Category: News

  • မြန်မာတစ်ဦးသတ်ပြီး အလောင်းကို ပုံးထဲစွန့်ပစ်ထား

    မြန်မာတစ်ဦးသတ်ပြီး အလောင်းကို ပုံးထဲစွန့်ပစ်ထား

    အခင်းဖြစ် သွားတာက 28.11.2025 နေ့က၊ အလောင်းတွေ့တာက 5.12.2025 နေ့က၊ တရားခံကို ခုထိ မမိသေးဘူးလို့ သိရတယ်။

    ဖြစ်စဉ်က ကျန်ထပူလီ မြို့မှာ မြန်မာ ၁ ဦးရဲ့ အလောင်းကို 50လီတာ ဆန့် ရေပုံး ထဲမှာ ထည့်ထား ခဲ့တာ။

    ဆုံးသွား သူက အ€-တ်ခံရပီး၊ရေပုံးထဲမှာ အလောင်းလာဖျောက် ခံရ ခဲ့တာ။

    အလောင်းကို အိတ်နဲ့ ၂ ထပ်၊ထုပ်ထားပီး၊အထဲမှာ မြန်မာပုဆိုး ၁ ထည်၊ အဝတ်မဲ ၁ ခု။

    ဆုံးသူ အရပ် အမြင့် (170cm၊ ကျောနောက်မှာ ဆေးမင် ထိုးထားတယ်။

    ရင်ဘတ်၊မျက်နှာ မှာဒဏ်ရာတွေ၊ တုတ်ကြီးကြီးနဲ့ ရိုက်ထား သလိုမျိုး၊ စစ်ဆေး တွေ့ရ တယ်။

    အလောင်းကို စတွေ့တာက၊ အဲနားမှာ တောင်ရာ လုပ်သူ​တွေ အလုပ်သွားရင်း ပုံးထဲက အနံ့က ခွေးပုပ်နံ့ ထင်လို့၊ သွားကြည့်ရာမှာ၊ သိသွားခဲ့ကြတာ။

    ရဲတွေ CCTV နဲ့ တရားခံကို ရှာတော့၊ ဖြစ်ချင်တော့၊

    CCTV မှတ်တဲ့ Memory က ပြည့်သွားပီ တဲ့ရှင့်။

    နောက်ဆက်တွဲ၊ ဘာဖြစ် ကြတယ် ဆိုတာ Memory ပြည့်သွားတော့ ကြည့်မရတော့ဘူး။

    ရွာသားတွေ ပြောပြချက် အရ၊ 28.11.2025ည 12နာရီ ကျော်က ခွေးတွေ ဟောင်လို့ ဘယ်သူဆိုတာ၊ ထမကြည့် ရဲကြဘူး။

    ည 2:00 လောက်မှာ ခွေးဟောင် သံက တိတ်သွားတယ်လို့ ပြောပြတယ်။

    အဲနောက် မြန်မာ ၁ ဦး၊ရောက်လာပီး၊ သူ့သူငယ်ချင်းကို ဆက်သွယ် မရတာ ရက်ကြာနေပီ။

    ဖုန်းဆက်လဲ မကိုင် ဘူးတဲ့ရှင့်။

    အလောင်းကို ရဲက ကျန်ထပူလီမြို့ ဆေးရုံ၁ရုံကို ပို့ထားပီး၊ စစ်ဆေး နေတယ်။

    ပုပ်ပွနေတော့ မြင်မကောင်း တော့ဘူး။

    မိသားစုဝင်၊အမျိုးတွေ ပျောက်ကြ သူရှိရင်၊ ကျန်ထပူလီ ပုလိပ်ရုံးတိုင်းမှာ လာရောက် တိုင်ကြားနိုင် ပါတယ်လို့ ၊ပြောပြ လာပါ တယ်ရှင့်။

    (တရားခံကို ခုထိ မမိသေးဘူးလို့ သိရတယ်။ အမှန်တရားအမြန်ပေါ်ပါစေ။ )

  • ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

    ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

    မနက်ဖြန် ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ် သပိတ်တွင် ပြည်သူများ ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုက်တွန်းလိုက်သည်။

    ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်၊ အသံတိတ် သပိတ် (Slinet Strike) တွင် ပြည်သူများ ပါဝင်ကြရန် တိုက်တွန်းလိုကြောင်း၊ အသံတိတ် သပိတ်၏ ရည်ရွယ်တောင်းဆိုချက်အနေဖြင့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွတ်မြောက်ရေး ၊ စစ်အုပ်စု၏အတုအယောင် တရားမဝင် ရွေးကောက်ပွဲကို လုံး၀ ဆန့်ကျင်ရေး၊ စစ်အုပ်စု၏ အဓမ္မ စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ရေး ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

