Category: News

  • စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စစ်တပ်စခန်း များကို ထိုးစစ်ဆင်မည်

    စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စစ်တပ်စခန်း များကို ထိုးစစ်ဆင်မည်

    ချင်းညီနောင်၏ မိတ်ဖက် ချင်းပြည်သူ့တပ်မတော် -CPA က ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF၊ မဟာမိတ်တပ်ပေါင်းစု SRA တို့နှင့် ပူးပေါင်းပြီး စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စစ်တပ်စခန်း များကို ထိုးစစ်ဆင်မည်

    ချင်းညီနောင်၏ မိတ်ဖက် ချင်းပြည်သူ့တပ်မတော် -CPA က မဟာမိတ်တပ်ပေါင်းစု SRA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကိုင်း၊ မကွေးတိုင်း တို့ရှိ စစ်တပ်စခန်း များကို ထိုးစစ်ဆင်မည်ဖြစ်ကြောင်း ချင်းပြည်သူ့တပ်မတော်-CPA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောဆိုသည်။

    ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီတွင် ပြုလုပ်သည့် ချင်းပြည်သူ့အစည်း အရုံး/ ချင်း ပြည်သူ့ တပ်မတော်က CPU/CPA ဖွဲ့စည်းခြင်း သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆို လိုက်ခြင်းဖြစ်သည်။

    ချင်းပြည်သူ့တပ်မတော် -CPA အနေဖြင့် မဟာမိတ်တော်လှန်ရေးတပ်များအားလုံးနှင့် ပူးပေါင်းပြီး စစ်ကိုင်း၊ မ ကွေးတိုင်း တို့ရှိ စစ်တပ် စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့် ပြည်ထောင်စုလွတ် မြောက်ရေးကို လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဆလိုင်းယောမန်က ရှင်းပြသည်။

    ချင်းပြည်သူ့အစည်း အရုံး/ ချင်း ပြည်သူ့တပ်မတော်အနေဖြင့် ချင်းညီနောင် -CB အဖြစ်ဆက်လက် ပါဝင်ပြီး ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ၏ ညွှန်ကြားမှုကိုခံယူကာ ပြည် ထောင်စုလွတ်မြောက်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ မကွေးတိုင်း၊ ပေါက်မြို့ နယ်အတွင်းအထိ ဆင်းကာ စစ်ကောင်စီ၏ ထိုးစစ်ကို ခုခံကာကွယ်နေကြောင်း သိရသည်။

    “ကျနော်တို့အနေနဲ့ပြည်ထောင်စုလွတ်မြောက်ရေးကြိုးပမ်းမှုမှာ ကျနော်တို့ CPU သည် CB တစ်လုံး အနေနဲ့သွားမယ်။ CB ၊ ICNCC မှာပဲ တိုင်ပင်ပြီးမှချင်းတစ်မျိုးသားလုံးအရေး ပြည်ထောင်စု အရေးမှာ ကျနော်တို့ ဘယ်လိုအဆင့်ပါဝင်ကြမလဲ။ ချင်းညီနောင်အနေနဲ့ပဲ SRA ကို ချိတ်ဆက်တာဖြစ်တဲ့ အတွက် ဒီ SRA မှာလည်း စစ်ဒေသတွေခွဲထားတာရှိပါတယ်။ SRA သတ်မှတ်ထားတဲ့ စစ်ဒေသတွေမှာ ကျနော် တို့ ဘယ်လိုပါဝင်နိုင်မလဲ။ ဘယ် လိုလှုပ်ရှားနိုင်မလဲဆိုတဲ့ အပိုင်းတွေပေါ့၊ မြေပြန့်က အထူးသဖြင့် မကွေးနဲ့စစ်ကိုင်းဘက်မှာပေါ့နော်။ တော်လှန်ရေးဆင်နွှဲလာဖို့ရှိပါ့မယ်။” ဟု ဆလိုင်းယောမန်က ပြောကြားသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သော မင်းတပ်မြို့ နယ်တော်လှန်ရေးဦးဆောင် ကော်မတီ/ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ် ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက် လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရ ကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union)/ ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ကို စတင်ဖွဲ့စည်းခဲ့ဖြစ်သည်။

