Category: News

  • စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရ

    စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရ

    KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မအလုပ်ခိုင်းစေနေ

    ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၏ သားဖြစ်သူ (၇၇၇) ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးအဲ့မူး ပိုင်ဆိုင်သော မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay (ခေါ်) ရွှေပိတောက်မြိုင် အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေနေကြောင်း ၎င်းခြံဝန်းထဲမှ လွတ်မြောက်လာသူ တရုတ်နိုင်ငံသားတဦးထံမှ သိရသည်။

    BGFတပ်ဖွဲ့မှ KNAတပ်ဖွဲ့သို့ တရားဝင် အမည်ပြောင်းသည့် အခမ်းအနားကျင်းပသည့် ဇန်နဝါရီလ ၁ရက်နေ့တွင် နေ့တွင် ဗိုလ်ချုပ်စောချစ်သူ (ဘယ်) ဗိုလ်ချုပ်စောတင်ဝင်း (အလယ်) ဗိုလ်မှူးကြီးစောထူးအဲ့မူး (ညာ) ကိုတွေ့ရစဉ်

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မြဝတီမြို့၊ အင်ကြင်းမြိုင်ကျေးရွာအနီးရှိ KK- Park အွန်လိုင်းငွေလိမ်ခြံဝန်း ပြိုကွဲသွားချိန်တွင် KK-Park ခြံဝန်းထဲမှ ရွှေဂျင်းဆိုက် – ၅ (A5) ရှိ ထုန်ရှင်ဂရုသည် မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay သို့ ပြောင်းရွှေ့သွားခဲ့သည်။

    ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းအဆောက်အဦ ခြံဝန်းများကို စစ်ကော်မရှင်က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေသည့်အတွက် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်အဆောက်အဦထဲမှ ငွေလိမ်ဂိုဏ်းသားများသည် ထွက်ခွာလာပြီး Yulong Bay ထဲမှ ဝန်ထမ်းအိမ်ယာအဆောက်အဦဖြစ်သည့် ၁၉ လုံးတန်း အဆောက်အဦ၊ အတန်း(၂) ၊ အခန်း သုံးလွှာရှိ အလုပ်သမားများနေထိုင်သည့်နေရာများတွင် လျှို့ဝှက်စွာ အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေခဲ့ကြောင်း သိရသည်။

    “နေ့စဉ်နှိပ်စက်တာတွေရှိတယ်။ လက်သီးနဲ့ထိုး၊ ပါးရိုက်၊ မြေမှာဒူးထောက်ခိုင်းတယ်၊ အန်အောင်ရိုက်တယ်။ အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတွေကို သေလောက်အောင် ရိုက်နှိက်တယ်။ အမှောင်ခန်းထဲထည့်ထားတယ်။ ဒေသခံစစ်တပ် (KNA) အချုပ်ခန်းထဲ ထည့်ထားတယ်၊ ခြိမ်းခြောက်တာတွေလုပ်တယ်” ဟု လွတ်မြောက်လာသူ တရုတ်နိုင်ငံသားတဦးမှ ပြောသည်။

    ထုန်ရှင်ဂရုမှ ငွေလိမ်အလုပ်သမားများသည် KK-Park ပြိုကွဲသွားချိန်တွင် Yulong Bay နဲ့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသားတဦးကို တရုတ်မာဖီးယားဂိုဏ်းသားများ၏ ရိုက်နှက်မှုကြောင့် မျက်လုံးတွင် ၁၅ ချက်ချုပ်ရသည်အထိ ဒဏ်ရာရရှိခဲ့ပြီး မျက်လုံးပုံစံပျက်စီးခဲ့ကြောင်း သိရသည်။

    Yulong Bay အတွင်းရှိ ၁၉ လုံးတန်း အဆောက်အဦး ၃ ထပ်တိုက်များကို တွေ့ရစဉ်

    နှိပ်စက်ခံရသူ တရုတ်အမျိုးသား၏ မျက်လုံးပြန်ကောင်းလာချိန်တွင် အချုပ်ခန်းမှ ခေါ်ထုတ်ခဲ့ပြီး KNA တပ်ဖွဲ့ထံ လွှဲပြောင်းကာ တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ကြောင်း သိရသည်။

