Category: News

  • စင်ကာပူ DJ မယ် Sakura Soh ဂျပန် AV လောကထဲကို ဝင်တော့မယ်

    စင်ကာပူ DJ မယ် Sakura Soh ဂျပန် AV လောကထဲကို ဝင်တော့မယ်

    “စင်ကာပူ DJ မယ် Sakura Soh ဂျပန် AV လောကထဲကို ဝင်တော့မယ်”

    စင်ကာပူက နိုက်ကလပ် DJ တစ်ဦးဖြစ်တဲ့ Sakura Soh ဆာကူရာဆိုးဟာ နိုက်ကလပ် DJ ဘဝကနေ OnlyFans မယ်ဖြစ်လာခဲ့တာပါ။

    အဲဒီကနေ ဂျပန်နိုင်ငံရဲ့ အပြာရုပ်ရှင်လုပ်ငန်း (AV လောက) ထဲကို ခြေလှမ်းသစ်လှမ်းတော့မယ်လို့ ဆိုပါတယ်။

    Sakura Soh ဟာ ငယ်ဂုဏ်လေးရှိပြီး နိုက်ကလပ် DJ လုပ်ရာမှာ ရုပ်ရည်လေးက သနားကမားနဲ့မို့ လူကြိုက်များတဲ့ DJ ဖြစ်ခဲ့တာပါ။ သူ့ Instagram မှာ followers ၁•၄ သန်းကျော်ရှိပါတယ်။

    ဒါပေမဲ့ ကိုဗစ်ကာလမှာ နိုက်ကလပ်လုပ်ငန်းတွေ ထိခိုက်ခဲ့ရတဲ့အတွက် ဆာကူရာဆိုးဟာ အသက်မွေးလမ်းကြောင်း Career path ကို OnlyFans လောကထဲကို ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။

    အခုဂျပန် AV လောကထဲဝင်မှာနဲ့ ပတ်သက်ပြီး သူပြောပြတာက သူဟာ ငယ်စဉ်ကတည်းက ဂျပန်အပြာရုပ်ရှင်တွေကို ကြည့်ခဲ့ဖူးပြီး တစ်နေ့ မှာ သူဘဝမှာ ဒီလိုမျိုးတစ်ခါလောက် လုပ်ကြည့်ချင်တဲ့ အရာ (Bucket list) ထဲ ထည့်လိုက်တယ်လို့ ဆိုပါတယ်။

    (ဟဲ့ … ပလုတ်တုတ်)

    (ငယ်စဉ်ကာလ ရည်မှန်းချက်က ကြီးမားလိုက်ထှာ သမီးရယ်)

    ဒါကြောင့်လည်း ဂျပန်အပြာရုပ်ရှင်ကုမ္ပဏီက ကမ်းလှမ်းလာတဲ့အခါမှာ တွန့်ဆုတ်မနေဘဲ လက်ခံခဲ့တာလို့ ဆိုပါတယ်။

    (အမလေး … ဘယ်လောက်တောင် စိတ်အားထက်သန်နေသလဲဆိုရင် … )

    ဂျပန်နိုင်ငံကို အကြိမ်ကြိမ် သွားပြီး ရိုက်ကူးရေးနည်းစနစ်တွေနဲ့ သရုပ်ဆောင်ပိုင်းဆိုင်ရာ သင်တန်းတွေကိုပါ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    (ဒါမျိုးက သရုပ်ဆောင်ပိုင်းဆိုင်ရာ သင်တန်းတက်ဖို့ လိုလို့လား 🙄 … လိုတယ်ဆိုရင် ပုရိသတွေ လှည့်စားခံနေရတာပေါ့ … တို့ဆီကကောင်တွေက သူတို့ ကီမုချိအော်တာ တကယ်လို့ထင်နေတာ)

    အမလေးလေး ထပ်ပြောပါသေးတယ် …

    အပြာလောကထဲဝင်တယ်ဆိုတာက သူ့ရဲ့အပြစ်ကင်းစင်တဲ့ပုံရိပ်ကနေ ပိုပြီးရင့်ကျက်တဲ့ ပုံရိပ်တစ်ခုအဖြစ်ကို ပရိသတ်တွေကို ပြသချင်လို့ လို့ဆိုပါတယ်။

    “သမီးကလေ ကင်မရာရှေ့မှာ စမီး ဘယ်လောက်အထိ ကြိုးစားထားလဲဆိုတာကို စမီးပရိတ်သတ်တွေကို ခံစားမိစေချင်တာပါ” တဲ့ …