    “Silent Strike အပြင်မထွက် အသံတိတ် သပိတ် ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြ”ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က အသံတိတ် သပိတ် ဖြစ်မည်ကို အလွန်စိုးရိမ်နေပြီး စျေးများ၊ ဆိုင်များ၊ အလုပ်ရုံများနှင့် ကုမ္ပဏီများ မပိတ်ရန်၊ ပိတ်ထားသော ဆိုင်၊စျေး၊ အလုပ်ရုံနှင့်ကုမ္ပဏီများကို အရေးယူရန် ၊ ပြည်သူများပါဝင်သော လမ်းပေါ် လှုပ်ရှားမှုများ၊ စျေးရောင်းပွဲတော်များ ဆောင်ရွက်ရန် အမိန့်ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ထားသည်။

    ကြံ့ဖွတ်ပါတီကလည်း အသံတိတ်သပိတ်ကို ဖျက်ဆီးရန် ဒီဇင်ဘာလ ၁၀ ရက်နေ့ မဲဆွယ်စည်းရုံးသော လှုပ်ရှားမှုများကို ပါတီဝင် အင်အားအများအပြားဖြင့် ဆောင်ရွက်ရန် ကြံ့ဖွတ်ဗဟိုက မြို့နယ်ကြံ့ဖွတ်ပါတီများနှင့် အမတ်လောင်းများထံသို့ ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

    အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ရန် ဆားလင်းကြီးနှင့် ရေစကြိုမှ ဒေသခံများ နှိုးဆော်

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် နှင့် မကွေးတိုင်း ၊ ရေစကြိုမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသ ခံများသည် အသံတိတ်သပိတ် ( Silent Strike ) တွင် လူထု ပူးပေါင်း ပါဝင်ရန် နှိုးဆော်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ရွှေဗန့်ဂျီ ရွာပေါင်းစုံ သပိတ်အင်အားစုက ယနေ့ ( ဒီဇင်ဘာလ ၉ ရက်) တွင် သတင်း ထုတ်ပြန်သည်။

    ကျေးရွာ ၁၄ ရွာမှ ဒေသခံများသည် ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပါဝင်ရန် နှိုးဆော်ကြခြင်းဖြစ်သည်။

    ဒီဇင်ဘာလ ၈ ရက်တွင် ပြုလုပ်သည့် ထိုလူထုလှုံ့ဆောင်မှုအတွင်း အသံတိတ် သပိတ်၌ ပါဝင်ရေး အသံချဲ့စက်များဖြင့် ဆော်သြခြင်း ၊ ဒေသခံပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ နံရံကပ် စာစောင်များ ကပ် ၍ အသိပေးလှုံ့ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဓါတ်ပုံများ နှင့် တကွဖော်ပြထားသည်။

    ယင်းအပြင် ဒေသခံပြည်သူများအနေဖြင့် ဒီဇင်ဘာလ ၁၀ ရက်တွင် အပြင်မထွက်ခြင်း ၊ မြို့ကြီးများသို့ ခရီးသွားခြင်းများ မပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြရန် တိုက်တွန်းခဲ့ကြောင်း ရွှေဗန့်ဂျီသပိတ် အင်အားစုအဖွဲ့ က တိုက်တွန်းထားသည်။

    အလားတူ ယနေ့ မနက်ပိုင်းကလည်း ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတား အနီး၌ ရွေးကောက်ပွဲ ဆန့် ကျင်ရေး ၊ အသံတိတ်သပိတ်တွင် ပါဝင်ကြရေး နှင့် စစ်ကော်ရှင်ကို ပုန်ကန်အံတုရေး အတွက် ဆိုင်းဘုတ်ချ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်လူထုသပိတ်အဖွဲ့ က ဆောင်ရွက်ခဲ့သည်။

    ဒေသအလိုက် သပိတ်အင်အားစုများက အသံတိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရန် လှုံ့ဆော်ခြင်း နှင့် စစ်ကောက်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ ကို ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုနေကြသည်။

  • ဒေါက်တာအေးမောင် ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွင် ပါတီအမည် Arakan စာသား စာလုံးပေါင်းမှား၍ တိပ်ဖြင့် ဖုံးအုပ်ထားရ

    ဒေါက်တာအေးမောင် ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွင် ပါတီအမည် Arakan စာသား စာလုံးပေါင်းမှား၍ တိပ်ဖြင့် ဖုံးအုပ်ထားရ

    ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) AFP တွင် စစ်တွေမြို့၌ စိုက်ထူထားသော ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်မှာ ပါတီအမည်ထဲက Arakan စာသား စာလုံးပေါင်းမှား၍ တိပ်အဖြူဖြင့် ဖုံးအုပ်ထားရကြောင်း မျက်မြင်မြို့ခံများက ပြောဆိုကြသည်။

    ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကိုယ်တိုင် စစ်တွေမြို့သို့ လာရောက်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များကို လောကာနန္ဒာဘုရားရှေ့နှင့် ဦးဥတ္တမပန်းခြံ ရှေ့တို့တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က စိုက်ထူခဲ့ကြသည်။

    ယင်းဆိုင်းဘုတ်များတွင် ပါတီအမည်အတွက် အလွန်အရေးကြီးသော Arakan ဆိုသည့် စာသားအား စာလုံးတစ်လုံးအပိုဖြင့် ရေးသားထား၍ ဓါတ်ပုံမရိုက်မီ ဖုံးအုပ်ထားကြကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

    “ဆန္ဒမဲပေးတဲ့အခါ ရခိုင့်ဦးဆောင်ပါတီ Arakan Front Party ကို မဲပေးကြပါဆိုတဲ့ စည်းရုံးရေး စာသား ရေးတဲ့အခါမှာ Arakan ဆိုတဲ့ စာသားကို မှားရေးထားကြတယ်။ မြင်လိုက်တဲ့သူတွေ ပြောတာက Arakan စာသားကို Araakan ဆိုပြီး မှားရေးထားတာပါ။ a တလုံး ပိုသွားတယ်လို့ ပြောတယ်။ အဲဒါကို တိပ်အဖြူနဲ့ ဖုံးအုပ်ထားတာ တွေ့ရတယ်။ ရွေးကောက်ပွဲသာ ဝင်ပြိုင်ချင်ကြတာ။ အလုပ်ကို စနစ်တကျ မလုပ်တတ်ကြဘူး။ စည်းမရှိကမ်းမရှိတဲ့သူတွေကို မဲထည့်ဖို့ တော်တော်ကောင်းတာပဲနော်” ဟု ပြောသည်။

    ဒေါက်တာအေးမောင်ပါတီ AFP အပါအဝင် ဦးဘရှိန်ပါတီ RNP နှင့် ကြံ့ခိုင်ရေးပါတီ USDP တို့မှာ စစ်တွေမြို့တွင် အလုအယက်မဲဆွယ်နေကြကြောင်း နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

    “စစ်တွေမြို့မှာ AFP ရော၊ RNP ရော၊ USDP ရော အလုအယက်ပါပဲ မဲဆွယ်နေကြတာ။ ဟိုရပ်ကွက်မှာ လူစုလိုက် မဲဆွယ်ဟောပြောပွဲလုပ်လိုက်၊ စစ်ရှောင်စခန်းတွေကို သွားလိုက်၊ ဆိုင်းဘုတ်တွေ ထောင်လိုက်၊ ကားတွေ၊ ဆိုင်တွေနဲ့ မြို့ကို ပတ်လိုက်နဲ့ မဲဆွယ်နေကြတယ်။ မြို့ခံတွေကတော့ သိပ်စိတ်ဝင်စားတာ မတွေ့ရဘူး။ ပါတီဝင်တွေလောက်ပဲ နောက်လိုက်အနေနဲ့ ပါတာတွေ့တယ်။ မြို့ခံလူထုကတော့ ထောက်ခံအားပေးတာမျိုး မတွေ့ရဘူး။ ဒီရွေးကောက်ပွဲက ဘာအကျိုးကျေးဇူးမှ မရှိတာကို မြို့ခံလူထုက သိနေကြတာဆိုတော့လေ။ တိုက်ပွဲဖြစ်လာရင် ဘယ်ကို ထွက်ပြေးရမလဲပဲ စိတ်ထဲ ရှိနေကြတာ” ဟု ပြောသည်။

    AFP ပါတီနှင့် RNP ပါတီတို့မှာ စစ်တွေမြို့မှ မရှိဆင်းရဲသားမိသားစုများအား ဆန်တစ်ပြည်နှစ်ပြည်ခန့် ထောက်ပံ့ပေး၍ အဓိကဦးတည် စည်းရုံးနေကြကြောင်း သိရသည်။

