Category: News

  • ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စခန်းလက်မလွှတ်ရရေး လေကြောင်းပိုသုံး

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ စခန်းလက်မလွှတ်ရရေး လေကြောင်းပိုသုံး

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကတော့ စခန်းတွေ လက်မလွှတ်ရရေးအတွက် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက် ခုခံနေတယ်လို့ သိရပါတယ်။

    ၂၀၂၅ ခု ဒီဇင်ဘာ ၂၅ ရက်ကစတင်ပြီး တကျော့ပြန်ဖော်ဆောင်လိုက်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲက ပြီးခဲ့တဲ့အပတ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပေမဲ့ ဇန်နဝါရီ ၁၄ ရက် မနက်ကစတင်ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက တဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

    KIA က စစ်ကောင်စီတပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ စကခ ၂၁၊ ခလရ ၄၇၊ ထောက်ပို့တပ် ၉၃၃ စတဲ့ အရေးပါတဲ့ တပ်ရင်းနေရာတွေမှာ စစ်ရှိုန်မြင့်တင်ပြီး တပြိုင်နက် တိုက်ပွဲဖော်ဆောင်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။

    ရှေ့တန်းသတင်းရင်းမြစ်က “ဗန်းမော်က တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ရှိလာပြီ။ တိုက်ပွဲက နေ့တိုင်းဆက်ဖြစ်နေတယ်။ KIA ဘက်ကလည်း ထိုးစစ် ပြင်းပြင်းထန်ထန်လုပ်နေတယ်။ ဗန်းမော်မြို့ပတ်ဝန်းကျင်ကို ပြန်ပြီးတိုက်ခိုက်နေတာ ရှိတယ်။ တိုက်ပွဲ စစ်မျက်နှာတွေက ၅ မိုင်ဘက်ခြမ်း၊ ကွန်ပျူတာတက္ကသိုလ်ဘက်ခြမ်း၊ ၂၁ မိုင် ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ တိုက်ပွဲတွေဆက်ပြီး ဖြစ်နေတယ်” လို့ ပြောပါတယ်။

    ဗန်းမော်မြို့ကို အခိုင်အမာ ကာကွယ်ပေးထားတဲ့ စီအင်ကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ၅ မိုင် ကာကင်းစန်းကို KIA ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ချ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂၀ ခန့် ရှိတယ်လို့ သိရပါတယ်။

    ဗန်းမော်မြို့တွင်းတိုက်ပွဲ ဆက်လက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ အပြင်းအထန်ခုခံနေတယ်လို့ ဗန်းမော်ပတ်ဝန်းကျင်က ဒေသခံတယောက်က ပြောပါတယ်။

    “ကြားရသလောက်က KIA ဘက်က နေ့စဉ်ထိုးစစ်တွေလုပ်နေတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စကစဘက်ကလည်း ပြန်ပြီး ခုခံတာတွေ လေယာဉ်နဲ့ လာကြဲတာတွေ ရှိတယ်။ လေယာဉ်ကတော့ နေ့တိုင်းလာတယ် ဗန်းမော်ပတ်ဝန်းကျင်ကို။ အခုထပ်ပြီးကြားရတာက စစ်ကောင်စီဘက်ကလည်း အရာရှိပိုင်းတွေ ထိခိုက်ကျဆုံးရှိတယ်လို့လည်း ကြားရတယ်။”

    ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ရေးကာလ တနှစ်ပြည့်သွားတဲ့ ဒီဇင်ဘာလထဲမှာ တကျော့ပြန်ထိုးစစ် ပြန်လည်ဆင်နွှဲလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဝက်ပိုင်းအထိ စစ်ရေးအရ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်တပ်နေရာတချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သလို မြို့တွင်းနေရာအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

    ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ပြန်လည်ဖော်ဆောင်လိုက်တာကြောင့် KIA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်နေရာတချို့ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ကချင်ပြည်နယ်ထဲမှာ KIA က ဖော်ဆောင်လိုက်တဲ့ တိုက်ပွဲတွေထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလအကြာမြင့်ဆုံးအဖြစ် ရှိလာခဲ့ပါတယ်။

