Category: News

  • တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

    တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

    ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ စစ်သားအလောင်းများ လမ်းပေါ်တွင် ပြန့်ကျဲနေ

    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ တောကျွဲအင်းမြို့ကို တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ် မတော် သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်မှစတင်၍ တောကျွဲအင်းမြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်စခန်းများကို ရရှိခဲ့ကြောင်း၊ တိုက်ပွဲ ပြင်းထန်လွန်းသဖြင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “မြို့ကို ခေတ္တ ထိန်းချုပ်ပြီး ဆောင်ရွက်စရာရှိတာဆောင်ရွက်တာပါ။ မကြာခင် သတင်းထုတ်ပြန်ပါမယ် ။ လောလောဆယ်အထိတော့ မြို့ကို ထိန်းထားဆဲပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော တောကျွဲအင်းမြို့သို့ သွားရာ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် တောကျွဲအင်းမြို့အဝင် နေရာများတွင် စစ်သား အလောင်းများရှိနေပြီး ပြန့်ကျဲနေကြောင်း ၊ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

    “တောကျွဲအင်းမှာ စစ်သားအလောင်းတွေ လမ်းပေါ်တင်ရှိနေတယ်။ အသေ အပျောက်များတယ်။ ပြည်သူတွေလည်းထွက်ပြေးနေရတယ်။ ဆေးရုံတွေမှာလည်း ဆရာဝန်ကအစ မရှိကြတော့ဘူး။ အကုန်ပြေးကုန်ပြီ။ စစ်သားအလောင်း တွေ အသေတွေများလို့ ဘယ်သူမှ လာမကောက်ရသေးဘူး။ လမ်းဘေးမှာတင်ပုံနေတာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    လက်ရှိတွင် စစ်တပ်က တောကျွဲအင်းမြို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ် ဆောင်နေသည့်အပြင် စစ်ကူတပ်များ စေလွှတ်ရန် ကြိုးစားနေကြောင်း၊ တော် လှန်ရေးတပ်များက စစ်ကူလာမည့် နေရာများကို ဖြတ်တောက်ပိတ်ဆို့ တိုက် ခိုက်နေကြောင်း သိရှိရသည်။

    ရွှေကျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-SGDF ကလည်း ကျောက်တံခါး ၊ တောကျွဲအင်း မြို့ ဂိတ်စခန်းအားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်သည်။

    ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကားများ မီးလောင်နေပြီးစစ်တပ်က ဖယ်ရှားရန် ကြိုးစားနေစဉ်။

  • လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်

    လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်

    လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်မှု စရဖ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် သေဆုံးဟုဆို၊ PDF ၃ ဦး ကျဆုံး

    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်ရာ စရဖ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးမှုရှိကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

    ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့ထိ လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့ လာရောက်ထပ်စွဲထားသော စစ်တပ်သည် အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း၊ ထို ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် စစ်တပ် အရာရှိများလည်း ပါဝင်ပြီး စစ်ဗိုလ်များ၏ ရုပ်အလောင်းများနှင့် ဒဏ်ရာရသူများကို စစ်တပ်က ချက်ချင်းသယ်ဆောင်သွားသော်လည်း တပ်သားများ၏ ရုပ်အလောင်းများကို တောထဲတွင် မြေမြုပ်ထားခဲ့ကြောင်း သိရှိရသည်။