    ဆက်လက်ပြီး “ အရင် သူဌေးအဟောင်းက ဖုန်းဆက်တောင်းပန်ပြီး သူကိုယ်တိုင်လာခေါ်မှ ပြန်ထည့်ပေးလိုက်ပြီး တရုတ်ကို ပြန်ပို့ပေးတာ။ သူသာ မလာရင် သေသွားနိုင်တယ်”ဟု ၎င်းက ပြောသည်။

    ရိုက်နှက်နှိပ်စက်သော လက်ရှိအလုပ်ရှင်အမည်မှာ အာဆင် ဆိုသူဖြစ်ပြီး အွန်လိုင်းတွင် ဂျင်းဇယ်လင်းအမည်ဖြင့် အသုံးပြုနေပြီး ၎င်း၏ လက်အောက်တွင် တန်စန်၊ ရှန်ထျန်းရှယ်နှင့် မိုဝမ်ဆိုပြီး မန်နေဂျာများရှိကြောင်း သိရသည်။

    ယင်းလက်အောက်ရှိ လူ့စွမ်းအားအရင်းအမြစ်ဌာန(HR)နှင့် ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများသည် အလွန်ရက်စက်သည့် လုပ်ရပ်များကို နေ့စဉ်ပြုလုပ်နေကြောင်း ဆိုသည်။

    နေရပ်ပြန်ချင်သည့် လူကုန်ကူးခံရသည့် အလုပ်သမားများကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်အထက် တောင်းယူသလို ငွေကြေးပေးသော်လည်း နေရပ်ပြန်မလွှတ်ဘဲ ဆက်လက်ချုပ်နှောင်ထားကြောင်း သိရသည်။

    စောချစ်သူ၊ ၎င်း​၏ မိသားစုဝင်များနှင့် BGF/KNA ခေါင်းဆောင်အချို့​၏ မှတ်တမ်းဓါတ်ပုံများ

    ယင်းနေရာတွင် နိုင်ငံခြားသား ၅,၀၀၀ ကျော်က ငွေလိမ်လုပ်ငန်းကို လုပ်ကိုင်နေပြီး အများအပြားပိတ်မိနေကြောင်း သိရသည်။ Yulong Bay အွန်လိုင်းငွေလိမ်ခြံဝန်းနေရာသည် မြဝတီမြို့နှင့် ၁၀ မိုင်နီးပါး ကွာဝေးပြီး ထိုင်း−မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးတွင် တည်ရှိသည်။

    Yulong Bay ကို ရွှေပိတောက်မြိုင်ဟု ခေါ်ဆိုသလို ဒေသခံများက ဝမ်းခဟုလည်း ခေါ်ဆိုကြသည်။

    ၎င်း အွန်လိုင်းငွေလိမ်ခြံဝန်းကို ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) မှ ဦးစီးလုပ်ကိုင်နေခြင်း ဖြစ်သည်။

    ထို Yulong Bay Park သည် KNAတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ (ယခင် BGF)၏ သားကြီးဖြစ်သူ စောထူးအဲမူးနှင့် စောစိုးလှိုင်ဦး၊ စောမင်းမင်းဦး၊ စင်ကာပူနိုင်ငံသား Aw Ziyang တို့က ရှယ်ယာများပိုင်ဆိုင်ထားကြောင်း Justice For Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖော်ပြထားသည်။

    Yulong Bay Resort Tourism Development Company Limited သည် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှ စတင်ကာ တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ကြောင်း DICA တွင် ဖော်ပြထားသည်။

    မြဝတီမြို့ သဲပုံကျေးရွာ ထိုင်း−မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးတွင် တွေ့မြင်ရသည့် Yulong Bay Park / Google earth pro

    ထို့အပြင် Yulong Bay Park အနီးရှိ Royal Dragon Bay (၁၀၇ ဧက)နှင့် Apollo Park တို့တွင်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြောင်း မဇ္ဈိမမှ စုံစမ်းသိရှိခဲ့သည်။

    နာဆာ၏ အာကာသဓာတ်ပုံများအရ ညဖက်မြင်ကွင်းများတွင် Yulong Bay Park၊ Royal Dragon Bay (၁၀၇ ဧက) နှင့် Apollo Park တို့တွင် မီးအလင်းရောင်များတွေ့မြင်ရပြီး အလုပ်ဆက်လက်လုပ်ကိုင်နေသည့် ပုံစံကိုလည်းတွေ့မြင်ခဲ့ရသည်။