    ဟန်န

  • ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲများအတွက် မဘသနှင့် အမျိုးသားရေးအစွန်းရောက်များက စစ်တပ်ထံမှ ဘတ်ဂျက်တောင်း

    ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲများအတွက် မဘသနှင့် အမျိုးသားရေးအစွန်းရောက်များက စစ်တပ်ထံမှ ဘတ်ဂျက်တောင်း

    ရန်ကုန်နှင့် မန္တလေးတို့တွင်ပြုလုပ်မည့် ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲများအတွက် မဘသနှင့် အမျိုးသားရေးအစွန်းရောက်များက စစ်တပ်ထံမှ ဘတ်ဂျက်တောင်း

    ရန်ကုန်နှင့် မန္တလေးတို့တွင် ပြုလုပ်မည့် ICJ တရားရုံး နှင့် ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲများအတွက် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များက အကြမ်း ဖက်စစ်တပ်ထံမှ ဘတ် ဂျက်တောင်းခံထားကြောင်း မဘသအသိုင်းအဝိုင်းထံမှ သိရှိရသည်။

    ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဦးသာသနကျောင်း၊ ဘင်္ဂလားတိုက်တွင် ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်ရေး အစည်းအဝေးလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် သုစိတ္တ၊ ဝင်းကိုကိုလတ်တို့က ဦးဆောင်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ဇန်န ဝါရီလ ၂၇ ရက်နေ့ ရန်ကုန်နှင့်မန္တလေးတွင် ဂမ်ဘီယာကန့်ကွက်ပြုလုပ်ရန် သဘောတူညီခဲ့ပြီး လိုအပ်သော ငွေကြေးကို စစ်တပ်ထံမှ တောင်းယူမည်ဖြစ်ပြီး ကုန်ကျစရိတ်များကို စာရင်းဇယားနှင့်တကွ တွက်ချက်၍ တင်ပြရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

    “လိုအပ်တဲ့ဘတ်ဂျက်ကို စာရင်းဇယားနဲ့ နေပြည်တော်ကို တင်ဖို့ ဆုံးဖြတ်တယ်။ အသံချဲ့ စက်ငှားဖို့၊ ကားတွေငှားဖို့၊ ပါလာတဲ့သူတွေကို အကျွေးအမွေးကိစ္စ၊ စာရင်းဇယားတွေ အတိအကျ တင်ဖို့ ဆုံးဖြတ်တယ်။ အဓိက နေပြည် တော်ကနေ ဘတ်ဂျက်ကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ တောင်းဖို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ အတွင်းရေးမှူးဆရာတော် ဦးသုစိတ္တက မိန့်တယ်။ ဘတ်ဂျက်တောင်းယူမယ့် အဖွဲ့ကလည်း စာရင်းစစ်တွေနဲ့ သေချာစစ်ဆေးဖို့လည်း သဘောတူတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သော အမျိုးသားရေးတက်ကြွလှုပ်ရှားသူက ပြောဆိုသည်။

    ဂမ်ဘီယာနိုင်ငံကို ကန့်ကွက်သည့် ရှုတ်ချ ဆန္ဒပြပွဲကို ရန်ကုန်တွင် မတ်လ ၂၇ ရက်နေ့ ၊ မွန်း လွဲ ၂ နာရီ ကြေးသွန်းဘုရားရှေ့တွင်လည်းကောင်း၊ မန္တလေးတွင် မတ်လ ၂၇ ရက်နေ့ ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်းတွင်လည်း ကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    မဘသအဖွဲ့ဟောင်းဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေးတွင် ထောက်ပို့အဖြစ် ပါဝင်နေသူ ကိုဟိဏ်းဝေယံကမူ ယခင် စစ်တပ်ထောက်ခံပွဲများနှင့် NLD အစိုး ရကန့်ကွက်ပွဲများတွင် စစ်တပ်၊ ကြံ့ဖွတ်ခင်ရီနှင့် အေးနေဝင်းတို့က အဓိက ငွေကြေးထောက်ပံ့ခဲ့ကြောင်း၊ ငွေကြေး မထောက်ပံ့လျှင်လည်း ပွဲများ လုပ်နိုင်သည့် ငွေကြေး မည်သူဆီတွင်မှ မရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

