Category: News

  • မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်

    မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်

    စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ်သော ဧရာ၀တီ မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ဟု မြန်မာဘူမိသိပ္ပံပညာရှင်များ သတိပေး

    တရုတ်တွင် ဘန်ချောင်-Banqiao ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ် သော ဧရာ ၀တီ မြစ်ဆုံစီမံကိန်းတွင် တည်ဆောက်မည့် ဆည်များ ပျက်စီးခဲ့လျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ကြောင်း မြန်မာ ဘူမိသိပ္ပံပညာရှင်များက သတိပေးချက်ထုတ်ပြန်လိုက်သည်။

    ဧရာ၀တီမြစ်ဆုံ ခေါ် မြစ်ဆုံ ရေကာတာ ပြန်လည် စတင်ရန် ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်များအနေဖြင့် ပညာရပ်ဆိုင်ရာ အခြေခံသော အချက် အလက်များအရ မြစ်ဆုံဆည် ဆောက်လုပ်ရန် လုံး၀ မသင့်တော်သည်ကို အကြံ ပြုလိုကြောင်း၊ မြစ်ဆုံဒေသသည် ငလျင်ဇုန်တိုင်းတာမှုဇယားအရ အန္တရာယ်ကြီးမားသည့် ပြင်းထန်ငလျင်ဇုန်တွင်ရှိနေကြောင်း၊ ဘူမိဗေဒဆိုင်ရာ အနေအထားအရ မကြာသေးသော ကာလ ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ရှားခဲ့သည့် အင်အားပြင်း ငလျင်ကို ဖြစ်ပေါ်စေသည့် စစ်ကိုင်းပြတ်ရွေ့ကြီးနှင့် အ လွန် နီးကပ်နေကြောင်း၊ မြစ်ဆုံကဲ့သို့သော နေရာတွင် ကြီးမားသော ဆည်နှင့်ရေကာတာများ တည်ဆောက်ပါက ရေကာတာကြီးကြောင့် ဖိအားပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်များ ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြထားသည်။

    ယင်းအပြင် သိရှိပြီးသော ဘူမိဗေဒဆိုင်ရာ အချက်အလက်များအရ အဆိုပါ မြစ်ဆုံဒေသ၏ မေခနှင့် မလိခမြစ်ဝှမ်းတစ်လျှောက် တန်ဖိုးကြီးပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ရွှေနှင့်မြေရှားသတ္တုသိုက်ကြီးများ အပါအဝင် အဖိုးတန်သယံဇာတများ တွေ့ရှိနိုင်မည့် ဒေသဖြစ်ကြောင်း၊ မြစ်ဆုံဒေသတွင် မိုး သည်း ထန်ခြင်း၊ မတ်စောက်သော တောင်တန်းများ ရှိခြင်းနှင့် မတည်ငြိမ်သော ဘူမိ ဗေဒအနေအထားများကြောင့် မြေပြိုမှုများဖြစ်ပေါ်လာနိုင် ကြောင်း မြန်မာဘူမိသိပ္ပံပညာရှင်များက ဆက်လက် ထောက်ပြထားသည်။

    ဧရာ၀တီမြစ်တစ်လျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းသည် သဘာ၀အတိုင်းဖြစ်ပေါ်နေသည့် အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနုအပေါ် မှီခိုနေရသည့် မြစ်ဝှမ်းတလျှောက် ကိုင်းကျွန်းလုပ်ငန်းများနှင့် ဧရာ၀တီမြစ်၀ကျွန်းပေါ်၏ စိုက်ပျိုးရေးကို ထိခိုက်နိုင်ကြောင်း သိရှိရသည်။

    အရေးကြီးသော သတိပြုရမည့် အချက်အနေဖြင့် နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသတွင် ဆည် ၇ ခု ဆောက်လုပ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့် တစ်ပြိုင် နက် ပျက်စီးမည်ဆိုပါက မြစ်ဆုံဒေသအပြင် ကချင်ပြည်နယ်နှင့် မြန်မာပြည်တစ်ပြည်လုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်များ ကျရောက်နိုင်ကြောင်း ထပ်မံ သတိပေးထားသည်။

    မြစ်ဆုံကဲ့သို့​ ကြီးမားသော ဆည်ကြီးများ ဆောက်လုပ်လျှင် အထက်ဖော်ပြပါ ဘူမိဗေဒ အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုး ပြီး နိုင်ငံများ အပါ အဝင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဆက်လက် သတိပေးထားသည်။

    ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် ၁၉၅၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆည်နှင့်ရေ ကာတာပေါင်း ၃၆၀၀ ကျိုးကျပျကစီးခဲ့ပြီး ထိုအထဲတွင် ဘန်ချောင် (Banqiao) ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ကြောင်း ဥပမာပေး ထောက်ပြထားသည်။

    ၁၉၇၅ ခုနှစ် တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ် (Henan Province)တွင် ဘန်ချောင် (Banqiao) ဆည်ပြိုကျမှုသည် လူသားသမိုင်းတွင် အသေအပျောက် အများဆုံးနှင့် အဆိုးရွားဆုံး ဆည်ပြိုကျမှုကြီးဖြစ်ခဲ့သည်။

    ၁၉၇၅ ခုနှစ် ဩဂုတ်လအတွင်း တိုင်ဖွန်းမုန်တိုင်း နီနာက တရုတ်နိုင်ငံ ဟီနန်ပြည်နယ်အပေါ်တွင် ရပ်တန့်သွားပြီး မကြုံစဖူး ပြင်းထန်သည့် မိုးရွာသွန်းမှုကို ဖြစ်စေခဲ့ကြောင်း၊ ၂၄ နာရီအတွင်း ၁၀၆ စင်တီမီတာ (တစ်နှစ်စာ မိုးရေချိန်နီးပါး) ရွာသွန်းခဲ့ကြောင်း၊ ဘန်ချောင်ဆည်ကို “နှစ်ပေါင်း ၁၀၀၀ တွင် တစ်ကြိမ်” ဖြစ်နိုင်သည့် ရေကြီးမှုကို ခံနိုင်ရည်ရှိအောင် တည် ဆောက်ခဲ့သော် လည်း တကယ့်လက်တွေ့တွင် ရွာသွန်းသည့် မိုးက ဆည်တည်ဆောက်ခဲ့သည့် ဒီဇိုင်းထက် အဆပေါင်းများစွာ ပိုများနေခဲ့သဖြင့် နောက်ဆုံးတွင် ဆည်ကျိုးကျခဲ့ကြောင်း သိရှိရသည်။

    ဘန်ချောင်ဆည်ကျိုးကျချိန်တွင် မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး တရုတ်ပြည်သူများကို သတိပေးရန် အချိန်မရလိုက်ကြောင်း၊ ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ နံနက် ၁ နာရီဝန်းကျင်တွင် ဘန်ချောင်ဆည် စတင်ပြိုကျခဲ့ပြီး ရေလှိုင်းအမြင့်မှာ ၁၀ မီတာ (၃၃ ပေ) ကျော်ရှိပြီး အကျယ် ၁၁ ကီလိုမီတာ (၇ မိုင်) ခန့် ရှိကြောင်း၊ ဆည်မှ ကျိုး ပေါက်လာသော ရေလှိုင်းမှာ တစ်နာရီကို ၅၀ ကီလိုမီတာ (၃၁ မိုင်) နှုန်းဖြင့် ဆည်အောက်ဘက်ရှိ ကျေးရွာများကို အကြီးအကျယ်တိုက်စား ရေလွှမ်းမိုးသွားခဲ့ကြောင်း သိရှိရသည်။

    ဘန်ချောင်ဆည် ပြိုကျမှုကြောင့် ဆည်အောက်ဘက်ရှိ ဆည်ငယ်ပေါင်း ၆၁ ခု ပါ ဆင့်ကဲဆင့်ကဲ (Domino effect) ပြိုကျသွားခဲ့ပြီး ယင်းအချိန် တရုတ် အစိုး ရ၏ တရားဝင်ထုတ်ပြန်ချက်အရ လူပေါင်း ၂၆,၀၀၀ သေဆုံးခဲ့ကြောင်း၊ သို့ရာ တွင် သုတေသီများ၏ ထုတ် ဖော်ချက်များအရ ပြည်သူ စုစုပေါင်း ၁၇၁,၀၀၀ မှ ၂၃၀,၀၀၀ အကြား အထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ဘန်ချောင်ဆည်ပြိုကျမှုကြောင့် လူပေါင်း ၁၁ သန်း ခန့် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၆ သန်း နီးပါး ပျက်စီးခဲ့ကြောင်း၊ ဆည်ကျိုးပြီးနောက် သန့်ရှင်းသည့် ရေမရရှိမှုကြောင့် ကာလဝမ်းရောဂါနှင့် တခြား ကူးစက်ရောဂါတွေကြောင့် လူအများအပြား ထပ်မံသေဆုံးခဲ့ရကြောင်း သိရှိရသည်။