    AFP ဥက္ကဌ ဒေါက်တာအေးမောင် သည် စစ်တွေမြို့တွင် ဒုက္ခသည်များအား လက်ခံထားသော ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်များကို ငွေကျပ် ၃ သောင်းနှင့် ဆန်တစ်အိတ်စီ လှူဒါန်း၍ ဒုက္ခသည်များအား စည်းရုံးနေကြောင်းလည်း သိရသည်။

    အာဏာသိမ်း စစ်ကောင်စီမှ ယခုလ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံနှင့် ပြည်သူများအတွက် မည်သည့် အကျိုးကျေးဇူးမှ ရှိမည်မဟုတ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ပြောကြားပြီး ကန့်ကွက်ထားသည်။

  • အောင်မင်္ဂလာအဝေးပြေးတွင် ငွေရှာကြမ်းသည့် စစ်တပ်၊ ရဲနှင့် ပါဝင်ပတ်သက်သူများ အရေးယူခံရ

    အောင်မင်္ဂလာအဝေးပြေးတွင် ငွေရှာကြမ်းသည့် စစ်တပ်၊ ရဲနှင့် ပါဝင်ပတ်သက်သူများ အရေးယူခံရ

    ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ယာဥ်မောင်းတွေကို ဖမ်းဆီးငွေညှစ်တာအပြင် တရားမဝင်ငွေရှာပြီး အလွဲသုံးစားလုပ်တာတွေ နဲ့ ဆက်စပ်လို့ တာဝန်စစ်တပ်၊ ရဲနဲ့ ပါဝင်ပတ်သက်သူတွေ အရေးယူခံရတယ်လို့ အဲဒီကားဝင်းမှာနေထိုင်သူတွေဆီက သိရပါတယ်။

    အောင်မင်္ဂလာကားဝင်းအတွင်းမှာ ဧည့်သည်နဲ့ ပစ္စည်း အတင် အချလုပ်ဖို့ ခဏတဖြုတ်ရပ်တဲ့ ကားတွေနဲ့ အပြင်ကလာကားတွေကို ဖမ်းဆီးငွေညှစ်တဲ့ သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် သက်ဆိုင်ရာက ဝင်ရောက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

    အဲဒီနောက် အောင်မင်္ဂလာအဝေးပြေး ကားဝင်းထဲမှာ အထိုင်ချထားတဲ့ စစ်တပ်စစ်ကြောင်း၊ စည်ပင်ရဲ၊ အုပ်ချုပ်ရေးရုံးအဖွဲ့နဲ့ လူမိုက်အချို့ကို နိုဝင်ဘာလကုန်ပိုင်းက ကားဝင်းရှေ့ စစ်ကြောရေးတပ်မှာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ကားဝင်းအုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “စစ်ကြောင်းမှူးပါပါတယ်။ အဲဒီလူက တော်တော်ဆိုးတာ။ အခုဝင်းထဲက အထိုင်စစ် ကြောင်းလဲလွှင့်သွားပြီ။ စည်ပင်ရဲတဖွဲ့လုံးလည်း လွှင့်တယ်။ အုပ်ချုပ်ရေးမှူးမွန်ကြီးကို အနားပေးလိုက်တယ်။ ဖမ်းဆီးစစ်ဆေးခံရတဲ့ထဲမှာ ဂျပန်ကြီးနဲ့ဝင်းထဲ လူမိုက်တွေလည်းပါတယ်။”

    မူလက ခဏတဖြုတ်ရပ်တဲ့ ကားတွေဆီက ဖမ်းဆီးငွေညှစ်တဲ့ကိစ္စ အခြေခံတာဖြစ်ပြီး အဝေးပြေးဝင်းပြေးဆွဲလုပ်ကိုင်နေတဲ့ တက္ကစီ နဲ့ ဆိုင်ကယ်ကယ်ရီတွေကို လိုင်းကြေးတရား မဝင်ကောက်တာ၊ ကားဝင်းထဲက တရားမဝင်လုပ်ငန်းတွေဆီက ငွေကြေးရယူတာ စတဲ့ မသမာတဲ့ နည်းနဲ့ ငွေရှာနေတဲ့ကိစ္စတွေပါ ပေါ်သွားခဲ့တာလို့ ဆိုပါတယ်။

    အဲဒီလိုစစ်ဆေးအရေးယူပြီးနောက်မှာ တက္ကစီနဲ့ဆိုင်ကယ်ကယ်ရီတွေ လိုင်းကြေးမပေးရတော့သလို အပြင်ကားတွေ ခဏတဖြုတ်ရပ်လို့ ရလာတယ်လို့ အောင်မင်္ဂလာကားဝင်းထဲက အငှားယာဥ်မောင်းတယောက်က ပြောပါတယ်။