    “စစ်ထောက်လှမ်းရေး ဗိုလ်ကြီးသန့်ဇင်ကျော် အခု ဒလမှာ တိုင်းလွှတ်တော်အမတ်အဖြစ် ဝင်ပြိုင်တဲ့သူတွေ၊ ကြံ့ဖွတ်ခင်ရီ၊ အေးနေဝင်းတို့က တောက် လျှောက် ပွဲတွေကို ငွေကြေးထောက်ပံ့ခဲ့တာ။ အမျိုးသားရေးသမားဆိုသူတွေက အလုပ်မရှိ၊ အကိုင်မရှိ ဘယ်ကဝင်ငွေရှိမလဲ” ဟု ကိုဟိဏ်းဝေယံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

    ICJ တရားရုံးတွင် ယခု ဇန်နဝါရီလအတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ကြားနာစစ်ဆေးလျက်ရှိပြီး တရားလိုဂမ်ဘီယာနှင့် တရားပြိုင် မြန်မာစစ်တပ်တို့က အသီးသီးလျှောက်လဲချက်များ ပေးလျက်ရှိသည်။

    ဓာတ်ပုံ- ရန်ကုန်မြို့ရှိ စစ်တပ်ထောက်ခံပွဲတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
    Photo- AFP ။

  • ဧရာဝတီမ ကို သတ်သွားတဲ့တယောက် မိထားပြီဟုဆို

    ဧရာဝတီမ ကို သတ်သွားတဲ့တယောက် မိထားပြီဟုဆို

    မြန်မာဆယ်လီ LGBT လေးကို သ-တ်-သွားတဲ့ တရားခံကောင်ကို 21ရက်နေ့ ညနေ 4နာရီ မှာ ထိုင်းသတင်းလိုင်းကြီး တခုက မိသွားပီလို့ ထုပ်ပြန်လာပါတယ်။

    အခင်းမဖြစ်ခင် LGBT လေး မဆုံးခင် အတူနေသူ အခန်းဖော် ပြောပြချက်အရ၊

    18ရက်နေ့ ညက LGBT ဆီကို ဖုန်းတလုံးဆက်လာခဲ့ပီး၊

    အကူညီတောင်းခဲ့တယ်။

    တဖက်ဖုန်းဆက်လာသူဟာ LGBT တို့အခန်းမှာ မတွေ့ပဲ၊ လူပြတ်တဲ့ နေရာတနေရာကို ချိန်းဆိုခဲ့တယ်။

    ဒါကို ကူညီချင်ဇောများတဲ့ LGBT လေးဟာ၊ အဲဒီ 18ရက်နေ့ ညထဲက၊ အခန်းကနေ ထွက်သွားတာ
    ပြန်မလာတော့ဘူးတဲ့ရှင့်။

    နောက်ဆုံးမှာ 20ရက်နေ့ ခန့်မှန်းချိန် ညနေ 4နာရီလောက်မှာ

    မဲဆောက် ၊မဲ့တောင်ဘက် စက်ရုံတရုံနားက ၊ အပင်ကြီးအောက်မှာ၊အလောင်းကို သွားတွေ့ကြတယ်။

    ရဲစစ်ဆေးချက်အရ ဆုံးသူ LGBT ခန့်မှန်းအသက် 25နှစ်၊ ရှိပီး TikTok LGBT ဆယ်လီထဲမှာဆို လူကြိုက်များ၊ လူသိ နမည်အတန့်သင့်ရှိသူဖြစ်တယ်။

    (သူ့မြန်မာနမည်ရှိပါတယ် ခေါ်ရခက်လို့ပါရှင့်။ )

