Category: News

  • ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    ပုဂံမှာ ဘုရားဖူးမိသားစုကို ပျုစောထီးအဖွဲ့ ပြန်ပေးဆွဲပြီးငွေညှစ်

    မန္တလေးတိုင်း ၊ ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားကိုတားပြီး ပြန်ပေးဆွဲမှုဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

    စစ်တပ်လက်ဝေခံပျုစောထီးတွေပါဝင်တဲ့လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ လ ၁၉ရက် နေ့ခင်းပိုင်းမှာ အိမ်စီးကားနဲ့ ဘုရားဖူးထွက်လာတဲ့ မိသားစုတစ်စုကိုပြန်ပေးဆွဲခဲ့တာပါ။

    “ဖြစ်စဉ်ကတော့မှန်တယ်” လို့ ပုဂံမြို့ခံတစ်ဦးကပြောပါတယ်။

    ပြန်ပေးဆွဲပြီးနောက် ပုဂံ-ချောက်ကားလမ်းဘက်ခေါ်ဆောင်သွားပြီး ကျပ်သိန်းငါးထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တာပါ။

    ညှိနှိုင်းမှုအရပြန်ပေးဆွဲခံရသူတွေဘက်ကကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

    အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံအနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံအချို့က ပြောပါတယ်။

    ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တဲ့ စေတနာကြီးဘုရားက ပုဂံမြို့သစ်နဲ့ တစ်မိုင်ခန့်သာဝေးပြီး ခရီးသွားမရှိဘဲ လူသွားလူလာပြတ်တဲ့နေရာတစ်ခုပါ။

    ဆက်စပ်သတင်း

    ပုဂံကို အိမ်စီးကားနဲ့ လုံးဝ မလာကြပါနဲ့တော့

  • ဘွဲ့ရလူငယ်များစာရင်း အချိန်မီပေးပို့ရန် စစ်ကောင်စီဝန်ကြီး အမိန့်ပေး

    ဘွဲ့ရလူငယ်များစာရင်း အချိန်မီပေးပို့ရန် စစ်ကောင်စီဝန်ကြီး အမိန့်ပေး

    ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘွဲ့ရလူငယ်တွေ စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပို့ပေးဖို့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမိန့်ပေး ညွှန်ကြားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    မနေ့ နေ့လယ်က နေပြည်တော် MGallery ဟိုတယ်မှာ ပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေး ဦးစီးကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ဘွဲ့ရလူငယ်စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပို့ပေးဖို့ ပြောတယ်။ စာရင်းတောင်းတယ် ဆိုတာထက် အမိန့်ပေးတာ။ ဒီလူငယ်တွေက ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရမှာဆိုတော့ ဘာမှပြန်မပြောဘူး။ စစ်ဘက်ကကြားရတဲ့ သတင်းတွေအရတော့ ဘွဲ့ရတွေကို စစ်ဘက်က နည်းပညာပိုင်းမှာ စစ်မှုထမ်းခိုင်းမယ်လို့ ပြောနေကြတယ်။ အရင်က စစ်မှုထမ်းကို ကြုံရာလူတွေပဲ ခေါ်နေတာ၊ အခု ဘွဲ့ရ ပညာတတ်တွေအလှည့် ရောက်လာတာ။”

    ဘွဲ့ရထားသူစာရင်းကို ရန်ကုန် မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် စတဲ့ မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးတွေက ကောက်နေရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ ဘွဲ့ရလူဦးရေစာရင်း ကောက်ခိုင်းတာ၊ ဘွဲ့ရ ကျားဘယ်နှယောက်ရှိတယ်၊ မ ဘယ်နှယောက်ရှိတယ်၊ ပုံစံ ၆၆ နဲ့နေတဲ့သူ၊ ဧည့်စာရင်းနဲ့နေတဲ့သူ အကုန်ပါတယ်။ မြို့နယ်ကနေ တဆင့် ရပ်ကွက်နဲ့ ကျေးရွာကို စာထုတ်ညွှန်ကြားတာ။ ဘာကြောင့်ဆိုတာ ခေါင်းစဥ်မရှိဘူး။ ရပ်ကွက်အတွင်း နေထိုင်တဲ့ ဘွဲ့ရစာရင်းဆိုတာပဲ သိရတယ်။”

    စာရင်းကောက်ယူရာမှာ ကောက်ပုံကောက်နည်း ကွဲပြားမှုရှိပြီး တချို့မြို့နယ်တွေမှာ အိမ်တိုင်ရာရောက် လာကောက်တာရှိသလို တချို့မြို့နယ်တွေမှာတော့ ရုံးကို ကိုယ်တိုင် စာရင်းသွားပေးရတယ်လို့ လှည်းကူးမြို့ခံတယောက်က ပြောပါတယ်။