    “လက်ရှိမှာလည်း ဥပမာချင်းပြည်မြောက်ပိုင်းမှာဆိုရင် ဖလမ်းမြို့နယ်ထဲမှာ ၊ တီးတိန်မြို့နယ်ထဲမှာ တိုက်ပွဲတွေတောက်လျှောက်ဖြစ်နေပါတယ်။ ချင်းပြည်တောင်ပိုင်းမှာဆိုရင်တော့ မကွေးတိုင်းထဲမှာ ပေါက်မြို့နယ်ထဲမှာဖြစ်ပါတယ်။ ကျနော်တို့က မကွေး တိုင်းထဲအထိဆင်းပြီးမှ စစ်ကောင်စီရဲ့ ထိုးစ စ်ကို တွန်းလှန်နေတာ၊ စစ်ကောင်စီကိုတိုက်ခိုက်နေတာတွေရှိပါတယ်။ ပြီးခဲ့တဲ့ ၅ လ ၆ လလောက် တောင်ရှိပါပြီ။ တောက်လျှောက်ပေါ့နော်။ ဒီထက်ပိုထိရောက်တဲ့ပူးပေါင်းမှုမျိုး ၊ ပူးပေါင်းစစ်ဆင်ရေး မျိုးအထူး သဖြင့် SRA ပေါ့နော်၊ ပြီးတော့မှ လည်း NUG PDF တွေနဲ့ ပူးပေါင်းပြီးမှ ကျနော်တို့ ထိုးစစ် ဆင် ခြင်းအားဖြင့် ပြည်ထောင်စုလွတ်မြောက်ရေးမှာ တစိတ်တဒေသအဖြစ်ပါဝင်နိုင်ဖို့လည်း လုပ် ဆောင်သွားဖို့ရှိပါတယ်။” ဟု ဆလိုင်းယောမန်က ဆက်လက်ရှင်းပြသည်။

  • ပသစ ကျားဖြန့်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ရှင်မင်းမြတ်

    ပသစ ကျားဖြန့်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ရှင်မင်းမြတ်

    ရဲတပ်ဖွဲ့သို့ တိုင်ကြားစာ (ဖြစ်စဉ်ဖော်ပြချက်)

    ကျွန်ုပ် အောင်ကျော်စိုး (မှတ်ပုံတင်အမှတ် ၁၃/ကလတ(နိုင်) ၀၄၄၁၈၅) သည် အောက်ပါအတိုင်း ဖြစ်ပွားခဲ့သော အမှုအခင်းအား တရားဝင် တိုင်ကြားလိုပါသည်။

    မိတ်ဆွေတစ်ဦး၏ မိတ်ဆွေမှတဆင့် မိတ်ဆွေ၏ မိတ်ဆွေဟု ဆိုသူတစ်ဦးက မင်္ဂလာပွဲဆိုင်ရာ ကိစ္စဖြင့် ဖိတ်ကြားခဲ့ပါသည်။ ထိုသူအား ယုံကြည်မှုဖြင့် လက်ခံခဲ့ပြီး ၎င်းတို့ဘက်မှ ရန်ကုန်မှ မန္တလေးသို့ လေယာဉ်လက်မှတ်ကို ကြိုတင်စီစဉ်ပေးခဲ့ပါသည်။ ထို့ကြောင့် ကျွန်ုပ်အနေဖြင့် လုံခြုံရေးအတွက် သတိမပြုနိုင်ခဲ့ပါ။

    ၎င်းတို့၏ စီစဉ်မှုအရ 2026 ဇန်နဝါရီလ 4 ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ လေယာဉ်ဖြင့် ခရီးသွားခဲ့ပြီး မန္တလေးမြို့ရှိ Magic Hotel တွင် တည်းခိုစေခဲ့ပါသည်။