    အပင်ကြီးအောက်မှာ အ-သ-တ်-ခံထားရတာဖြစ်ပီး၊

    LGBT ရဲ့ ဦးခေါင်းနဲ့ မျက်နှာတဝိုက်၊ သွေးတွေ မြင်မကောင်းဘူးရှင့်။

    အလောင်းနားမှာ တုတ်ကြီးတချောင်း၊ တုတ်မှာသွေးတွေ ပေးနေတာ၊ အများကြီးပဲ။

    ပီးတော့ ဘီ-ရာ-ပုလင်းနဲ့ အလှပြင် ပစ္စည်းနဲ့ တချို့ဟာတွေ ၊ဘဏ်စာအုပ် တွေပြန့်ကျဲနေတယ်။

    လူ-သ-တ်-သမားဟာ LGBT လေးရဲ့ လက်စွပ်၊ ရွှေဆွဲကြိုးနဲ့ iPhone 17တို့ကို ယူဆောင်သွားတယ်။

    နောက်ဆုံးရသတင်းက တရားခံ ၁ယောက်ကို ရဲက ဖမ်းမိထားပါပီ။

    အခုဘာကြောင့် အဲလို လုပ်ရတာလဲ ဆိုတာကို စစ်မေးနေဆဲပါ။

    အမှုမပီးသေးပါဘူးရှင့်။ ရဲလက်ထဲ ရောက်သွားပီးဆိုတော့၊ အမှန်တရားပေါ်မှာပါ။

    သတင်းအက်ဒိပ်ပြန်တင်ပေးပါ့မယ်။

    တရားခံကောင်ပုံကိုလဲ ရဲဘက်က မထုပ်ပြန်သေးပါဘူး။ စစ်မေးနေဆဲပါ။

    တရားမျှတမှုရပါစေ။

    Thailand News

    Nanpiya Panno

  • အရွယ်မရောက်သေးသည့် မိန်းကလေးအား အဓမ္မပြုကျင့်သူနှင့် ဗီဒီယိုရိုက်ပေးသည့် ချစ်သူကို ထောင်ဒဏ် ပြင်းထန်စွာ ချမှတ်

    စင်ကာပူရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းတဦးသည် အွန်လိုင်းတွင် အရွယ်မရောက်သေးသည့် မိန်းကလေးတဦးနှင့် တွေ့ဆုံခဲ့ပြီး ထိုအချိန်က အသက် ၁၃ နှစ်သာရှိသေးကြောင်း သိသော်လည်း ကာမစပ်ယှက်ခဲ့သည်။

    မာကပ်စ် မိုဆန် လင်းသည် နစ်နာသူမိန်းကလေးမှာ နွမ်းပါးသောမိသားစုမှဖြစ်ကြောင်း သိသဖြင့် ငွေပေး၍ ကာမစပ်ယှက်ရန် ရည်ရွယ်ခဲ့သော်လည်း ငွေပေးခဲ့ခြင်းလည်းမရှိပေ။

    ထိုမိန်းကလေးမှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့သော်လည်း သေဆုံးမှုအသေးစိတ်ကို တရားရုံးမှတ် တမ်းများတွင် ဖော်ပြထားခြင်းမရှိပေ။

    အသက် ၂၄ နှစ်အရွယ် စင်ကာပူနိုင်ငံသား လင်းသည် မုဒိမ်းမှုနှစ်မှုဖြင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့သဖြင့် ဇန်နဝါရီ ၂၀ ရက်တွင် ထောင်ဒဏ် ၁၀ နှစ်နှင့် ကြိမ်ဒဏ် ၁၂ ချက် ချမှတ်ခံခဲ့ရသည်။

    ထိုစဉ်က ချစ်သူဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသူ ထုတ်ကုန်စီမံခန့်ခွဲရေးအရာရှိ မာရီယာ ဘီထရစ် ဂါဂါရီတာ တူဘီသည် လင်း၏ ဖောက်ပြန်မှုကို သိရှိခဲ့သော်လည်း လမ်းခွဲခြင်းမပြုခဲ့ပေ။