    (ထူးဆန်းပါပေ့ … ဆရာတွတ်ရယ် …)

    ပြောချင်တာက စလုံးသူ မိန်းကလေးတွေက အပြာလောကထဲဝင်တာ ရှားပါတယ်။ ဝင်ခဲ့ရင်လည်း စလုံးမိန်းကလေးတွေက ထူးထူးခြားခြားလုပ်ချလိုက်လေ့ရှိပါတယ်။

    ကျနော်တို့ ကျောင်းသားဘဝတုန်းက Annabel Chong နာမည်ကြီးပါတယ်။ နာမည်ကြီးဆို ကမ္ဘာ့စံချိန်ပထမဆုံးတင်ခဲ့သူဖြစ်ခဲ့တာကိုး။ သိမီလိုက်သူတွေ ရှိရင် ကမ္ဘာ့စံချိန်ပထမဦးဆုံး ဘယ်လိုတင်ခဲ့တယ်ဆိုတာ သိမှာပါ။

    Annabel Chong ကတော့ အပြာလောကကနားပြီး Software အင်ဂျင်နီယာလုပ်သွားပြီလို့ ဆိုပါတယ်။

    အခုလည်း Annabel Chong ထက်စွမ်းတဲ့ Sakura Soh ကို ဂျပန် AV ဗီဒီယိုတွေမှာ တွေ့ရတော့မှာဖြစ်ပါတယ်။

    ဒီကန်မလေးကို ကြည့်ရတာ ရင်လေးစရာပါ။

    Richard Myo Thant

  • နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိဟု ပြော

    နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိဟု ပြော

    စစ်ကိုင်းမြို့ပေါ်တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများက လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိဟု ပြော

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများက လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိသည်ဟု ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများကို စစ်အရာရှိများက ပြောဆိုလာကြောင်း သိရှိရသည်။

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်အနှံ့တွင် စစ်သား၊ ရဲ၊ ပျူစောထီးများက လူငယ်များကို ကားဖြင့် နေစဉ်လိုက်ဖမ်းနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ပြောကြား သည်။

    ယမန်နေ့ ဇန်ဝါရီလ ၉ ရက် နံနက် ၇ နာရီခန့်က စစ်ကိုင်းမြို့အဝင် ဆိုင်းဘုတ်နားနှင့် ရွှေမင်းဝံရပ်ကွက် ၁ လမ်းတို့တွင် ဈေးသွားကြသည့် လူငယ်များနှင့် အလုပ်သွားသည့်လူငယ်များကို စစ်သား၊ ရဲနှင့် ပျူ စောထီးများက ဖမ်းဆီးသွားရာ လူငယ် ၂၅ ဦးခန့်ပါသွားကြောင်း၊ ယင်းလူငယ်များကို လိုက်ထရပ်ကား ဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

    “ရွှေမင်းဝံရပ်ကွက်အဝင်မှာ ဆွဲတာက ၃ ရက်ဆက်တိုက်ရှိပြီ။ ဆွဲတာက တမြို့လုံးကို ပတ်ဆွဲနေတာ ပါ။ ဒီတနေရာဆွဲပြီးရင် နောက်တစ်ရပ်ကွက်ပြောင်းပြီး ဆွဲတယ်။ အလုပ်သွား၊ ဈေးသွားကြတဲ့ ယောက်ျားလေးတွေကို အကုန်လိုက်ဆွဲတာ။ လူငယ်တွေလည်း မရှိလို့ လုပ်စားနေရတာကို အလုပ် သွားအလုပ်ပြန် ကြည့်သွားနေရပါတယ်။ အလုပ်မလုပ်လို့က မသွားလို့ကလည်း မဖြစ်ဘူးမို့ ကံကို ပုံချပြီး သွားနေရပါတယ်။ပေါ်တာဆွဲ တာတွေက စစ်ခွေး ရဲခွေး ပျူခွေး ပေါင်းစုံပါ။ စစ်ကိုင်းတောင် ပေါ်က ဝေပုလ္လ ကတုံး ဦးဆောင်တဲ့ ပျူအဖွဲ့ကောပါပါတယ် သူတို့ပျူအဖွဲ့က အဆိုးဆုံးပါ။လူသတ် လုယက် မုဒိမ်းကျင့်၊ ငွေညှစ် ပြန်ပေးဆွဲ အဖွဲ့ပါ။ ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ ဖခင်ဖြစ်သူက ပြောကြားသည်။