    5 ရက်နေ့ မနက် 5:30 အချိန်တွင် မူဆယ်မြို့သို့ သွားရန် ဟိုတယ်မှ ကားဖြင့် လာရောက်ခေါ်ယူခဲ့ပါသည်။ မူဆယ်ရောက်ရှိပြီး ဟော်ရှင်း ဟိုတယ်တွင် တည်းခိုစေခဲ့ပါသည်။

    ညနေစာစားပြီးနောက် ပွဲကျင်းပမည့်နေရာကို ကြည့်ရှုပြင်ဆင်ရန် သွားလိုကြောင်း ပြောကြားခဲ့ရာ ၎င်းတို့ဘက်မှ လူ ၄ ဦးဖြင့် လာရောက်ခေါ်ယူခဲ့ပါသည်။

    ထိုသူများထဲတွင် တစ်ဦးမှာ ပြည်သူ့စစ်ဟု ကိုယ်တိုင်ပြောသူဖြစ်ပြီး နှစ်ဦးမှာ မြန်မာ-ယူနန် စကားပြောနိုင်သူများ တစ်ဦးမှာ ကိုးကန့်လူမျိုး ဖြစ်ပါသည်။

    ကားစီးရာတွင် ရှေ့ထိုင်ခုံတွင် ၂ ဦး၊ နောက်ထိုင်ခုံတွင် ၂ ဦးထိုင်ပြီး ကျွန်ုပ်နှင့် ကျွန်ုပ်၏ မိတ်ဆွေမှာ တတိယနှင့် စတုတ္ထထိုင်ခုံတွင် ထိုင်ခဲ့ပါသည် (ကျွန်ုပ်သည် အပြင်ဘက်ဘက်တွင် ထိုင်ပါသည်)။

    ၎င်းတို့က လူမရှိသော အမှောင်နေရာသို့ ကားမောင်းသွားပြီး “ဆီးသွားမည်” ဟု ဆိုကာ ကျွန်ုပ်တို့ကို ကားအတွင်း ထိုင်စေခဲ့ပါသည်။

    ထို့နောက် ဆီးမသွားဘဲ အနက်ရောင် ခေါင်းအိတ်များဖြင့် ကျွန်ုပ်တို့၏ မျက်လုံးများကို ဖုံးအုပ်ကာ လက်ထိပ်များ ချည်နှောင်ခဲ့ပြီး ကျားဖြန့် လိမ်လည်မှုလုပ်ငန်းများ ပြုလုပ်နေသော ဂိုဏ်းစခန်း သို့ ခေါ်ဆောင်သွားခဲ့ပါသည်။

    ထိုနေရာတွင် ကျွန်ုပ်နှင့် မိတ်ဆွေအား ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယခင်က လောက်ကိုင်တွင် ဖြစ်ပွားခဲ့သော အမှုအခင်းကို အကြောင်းပြု၍ ပထမဦးစွာ ငွေကျပ် သိန်း 7000 တောင်းဆိုခဲ့ပြီး နောက်ပိုင်း သိန်း 6000 သို့ လျှော့ချကာ ၆ ရက်နေ့တွင် ငွေအပြည့်စုဆောင်းပေးရန် အတင်းအကြပ် တောင်းဆိုခဲ့ပါသည်။

    ညအတွင်း ငွေမစုဆောင်းနိုင်ခဲ့သဖြင့် ကျွန်ုပ်အား ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး WeChat ကို ဖွင့်စေကာ ကျွန်ုပ်၏ မိတ်ဆွေ ၁၀,၀၀၀ ကျော်ထံမှ ငွေချေးရန် အတင်းအကြပ်ခိုင်းစေခဲ့ပါသည်။

    အစပိုင်းတွင် ကျပ်သိန်း500ကျော် ချေးယူနိုင်ခဲ့သော်လည်း ၎င်းတို့မကျေနပ်ဘဲ လူ ၄/၅ ဦးဖြင့် ဆက်လက် ရိုက်နှက်ခဲ့ပါသည်။

    လက်ခံငွေများကို ကျွန်ုပ်၏ KBZ Bank နှင့် KPay အကောင့်များဖြင့် လက်ခံစေခဲ့ပြီး ငွေရရှိသည်နှင့် ချက်ချင်း အခြားအကောင့်များသို့ လွှဲပြောင်းခဲ့ပါသည်။