    “သူမက သုံးယောက်အတူ လိင်ဆက်ဆံဖို့တောင် စည်းရုံးသိမ်းသွင်းခဲ့ပါတယ်” ဟု တရားလို ဘက်က တင်ပြခဲ့သည်။

    “သူမ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က လင်းနဲ့ ပတ်သက်မှုကို သူမဘက်က ပြန်ပြီးထိန်းချုပ်နိုင်ဖို့ပါ။ ဒီလို သုံးယောက်အတူ နေလိုက်တာက လင်းဖောက်ပြန်ခဲ့လို့ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေလိမ့်မယ်လို့ သူမက ထင်နေခဲ့တာပါ” ဟု တရားလိုဘက်က လျှောက်လဲခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံသူ တူဘီသည် လင်းနှင့် ထိုမိန်းကလေးတို့ ကာမစပ်ယှက်နေသည့် ဗီဒီယို အနည်းဆုံး ခြောက်ခုကို ရိုက်ကူးခဲ့သော်လည်း ရဲတပ်ဖွဲ့က သူမ၏ နေအိမ်သို့ လာရောက်စစ်ဆေးချိန်တွင် ဖျက်ပစ်ခဲ့ သည်။

    အသက် ၂၉ နှစ်အရွယ် စင်ကာပူအမြဲတမ်းနေထိုင်ခွင့်ရသူ တူဘီသည် လင်းအား ထိုမိန်းကလေးနှင့် ကာမစပ်ယှက်ရန် တိုက်တွန်းအားပေးခဲ့သည့်အတွက် မုဒိမ်းမှုဖြင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် သူမအား ထောင်ဒဏ် ရှစ်နှစ်နှင့် ကိုးလ ချမှတ်ခဲ့သည်။

    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် လင်းနှင့် နစ်နာသူ မိန်းမငယ်တို့သည် သူမနေထိုင်ရာ အိမ်ရာဝင်းအတွင်းရှိ လှေကားထောင့်တခုတွင် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့ကြသည်။

    အဆိုပါဖြစ်စဉ်မှာ မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့ကြောင်းနှင့် မိသားစုဝင်များ ရိပ်မိမည်ကို စိုးရိမ်သဖြင့် နစ်နာသူက အိမ်သို့ ပြန်သွားခဲ့ပြီးနောက် လင်းသည် ညဉ့်နက်စာ သွားရောက်ဝယ်ယူခဲ့ကြောင်း အစိုးရရှေ့နေများက ဆိုသည်။

    “အဲဒီအမျိုးသမီးလေးက ဆင်းရဲပြီး စားစရာဝယ်ဖို့ ပိုက်ဆံမရှိမှန်း သိတာကြောင့် သူက အစားအသောက် ဝယ်ပေးပါတယ်။” ဟု ရှေ့နေက ဆိုသည်။

    ထို့နောက် လင်းက နစ်နာသူ၏မိခင် အိပ်ပျော်သွားချိန်တွင် ထပ်မံလိင်ဆက်ဆံရန် ရည်ရွယ်ချက်ဖြင့် အဆိုပါအိမ်ရာဝင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

    သို့သော် နစ်နာသူမိန်းမငယ်မှာလည်း အိပ်ပျော်သွားခဲ့သဖြင့် လင်းပေးပို့သော စာတိုများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

    နောက်တနေ့တွင် လင်း၏ Telegram အကောင့်ကို ဝင်ရောက်ကြည့်ရှုခဲ့သည့် တူဘီက လင်းက ပေးပို့ထားသော စာတိုများကို တွေ့ရှိသွားခဲ့ပြီး လင်း၏ ဖောက်ပြန်မှုကို သိရှိသွားခဲ့သည်။

    ထို့နောက် တူဘီက မိန်းကလေးနှင့်အတူ လိင်ဆက်ဆံရန် ဆုံးဖြတ်ခဲ့ကြောင်း တရားရုံးက ကြားနာခဲ့ သည်။