    တရုတ်အစိုးရက ဘန်ချောင်ဆည်ပြိုကျသည့် သတင်းကို နှစ်ပေါင်း ၃၀ ကြာ လျှို့ဝှက်ထားခဲ့ပြီး ၂၀၀၅ ခုနှစ်ကျမှသာ သတင်းအချက်အလက် စာရွက် စာ တမ်းများဖြင့် တရားဝင် လူသိရှင်ကြား သတင်း ထုတ်ပြန်ခဲ့သည်။

  • လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လုပ်မည်ဟု  ဦးနေမျိုးဝေ ကြေညာ

    လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လုပ်မည်ဟု ဦးနေမျိုးဝေ ကြေညာ

    ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လုပ်မည်ဟု ကြံ့ခိုင်ရေးပါတီနှင့်စစ်တပ်၏မဟာမိတ်ပါတီဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (Peace and Diversity Party)၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိနာယက ဦးနေမျိုးဝေက ကြေညာလိုက်သည်။

    ရိုဟင်ဂျာများကို “ပစ်သတ်၊ သတ်ပစ်၊ ပစ်မြှုပ်၊ မြှုပ်ပစ်” ဆိုသည့် ၎င်း၏ ယခင် ပြောဆိုချက်များကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က လူမျိုးတုံးသတ်ဖြတ်မှု သက်သေအဖြစ် ကြားနာနေသည်။

  • မုန်တောင် ရဲစခန်းကို PDF တွေသိမ်းပိုက်ပြီးမီးရှို့

    မုန်တောင် ရဲစခန်းကို PDF တွေသိမ်းပိုက်ပြီးမီးရှို့

    မကွေးတိုင်း မင်းဘူးမြို့နယ် မုန်တောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မနေ့က(ဇန်နဝါရီ ၁၆ ရက်) မနက် အစောပိုင်းက မုန်တောင်ရွာရဲစခန်းကိုသိမ်းပိုက်ခဲ့တာဖြစ်ပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

    “စခန်းမှူးဒဏ်ရာရတယ်။ နောက်ရဲတချို့လည်းကျည်ထိတယ်။ ပြေးကြတာ။ စကုဆေးရုံရောက်သွားတယ်။ မိတဲ့သူ မရှိဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

    မုန်တောင် စခန်းကို သိမ်းပိုက်ပြီး နောက် မီးရှို့ရှင်းလင်းခဲ့တယ်လို့ သူက အသိပေးပါတယ်။ စခန်းကနေ စစ်ဘက်အသုံးအဆောင်ပစ္စည်း တချို့ သိမ်း ရခဲ့တယ်လို့ ဆိုပါတယ်။

    မုန်တောင်ရွာဟာမင်းဘူးမြို့ရဲ့တောင်ဘက်ခြမ်းနဲ့ ဆားပွက်ချောင်းဘေးမှာရှိပါတယ်။လက်ရှိမှာ မုန်တောင်ရွာကိုဦးတည်ပြီး စစ်တပ်က မင်းတုန်းမြို့ကနေစစ်ကူတချို့ ပို့နေတယ်လို့ သိရပါတယ်။

    မကွေးတိုင်းထဲက မကွေးခရိုင်၊ သရက်ခရိုင်၊ပခုက္ကူခရိုင်၊မင်းဘူးခရိုင် နဲ့ ဂန့်ဂေါခရိုင် တွေမှာ ရှိတဲ့စစ်တပ်ကင်းစခန်း၊ဂိတ်စခန်းတွေ ကို ကာကွယ်ရေးတပ်တွေက အခုလပိုင်း အရှိန်မြှင့်တိုက်ခိုက်နေတာ တွေ့ရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်​နေ့ကလည်း တောင်တွင်းကြီးမြို့နယ် မှာ စစ်တပ်ကို တိုက်ခိုက်မှု နဲ့ ၈ ရက်နေ့မှာ ဆင်ပေါင်ဝဲမြို့နယ်က စစ်တပ် ကာကင်းစခန်းသုံးခုကို ကာကွယ်ရေးတပ်တွေ သိမ်း ပိုက်ခဲ့ပြီး လက်နက်တွေနဲ့ ခဲယမ်းအချို့ရရှိခဲ့ပါတယ်။