    “အရင်လို ဖမ်းတာပြုတာ သိပ်မတွေ့တော့ဘူး။ နည်းနည်းလေး အပိုးကျိုးနေတယ်။ ငွေညှစ်တဲ့သတင်းက ဟိုးလေး တကြော်ဖြစ်သွားလို့ လူအကုန်ချိန်းပြီး နယ်စွန်၊ နယ်ဖြား ပို့လိုက်တယ် ကြားတယ်။”

    အခုလိုအရေးယူတာ မလုပ်ခင်က စည်ပင်ရဲနဲ့ လူမိုက်အချို့က ကားဝင်းထဲ ရပ်ထားတဲ့ အပြင်ကားတွေကို လှည့်ပတ်ဖမ်းကာ ယာဥ်မောင်းလိုင်စင်သိမ်းပြီး ကျပ် ၅၀,၀၀၀ ကနေ သိန်းဂဏန်းအထိ တောင်းတာမျိုး ဆိုးဆိုးရွားရွားဖြစ်နေတဲ့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

  • အရှိန်အဟုန်ဖြင့် စစ်တိုက်ရန် စစ်တပ်ကို မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆို

    အရှိန်အဟုန်ဖြင့် စစ်တိုက်ရန် စစ်တပ်ကို မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆို

    ကမ္ဘောဒီးယားအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဟု ထိုင်းစစ်တပ်က ကြေညာလိုက်ပြီး ထိုင်းဝန်ကြီးချုပ်ကလည်း အရှိန်အဟုန်ဖြင့် စစ်တိုက်ရန် စစ်တပ်ကို မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆို

    ကမ္ဘောဒီးယားအပေါ် သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီဟု ထိုင်းစစ်တပ်က ကြေ ညာလိုက်ပြီး ထိုင်းဝန်ကြီးချုပ်အနုတင်ကလည်း ထိုင်းစစ်တပ်၏ စစ်ရေးဆောင်ရွက်ချက်များ အပြည့်အ၀ ထောက်ခံကာ ကမ္ဘောဒီးယားကို အရှိန် အဟုန်ဖြင့် စစ်တိုက်ရန် မီးစိမ်းပြ ခွင့်ပြုပေးလိုက်ပြီဟု တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။

    ယနေ့တွင် ထိုင်းစစ်တပ်က တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ကမ္ဘော ဒီးယားအပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ထိုင်းစစ်တပ်အနေ ဖြင့် တိုက်ပွဲဝင်ရန် အပြည့်အဝ အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ ကမ္ဘောဒီး ယားက လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ပါက ထိုင်းစစ်တပ်က အင်အားပြည့် တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

    ထိုင်းပြည်သူလူထုနှင့် အချုပ်အခြာအာဏာအတွက် လိုအပ်သောအရေးယူဆောင်ရွက်မှုအားလုံးကို ထိုင်းစစ်တပ်က အပြည့်အဝ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုင်းစစ်တပ်ကို ထိုင်းပြည်သူများက အပြည့်အ၀ ယုံကြည်မှုထားရှိရန် ထိုင်းစစ်တပ်က တောင်းဆိုထားသည်။

    ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံသည် နယ်စပ်ဒေသဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်၍ ယခင်ကလည်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသော် လည်း လက်ရှိကာလတွင် ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေခြင်းဖြစ်သည်။

    ထို့ပြင် ထိုင်းဝန်ကြီးချုပ် အနုထင်ကလည်း စစ်တပ်၏ စစ်ရေးဆောင်ရွက်ချက်များကို အပြည့်အဝ ထောက်ခံပြီး၊ လက်ရှိ စစ်ရေးလှုပ်ရှားမှုများကို ရပ် တန့်စရာမရှိတော့ကြောင်း၊ ကမ္ဘောဒီးယား ရှုံးနိမ့် အားကုန်သွားသည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်တပ်ကိုလည်း စစ်တိုက်ရန် အမိန့်ပေး ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

    ထိုင်းဝန်ကြီးချုပ်က ထိုင်းပြည်သူများကို ကာကွယ်ရန်ကိုသာ အဓိက အာရုံစိုက်ထားပြီး ကျန်သော အရေးကိစ္စများကို ဂရုစိုက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

    ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်ပြီး နှစ်နိုင်ငံအပြင်းအထန် တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် နယ်စပ်ဒေသ တိုက်ပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။