    စုံတွဲသည် ခြောက်ရက်အကြာတွင် တူဘီ၏အိမ်တွင် နစ်နာသူနှင့်တွေ့ဆုံရန် စီစဉ်ခဲ့ကြသည်။

    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်၊ သန်းခေါင်ယံကျော်ပြီးချိန်တွင် လင်းသည် တူဘီ၏အိမ်အနီးတွင် မိန်းကလေးနှင့်တွေ့ဆုံခဲ့ပြီး လှေကားထောင့်တွင် လိင်ဆက်ဆံခဲ့ပြီးနောက် ရည်းစား၏ အခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

    လင်းသည် မကြာမီ ကောင်မလေးနှင့် လိင်ဆက်ဆံမှုများ ပြုလုပ်ခဲ့ပြီး တူဘီသည် သူမ၏ မိုဘိုင်းဖုန်းဖြင့် မှတ်တမ်းတင်ခဲ့သည်။

    နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြထားခြင်းမရှိသော်လည်း နစ်နာသူ မိန်းမငယ်၏ မိခင်က သူမ၏သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သည်။

    နောက်လတွင် ရဲအရာရှိများက တူဘီ၏ တိုက်ခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာတွင် သူမသည် ရှေ့တံခါး မဖွင့်ပေးမီ ဗီဒီယိုဖိုင်များကို ဖျက်ဆီးပစ်ခဲ့သည်။

    The Straits Times မှ Jail for adult couple over rape of 13-year-old girl အား သောမတ်ဘာသာ ပြန်သည်။

  • AA ၏ စနိုက်ဘာကြောင့် စစ်တွေတွင် စစ်ကော်မရှင် စစ်ကြောင်းများ အကျအဆုံးများနေ

    AA ၏ စနိုက်ဘာကြောင့် စစ်တွေတွင် စစ်ကော်မရှင် စစ်ကြောင်းများ အကျအဆုံးများနေ

    AA ၏ စနိုက်ဘာကြောင့် စစ်တွေတွင် စစ်ကော်မရှင် စစ်ကြောင်းများ အကျအဆုံးများနေ၍ ထွက်ပြေးမှုများပိုများလာဟုဆို

    ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကော်မရှင်၏ ကင်းလှည့်စစ်ကြောင်းများသည် အာရက္ခတပ်တော် (AA) ၏ စနိုက်ဘာလက်ချက်ကြောင့် သေဆုံးမှုများပြားပြီးနောက် စစ်ကြောင်းထွက်ရမည်ကို စိုးရိမ်ပြီး ထွက်ပြေးမှုများလာသည်ဟု သတင်းရရှိသည်။

    ထွက်ပြေးကြရာတွင် စစ်သားများသာမက ရဲတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်လက်နက်ကိုင်များလည်း ပါဝင်သည်ဟုသိရသည်။

    ဒေသတွင်းစစ်ရေးရင်းမြစ်တစ်ဦးက” ရဲတပ်ရင်း ၃၆ က စစ်သားနဲ့ ရဲသားအယောက် ၅၀ လောက် ပလ္လင်ပြင်နဲ့ အောင်ဒိုင်ဖက်သို့ စစ်ကြောင်းထွက်သွားတာ။၅ ယောက်လောက်ပဲ ပြန်ရောက်တယ်။ AA ရဲ့စနိုက်ဘာ လက်ချက်မိသွားတယ်လို့ကြားတယ်။ ဒီကြားထဲ တစ်ချို့ ထွက်ပြေးသွားတာလည်းရှိတယ်” ဟု ပြောကြားသည်။

    ယခုလိုအကျအဆုံးများနေသဖြင့် စစ်တွေမြို့ပြင် အုန်းတောကြီးဘက်တွင် လုံခြုံရေးတာဝန်ကျနေသည့် စစ်သားများ ထွက်ပြေးမှုများနေသည်ဟုဆိုသည်။