    Apollo Park သည် Myanmar Apollo International Investment Company Limited (Apollo Park)မှ ဦးစီးလုပ်ကိုင်နေပြီး စောထူးအဲမူး၊ စောစိုးလှိုင်ဦး၊ တရုတ်နိုင်ငံသား Li Chunhuan ၊ ထင်အောင်နှင့် ဝင်းနိုင်တို့က ပါဝင်ကြကြောင်း Justice For Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖော်ပြထားသည်။

    KNA တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၏ သားဖြစ်သူ စောထူးအဲ့မူးသည် အမှတ် (၃) စစ်ဒေသ (၇၇၇) ဗျူဟာတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးရာထူးဖြင့် KNAတပ်ဖွဲ့တွင် အကြီးပိုင်းရာထူးကို ရယူထားသူ ဖြစ်သည်။

    ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့တွင် ကရင်အမျိုးသားတပ်မတော် (KNA) (ယခင် BGF) ခေါင်းဆောင် စောချစ်သူနှင့် ၎င်း၏ သားနှစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောထူးအဲ့မူး နှင့် ဒုတိယဗိုလ်မှူးကြီးစောချစ်ချစ်တို့ကို အမေရိကန်နိုင်ငံမှ စီးပွားရေး အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့သကဲ့သို့ KNA တပ်ဖွဲ့ကိုလည်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သည့်အဖွဲ့အဖြစ် သတ်မှတ်အရေးယူခဲ့သည်။

  • ဆိုင်ကယ် ဖုန်း ပိုက်ဆံတွေယူပီး မိန်းမနဲ့ ခလေးကို လိမ်ညာထားခဲ့ပီး ရည်းစားဟောင်းနဲ့ ထွက်ပြေး

    ဆိုင်ကယ် ဖုန်း ပိုက်ဆံတွေယူပီး မိန်းမနဲ့ ခလေးကို လိမ်ညာထားခဲ့ပီး ရည်းစားဟောင်းနဲ့ ထွက်ပြေး

    တခြားသူနဲ့ဆို ခံသာသေးတယ် ခုဟာက ရည်းစားဟောင်းနဲ့ ဖြစ်နေလို့ တဲ့ ….

    သားလေးလည်းရှိတာကို သူမို့လုပ်ရက်တယ်။😪

    ယောက်ျားဖြစ်သူက ပြင်ဦီးလွင်ဘက် အလုပ်သွားလုပ်မယ်ဆိုပြီးထွက်သွားတာ။

    ဘာအဆက်သွယ်မှလည်းလုပ်မရ၊ ဖုန်းလည်းဆက်သွယ်လို့မရ။

    သူအလုပ်လုပ်ဖူးတဲ့ဆိုင်ကလူကို လှမ်းပြောတယ်။

    သူပေါ်တာဆွဲခံရလို့ပေါ့။

    ဆိုင်ကယ်၊ ဖုန်း၊ စုထားတဲ့ပိုက်ဆံလေး‌တွေလဲ ပါသွားတယ်။

    ခုကြတော့ တစ်တော့အအကောင့်မှာ သူရဲ့ရည်းစားဟောင်းနဲ့ယူပြီးကြပြီဆိုတဲ့ ပုံစံမျိုးနဲ့ ဗွီဒီယိုတွေ တင်ထားတယ်။

    ချစ်ရတဲ့မိန်းမလေးနဲ့ဆိုပြီး ရေးတင်ထားတယ် တဲ့..

    မိန်းမရဲ့ အကောင့်ကိုကြ block ထားတယ်..

    ရည်းစားဟောင်းနဲ့ပြန်ဆက်သွားတော့ တရားဝင်ယူထားတဲ့ ကောင်မလေးက ပိုပြီး စိတ်ထိခိုက်ရတာပေါ့။

    ယောက်ျားဖြစ်သူကို ပြန်လာပြီးကွာရှင်းပေးပါလို့ဆိုပါတယ်။

    ကွာရှင်းမပေးရင် နှစ်ယောက်လုံးရဲ့ ပုံတွေကို ချပြမယ်လို့ပြောလိုက်ပါတယ်။

    ကွာရှင်းပေးလိုက်ရင်တော့ ညီမဘက်ကရှုံးပြီ။

    ရည်းစားဟောင်းက နိုင်ပွဲရမှာပဲ။

    အဲတော့ ကွာရှင်းမပေးပါနဲ့ အရှက်မရှိတဲ့ဟာတွေကို ထောင်ကျတဲ့အထိ ဥပဒေအတိုင်း ဆက်လုပ်ပါ။