    ဒါ့အပြင် သရက်ခရိုင်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့မှု တွေ ရှိနေပါတယ်။

    (PDF မင်းဘူးခရိုင်တပ်ရင်း ၆ မှရဲ​ဘော်​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-မင်းဘူးခရိုင်တပ်ရင်း-၆)

  • ကျောက်ဖြူ သိုင်းချောင်းပတ်ဝန်းကျင်သို့  ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို AAတိုက်ခိုက်

    ကျောက်ဖြူ သိုင်းချောင်းပတ်ဝန်းကျင်သို့ ပြန်လည်ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကို AAတိုက်ခိုက်

    ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော စစ်ကော်မရှင်စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်မှ တိုက်ခိုက်ရာကနေ တိုက်ပွဲဆက်လက် ပြင်းထန်နေသည်ဟု သတင်းရရှိသည်။

    “သိုင်းချောင်းပတ်ဝန်းကျင်ကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးကာနေရာယူလာတဲ့စစ်ကြောင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်‌တာပါ။တိုက်ပွဲပြင်းထန်နေပါတယ်။စစ်တပ်ကအင်အား ၁၅၀ လောက်ရှိမယ်ထင်ပါတယ်။ မနေ့ကဇန်နဝါရီ ၁၆ ရက်နေ့မှာဖြစ်နေတာပါ။ စစ်တပ်ဘက်က မရှုမလှ ဖြစ်နေတဲ့ အနေထားလို့ သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ၎င်းစစ်ကြောင်းသည် ကျောက်ဖြူမြို့နယ် အမှတ်(၃၂)ရဲတပ်ရင်းမှ ထွက်လာသောစုပေါင်း စစ်ကြောင်းဖြစ်ပြီး ဒရုန်းပစ်ကူ၊လက်နက်ကြီးပစ်ကူများဖြင့်သိုင်းချောင်းဘက်သို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။

    “သူတို့ကတော့ စစ်ကြောင်းတစ်ခုထိုးမယ်ဆိုရင် အခုက ဒရုန်းတွေနဲ့ရော၊ မြေပြင်ကရော လက်နက်ကြီးတွေနဲ့ သူတို့ စစ်ကြောင်းထိုးမယ့် နေရာတွေကို ပစ်တယ်။ ပီးရင်နေဗီကလည်းလက်နက်ကြီးတွေနဲ့ ပစ်တယ်။ အေအေဘက်ကတော့ နေဗီက လက်နက်ကြီးတွေနဲ့ ပစ်ရင် ရှိနေတဲ့ နေရာက ရှောင်ပေးတာပေါ့။ လေယာဉ်လာရင်လည်း အတက်၊ အဆုတ်ပေးတဲ့ လုပ်တဲ့ အနေအထား ရှိတယ်။ အေအေက ကျောက်ဖြူစစ်ပွဲမှာ စစ်ရှင် ကစားတယ်။ ပိုင်မဲ့နေရာဆိုရင် ဝင်တိုက်တယ်။ မပိုင်ရင် ဆုတ်ပေးတယ်။ ဒီလိုကစားနေတာပါ” ဟု ပြောသည်။

    စစ်ကော်မရှင်ဖက်က အသေအပျောက်အကျအဆုံးများသော်လည်း ဒရုန်း၊စက်တပ်လေထီး၊နေဗီများပေါ်မှလက်နက်ကြီးကျည်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်နေသဖြင့်တိုက်ပွဲမှာပြင်းထန်နေသည်ဟုဆိုသည်။

    “စစ်တပ်က မြေပြင်မကျွမ်းတော့ အသေအပျောက်ကတော့များတယ်။ သူတို့ဖက်က လက်နက်တွေမိုးရွာသလိုပစ်နေတော့ မြေပြင်မှာအထိအခိုက်ဘယ်လောက်ရှိလဲမသိရသေး။သူတို့စစ်တပ်က လက်နက်ဘဲသာ၊ တိုက်ခိုက်စွမ်းရည်ကမရှိဘူး” ဟု ပြောသည်။

    သိုင်းချောင်းဆည်ကုန်းနှင့် မင်းပြင်ရေဒါစခန်းအနီးရှိတောင်တွင်ရှိနေသည့်စစ်ကော်မရှင် စစ်ကြောင်းများသည် (AA)၏ဝန်းဝန်းပိတ်ဆို့ခြင်းကိုခံထားရပြီး အဆိုပါနေရာများသို့ စစ်ကူရောက်ရန် စစ်ကြောင်း ထိုးနေသည်ဟု သိရသည်။