    ဇနန်ဝါရီလ ၈ ရက်နေ့ကလည်း စစ်ကိုင်းမြို့အဝင်ဆိုင်းဘုတ်၊ စစ်ကိုင်းတံတားပေါ်တွင် လူ ငယ်များကို ဖမ်းဆီးသည့်အပြင် ဆိုင်ကယ်ပါက ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း၊ ယင်းဆိုင်ကယ်များကို ပြန်ရွေးချင်ပါက ငွေကြေးပေးဆောင်ရသည့်အပြင် လူကို ရွေးယူပါက ငွေကျပ် သိန်း ၁၀၀ မှ ၁၅၀ သိန်းအထိ ပေးနေကြရကြောင်း သိရသည်။

    ထိုသို့ ရွေးချယ်ရာတွင်လည်း စစ်တပ်နှင့်ပတ်သက်ဆက်နွှယ်သူများသာ ရွေးချယ်ခွင့်ရရှိပြီး စစ်တပ် အသိုင်းအဝန်းနှင့် ပတ်သက်သူများဖြစ်ပါက ငွေကြေးယူဆောင်ခြင်းမရှိဘဲ လွှတ်ပေးမှုများလည်းရှိ ကြောင်း သိရသည်။

    “ဒီစစ်ကိုင်းက ကောင်တွေက ဆွဲရင် လူကောအပြင် ဆိုင်ကယ်တွေပါ သိမ်းတာ။ ကားပေါ်ပါ တဲ့ သူဆိရင် ဆွဲတယ်။ ပါသွားရင် ဆိုင်ကယ်ရော၊ လူရော အဆုံးပဲ။ လူမရလို့ ဆိုင်ကယ်ပြန်ရွေးမယ် ဆိုရင်လည်း ပိုက်ဆံပေးပြီးမှ ထုတ်လို့ရတယ်။ လူကိုရွေးချင်ရင် သိန်း ၁၀၀ ကနေ သိန်း ၁၅၀ အထိ ပေးကြရတယ်။ စစ်ကိုင်း ထွေအုပ်ရုံးမှာ လိုက်ထုတ်ရပါတယ် အချိန်မီ မထုတ်နိုင်တဲ့သူတွေဆို ထွေ အုပ်ရုံးကနေ တဆင့် စစ်ကိုင်း တပ်မ ၃၃ကို ပို့တယ်။ ထွေအုပ်ရုံးမှာ ထုတ်ရပြုရ ညှိရတာပေါ့။ အဲဒီလို ရွေးတာတောင် ပတ်က် ရာပတ်သက်ကြောင်းရှိတဲ့သူတွေနဲ့ လိုက်မှ ပိုက်ဆံပေးနိုင်တဲ့သူမှ ရွေးနိုင် တာ။ အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းနဲ့ ပတ်သတ်တဲ့ သားသမီးတွေ လူတွေ ဆိုရင်တော့ တန်း လွှတ်ပါတယ် ဆွဲမထားဘူး” ဟု အခြားဖမ်းဆီးခံလူငယ်တစ်ဦး၏ အစ်ကိုဖြစ်သူက ရှင်းလင်းပြောဆိုသည်။

    စစ်ကိုင်းတွင် ဖမ်းဆီးခံထားရသော လူငယ်များ၏ မိဘဆွေမျိုးများက မိမိတို့သားများကို ပြန်လည် ရွေးယူနိုင်ရေး ကြိုးပမ်းရာတွင် စစ်တပ်က နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိသည်ဟု စစ်ကိုင်းအခြေစိုက်တပ်မ ၃၃ မှ စစ်အရာရှိများက ပြောဆိုကြောင်း သိရှိရသည်။