    နောက်ဆုံးတွင် ကျပ်သိန်း 6000 မရှာနိုင်ကြောင်း မြင်လာသဖြင့် နောက်ဆုံးအခွင့်အရေးအဖြစ် ကျပ်သိန်း 3000 အပြည့်အစုံ ပေးနိုင်ပါက လွှတ်ပေးမည်၊ မပေးနိုင်ပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။

    မိသားစုနှင့် ကူညီပေးသော အချို့သော လူကောင်းများ၏ အကူအညီဖြင့် ကျပ်သိန်း 3000 ကျော်ပေးအပ်ခဲ့ရပြီး 9 ရက်နေ့ မနက် 5:30 အချိန်တွင် မူဆယ်မြို့ရှိ လူမရှိသော လမ်းကြားတစ်ခုသို့ ခေါ်သွားကာ ကျွန်ုပ်တို့ကို လမ်းဘေးတွင် ပစ်ချခဲ့ပါသည်။ ၃ မိနစ်ကြာပြီးမှသာ ထရန် ခွင့်ပြုခဲ့ပါသည်။

    ၎င်းတို့က ကျွန်ုပ်တို့၏ မှတ်ပုံတင်ကတ်နှင့် ကျပ် 10 သိန်းသာ ပြန်ပေးခဲ့ပြီး ပတ်စ်ပို့၊ အိတ်အထုပ်များနှင့် ကိုယ်ပိုင်ပစ္စည်းများအားလုံးကို သိမ်းဆည်းထားခဲ့ပါသည်။

    လွတ်မြောက်မလာမီညတွင် ကျွန်ုပ်တို့အား အတွင်းခံမဝတ်ဘဲ ဗီဒီယိုရိုက်ကူးခဲ့ပြီး ၎င်းတို့ ပြောခိုင်းသည့် စကားများအတိုင်း ပြောစေခဲ့ပါသည်။

    ထိုဗီဒီယိုများဖြင့် ခြိမ်းခြောက်ကာ “ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ ငွေ သိန်း3000 ချေးယူထားသည်” ဟု ပြောဆိုရသည့် ဗီဒီယိုကိုပါ ရိုက်ကူးစေခဲ့ပါသည်။

    အမှန်တကယ်တွင် ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ ငွေမချေးယူထားပါ။

    ၎င်းတို့က အကယ်၍ အပြင်ထွက်ပြီး အမှန်အတိုင်း ပြောဆိုပါက သို့မဟုတ် ရဲတပ်ဖွဲ့သို့ တိုင်ကြားပါက ထိုဗီဒီယိုများကို အွန်လိုင်းပလက်ဖောင်းများတွင် ဖြန့်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။

    ထိုအမှုအခင်းနှင့်ပတ်သက်၍ ကျွန်ုပ်သည် မန်းလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်အား ဆေးရုံရှိ မှုခင်းရဲတပ်ဖွဲ့အား တရားဝင် တိုင်ကြားလိုက်ပါသည်။

    ထိုကြောင့် ဤအမှုအား စုံစမ်းစစ်ဆေးပေးပါရန်နှင့် တရားဥပဒေအရ အရေးယူပေးပါရန် လေးနက်စွာ တောင်းဆိုအပ်ပါသည်။

  • ICJ ၏ ကြားဖြတ်အစီအမံများကို မြန်မာစစ်အုပ်စုက မလိုက်နာကြောင်း ဂမ်ဘီယာရှေ့နေများ လျှောက်လဲ

    ICJ ၏ ကြားဖြတ်အစီအမံများကို မြန်မာစစ်အုပ်စုက မလိုက်နာကြောင်း ဂမ်ဘီယာရှေ့နေများ လျှောက်လဲ

    နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ထားသည့် ကြားဖြတ်အစီအမံ (Provisional Measures) များကို မြန်မာစစ်ကော်မရှင်တပ်က လိုက်နာမှုမရှိဘဲ ဆက်လက်ချိုးဖောက်နေကြောင်း ဂမ်ဘီယာရှေ့နေများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ကြားနာစစ်ဆေးမှုတွင် အထောက်အထားသစ်များဖြင့် လျှောက်လဲခဲ့ကြသည်။