    “လှည်းကူးမှာတော့ အုပ်ချုပ်ရေးက အိမ်တိုင်ရာရောက် လာကောက်တာ။ လူဦးရေစာရင်း ကောက်သလိုပဲ အပြည့်အစုံပေးရတာ။ မင်္ဂလာဒုံဘက်မှာ ရုံးကို လူကိုယ်တိုင် စာရင်းသွားပေးရတာ။ သွားမပေးလို့လည်း မရဘူး၊ စစ်တပ်နယ်မြေဆိုတော့။”

    တခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ဘွဲ့ရလူငယ်စာရင်း ကောက်ယူတဲ့အသံ မကြားရဘဲ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာသာ စာရင်းကောက်ယူနေတာကြောင့် စစ်မှုထမ်းရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

  • ဂုတ်ကြီးကျေးရွာကို AA နှင့် ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်

    ဂုတ်ကြီးကျေးရွာကို AA နှင့် ပူးပေါင်းတပ်များ ပြန်လည်သိမ်းပိုက်

    မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာရဲ့ ကာကင်းစခန်းတည်ရှိတဲ့ ဂုတ်ကြီးစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ပြီး ဂုတ်ကြီးကျေးရွာက အစိတ်အပိုင်းတချို့ကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ AA နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “ဂုတ်ကြီးကျေးရွာကို ပူးပေါင်းတပ်တွေက ပြန်ပြီးတော့ ထိန်းချုပ်ထားပြီးပါပြီ။ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တာကြောင့် တချို့နေရာတွေကို ဆုံးရှုံးလိုက်ရတာတွေ ရှိပေမဲ့ တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်ပြီးတော့ သိမ်းပိုက်လိုက်တာ။ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အတော်လေးကို အထိနာပြီးတော့ ဖရိုဖရဲနဲ့ ပြန်ဆုတ်သွားရတယ်။ အလောင်းတွေ၊ လက်နက်တွေကိုလည်း အများအပြား သိမ်းဆည်းရမိခဲ့တာ ရှိတယ်။”

    စစ်ကောင်စီဟာ အမ်း-ပဒါန်း လမ်းဟောင်းကနေတဆင့် စစ်ကူအင်အားဖြည့်တင်းပြီး ဂုတ်ကြီးရွာကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ နတ်ရေကန်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပဒါန်းအခြေစိုက် မစက ၉၀၅ ကနေတဆင့် အမ်း-ပဒါန်းလမ်းဟောင်းကနေ မြေလတ်ကျေးရွာကို အင်အားတွေ ပို့ဆောင်ခဲ့ပြီး အဲဒီကနေတဆင့် မြေပြင်ထိုးစစ်ဆင်နေတာလို့ မြေပြင်အခြေအနေကို သိရှိသူတွေက ပြောပါတယ်။

    စစ်ကောင်စီဟာ မကွေး-ရခိုင် အစပ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာကို အဆုံးရှုံးမခံရစေဖို့အတွက် စကခ-၁၄၊ စကစ-၁၇ လက်အောက်ခံတပ်တွေက စုပေါင်းအင်အားတွေနဲ့ တပ်ကူဖြည့်တင်းဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

    လက်ရှိမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက နတ်ရေကန်ဗျူဟာစခန်းကို ပိတ်ဆို့ထားကြတာဖြစ်ပြီး စစ်ကောင်စီက လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကနေတဆင့် ဖြည့်တင်းမှုတွေ ပြုလုပ်နေကြရတယ်လို့ မြေပြင်ရင်းမြစ်တွေက ပြောပါတယ်။

    အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ အမ်းမြို့ကို သိမ်းပိုက်လိုက်ပြီး‌နောက် မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ကို စစ်ရေးဖော်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

  • ဆရာမတွေရဲ့ကိုယ်ချင်းမစာမှု၊ ဘက်လိုက်မှုတွေကြောင့်

    ဆရာမတွေရဲ့ကိုယ်ချင်းမစာမှု၊ ဘက်လိုက်မှုတွေကြောင့်

    ဆရာမတွေရဲ့ကိုယ်ချင်းမစာမှု၊ ဘက်လိုက်မှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကူးသွားခဲ့ရတဲ့ သမီးငယ်လေး

    ဧရာတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အ.မ.က(ကြိမ်ချောင်း) တတိယတန်းတွင် ပညာသင်ကြားနေသော (မမေဝင့်ဝါ)အသက် (၁၁ နှစ်) သည်

    ၂၆.၁၁.၂၀၂၅(ဗုဒ္ဓဟူးနေ့) နေလယ် ၁ နာရီခန့်က ရေသောက်နေစဉ် အနောက်မှ ကလေးတစ်ယောက်က ဝင်တိုက်မိရာ