    စစ်ကိုင်းမြို့ပေါ်တွင် ပေါ်တာဆွဲသည့် နေရာများမှာ စစ်ကိုင်းတံတားပေါ် စစ်ကိုင်းအထွက် ၊ နွားပွဲ စျေး အိမ်ရာ၊ သံလမ်းကူး၊ ကျော်ထက်ကွေ့ မီးပွိုင့်၊ ချင်းစုမီးပွိုင့်၊ စစ်ကိုင်းမြို့မစျေး မီးပွိုင့်၊ စစ်ကိုင်း ရုပ်ရှင်ရုံ အဟောင်းအနီး၊ စစ်ကိုင်းအဝိုင်းပတ် ၊ မန္တလေး-မုံရွာလမ်းပေါ် စစ်ကိုင်းမြို့ အထက ၃ စာ သင်ကျောင်းအနီး၊ မကျီးစဥ်ရွာ၊ ရွာထောင် စက်ခေါင်းစက်ရုံအနီးရှိ တမာတန်း၊ စစ်ကိုင်းမြို့ နှစ် ၇၀၀ ကွင်း၊ ရွှေမင်းဝံရပ်ကွက် အဝင် ဆိုင်းဘုတ်အနီး၊ ရွှေမင်းဝံရပ်ကွက် ၁ လမ်း တကြော၊ ရွှေမင်းဝံ ရပ်ကွက်၊ ဒီဇယ်စက်ခေါင်း စက်ရုံရှိသည့် ဒီဇယ်ရပ်ကွက်၊ ဇေယျာကွက်သစ်ရပ်ကွက် သွားသည့်လမ်း ဘက်၊ စစ်ကိုင်းမြို့ရှောင်လမ်းဘေးနှင့် နီလာရပ်ကွက်ရှိ ဆန်းဘရားသား သံရည်ကျိူစက်ရုံအနီး နေ ရာများတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေမှု အများဆုံးတွေ့ရကြောင်း သိရသည်။

    ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသော လူငယ်များကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

  • မြန်အောင်မြို့ အနီး ဧရာဝတီမြစ်အတွင်းမှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းပေါက်

    မြန်အောင်မြို့ အနီး ဧရာဝတီမြစ်အတွင်းမှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းပေါက်

    “ရခိုင်ကမ်းလွန်ကနေ ပဲခူးတိုင်းဘက်ကို ချိတ်တဲ့ ပိုက်လိုင်းလို့တော့ သိရတယ်။ အဲဒါဖြစ်ဖို့များတယ်။အဲဒီပိုက်လိုင်းကို စမ်းတာ ဘယ်နေရာတွေကို ဖာရမလဲဆိုပြီး စမ်းဖို့အတွက် ဂက်စ်လွှတ်ကြည့်တယ်လို့တော့ သိရတယ်။ မိုးတွင်းမှာ လုပ်လို့မရနိုင်တဲ့အခါကျတော့ အခုလုပ်ဖို့ ကြိုးစားကြည့်ပုံရတယ်”

    မြန်အောင်မြို့အနီး ဧရာဝတီမြစ်ကြောင်းထဲမှာ ဇန်နဝါရီလ ၈ ရက်နေ့က သဘာဝဓါတ်ငွေ့ပိုက်လိုင်း ပေါက်နေတဲ့အတွက် မြစ်ကြောင်းအတွင်းမှာ ရေတွေပွက်ထနေပြီး လှေ၊စက်လှေ၊သင်္ဘောတွေ ကွေ့ရှောင်သွားခဲ့ရပါတယ်။

    “ရေအာက်ကနေ ပြင်းအားတခုခုကြောင့်သာရေတွေပန်းထွက်နေတာ။ဒါကတချို့ပြောနေကြသလို မှုတ်ဝဲ မဟုတ်ပါဘူး။ ဓာတ်ငွေ့ပိုက်လိုင်း ရှိတယ် ကြားမိတော့ အဲ့ဒါကြောင့်လို့ ကျတော်တော့ထင်တယ်လို့” ဧရာဝတီမြစ်ကြောင်းအတွင်း စက်လှေမောင်းသူ တဦးကပြောပါတယ်။

    မြန်အောင်မြို့နယ် မြစ်ကျိုးအုပ်စု ၊ မာလကာကုန်းကျေးရွာ၊ ရောင်နီအရက်ချက်စက်ရုံ အနီး မြန်အောင်-ကြံခင်းလမ်းဘေးရှိ ဧရာဝတီမြစ်အတွင်းမှာ မြစ်ရေတွေဟာ ရေမျက်နှာမြင်အထက် ၆ ပေခန့်အထိ ပွက်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေအကြားမှာတော့ အခုဖြစ်စဉ်ကို မြစ်သဲကျောက်စုပ်နေတဲ့ မော်တော်တွေကြောင့် ပိုက်လိုင်းပေါက်သွားတယ်လို့ ခန့်မှန်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    “ရေအောက်ဂတ်စ်ပိုက်လိုင်းပေါက်တာဖြစ်မယ် ။ ဌာနဆိုင်ရာတွေက ပြင်တာဆင်တာတွေ လုပ်ပါလိမ့်မယ်။ စိုးရိမ်စရာမရှိပါဘူး”လို့ မြန်အောင်မြို့မှ အုပ်ချုပ်ရေးမှုးတယောက်က မှတ်ချက်ပေးပါတယ်။