    ဂမ်ဘီယာရှေ့နေ အာစလန်ဆူလေမန်က မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးသော ရိုဟင်ဂျာ ၆၀၀,၀၀၀ သိန်းခန့်မှာ စစ်တပ်၏ ဖိနှိပ်မှုနှင့် လူမျိုးရေးခွဲခြားအုပ်ချုပ်သောစနစ်အောက်တွင် ဒုက္ခခံစားနေရကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။ ၎င်းတို့သည် တင်းကျပ်သော ခွဲခြားဆက်ဆံမှုများ၊ သွားလာခွင့်ကန့်သတ်ချက်များအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများပါ ပိတ်ဆို့ခံထားရသည်ဟု ဆိုသည်။

    ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရိုဟင်ဂျာ ၅,၀၀၀ ကျော်ကို စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းခဲ့ပြီး အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများတွင် “လူသားဒိုင်း” အဖြစ် အသုံးပြုခဲ့ကြောင်း၊ ယင်းကြောင့် ရိုဟင်ဂျာအများအပြား သေဆုံး၊ ပျောက် ဆုံးခဲ့ရကြောင်း ကုလသမဂ္ဂအစီရင်ခံစာများကို ကိုးကား၍ ရှေ့နေ အာစလန်က တင်ပြခဲ့သည်။

    ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက လူပေါင်း ၆၀,၀၀၀ ကျော်ကို တလစာ ကျွေးမွေးနိုင်သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိက္ခာတန်ချိန် ၁,၁၇၅ ကျော်ရှိသော ဂိုဒေါင်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းသည် လူမျိုးတစုလုံး ပျက်စီးစေရန် တမင်ဖန်တီးသည့် လုပ်ရပ်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ယင်းလုပ်ရပ်များကြောင့် အချို့သော IDP စခန်းများတွင် ငတ်မွတ်လွန်းသဖြင့် မိမိကိုယ်ကို သတ်သေမှုများအထိ ရှိနေသည်ဟု ဆိုသည်။

    စစ်အုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သော လူမှုကွန်ရက်များမှတဆင့် အမုန်းစကားများ ဆက်တိုက်ဖြန့်ဝေနေဆဲဖြစ်ကြောင်းနှင့် အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများကို အစ္စလာမ်ဘာသာနှင့် ဆက်စပ်ကာ အမုန်းတရားများ ပျံ့နှံ့အောင် လုပ်ဆောင်နေကြောင်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ အစီရင်ခံစာကို ကိုးကား၍ ရှေ့နေ အာစလန်က တင်ပြခဲ့သည်။

    အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် အာဏာသိမ်း စစ်အုပ်စုကို ဆန့်ကျင်နေသူများအား လက် နက်တပ်ဆင်ပေးနေသည်ဟု စစ်ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အခြေအမြစ်မရှိဘဲ စွပ်စွဲပြောဆိုခဲ့သည်ဟု ရှေ့နေက လျှောက်လဲခဲ့သည်။

    အလားတူ ရှေ့နေ ဂျက်စီကာဂျုံးကလည်း မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ရုံသာမက ကျူးလွန်သူများကို အရေးယူရန် ပျက်ကွက်ခြင်းဖြင့် နိုင်ငံတကာ တာဝန်ဝတ္တရားများကို ချိုးဖောက်နေကြောင်း လျှောက်လဲခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်းက စစ်တပ်မှ တာဝန်ရှိသူတဦးက “ရှိတဲ့လက်နက်ကိုင်ပြီး ဒီသတ္တဝါတွေကို ရင်ဆိုင်ကြ” ဟု ပြောဆိုခဲ့သော ဗီဒီယိုမှာ လူမျိုးတုံးသတ်ဖြတ်ရန် တိုက်ရိုက်လှုံ့ဆော်မှုဖြစ်ကြောင်း သက်သေအဖြစ် တင်ပြခဲ့သည်။