    ယင်းတိုက်ပွဲများသည် နေ့စဉ် ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာသောကြောင့် ထားဝယ်မြို့ပေါ်မှ စစ်သားများနှင့် ရေတပ်ကလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲံကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ညင်းမော်ရွာရှိ ပြည်သူပိုင် နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “နိုဝင်ဘာလပိုင်းကနေ စတင်ပြီး လောင်းလုံးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ခွေးတွေ ကျနော်တို့ ထားဝယ်ခရိုင် တပ်ပေါင်းစုနဲ့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ ပူးပေါင်းပြီး ရက်ပေါင်း ၅၀ ကြာ ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေဘက်က စရဖ ဗိုလ်ကြီး ၁ ကောင်နဲ့ အရာရှိတွေ အပါအဝင် ထိခိုက်သေဆုံးတာ ၃၀ ကျော်ရှိတယ်။ အဲစစ်ခွေးစစ်ကြောင်းက အရာရှိ အလောင်းတွေကို လောင်းလုံးမြို့ပေါ်အထိ ရအောင်ပြန်သယ်တယ်။ ရိုးရိုး တပ်သားအလောင်းဆို တောထဲမှာ မြေမြုပ်ခဲ့တယ်။ တိုက်ပွဲကတော်တော်လေး ပြင်းထန်ခဲ့တယ်။ စစ်ခွေးတွေကလည်း လေယာဉ်ရော လက်နက်ကြီးတွေရော နေ့စဉ်ကို ပစ်ခတ်ဗုံးကျဲ တာတွေရှိတယ်။ စစ်ခွေးစစ်ကြောင်းက ပြန်မထွက်သေးဘူး။ ညင်းမော်ရွာနဲ့ လောင်းလုံးမြို့ပေါ်ကို နေ့စဉ် သွားလာနေတာတွေရှိတယ်။ စစ်ရေးကတော့ ဆက်လက်တင်းမာနေတုန်းပဲ” ဟု ထားဝယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ DDT ၊ DNLA ဒူရကစစ်ကြောင်း၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ Guerrilla Dawei ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ နှင့် ဒေါနတပ်ခွဲ(၇)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    ရွေးကောက်ပွဲအပိုင်း(၁)အပြီး စစ်တပ်ထိပ်ပိုင်းရာထူးများ ဆက်တိုက်ပြောင်းလဲလျက်ရှိရာ အရေးပါသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်၊ စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်ရာထူးများအား စစ်ခေါင်းဆောင်လူရင်းများဖြင့် ပြောင်းလဲခန့်အပ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တဦးက ပြောသည်။

    နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းအား ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးပြီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်အဖြစ် ခန့်အပ်ကာ စစ်ထောက်ချုပ်တာဝန် ထမ်းဆောင်နေသော ဒုဗိုလ်ချုပ်ကြီးဇော်ဟိန်း (DSA-38)ကို စစ်ရေးချုပ်အဖြစ် ပြောင်းလဲခန့်အပ်ကာ စစ်ထောက်ချုပ်နေရာတွင် မကြာသေးမီက ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ စစ်ဘက်သို့ ပြန်ခေါ်ခဲ့သော ဒုဗိုလ်ချုပ်ကြီး ဇော်မျိုးတင်အား ခန့်အပ်လိုက်ကြောင်း သိရသည်။

    ယခင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်တာဝန်ယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်အား စစ်ဘက်ရာထူးမှ အနားပေးကာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။ ၎င်းသည် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ တူ ဖြစ်သည်။

    လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ် ဖြစ်လာသူ ဗိုလ်ချုပ်စိုးမင်းသည် စစ်တက္ကသိုလ်အပတ်စဥ် ၃၉ ကျောင်းဆင်းတဦးဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာ၀န်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

    စစ်ရေးချုပ်ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီးဇော်ဟိန်းမှာ စစ်ခေါင်းဆောင်၏ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးသကဲ့သို့ စစ်ထောက်ချုပ် ဖြစ်လာသည့် ဒုဗိုလ်ချုပ်ကြီးဇော်မျိုးတင်မှာလည်း စစ်ခေါင်းဆောင်နှင့်အတူနေခဲ့ဖူးသော လူရင်းတဦး ဖြစ်သည်။

    အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲအလွန်ကာလ သမ္မတလုပ်ရန် သေချာနေသည့်အတွက် စစ်ဘက် အရေးကြီးနေရာများအား ၎င်း၏လူရင်းများဖြင့် အစားထိုးရွှေ့ပြောင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်တဦးက သုံးသပ်သည်။

    တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးအားလည်းကောင်း၊ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်စိုးညွန့်အား လည်းကောင်း ခန့်အပ်ခဲ့ကြောင်း သိရသည်။

    နေပြည်တော်တိုင်းမှူးနေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်အား အစားထိုးခန့်အပ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးကို ခန့်အပ်လိုက်သည်။

    လစ်လပ်သွားသည့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနေရာတွင် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူး ချုပ်အောင်ဌေးအား ခန့်အပ်ခဲ့ပြီး လစ်လပ်သွားသော တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနေရာ၌ ပခုက္ကူ အခြေစိုက်တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မင်းထက်အား ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။

    ထို့ပြင် တပ်မ ၁၀၁ တပ်မမှူးနေရာတွင် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၈) ဗိုလ်မှူးချုပ် သန့်လွင်စိုးအား ခန့်အပ်လိုက်သည်။

    ပဲခူးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်သေဆုံးပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် သူရဇော်လွင်စိုးကို ခန့်အပ်၊ အခြားစစ်ရာထူးကြီးများကိုလည်း အပြောင်းအလဲများ လုပ်ပြန်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်သေဆုံးပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် သူရဇော်လွင်စိုးကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    ဇန်နဝါရီလ ၄ ရက်နေ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် သေဆုံးသွားပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ကြည်သိုက်နေရာတွင် ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကို ခန့်အပ်လိုက်ကြောင်း၊ သူရဇော်လွန်စိုးမှာ စစ်တိုက်တော်သော ဗိုလ်ချုပ်တစ်ဦးအဖြစ် နေပြည်တော်စစ်ရုံးတွင် အသိအမှတ်ပြုခံထားရသူဖြစ်ကြောင်း သိရှိရသည်။

    ” စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ကျသွားတဲ့အပေါ်မှာ မူတည်ပြီးတော့ သူတို့ အရေးပေါ် ကဗျာကယာ လုပ်လိုက်ရတဲ့ ဒီစစ်ရာထူးခန့်အပ်မှုတစ်ခုလို့ ထင်တယ်။ ကျွန်တော်တို့ ဒီ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး လုပ်ခဲ့တဲ့ ဒီဗိုလ်မှူးချုပ် သူရဇော်လွင်စိုးကတော့ တောင်ပိုင်းတိုင်း တိုင်းမှူးဖြစ်လာတယ်။ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ကျွန်တော်တို့ ဒီညောင်ကြိုးဒေသတွေကို ပြန်ပြီးတော့ တိုက်စစ်ဆင်လိုတဲ့ ဟာရည်ရွယ်ချက် ပေါ့နော်၊ အဲဒီရည်ရွယ်ချက်နဲ့ ခန့်အပ်တာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည။

    ယင်းအပြင် တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက် (စစ်တက္ကသိုလ်အပတ်စဉ် ၃၉ )ကို နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ နေပြည်တော်‌တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် လည်းကောင်း၊ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထက်ကို တပ်မတော်နည်းပညာတက္ကသိုလ် DSTA ကျောင်းအုပ်ကြီး၊ စကခ(၁၈) စကခမှူး ဗိုလ်မှူးချုပ် သန့်လွင်စိုးကို တပ်မ ၁၀၁ တပ်မမှူးအဖြစ်လည်းကောင်း၊ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်ကို စကခ ၁၀ စကခမှူးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့ကြောင်း၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရာထူးကို ဗိုလ်မှူးချုပ် စိုးညွှန့်ကိုပေးလိုက်ကြောင်း သိရှိရသည်။

    ” ဒီဗိုလ်မှူးချုပ်စိုးညွှန့်ဆိုတာ ကျွန်တော်တို့ အရင်တုန်းက တပ်မတော်ဆေးဘက်ပညာတက္ကသိုလ်၊ အဲဒီ တပ်မတော်ဆေးဘက်ပညာတက္ကသိုလ်ကနေမှ အရန်အင်အားကို သွင်းလိုက်တာ။ အရန်အင်အားကနေမှ ကျွန်တော်တို့ဒီ လကခချုပ် ပေါ့နော်၊ ဒုတိယလကခချုပ် ဖြစ်တယ်။ တပ်မ ၁၀၁ တပ်မမှူး ပေါ့နော်၊ နာမည်က ဘီလူး၊ အဲဗိုလ်မှူးချုပ်ဇော်မင်းထက်ဆိုတဲ့သူကတော့ တပ်မတော်နည်းပညာတက္ကသိုလ် ပေါ့နော်၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးထိ ခန့်လိုက်ရတာ၊ တိုးပြီးခန့်လိုက်တာကို တွေ့ရတယ်။ အဲတော့ ကျွန်တော်တို့ ကြည့်ရမယ်ဆို စစ်တက္ကသိုလ် ၄၂၊ ၄၄ ပတ်ချာလည် ပေါ့နော်၊ ၄၂ ၊ ၄၄ ပတ်ချာလည်တွေကို သူ ကစားလာတယ်။ အငယ်တွေကို ပြန်ပြီးတော့ ဒါထပ်ပြီးတော့ ပွဲထုတ်လာတာပေါ့နော်။ ပြီးရင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုလည်း လကခချုပ် လုပ်တယ် ပေါ့နော်။ ဒါဒုတိယဗိုလ်ချုပ်ကြီး တစ်နေရာတွေ စပြီးပေးနေတာ။ စပြီးပေးနေတာဆိုတာ သူအခု လူစမ်းလာပြီ ပေါ့နော်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်အတွင်း ထိပ်ပိုင်းရာထူးအပြောင်းအလဲများကို ဆက်လက်ပြုလုပ်ရန်အတွက် နေ့စဉ် စစ်ရုံးတွင် အစည်းအဝေးများ ဆက်တိုက်ခေါ်ယူလျက်ရှိကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

