Category: News

  • ဗီရိုနီကာ သင်ခန်းစာ

    ဗီရိုနီကာ သင်ခန်းစာ

    မြန်မာ့နွေဦးတော်လှန်ရေး ကာလတစ်လျှောက်လုံးတွင် ပြည်သူလူထု၏ သဘောထားမှာ အလွန်ရှင်းလင်းပြတ်သားပါသည်။ ထိုပြတ်သားမှုမှာ “အာဏာရှင်နှင့် ပတ်သက်လျှင် ကြားနေမရှိ၊ ခွင့်လွှတ်ခြင်းမရှိ” ဟူသော အချက်ပင်ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရေပန်းစားနေသည့် နာမည်ကျော် ဖိုက်တာ ဗီရိုနီကာ ၏ ဖြစ်စဉ်က ထိုအချက်ကို ထပ်မံသက်သေပြလိုက်ခြင်း ဖြစ်သည်။

    ဗီရိုနီကာသည် One Championship ကြိုးဝိုင်းအတွင်း နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့မှုကြောင့် ပြည်သူများ၏ ချစ်ခင်အားပေးမှုကို တခဲနက် ရရှိခဲ့သူဖြစ်သည်။ သို့သော် စစ်ကော်မရှင်၏ စီမံခန့်ခွဲမှုအောက်တွင် စေလွှတ်မည့် ဆီးဂိမ်း အားကစားသမားများကို သွားရောက်အားပေးခဲ့သည့် လုပ်ရပ်တစ်ခုတည်းက သူမအား “ပြည်သူ့ချစ်တော်” ဘဝမှ “ဝေဖန်ရှုတ်ချခံရသူ” ဘဝသို့ ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။

    ဤအပြောင်းအလဲသည် ပြည်သူလူထုအနေဖြင့် ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အောင်မြင်မှုစွဲတို့ထက် “မူဝါဒနှင့် တရားမျှတမှု” ကိုသာ ဦးထိပ်ထားကြောင်း မီးမောင်းထိုးပြနေသည်။

    “အားကစားနှင့် နိုင်ငံရေး မသက်ဆိုင်” ဟူသော ခေါင်းစဉ်သည် ပုံမှန်အခြေအနေတွင် မှန်ကန်နိုင်သော်လည်း၊ လူမျိုးတုံး သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်နေသော အကြမ်းဖက် စစ်အုပ်စု လက်အောက်တွင်မူ ထိုစကားရပ်သည် အသက်မဝင်တော့ပေ။

    စစ်ကော်မရှင်သည် နိုင်ငံတကာ အသိအမှတ်ပြုမှု (Legitimacy) ရရှိရေးအတွက် အားကစားကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချနေခြင်းကို ပြည်သူများက ကောင်းစွာ သဘောပေါက်ထားကြသည်။ ထို့ကြောင့် စစ်ကော်မရှင်အလံအောက်မှ ဝင်ပြိုင်ခြင်းသည် နိုင်ငံကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ၊ အာဏာရှင်သက်ဆိုးရှည်ရေးအတွက် ထောက်တိုင်တစ်ခု ဖြစ်လာသည်ဟု ပြည်သူများက ခံယူထားကြသည်။

    အထူးသဖြင့် ကယန်းတိုင်းရင်းသူ ဗီရိုနီကာအနေဖြင့် ၎င်း၏ မျိုးနွယ်စုများနေထိုင်ရာ ဒေသအပါအဝင် နိုင်ငံတစ်ဝှမ်း မီးရှို့သတ်ဖြတ်ခံနေရမှုများကို လျစ်လျူရှုကာ၊ ထိုဒုက္ခများကို ဖန်တီးနေသူများ၏ ကိုယ်စားလှယ်များကို အားပေးခြင်းမှာ “ရှေ့နောက်မညီသော သွေးအေးမှု” ဟု ပရိသတ်များက ရှုမြင်ကြသည်။

    “လူသတ်ကြံရာပါတွေကို လက်ခုတ်တီးတဲ့လက်နဲ့ စစ်ရှောင်တွေကို မုန့်မကျွေးမိပါစေနဲ့” ဟူသော ဝေဖန်သံများက ပြည်သူတို့၏ နာကျည်းမှုကို ပေါ်လွင်စေသည်။ စစ်ရှောင်များကို ကူညီခြင်းသည် လူသားချင်းစာနာမှု ဖြစ်သော်လည်း၊ စစ်ရှောင်ဘဝရောက်အောင် လုပ်ဆောင်နေသော စစ်ယန္တရားကို အားပေးခြင်းမှာမူ ခွင့်လွှတ်နိုင်စရာ မဟုတ်ပေ။