    စစ်ကော်မရှင်တပ်သည် ICJ ၏ ကြားဖြတ်အစီအမံများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ဂမ်ဘီယာဘက်က အခိုင်အမာ လျှောက်လဲတင်ပြသွားခဲ့သည်။

  • လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်ပြော

    လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်ပြော

    မန္တလေးတိုင်း၊ ‎မြင်းခြံခရိုင် ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ယောက်ျား ဒုတိယပျူစောထီး ခေါင်းဆောင်ကို မြင်းခြံ အမှတ် (၃) တပ်ရင်းမှ ဖမ်းဆီးထားပြီး လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်က သူမရဲ့ လူမှုကွန်ရက်မှတဆင့် ပြောဆိုလိုက်ပါတယ်။

    သီတာယုမွန်ရဲ့ ယောက်ျားစိန်လွင်ကို မူးယစ်ဆေးဝါး၊ လိင်စိတ်ကြွဆေးဝါးများနဲ့အတူ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံ အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

    ယောကျာ်းဖြစ်သူကို PDF တို့ ဖမ်းဆီးထားသော်လည်း မြင်းခြံပျူခေါင်းဆောင် သီတာယုမွန် ထမင်းစားမပျက်

    မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်သည် ယောကျာ်းဖြစ်သူကို PDFတပ်ဖွဲ့က ဖမ်းဆီးထားသော်လည်း ထမင်းစားမပျက်ကြောင်းသိရသည်။

    ဇန်နဝါရီ ၁၄ရက်၊ နံနက် ၉နာရီခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်းတစ်နေရာတွင် ပုဂံသို့ အပန်းဖြေခရီးထွက်လာသည့် မြင်းခြံပျူစောထီးခေါင်းဆောင်၏ ယောကျာ်းဖြစ်သူ စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

    ” ဝမ်းသာရအောင်ဆို ငါလည်းဝမ်းသာတယ်။ ကျမ ရင်တောင်မခုန်ဘူး” ဟု မြင်းခြံပျူခေါင်ဆောင်းသီတာယုမွန်က ထမင်းစားရင်း မီဒီယာတစ်ခု၏ အင်တာဗျူးကြည့်ကာ ရိုက်ကူးထားသည့် ရုပ်သံဖိုင်တွင် ပြောဆိုထားသည်။

    ပြည်သူ့စစ်လုပ်ရသည်ကို သဘောမကျကြောင်း၊ သူလုပ်လုပ်၊ မလုပ်လုပ် ပြည်သူစစ်က ရှိနေမည်ဖြစ်ကြောင်း သီတာယုမွန်ယောကျာ်းစိန်လွင်က မြင်းခြံခရိုင်အမှတ် ၃တပ်ရင်း၏ စစ်ဆေးမေးမြန်းထားသည့် ရုပ်သံဖိုင်တွင် ပြောကြားထားသည်။

    “ကိုယ့်အလုပ်ကိုယ် လုပ်နေရတာပဲ သဘောကျတယ်။ ပြည်သူ့စစ်ကို လုပ်ရတာ သဘောမကျဘူး။ ကျနော် ပြည်သူ့စစ် မလုပ်ဘူးဗျာ။ သဘောက။ လုပ်ရတာသဘောမကျဘူး။ ပြည်သူ့စစ်ကတော့ ကျနော်ကျကျ မကျကျရှိနေမှာပဲကို သူ့ဟာသူ။ ကျနော်လည်း တားလို့မှမရတာ” ဟု စိန်လွင်ကပြောသည်။

    ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများသည် ကိုယ်တိုင်သုံးစွဲခြင်းဖြစ်ကြောင်းလည်း စိန်လွင်က ဝန်ခံထားသည်။

    စိန်လွင်သည် အသက် ၄၄ နှစ်အရွယ်ရှိပြီး မြင်းခြံမြို့ အမှတ် ၁၉ရပ်ကွက်၏ ဒုပျူစောထီးခေါင်းဆောင်ဖြစ်သည်။