    ဒီချုပ်ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ဧရာဝတီတိုင်းဒေကြီး မြန်အောင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်ကတော့ ဒီချုပ်အစိုးရကာလ ၂၀၂၀ ကတည်းက မြန်အောင်မြို့နယ်ထဲမှာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ပြန်စဖို့ သူတို့ကိုယ်စားလှယ်တွေ ကွင်းဆင်းဆောင်ရွက်ခဲ့ရတယ်လို့ ပြောပါတယ်။ အခု ဖြစ်စဉ်ကလည်း ပိုက်လိုင်းပေါက်တာ မဟုတ်ပဲ ကုမ္မဏီကနေ သဘာဝဓါတ်ငွေ့ စမ်းသပ်လွှတ်ခဲ့ကြောင်း သတင်းကြားရတယ်လို့ ပြောပါတယ်။

    “ရခိုင်ကမ်းလွန်ကနေ ပဲခူးတိုင်းဘက်ကို ချိတ်တဲ့ ပိုက်လိုင်းလို့တော့ သိရတယ်။အဲဒါဖြစ်ဖို့များတယ်။အဲဒီပိုက်လိုင်းကို စမ်းတာ ဘယ်နေရာတွေကို ဖာရမလဲဆိုပြီး စမ်းဖို့အတွက် ဂက်စ်လွှတ်ကြည့်တယ်လို့တော့ သိရတယ်။ မိုးတွင်းမှာ လုပ်လို့မရနိုင်တဲ့အခါကျတော့ အခုလုပ်ဖို့ ကြိုးစားကြည့်ပုံရတယ်”လို့ ဒေါ်စုစုအောင်က ပြောပါတယ်။

    အခုပိုက်လိုင်းပေါက်တဲ့ ဧရိယာရဲ့ ဧရာဝတီမြစ်အတွင်းမှာ ရောင်နီအရက်ချက်စက်ရုံရဲ့ ရေဆိုးစွန့်ပြွန်လည်း ရှိနေသလို အခုလို မြစ်အတွင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းပေါက်နေတဲ့ အခြေအနေက မြစ်ကြောင်းအတွင်း ရှင်သန်နေတဲ့ အစာကွင်းဆက်တွေအပေါ် အကျိုးသက်ရောက်မှု ၊ မြစ်ရေကို မှီခိုအသုံးပြုနေရတဲ့ ဒေသခံတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့အချက်တွေကို သုတေသနတွေ ပြုသင့်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က သုံးသပ်ပါတယ်။

    မြန်အောင်ရေနံမြေကို ၁၉၆၄ ခုနှစ်ကတည်းက စတင် အကောင်အထည်ဖေါ်ခဲ့တာဖြစ်ပြီး လက်တလောမှာ စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံ နှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) နဲ့ HNA Myanmar Oil & Gas Ltd.တို့က ကုန်းတွင်းလုပ်ကွက်IOR-4(ပြည်ဒေသ) ဧရိယာ-၁ IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၃ က ထွက်တဲ့ ရေနံနှင့် သဘာဝဓါတ်ငွေတွေကို ခွဲဝေခံစားတဲ့ စာချုပ်ကို ၂၀၂၅ ဩဂုတ်လ ၆ ရက်နေ့မှာ ချုပ်ဆိုပြီး အကျိုးတူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

  • မိန်းမဖြစ်သူကို ရောင်းစား ကြက်မလုပ်ခိုင်းတဲ့  သားအဖ

    မိန်းမဖြစ်သူကို ရောင်းစား ကြက်မလုပ်ခိုင်းတဲ့ သားအဖ

    မိန်းမဖြစ်သူကို ရောင်းစား ကြက်မလုပ်ခိုင်းတဲ့၊

    သားရော အဖေရော၊ ထိန်းသိမ်းလိုက်တယ်လို့၊ သိရပါတယ်။

    ပုံထဲက အကောင်က၊ အသက် 22၊ရေခဲမုန့်ရောင်းတယ်။

    ဝဝနဲ့ လူကြီးက၊ ဒီအကောင်ရဲ့ အဖေ။

    ရေခဲမုန့်သည် အကောင်က၊ ကုန်စုံဆိုင်မှာ၊ အလုပ်လုပ်နေတဲ့၊ အသက် 19နှစ်၊ ညီမလေးနဲ့ ယူပီးတော့၊