    “သိုင်းချောင်းဆည်ကုန်းပေါ်မှာစစ်သားတွေပိတ်မိတယ်။အောက်မဆင်းရဲဘူး။မင်းပြင် ရေဒါစခန်းမှာလည်း ကုန်းပေါ်ကနေအောက်ကိုမဆင်းရဲ။ AA ဖက်က ရိက္ခာပြတ်အောင်ဖြတ်တောက်ထားတဲ့သဘော။ လာသမျှစစ်ကြောင်းတွေလည်း ကြားဖြတ်အတိုက်ခံရတယ်” ဟု ပြောသည်။

    စစ်ကော်မရှင်ဖက်မှ စစ်ကြောင်းထိုးတက်လာချိန်တွင် တိုက်ပွဲနှင့်မသက်ဆိုင်သည့် သိုင်းချောင်းနှင့်မင်းပြင်ကြားတွင်တည်ရှိသည့် ကျေးရွာများ၊ ဒေသခံများ နေထိုင်သည့်လူနေကျေးရွာများ၊တောင်တန်းများနှင့်တောအုပ်များကိုဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်သည့် အပြင် ပင်လယ်ပြင်တွင်ရပ်နားထားသည့် နေဗီများမှလည်းလက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

    ယင်းသို့လက်နက်ကြီးကျည်ပစ်ခတ်ခဲ့မှုကြောင့် ဇန်နဝါရီ ၁၄ ရက်‌ နေ့ က နေဗီပေါ်မှပစ်ခတ်သည့်လက်နက်ကျည်သုံးလုံးမှာ သဖန်းချောင်းရွာသို့ ကျရောက်ပြီးစစ်ဘေးရှောင်ဇနီးမောင်နှံနှစ်ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

    စစ်ကော်မရှင်စစ်‌ကြောင်းများ အသေပျောက်များပြီးအထိနာနေသည့်အတွက် မင်းပြင်ပတ်ဝန်းကျင် ကို စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၁၃ရက်နေ့၊ ညပိုင်းတွင် ဒရုန်း‌များဖြင့် ဗုံးအလုံးအရေအတွက် ရာနှင့်ချီ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း နောက် ဇန်နဝါရီ ၁၄ ရက်နေ့၊နံနက်ပိုင်းတွင်လည်း အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကော်မရှင်၏ စစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)တို့မင်းပြင်နှင့် သိုင်းချောင်းကြားတွင် ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု​သိရသည်။

  • ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

    ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

    ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာတွင် ခြင်းခတ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု မုဒိမ်းမှုများစွာ ကျူးလွန်ထားသော ပျူစောထီးခေါင်းဆောင် လင်းထင် အပါအဝင် ၁၀ ဦးသေဆုံး

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာပျူစောထီးများခြင်းခတ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် ငလင်း (ခ)လင်းထင်အပါအဝင် ၁၀ ဦးသေဆုံးပြီး ပျူခေါင်းဆောင် ငလင်း(ခ) လင်း ထင် မှာ မိန်းကလေးငယ်များကို ဖမ်းဆီးပြီး အချုပ်ခန်းအတွင်း မုဒိမ်းကျင့်နေသူဖြစ် ကြောင်း ရေစ ကြိုပကဖမှ တာဝန်ရှိသူက ပြောကြားသည်။

    ဇန်နဝါရီလ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ရေစကြိုမြို့နယ်၊ ရေစကြို -ပခုက္ကူကားလမ်း ဘေး ဆင်ချောင်းပျူရွာ၌ ခြင်းခတ်နေသည့် ပျူစောထီးအဖွဲ့ကို ရေစကြို ပကဖအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆင် ချောင်းရွာ ပျူစောထီးခေါင်းဆောင် လင်းထင် (ခ) ငလင်းအပါအဝင် ၁၀ ဦး ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင်မှာ စစ်တပ်အငြိမ်းစား ဝန်ကြီးဟောင်း စိုး မောင်၏ တူမဖြစ်သူ ညားပြီး စိုးမောင်၏ အရှိန်အဝါဖြင့် လက်နက်ခဲယမ်းအင်အား တောင့်တင်းသောကြောင့် ပြည်သူလူထုအပေါ် ဆက်ကြေးကောက်ခံ ခြင်း၊ မိန်းကလေးများအား ဖမ်းဆီးပြီး မုဒိမ်းကျင့် ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