    စိန်လွင်နှင့်အတူ လက်နက်များလည်း မပါသဖြင့် ဖမ်းဆီးသည့်အချိန်တွင် ပြန်လည်ခုခံခြင်းမရှိပေ။

    ရုပ်သံ – လူမှုကွန်ရက်

  • စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင်တပ်ကြပ်ကြီး စံဝင်းနှင့် တပ်ကြပ် ပြည့်စုံအောင်တို့ စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်

    စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင်တပ်ကြပ်ကြီး စံဝင်းနှင့် တပ်ကြပ် ပြည့်စုံအောင်တို့ စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်

    စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင်တပ်ကြပ်ကြီး စံဝင်းနှင့် တပ်ကြပ် ပြည့်စုံအောင်တို့ စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦးလုံး သေဆုံး

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင် အကြမ်းဖက် စစ်သား ၂ ဦး စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်စဉ် ၂ ဦးလုံး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    မကြာသေးမီ ယခုဇန်နဝါရီလအတွင်း စစ်တွေမြို့ အခြေစိုက် ခလရ ၂၃၂ တပ်ရင်းရှိ ဂိတ် ၂ တွင် ခွဲတပ်ကြပ်ကြီး စံဝင်းနှင့် တပ် ကြပ် ပြည့်စုံအောင် တို့ ၂ ဦး အရက်သောက်ပြီး စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများ ရန်ဖြစ်ရာမှ တပ်ကြပ် ပြည့်စုံအောင်က လက်ပစ်ဗုံးထုတ်၍ ပစ်ခတ်ရာမှ ၂ ဦးလုံး ဗုံးစ ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော တပ်ကြပ်ကြီး ၂ ဦးသည် ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ထွက်ပြေးသွားသူများဖြစ်ပြီး စေတုတ္တရာမြို့နယ်တွင် တာဝန်ကျနေရာမှ စစ်တွေမြို့သို့ ပြောင်းရွှေ့လာရသူများဖြစ်ကြောင်း၊ တပ်ကြပ်ကြီး ပြည့်စုံအောင်သည် မိုးကုတ်မြို့ ဇာတိဖြစ်ကြောင်း သိရှိရသည်။

    “ဂိတ် ၂ မှာတင် ခွဲတပ်ကြပ်ကြီး စံဝင်းနဲ့ တပ်ကြပ် ပြည့်စုံအောင်တို့ မူးပြီး စကားများကြတယ်။ အဲလိုစကားများကြရင်းနဲ့ လက် ပစ်ဗုံးနဲ့ တပ်ကြပ် ပြည့်စုံအောင်က ပစ်လိုက်တာ ၂ ယောက်လုံး ဗုံးစထိမှန်ပြီး သေဆုံးတယ်။ အဲဒီ ၂ ယောက်က ၁၀၂၇ စတော့ သူတို့တွေ ထွက်ပြေးသွားရတာရှိတယ်။ ထွက်ပြေးပြီးမှ မကွေးကို ရောက်သွားတာ။ မကွေးတိုင်းထဲ စေတုတ္တရာမြို့နယ်ထဲ ရောက်သွားတာ။ အဲဒီကနေ သူတို့က သေကံမရောက်သက်မပျောက်ဆိုပြီး ပြန်လာတာ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    ထိုဖြစ်စဉ်ကို တပ်ရင်းမှူးများက သတင်းဖုံးရန် လုပ်ဆောင်နေသော်လည်း တိုင်းမှူးနှင့် ဒကစ မှူးများ ရောက်ရှိနေသောကြောင့် သတင်းဖုံးမရဘဲ AA က လက်ပစ်ဗုံးဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်သည်ဟု သတင်းလိမ်လည်ခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်တွေမြို့အနီးတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းကြောင့် ခလရ ၂၃၂ တပ် ရင်း၊ ခမရ ၃၄၄ တပ်ရင်းနှင့် စနခ ၃၄၃ တို့တွင် အကြမ်းဖက် စစ်တပ်က တပ်ဖြန့်၍ တိုက် ပွဲဝင်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ AA ကလည်း စစ်တွေမြို့ အနီးကို တကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။