    ပြည်သူတို့၏ နှလုံးသားတွင် နေရာယူထားသူများမှာ ဖိုးသော်ကဲ့သို့ အကျဉ်းကျ အားကစားသမားများ၊ တူးတူးကဲ့သို့ အသက်ပေးသွားသူများနှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သော လက်ရွေးစင်များသာ ဖြစ်သည်။ ၎င်းတို့သည် ကိုယ်ကျိုးစီးပွားနှင့် နာမည်ကျော်ကြားမှုကို စွန့်လွှတ်ကာ အမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြသူများ ဖြစ်သည်။

    ချုပ်၍ဆိုရလျှင် ဗီရိုနီကာ၏ ဖြစ်စဉ်သည် အနုပညာရှင်များ၊ အားကစားသမားများနှင့် နာမည်ကျော်ကြားသူများအတွက် ကြီးမားသော သင်ခန်းစာတစ်ခု ဖြစ်သည်။ စစ်အာဏာရှင်ကို ပြည်သူလူထု မုန်းတီးမှုသည် မည်မျှနက်ရှိုင်းသနည်းဟူမူ မည်မျှပင် အောင်မြင်ကျော်ကြားသူ ဖြစ်ပါစေ၊ အာဏာရှင်နှင့် ပူးပေါင်းမိသည်နှင့် တစ်ပြိုင်နက် ပြည်သူ့ရင်ခွင်မှ ကန်ထုတ်ခံရမည်သာ ဖြစ်သည်။

    သမိုင်းအလှည့်အပြောင်း ကာလတွင် “ကြားနေ” ဟူသည် မရှိဘဲ၊ ပြည်သူ့ဘက်မှ ရပ်တည်မလား၊ လူသတ်ဝါဒီများဘက်မှ ရပ်တည်မလား ဟူသော ရွေးချယ်မှုသာ ရှိကြောင်း ဤဖြစ်စဉ်က သက်သေထူနေပါသည်။

    ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ (ထင်တောင် မထင်ထားဘူး)

    ဗရော်နီကာရေ လူတိုင်းဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည် စကားကို မင်းမေ့သွားပြီလား၊ မင်းဟာ ကြိုးဝိုင်းထဲမှာ တိုက်ခိုက်တာ လိမ္မာ ပါးနပ်သလောက် အပြင်လောကမှာ မပါးနပ်ဘူးဆိုတာ အခု မင်းပြောတဲ့စကားက သက်သေပါပဲ။

    ထူးချွန်တဲ့သူကို မြန်မာ ပရိသတ်က ရင်ထဲ အသည်းထဲက ပုံအော အားပေးလေ့ ရှိပါတယ်။

    ကိုယ်ချင်းစာစိတ်လေးတော့ ရှိပါ ဗရော်နီကာရေ။ ပရိသတ်ရဲ့ သစ္စာ မဆူးပါစေနဲ့လို့ ဆုတောင်း ပေးလိုက်ပါတယ်။

    နိူင်ငံရေးကို စိတ်ဝင်စားလား မဝင်စားလာဆိုတာ အဖြေပေးလိုက်တာက ဗရော်နီကာ

    မိထော်ကို မသိဘူးတဲ့ နိူင်ငံနဲ့ ပြည်သူ ကို စိတ်ဝင်စားလား မဝင်စားဘူးလာဆိုတာ
    ဒီမှာ အဖြေဘဲ ဒါဆို ဗရော်က သူကောင်းစားဖို့အတွက်သာ ကြည့်တဲ့သူပဲ သူရဲ့ပရိတ်သပ်ဘက်ကိုမရပ်တည်ဘူး နိူင်ငံနဲ့ပြည်သူအတွက် ဘာတန်ဘိုးမှမရှိဘူးဆိုတာ အဖြေပေါ်ပြီး နောက်ဆုံး ပြည်သူကို ဂျင်းထည့်သွားတာ ြပည်သူရင်ဝကို စောက်ကန်သွားတာ။

    2025 မှာ အများဆုံးတွေ့ရတာတော့
    အမှတ်မရှိတဲ့ လူတန်းစားတွေပါ။

    အမှတ်မရှိ ဆက်အားပေးနေတဲ့သူတွေလည်း
    ထိုလူတန်းစားထဲ အပါအဝင်ပါဘဲ✌️

    ဘေ ာမမယ်ဆိုလည်း မပါ
    နှစ်ဘက်ခွထိုင်ပြီးတော့
    ငါတို့မေတ္တာတွေကိုတော့ လှည့်စားမယူပါနဲ့