    “AA ကနယ်မြေကျွမ်းတယ်လေ။ AA က စနိုက်ဘာသမားတွေက တစ်ယောက် နှစ်ယောက်လောက်နဲ့ ဝင်ချတာ။ တစ်ခါတစ်လေ လမ်းဘေးတွေက စောင့်ပြီးချတာတွေရှိသလို သစ်ပင်ကြီးတွေအနီးကလည်း သေချာစောင့်ပြီးပစ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ အေအေစနိုက်ဘာက အချိန်မရွေးဒုက္ခရောက်နိုင်တာကိုသိတော့စ စ်သားတွေက စစ်ကြောင်းထွက်တာရော၊ အေအေနဲ့ ရင်ဆိုင်တိုက်မှာကိုရော ကြောက်နေကြတယ်” ဟုပြောသည်။

    ထိုသို့ စနိုက်ဘာကြောင့် အထိအခိုက်များနေသဖြင့် နောက်ပိုင်းတွင် စစ်သားနှင့်ရဲသားများမှာ စစ်ကြောင်းမထွက်လိုဘဲ ထွက်ပြေးမှုပိုများလာသည်ဟု ၎င်းကပြောသည်။

    ဇန်နဝါရီ ၁၃ ရက် ည ၉ နာရီအချိန်တွင် အုန်းတောကြီးရွာ(မူဆလင်)၌ အထိုင်ချထားသည့် စစ်စခန်းမှ စစ်သား ၂၀ ခန့်သည် အုန်းတောကြီးရွာမှ လှေတစ်စီးအားခိုးယူကာ အုပ်စုလိုက် ထွက်ပြေးသွားခဲ့သည်ဟုသိရသည်။

    အလားတူ ဇန်နဝါရီ ၁၂ ရက် ည ၈ နာရီတွင်လည်း ခလရ (၂၇၀)တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦးသည် လက်နက်ခဲယမ်းများအား ဇောပူဂျာရထားလမ်းအနီး၌ စွန့်ပစ်ကာ ထွက်ပြေးသွားခဲ့သည်ဟု APM သတင်းတွင်ဖော်ပြထားသည်။

    ထွက်ပြေးကြသည့်အထဲတွင် စစ်သင်တန်းဆင်းပြီး လက်နက်တပ်ဆင်ပေးထားသော မွတ်ဆလင်လက်နက်ကိုင်များလည်းပါဝင်ပြီး ယခုနှစ် ဇန်နဝါရီလအစပိုင်းကစပြီး တဖြည်းဖြည်း ထွက်ပြေးနေကြရာ ဇန်နဝါရီလ ၁၈ ရက် အထိထွက်ပြေးသည့်တပ်ဖွဲ့ဝင်ဦးရေမှာ ၆၀ ထက်မနည်းရှိနေပြီဖြစ်သည်ဟုလည်း စစ်တွေ စစ်ရေးသတင်းရင်းမြစ်များကိုကိုးကားပြီး Coastal News Agency တွင်ဇန်နဝါရီ ၁၉ ရက်ကသတင်းဖော်ပြထားသည်။

    ဇန်နဝါရီလ ၁၂ ရက်တွင် အုန်းတောကြီးစခန်းက တပ်ဖွဲ့ဝင် ၂၉ ဦး၊ ဇန်နဝါရီလ ၁၃ ရက် တွင် ခလရ – ၂၇၀ တပ်ရင်းထဲက ၃၁ ဦးထွက်ပြေးသွားခဲ့ကြပြီး အများစုမှာ သင်တန်းဆင်း မွတ်ဆလင်များဖြစ်ကြသည်ဟုလည်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

    ဒေသဆိုင်ရာကွပ်ပွဲမှုစစ်ဌာနချုပ်(ဒကစ)ကို ဝင်ပေါက်ဖြစ်သည့် တောကန်၊ ကြံတောအနီးရှိ ကာကင်းစခန်းနှင့် ဂန့်ဂေါ်ကျွန်း ရှေ့ဆိုင်ရှိကာကင်းစခန်းစခန်းနှစ်ခုကို ယခုဇန်နဝါရီလအစမှစ၍ စတင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။