    ပိုက်ဆံအသုံးကြီးမှုကြောင့်၊ ညီမလေးရဲ့ လစာလဲ မလောက်၊

    အဲတော့၊ ဘာလုပ်သလဲဆို၊ သူ့အဖေနဲ့ အိပ်ခိုင်းပီး၊

    ပုံရိုက်ပီး၊ အပြင်မှာ ရောင်းစားခဲ့တယ်။

    အဲအပြင်၊ သူကိုတိုင် ကြို/ပို့ လုပ်ပေးပီး၊

    ညီမလေးကို ကြက်မလုပ်ခိုင်းခဲ့တာ ၁နှစ်လောက်ရှိပီ။

    ညီမလေးကို အိမ်ထဲမှာ ပိတ်ထားပီး၊ ဘယ်မှ မသွားခိုင်းဘူး။

    အဲတော့ ညီမလေးက၊ နောက်ဆုံး မရရအောင်၊

    ထွက်လာပီး အကူညီ ၊တောင်းခဲ့လို့၊ သတင်းဖြစ်သွားတာ။

    အခု ဒီညီမလေးမှာ ကိုဝန် 3လရှိနေပီး၊

    ယောက်ျားရဲ့ ကိုယ်ဝန်လား/ ယောက်ျား အဖေရဲ့ ကိုယ်ဝန်လားဆိုတာ၊

    မသိတော့ဘူး။

    သူ့ကို ကူညီကြပါလို့၊ ပြောလာပီး၊

    ဆိုင်ရာ လူကြီးတွေက၊ ဒီညီမလေးကို၊ လက်ရှိ စောင့်ရှောက်ထားပီး၊

    သားအဖ၂ယောက်ကိုတော၊ တရားစွဲဖို့ စီစဉ်ထားတယ်လို့၊ သိရပါတယ်။

    အားလုံးက ထိုင်းတွေပါရှင့်။

    ထိုင်း-မြန်မာမူရင်းဘာသာပြန် Nanpiya

  • ရုရှားနှင့် တရုတ်ရန်မှ ကာကွယ်ရန် အနုနည်းဖြင့်မရပါက အကြမ်းနည်းသုံးပြီး ဂရင်းလန်ကို ရယူမည်ဟု ထရမ့် သတိပေး

    ရုရှားနှင့် တရုတ်ရန်မှ ကာကွယ်ရန် အနုနည်းဖြင့်မရပါက အကြမ်းနည်းသုံးပြီး ဂရင်းလန်ကို ရယူမည်ဟု ထရမ့် သတိပေး

    ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို ဟန့်တားရေးအတွက် ဂရင်းလန်ကျွန်းအရေးကို အနုနည်းဖြင့် မရပါက အကြမ်းနည်းသုံး၍ ဆောင်ရွက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။

    “ဂရင်းလန်ကိစ္စကို သူတို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့ တခုခုလုပ်သွားမှာပါ။ ကျွန်တော်တို့က တခုခုမလုပ်ရင် ရုရှား ဒါမှမဟုတ် တရုတ်က ဂရင်းလန်ကို သိမ်းပိုက်သွားလိမ့်မယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်းအဖြစ် အဖြစ်မခံနိုင်ပါဘူး” ဟု စနေနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ထရမ့်က ပြောခဲ့သည်။

    “ကျွန်တော်ကတော့ အနုနည်းနဲ့ပဲ သဘောတူညီမှု ရချင်ပါတယ်။ ဒါပေမဲ့ အဆင်မပြေရင်တော့ အကြမ်းနည်းနဲ့ ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပိုင်ဆိုင်ရင် ကျွန်တော်တို့ပဲ ကာကွယ်စောင့်ရှောက်မှာပါ။ အိုဘားမားရဲ့ အီရန်နဲ့ချုပ်ဆို ခဲ့တဲ့ ကာလတို သဘောတူညီချက်ဆိုးကြီးကို ကြည့်လိုက်ပါ။ နိုင်ငံတွေမှာ ပိုင်ဆိုင်ခွင့်ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့သာ ဂရင်းလန်ကို မကာကွယ်ရင် တရုတ် ဒါမှမဟုတ် ရုရှားက ဝင်လာမှာမို့ ကျွန်တော်တို့ ကာကွယ်ရပါမယ်” ဟု ဂရင်းလန်ကျွန်း၏ မဟာဗျူဟာမြောက် အရေးပါမှုကို ထရမ့်က ထပ်မံ အလေးပေးပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိလာစေရန် ဂရင်းလန်ကျွန်းသားတဦးလျှင် အမေရိ ကန်ဒေါ် လာ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ငွေကြေးထောက်ပံ့ပေးရန် ထရမ့်အစိုးရက စဉ်းစားနေ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