    ခံယူချက်ဆိုတာ ရင်ထဲမှာရှိပြီး ရပ်တည်ချက်ဆိုတာ အပြင်ထုတ်ပြရတာပါ အပြင်ထုတ်ပြဖို့အဆင်မပြေဘူးဆိုရင်လည်း ကင်းကင်းနေခြင်းဖြင့်ဖော်ပြနိုင်ပါတယ်

    စခနဲ့ ပတ်သက်တဲ့ အရာမှန်သမျှ
    နည်းနည်းမှ သည်းခံပေးလို့မရပါ✌️

    မိထော်

    ချစ်သော “ဗရော်နီကာ ”

    တိုက်ခိုက်ရေး ကစားသမားတစ်ဦးဆိုတာ
    ခံယူချက်ပြင်းထန်ရပါတယ်
    သစ္စာစောင့်သိမှုနဲ့ လေးစားမှုရှိရပါတယ် ။

    ခင်ဗျားကျွန်တော့ကိုသိမှာပါ ခင်ဗျား နောင်ယား
    အားကစားရုံလေးထဲကနေ စလို့
    2013 seagmes Camp အထိ ကျွန်တော်တို့
    မကြာမကြာဆိုသလို ဆုံဖူးပါတယ် ။

    ဒီနေရာမှာ ( TT ) ကိုမေ့လို့မရပါ ။
    သို့သော် ( TT ) ကိုလည်းထည့်မရေးတော့ပါ ။

    ချစ်သော ဗရော်နီကာ တိုက်ခိုက်ရေးအားကစားသမား
    တစ်ဦးဟာ ငွေနောက်လိုက်မိရင်
    ကိုယ့်ရဲ့ဖြစ်တည်မှုအစ ကိုမေ့သွားတတ်ပါတယ်။
    ကျွန်တော်ဟာ ကျွန်တော့ အားကစားနည်းမှာ
    အောင်မြင်ကျော်ကြားတဲ့ ခုနှစ်တွေရှိခဲ့ဖူးပါတယ်
    ကျွန်တော်အောက်ခြေလွတ်ဖူးပါတယ် ။
    နည်းပြတွေရဲ့စကားကို ဆန့်ကျင်ဖူးပါတယ်
    ကျွန်တော့ လေ့ကျင့်ဖော်တွေကို
    အရိုအသေမဲ့ စွာ ဆက်ဆံဖူးပါတယ် ။

    အဲ့ဒီနှစ်အပိုင်းအခြားမှာ ကျွန်တော်စကျရှုံးပါတယ်
    ဒါဟာလူနည်းစုလေး အပေါ်ကိုပဲမာန်တက်ပြီး
    ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတဲ့ပြဿနာပါ ။

    ခင်ဗျား ဆုပ်လိုက်တဲ့ လက်သီးတွေတိုင်းမှာ
    ပြည်သူတွေရဲ့ နှလုံးသားတွေပါတယ်
    ခင်ဗျား လေ့ကျင့်လို့ ထွက်လာတဲ့ချွေးမှာ
    ပြည်သူတွေရဲ့မေတ္တာပါတယ်
    ခင်ဗျားရတဲ့ ဒဏ်ရာကလည်းပြည်သူတွေရဲ့နှလုံးသား
    အနာရတဖွယ်ပါပဲ ..

    ခင်ဗျားအောင်မြင်မှ ရောက်လာတယ်ဆိုတဲ့စကားထက်
    ခင်ဗျား ကြိုးစားခဲ့တဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့
    ရောက်လာကြတဲ့ ပြည်သူတွေပါ ။

    အဲ့ဒီပြည်သူတွေထဲမှာ ခင်ဗျားကို လေယာဉ်ဗုံးဒဏ်တွေ
    ထဲကနေ အားပေးနေကြတဲ့ ပြည်သူတွေရှိသလို
    ခင်ဗျားပွဲတွေကို ကြည့်ဖို့ဖုန်းအားမရှိတဲ့ကြားက solar နဲ့
    စတားလင့်လေးကို ပိုက်ဆံပေးသုံးတဲ့ ပြည်သူတွေပါပါတယ် ။

    ဒါတင်မကပါဘူး ခင်ဗျားကို တိုက်ပွဲအပြန်မှာ
    ဒီည ဘယ်ရောနီကာ ပွဲရှိတယ်ဆိုပြီး
    ယူနီဖောင်းမချွတ်ဘဲ ထိုင်စောင့်အားပေးတဲ့
    ရဲဘော်တွေအများကြီးရှိပါတယ် ။