    ပက်လက်လန်လဲပြီး ခေါင်းထိ၍ ဆရာမများအား ငိုယို၍ ပြောကြားခဲ့သော်လည်း

    ဆရာမများမှ အပိုလုပ်သည် အဖြစ်သည်နေသည်ဟု ပြောဆိုပြီး ကျောင်းဆင်းသည့်တိုင်အောင် ငိုယိုနေလည်း ဒီအတိုင်းသာ ပစ်ထားခဲ့သည်။

    အိမ်ပြန်ရောက်၍ မိဘများမှ ဆေးခန်းသွားရောက် ပြ‌သသော်လည်း မသက်သာသောကြောင့် ရန်ကုန် ဦးနှောက်နှင့် အာရုံကြော ‌အထူးကုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး

    (၂၉.၁၁.၂၀၂၅ စနေနေ့)မနက် ၄ နာရီခွဲခန့်တွင် ဦးနှောက်ထဲ သွေးရောက်၍ အသက်ဆုံးရှုံးရပါသည်။

    ကျန်ခဲ့သူ မိဘများမှာလည်း ရူးမတက်ခံစားခဲ့ရပါတယ်။

    ဆရာ/မဆရာမများ၏ ပေါ့ဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    ယခု အဖြစ်အပျက်များကိုလည်း ကျောင်းမှ ဆရာ/ဆရာမများမှ တာဝန်ယူခြင်းမရှိဘဲ မိမိတို့နှင့်မသက်ဆိုင်လို ရှောင်နေခဲ့ကြပါတယ်။

    ယခု လို အဖြစ်အပျက်ကို အများသူငှာ သိစေလိုသောင့်ကြောင့်တင်ပေးလိုက်ရတာပါ မိမိတို့ သားသမီးကဲ့သို့ ကိုယ်ချင်စားစိတ်ထားပြီး တစ်နိုင်ငံလုံးသိအောင် Shareပေးကြပါ။

    ကိုယ့်သားသမီးမှ အသက်ရှိတာမဟုတ်ပါဘူး။

    ကိုယ်ချင်စားပေးကြပါ။

  • ရမည်းသင်းမှာ ဆီပုံးတွေတင်လာတဲ့ကား ဆိုင်ကယ်ဝင်တိုက်

    ရမည်းသင်းမှာ ဆီပုံးတွေတင်လာတဲ့ကား ဆိုင်ကယ်ဝင်တိုက်

    ရမည်းသင်းမှာ ဆီပုံးတွေတင်လာတဲ့ကား ဆိုင်ကယ်ဝင်တိုက်လို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၃ ဦး သေဆုံး

    မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။

    ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီကျော်က ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်းရွာ၊ ကြက်ရှာလမ်းခွဲအနီးမှာ ဆီပုံးတွေနဲ့ ကုန်တွေတင်လာတဲ့ကားကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိခဲ့ကြောင်း၊ အဲဒီလို ဝင်တိုက်မိရာကနေ ဆီပုံးတွေပေါက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်က ဇနီးမောင်နှံနဲ့ ကားပေါ်က အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

    “ရှေ့ကကားကို နောက်ကဆိုင်ကယ်သမားက ဝင်တိုက်တာ။ ကားမှာဆီပုံးတွေရော ကုန်အပြည့်နဲ့ ဆီပုံးတွေပြုတ်ကျပြီး ကားကမီးအရင်လောင်တာ။ ချောင်းထဲကျတဲ့တစ်ယောက်က မနေ့က ညနေကမှ ဆုံးသွားပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ကားဟာ အလှူခံဌာနကို အလှူငွေထည့်ဖို့ ရပ်ရာကနေ နောက်ကဆိုင်ကယ်က ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

    ဆိုင်ကယ်ပေါ်က လင်မယားအနက် ဇနီးဖြစ်သူမှာ ကိုယ်ဝန်ဆောင်သည်ဖြစ်ပြီး ရမည်းသင်းမြို့ ရွာတန်းအုတ်ဖိုအနောက်ရွာမှာ နေထိုင်ကာ ရွှေမြင်တင်ဘုရားပွဲသွားရာကနေ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

    မီးလောင်ကျွမ်းမှုဖြစ်ဖြစ်ချင်း ဘေးက ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပေမဲ့ အခြားအကူအညီတွေ ချက်ချင်းရောက်မလာနိုင်ကြတာကြောင့် ဆုံးရှုံးမှူကြီးမားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

    (ကားမီးလောင်ကျွမ်းမှုကို မီးငြှိမ်းသတ်နေစဥ် ဓာတ်ပုံ – CJ)