    ယင်းစီမံကိန်းသည် အစပျိုးအဆင့်တွင်သာ ရှိနေသေးသော်လည်း ငွေကြေးထောက်ပံ့မှု စုစုပေါင်းမှာ ဒေါ်လာ ခြောက်ဘီလီယံနီးပါးအထိ ရှိနိုင်ကြောင်း အကြံပေးများက ခန့်မှန်းထားကြသည်။

    လူဦးရေ ၅၇,၀၀၀ ခန့်ရှိပြီး သယံဇာတ ပေါကြွယ်ဝသော ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်သည်။

    အမေရိကန်၏ လုပ်ဆောင်လာနိုင်ခြေရှိသော အစီအစဉ်များနှင့်ပတ်သက်၍ ဒိန်းမတ်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ အကယ်၍ ဂရင်းလန်တိုက်ခိုက်ခံရပါက ၎င်းတို့၏ တပ်ဖွဲ့ဝင်များက “အရင်ပစ် ပြီးမှသာ မေးမြန်ရန်” ဟူသော အသင့်အနေအထားနေရန် အမိန့်စာထုတ်ထားကြောင်း သတိပေးခဲ့သည်။

    ထို့ပြင် အာတိတ်စက်ဝိုင်းဒေသအတွင်း အမေရိကန်က စစ်ရေးအရ အရေးယူဆောင်ရွက်ရန် ပေါ်ပေါ် ထင်ထင် စဉ်းစားနေမှုအပေါ် ဥရောပတာဝန်ရှိသူများကလည်း စိုးရိမ်နေသည်။

    ရွေးချယ်စရာ နည်းလမ်းတခုအနေဖြင့် အမေရိကန်က ပစိဖိတ်ကျွန်းနိုင်ငံအချို့နှင့် ချုပ်ဆိုထားသကဲ့သို့ “လွတ်လပ်စွာ ပေါင်းစည်းရေး သဘောတူညီချက်”ကို ဆွေးနွေးနေသည်။ ယင်းသဘောတူညီချက်အရ အမေရိကန်က စစ်ဘက်ဆိုင်ရာ အခြေစိုက်ခွင့်ပေးသည့်အတွက် ဂရင်းလန်ကို ငွေကြေးထောက်ပံ့မှုနှင့် ကာကွယ်ရေးစောင့်ရှောက်မှုများ ပေးအပ်မည်ဖြစ်သည်။

    ယင်းအဆင့်သို့ ရောက်ရှိရန် ဂရင်းလန်က ဒိန်းမတ်ထံမှ ဦးစွာ လွတ်လပ်ရေးယူရန် လိုအပ်မည်ဖြစ်သည်။

    အမေရိကန်၏ ငွေကြေးထောက်ပံ့မှုများကို လွတ်လပ်ရေးအတွက်ဖြစ်စေ၊ အမေရိကန်နှင့် နောင်တွင် ချုပ်ဆိုမည့် သဘောတူညီချက်အတွက်ဖြစ်စေ လူထုထောက်ခံမှုရရှိရန် အသုံးချနိုင်ဖွယ်ရှိသည်။

    သို့သော် လူထုဆန္ဒကောက်ယူမှုများအရ ဂရင်းလန်ကျွန်းသားအများစုက ဒိန်းမတ်ထံမှ လွတ်လပ်ရေး ရယူလိုကြသော်လည်း အမေရိကန်၏ အစိတ်အပိုင်းတခု ဖြစ်လာရန်မူ ဆန္ဒမရှိကြပေ။

    The Times of India မှ ‘Going to do it hard way’ : Trump vows action on greenland cites risk of russia china taking over အား သောမတ် ဘာသာပြန်သည်။