဘဏ်သည် မြန်မာပြည်သူတို့ အများဆုံးသုံးသည့် Kpay အကောင့်များမှ ခြေရာခံကာ အများအပြား ဖမ်းဆီးထောင်ချခံရသလို ပြည်သူများ ငွေကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

    Fncc Burma Fact Check Community အဖွဲ့က ဒီမိုကရေစီစံနှုန်းများကို အလေးထားသည့် ဗြိတိန်နိုင်ငံ၌ စစ်တပ်၏ အရပ် သားများအား အကြမ်းဖက် ဖိနှိပ်ဖမ်းဆီးမှုများတွင် ပတ်သက်ဆက်နွယ်နေသော KBZ နာယက ဦးအောင်ကိုဝင်းအပါ ခရိုနီ အထူးစင်းလုံးငှား လေယာဉ်ဖြင့် ဂေါက်ရိုက်ထွက်နေသည့် ခရီးစဉ်နောက်ကွယ်မှ ပတ်သက်မှုများကို ဖော်ထုတ်ကြရန်လည်း လှုံ့ဆော်ထားသည်။

    ယခင် စစ်အစိုးရလက်ထက် ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ လူရင်းတပည့်ဖြစ်သူ ဦးအောင်ကိုဝင်း အား ဥရောပနှင့် ဗြိတိန်တို့ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့သော်လည်း ဦးသိန်းစိန် အစိုးရ အပြောင်းအလဲ ၂၀၁၁ ခုနှစ်၌ ပိတ်ဆို့ အရေးယူမှုစာရင်းမှ ပြန်လည် လွတ်မြောက်ခဲ့သည်။

    ဦးအောင်ကိုဝင်းနှင့် သူ၏ကုမ္ပဏီများသည် ဗြိတိန်သို့မဟုတ် ဥရောပသမဂ္ဂ (EU) တို့၏ ပိတ်ဆို့အရေးယူမှု (Sanction) စာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့်အတွက် ၎င်းအနေဖြင့် လွတ်လပ်စွာသွားလာနေနိုင်ခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ Mark Farmaner က ဧရာဝတီ ကို ပြောသည်။

    “သူ့ကို ပိတ်ဆို့အရေးယူမှုလုပ်နိုင်ဖို့ဆိုရင် သူနဲ့ သူ့ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့တာနဲ့ လက်နက် ခဲယမ်း တပ်ဆင်ပေးတဲ့နေရာမှာ ဘယ်လို ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ လိုပါတယ်။ အဲဒီ သက်သေတွေ ပိုပြနိုင်လေ အောင်ကိုဝင်း ကို အရေးယူနိုင်မယ့် အခွင့်အလမ်း ပိုများလေလေပါပဲ” ဟု ၎င်းက ဆိုသည်။

    ဦးအောင်ကိုဝင်းနှင့် ခရိုနီတချို့ ဗြိတိန်နိုင်ငံတွင် စင်းလုံးငှားရဟတ်ယာဉ်ဖြင့် ဂေါက်ရိုက်ထွက်နေသည့် ဗီဒီယို၊ ဓာတ်ပုံ များအား လူမှုကွန်ရက်တွင်တင်ခဲ့သည့် အနီးကပ်လူယုံ ဦးမိုးဆန်းအောင်