    “လက်ရအရှင်ဖမ်းဆီးဖို့ပဲ၊ ဒါပေမယ့် အခြေအနေက တော်တော်ကြာနေတဲ့အခြေအနေဖြစ်သွားတာ ပေါ့၊ ကျနော်တို့ ကင်းထောက်နေတာကလည်း ကြာသွားတာနဲ့ဆိုတော့ တစ်ခါတည်းပဲ အသေ ရှင်း လင်းလိုက်ရတော့တာ၊ ကင်းထောက်နေတာက ကြာပြီ။ ဒီကောင်က‌ တော်တော်ဆိုးတဲ့ကောင်၊ မုဒိမ်း မှုတွေဆိုရင် သူ့တပည့်တွေ ဖမ်းမိထားတဲ့သူတွေရဲ့ ထွက်ဆိုချက်အရကိုက လေးငါးမှုလောက်ရှိ တယ်။ သူတို့မထင်တဲ့ မိန်းကလေးတွေဆိုရင် ဖမ်းတယ်၊ ဖမ်းပြီးတော့ အချုပ်ထဲထည့်ထားတယ်၊ ထည့်ပြီးတော့ ဒီကောင်အရင် မုဒိမ်းကျင့်တယ်။ ပြီးတော့ သူ့တပည့်တွေကို တယောက်တလှည့်စီ အချုပ်ခန်းထဲဝင်ပြီး မုဒိမ်းကျင့်ခိုင်းတာရှိတယ်။ ဆိုးတာက တော်တော်ဆိုးတယ်။ ဗိုလ်တွေဘာတွေ လည်း မထင်ရင်မထင်သလို ဆဲဆိုတာတွေ လက်ပါတာတွေက အစရှိတယ်။ အဲကြောင့် ကျနော်တို့ က လိုက်နေတာ၊ ကြာပြီ၊ ဒါပေမယ့် သူတို့က ရေစကြို-ပခုက္ကလမ်းကြားထဲမှာနေတာဆိုတော့ ကျ နော် တို့က လုပ်ရကိုင်ရ ခက်ခဲလို့ အချိန်က နည်းနည်း ကြသွားတာ။ ဖမ်းတာကတော့ အရှင်ဖမ်းချင်တာ၊ ဒါပေမယ့်နောက် ဆုံး အသေပဲ တိုက်ခိုက်လိုက်ရတော့တာ” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူက ပြောကြားသည်။

    မုဒိမ်းမှုမြောက်များစွာကျူးလွန်ထားပြီး ပြည်သူလူထုအပေါ်မိုက်ရိုင်းစော်ကားနေသောကြောင့် ငလင်း (ခ)လင်းထင်ကို အရှင်ဖမ်ဆီးနိုင်ရေးအတွက် ရေစကြိုပကဖမှ ရဲဘော်များက ကင်းထောက် နေခဲ့ရာ ၁ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရဖမ်းဆီးခြင်းထက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းက ပိုမို အခွင့်သာသောကြောင့် တိုက်ခိုက်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း ရေစကြိုပကဖက အသိပေးထားသည်။

    “ဒရုန်းနဲ့ ဆယ့်လေးငါးလုံးလောက်ချခဲ့ရတာ၊ သူတို့ခြင်းခတ်နေတဲ့အချိန်ချခဲ့တာ၊ မနေ့က ပခုက္ကူ ကနေ သံပြားကာ ကား ၂ စီးနဲ့ အင်အားကလည်း ၂၀၀ လောက်ရှိတယ်၊ ဆင်ချောင်းဘက်ကို လာပြီး တော့ သူတို့ကို ပခုက္ကူဘက်သယ်သွားတယ်ထင်တယ်၊ မနေ့က အဲဒါတွေရှုတ်နေတယ်။ ပခုက္ကူမြို့ ပေါ်ကနေ ဟောင်ဝှစ်ဇာတွေလည်း ထုတယ်။” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။

    လက်ရှိချိန်တွင် ယုတ်မာရိုင်းစိုင်းသည့် ငလင်း (ခ) လင်းထင်၏ လက်ပါးစေပျူစောထီးများ ရှက်ရမ်း ရမ်း နေသည့်အချိန်ဖြစ်သောကြောင့် ခရီးသွားပြည်သူလူထုများအနေဖြင့် အထူးသတိပြု သွားလာ ကြပါရန် ရေစကြိုမြို့နယ်(ပ.က.ဖ)က သတိပေးထားသည်။