  • တိုက်ပွဲပြင်းထန်လာ၍ ကျောက်ဖြူ စီမံကိန်းများကို ကာကွယ်ရန် တရုတ်လုံခြုံရေးတပ် ရာချီ ချထား

    တိုက်ပွဲပြင်းထန်လာ၍ ကျောက်ဖြူ စီမံကိန်းများကို ကာကွယ်ရန် တရုတ်လုံခြုံရေးတပ် ရာချီ ချထား

    တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဖြန့်ဖြူးရေးစသည့် စီမံကိန်းများကို ကာကွယ်ရန်အတွက် တရုတ်လုံခြုံရေးတပ်သား ရာနှင့်ချီချထားပြီး စစ်ရေးစောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။

    လက်ရှိတွင် တရုတ်လုံခြုံရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ စီမံကိန်းအနီးတွင် ကတုတ်ကျင်းများနှင့် ဘန်ကာများ ဆောက်လုပ်၍ စစ်ရေးအကာအကွယ်များ ပြုလုပ်နေခြင်းဖြစ်သည်။

    ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာ ဂုံးချွိန်နှင့် အုန်းတောကျေးရွာရှိ ဓာတ်ငွေ့သန့်စင်ရုံ၊ လျှပ်စစ်ဖြန့်ဖြူးရေး စက်ရုံနှင့် ဓာတ်ငွေ့ခွဲရုံ စသည့် တရုတ် စီမံကိန်းနယ်မြေများတွင် ရှိနေခြင်းဖြစ်သည်။

    “Power China စက်ရုံ (လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ) ဘက်မှာဆိုရင် သေနတ်ပစ်ဖို့အနေအထားမျိုး ပြင်ဆင်နေတာရှိတယ်။ တခြားနေရာတွေမှာတော့ ကတုတ်ကျင်းတွေ တူးထားတာ ရှိတယ်” ဟု တရုတ် စီမံကိန်းများကို စောင့်ကြည့်နေသူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    အဆိုပါ တရုတ်စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက စ၍ ကျောက်ဖြူမြို့နယ်သို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဆက်စပ်သော အဆောက်အအုံများတွင် နေရာယူထားကြခြင်းဖြစ်သည်။

    လက်ရှိတွင် စီမံကိန်း အဆောက်အအုံများကို ကျည်ကာမှန်များ တပ်ဆင်ခြင်းနှင့် CCTV တပ်ဆင်ခြင်း အပါအဝင် လုံခြုံရေးဆိုင်ရာ စီမံမှုများကို ပြုလုပ်ထားပြီး စစ်ဘက်ဆိုင်ရာ အကာအကွယ်ကိုပါ ပြုလုပ်လာကြ ခြင်းဖြစ်သည်။

    “တရုတ်နိုင်ငံက စေလွှတ်ထားတာဆိုပေမယ့် တရုတ်ပြည်မကြီးက လူတွေတော့ မဟုတ်ဘူး။ ပလောင်တို့၊ ကိုးကန့်တို့လို ရှမ်းနယ်စပ်ဘက်က လူတွေ ပိုများတယ်။ တရုတ်စကားပြောတဲ့လူတွေ သိပ်မတွေ့ရဘူး။ ကျနော့်အထင် စစ်တပ်ကပါ ကြေးစားတပ်ဖွဲ့တွေ ငှားထားသလားလို့ သံသယ ဝင်မိတယ်” ဟု စစ်ကောင်စီနှင့်နီးစပ်သူ ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    တရုတ်လုံခြုံရေးတပ်များသည် ကျောက်ဖြူ စစ်မျက်နှာအတွင်း ဒရုန်းနှင့် အခြားသော စစ်ရေးနည်း ပညာများကို စစ်ကောင်စီအတွက် ပံ့ပိုးနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း စစ်ကောင်စီက ကြေးစားတပ်ဖွဲ့ဝင်များ ငှားယူထားမှု ရှိ/ မရှိကို သီးခြားအတည်မပြုနိုင်သေးပါ။

    ရရှိထားသည့် အချက်အလက်အရ ကျောက်ဖြူမြို့နယ်တွင် တရုတ်စီမံကိန်းကို အကာကွယ်ယူနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ရှိပြီး တရုတ်စီမံကိန်းများရှိရာ ဧရိယာအနှံ့ ဖြန့်ကျက်ထားကြောင်း သိရသည်။