  • နွားထိုးကြီးနယ်တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းရ

    နွားထိုးကြီးနယ်တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းရ

    နွားထိုးကြီးနယ်တိုက်ပွဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းရ

    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ညောင်ပင်သာကျေးရွာက စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းနဲ့ မဟာမိတ်တပ်တွေက သတင်းထုတ်ပြန်ပါတယ်။

    ညောင်ပင်သာကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ၂ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    တိုက်ပွဲဟာ နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အထိခိုက်အကျဆုံးများတယ်လို့မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်းက ဒီနေ့ ဇန်နဝါရီ ၈ရက် ညမှာ သတင်းထုတ်ပြန်ပါတယ်။

    သိမ်းဆည်းနိုင်ခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုလည်း ဓာတ်ပုံမှတ်တမ်းနဲ့ ဖော်ပြထားပါတယ်။

    အဲ့ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း၊ အမှတ် (၂)တပ်ရင်း၊အမှတ် (၄) တပ်ရင်း၊ အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၉၉၂၄) တပ်ဖွဲ့ နဲ့ မြင်းခြံခရိုင် ပ.က.ဖ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်ထဲက မြို့တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကလည်း စစ်ကောင်စီစခန်းတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်။

    လေကြောင်းအန္တရာယ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပေမယ့် နယ်မြေစိုးမိုးမှုပိုမိုရရှိခဲ့တယ်လို့ မြင်းခြံခရိုင်ကPDFတပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

    ဓာတ်ပုံ – မြင်းခြံခရိုင်တပ်ရင်း-၁

  • ထိုင်းဘုန်းတော်ကြီးတွေ တရားဝင်မိန်းမယူလို့ရအောင်  အခြေခံဥပဒေကို ပြင်ဆင်ပေးရန် လွှတ်တော်ကို  တောင်းဆိုသွားမည်

    ထိုင်းဘုန်းတော်ကြီးတွေ တရားဝင်မိန်းမယူလို့ရအောင် အခြေခံဥပဒေကို ပြင်ဆင်ပေးရန် လွှတ်တော်ကို တောင်းဆိုသွားမည်

    ထိုင်းဘုန်းတော်ကြီးတွေ တရားဝင်မိန်းမယူလို့ရအောင်

    အခြေခံဥပဒေကို ပြင်ဆင်ပေးရန် လွှတ်တော်ကို

    တောင်းဆိုသွားမည်ဟု အမတ်တစ်‌ယောက်မှ ပြောဆိုခဲ့ပါတယ် ။

    ကနဦးတွင် ဒီဥပဒေကို အဆိုတင်သွင်းနိုင်ရေးအတွက်

    လူအယောက် ၁ သောင်းကို စစ်တမ်းကောက်ယူသွားမယ်

    လို့လည်း သိရပါတယ်။

    ဒီသတင်းကြောင့် ထိုင်းလူမှုကွန်ယက်သုံးစွဲသူတွေအကြား

    ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

    သတင်းဌာနကြီးတွေရဲ့ ပို့စ်တွေအောက်‌မှာ အများစုက

    လက်မခံကြောင်း ထုတ်ဖော်ရေးသားတာကို တွေ့ရပါတယ်။

    ဒီဥပဒေအပေါ် မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကိုလည်း

    သုံးသပ်ရေးသားပေးခဲ့ကြပါဦး🤔

    ရှေ့နေ ရွန်နာရောင်းသည် ရဟန်းများနှင့် အမျိုးသမီးနောက်လိုက်များ၏ ပြဿနာကို ဖြေရှင်းရန် မျှော်လင့်ချက်ဖြင့် ရဟန်းများအား ဇနီးယူခွင့်ပြုသည့် ဥပဒေကို ပြောင်းလဲရန် လူပေါင်း ၁၀,၀၀၀ ထံမှ လက်မှတ်များ စုဆောင်းနေခဲ့သည်။