    “အဲဒီ တရုတ်စစ်သားတွေနဲ့ စစ်ကောင်စီဘက်ကလူတွေ တစ်ခါတစ်လေ ကားတွေနဲ့ အပြင်ကို ထွက်သွားတာမျိုးတော့ ရှိတယ်။ ဒီလို အပြင်ထွက်တဲ့ အခါမျိုးမှာတော့ တရုတ်စစ်သားတွေက ယူနီဖောင်း ဝတ်ထားပေမယ့် လက်နက်တွေ ကိုင်ထားတာမျိုးတော့ မတွေ့ရဘူး” ဟု ကျောက်ဖြူဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

    စစ်ကောင်စီနှင့် တရုတ်အစိုးရတို့သည် တရုတ်စီမံကိန်းများ၏ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ရန်ဟု ဆိုကာ ၂၀၂၄ ခု နှစ်ကုန်ပိုင်းက သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက စ၍ တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျောက်ဖြူသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

    ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး စသည့် စီမံကိန်းများအပြင် ကျောက်ဖြူ အထူး စီးပွားရေးဇုန် (SEZ) စီမံကိန်းများ တည်ရှိသည်။

    လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် စစ်ကောင်စီက တရုတ်စီမံကိန်းနယ်မြေများအတွင်း လုံခြုံရေးကို ယခင်ကထက် ပိုမိုတင်း ကျပ်ထားကြောင်း သိရသည်။

  • စစ်ရေးအခြေအနေကြောင့် အရာတော်-မုံရွာ လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီပိတ်

    စစ်ရေးအခြေအနေကြောင့် အရာတော်-မုံရွာ လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီပိတ်

    စစ်အုပ်စု စစ်ကြောင်းတွေကြောင့် ဒေသခံတစ်ထောင်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

    စစ်ကိုင်းတိုင်းအတွင်းက အရာတော်-မုံရွာလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ဇန်နဝါရီလ ၁၃ ရက် ဒီနေ့ကစပြီး တော်လှန်ရေးတပ်တွေက ယာယီပိတ်ထားသလို စစ်အုပ်စုစစ်ကြောင်းကြောင့် ကျေးရွာသုံးရွာထက်မနည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာအနီးက အမြှောက်တပ်(အမတ- ၃၆၉)မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    အဲဒီတိုက်ပွဲကို စစ်ကူလာတဲ့ စစ်အုပ်စုစစ်ကြောင်းက အရာတော်မြို့​ပေါ်ကို ပြန်ဆုတ်ဖို့ပြင်ဆင်နေတာကြောင့် အရာတော်-မုံရွာလမ်းပိုင်းကို ယာယီပိတ်ထားတာလို့ အရာတော်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်စည်က ပြောပါတယ်။

    “ဇန်နဝါရီ ၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သစ်ကျင်းကြီးတပ်ခေါ် ၃၆၉ တပ်မှာ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ အရာတော်မြို့ကနေ ထွက်ပြီးတော့ အင်အား ၃၀ ခန့်ပါတဲ့ စစ်ကူလာတဲ့ စစ်ကူတွေ ရောက်တယ်ဗျ၊ အခု သစ်ကျင်းကြီးတပ်ကနေ ဒီနေ့ အရာတော်မြို့ကို ပြန်ဆုတ်တဲ့အနေအထားမျိုးပါ”

    လတ်တလောမှာတော့ အရာတော်မြို့နယ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိသေးဘဲ စစ်ကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ သူကဆိုပါတယ်။

    အဲဒီစစ်ကူ စစ်ကြောင်းပြန်ဆုတ်နိုင်ဖို့အတွက် ကျန်ရှိနေတဲ့ စစ်အုပ်စုစစ်ကြောင်းတွေကလည်း အရာတော်မြို့ကို ရောက်ရှိနေပြီး စစ်ရေးအခြေအနေ ရှုပ်ထွေးနေသလို စစ်ကြောင်းတွေကြောင့် ကမ်းပြူရွာအပါအဝင် ကျေးရွာသုံးရွာထက်မနည်းက စစ်ဘေးရှောင်တစ်ထောင်ခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

    ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလကလည်း အရာတော်မြို့နယ်အတွင်းက ဝါးတောမ၊ ရေယဉ်သာ၊ မကျီးစု၊ ဘော်ကုန်းနဲ့ အောင်ချမ်းသား စတဲ့ ကျေးရွာတွေက နေအိမ် ၂၀၀ နီးပါးကို စစ်အုပ်စုတပ်က မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံလေးဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

  • ရန်ကုန်မြို့က ပင်လုံလမ်းပေါ်မှာဖွင့်ထားတဲ့ ပရိဘောဂဆိုင်ကို လူအုပ်စုတစုက ဝင်ရောက် ဖျက်စီးသွား

    ရန်ကုန်မြို့က ပင်လုံလမ်းပေါ်မှာဖွင့်ထားတဲ့ ပရိဘောဂဆိုင်ကို လူအုပ်စုတစုက ဝင်ရောက် ဖျက်စီးသွား

    ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်ထားတဲ့ ပရိဘောဂ ပစ္စည်းဆိုင် တစ်ဆိုင်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ လူအုပ်စု တစုက ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ “နိုင်” အမည်ရှိ ပရိဘောဂဆိုင်ကို လူအုပ်စုလိုက် ရောက်ရှိလာပြီး ဆိုင်ကို ဖျက်ဆီးသွားခဲ့တဲ့ ဖြစ်စဉ်ကို ဆိုင်ပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်ပေါ်မှာ အသိပေးဖော်ပြခဲ့ပါတယ်။

    “နာမည်ကြီး ဆိုင်တဆိုင်က လူရမ်းကားတစုက ကျမတို့ ဆိုင်ထဲထိ ဝင်ခွဲ ဝင်ရိုက်တာ၊ ကျမဆိုင်က ဝန်ထမ်းကောင်မလေး ၂ ယောက်ရယ်၊ ကျမကလေး ၂ ယောက် နဲ့ အမေ တို့ပဲ ရှိတဲ့အချိန်မှာ လုပ်သွားတာ၊ ကျမ သားငယ်လေးဆို ကြောက်လွန်းအားကြီးပြီး ငိုယိုထွက်ပြေးပြီး အခန်းထဲ ဝင်ပုန်းခဲ့ရတာ၊ ဘယ်လောက်တောင် မိုက်ရိုင်းလိုက်လဲ၊ ဒါ လုပ်ငန်းရှင် တစ်ယောက်ရဲ့ လုပ်ရပ်လား၊ ပြည်ထောင်စုလမ်းမပေါ်က ကျွန်းတံခါး ကျည်းဘောင်ဆိုင် ပိုင်ရှင်လုပ်တာ” လို့ ဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောဆိုထားပါတယ်။

    ပြည်ထောင်စုလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ကျွန်းတံခါး ကျည်းဘောင်ဆိုင် ပိုင်ရှင်ဟာ လူမိုက်အုပ်စုနဲ့ “နိုင်” ပရိဘောဂ ဆိုင်အတွင်းရှိ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးသွားခဲ့သလို အသက် ၆၅ နှစ်အရွယ်ရှိ ဆိုင်ရှင်ရဲ့ အမေဖြစ်သူကိုလည်း ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

    “ရန်ကုန်မြို့ပေါ်မှာတောင် ခုလို လုပ်ရဲတာဟာ အတော်လေးကို စိုးရိမ်စရာဖြစ်တယ်၊ ဒုစရိုက်မှုတွေကလည်း တစ်ခု မပြီးသေးဘူး တစ်ခုက ဆက်တိုက်ဆိုသလို ဖြစ်နေတာ၊ စစ်ကောင်စီက လွတ်ငြိမ်းအမျိုးမျိုးနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ သူတွေကလည်း လူဆိုးလူမိုက်တွေချည်းပဲ၊ တရားဥပဒေစိုးမိုးမှု မရှိတော့ လူဆိုးလူမိုက်တွေကလည်း ပိုပိုပြီး လုပ်ရဲလာတာ၊ နိုင်ငံက အတော်လေး ပျက်စီးသွားပြီ” လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

    ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ “နိုင်” ပရိဘောဂဆိုင်အတွင်းထိ အုပ်စုလိုက် ဝင်ရောက်ပြီး ရိုက်ခဲ့တဲ့ဖြစ်စဉ်ကို ဦးဆောင်ကျူးလွန်တဲ့ လုပ်ငန်းရှင်ဟာ လတ်တလောမှာ ရှောင်တိမ်းနေတယ်လို့ သိရပါတယ်။