    မြို့ပေါ်မှာနေလည်း ပေါ်တာဆွဲမယ်မှန်းသိလျက်နဲ့
    လက်ဖက်ရည်ဆိုင်က ပြတဲ့ TV ဖန်သားပြင်ပေါ်က
    ခင်ဗျားပွဲကို အိမ်ပြန်နောက်ကျတဲ့အထိ
    အားပေးခဲ့ကြတဲ့ ပြည်သူတွေလည်းရှိပါတယ် ။

    ဆိုတော့ ဒီပြည်သူတွေဟာ ခက်ခဲပင်ပန်း
    ဆင်းရဲကြပ်တည်းမှုတွေကြားက ခင်ဗျားကို
    သည်းသည်းလှုပ် အားပေးခဲ့ကြသူတွေပါ ။

    တိုက်ခိုက်ရေးသမားဆိုတာ ကိုယ့်အသားကို
    အကြိမ်ရေ အများကြီးအနာခံပြီး
    ထိုးကြိတ်ပြီးမှ ထမင်းစားသောက်ရတာပါ
    ဒါကြောင့် သူများတွေကို အသားမနာစေချင်တဲ့
    ဆန္ဒတွေပိုများပါတယ် ။ ဒါကို ကိုယ်ချင်းစာတရား
    လို့ခေါ်ပါတယ် ။

    ဒီလိုဆို အများပြည်သူကို နှလုံးသားနာစေတဲ့
    ပြောဆိုမှုတွေ အလေးမထားမှုတွေကို
    စိတ်လိုက်မာန်ပါ မလုပ်ဖို့ တိုက်တွန်းပါတယ် ။

    ဒါနောက်ဆုံးပါပဲ ..

    ” တိုက်ခိုက်ရေးသမားဆိုတာ ပိုယဉ်ကျေးရတယ်
    ပိုသိမ်မွေ့ရတယ် ပိုပြီး စောင့်ထိန်းရတယ်”

    ပြည်သူတွေနဲ့တစ်သားတည်း ဖြစ်ကြောင်း
    မထုတ်ပြနိုင်ရင်တောင်မှ အဓမ္မ တရားကို
    ပိုခွဲခြားနိုင်တဲ့ နေရာက ပေါက်ဖွားလာတာ
    ခင်ဗျားကိုယ်စောင့်နတ်သိပါတယ် ။

    ဘုရားသခင်သိပါတယ် ။

    ချစ်ခင်လေးစားသောအားဖြင့်
    ကိုယ့် ဘဝကိုမမေ့ပါနဲ့ ပြည်သူတွေကိုမမေ့ပါနဲ့လို့
    မှာချင်ပါတယ် ။

    ဒါနောက်ဆုံးပါပဲ ။
    ချစ်တဲ့စိတ်တွေကျန်နေလို့ သတိပေးတဲ့
    သဘောပါ ခင်ဗျားကို ချစ်ခင်ကြလို့
    အဖတ်လုပ်နေကြတဲ့လူတွေဆိုတာ
    မမေ့ပါိနဲ့ …

    “ခင်ဗျားသိက္ခာကို အသပြာဖြင့်မလဲပါနဲ့
    ပြည်သူတွေရဲ့နှလုံးသားကို နာကျင်မှုမမြောက်စေနဲ့”

    Aung Sitt

  • ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ

    ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ

    ပရိသတ် အစစ်တွေနဲ့ လမ်းခွဲလိုက်တဲ့ ဗရော်နီကာ (ထင်တောင် မထင်ထားဘူး)

    ဗရော်နီကာရေ လူတိုင်းဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားကို မင်းမေ့သွားပြီလား

    မင်းဟာ ကြိုးဝိုင်းထဲမှာ တိုက်ခိုက်တာ လိမ္မာ ပါးနပ်သလောက် အပြင်လောကမှာ မပါးနပ်ဘူးဆိုတာ အခု မင်းပြောတဲ့စကားက သက်သေပါပဲ။

    ထူးချွန်တဲ့သူကို မြန်မာ ပရိသတ်က ရင်ထဲ အသည်းထဲက ပုံအော အားပေးလေ့ ရှိပါတယ်။

    ကိုယ်ချင်းစာစိတ်လေးတော့ ရှိပါ ဗရော်နီကာရေ။ ပရိသတ်ရဲ့ သစ္စာ မဆူးပါစေနဲ့လို့ ဆုတောင်း ပေးလိုက်ပါတယ်။

    နိူင်ငံရေးကို စိတ်ဝင်စားလား မဝင်စားလားဆိုတာ အဖြေပေးလိုက်တာက ဗရော်နီကာ

    မိထော်ကို မသိဘူးတဲ့ နိူင်ငံနဲ့ ပြည်သူ ကို စိတ်ဝင်စားလား မဝင်စားဘူးလာဆိုတာ ဒီမှာ အဖြေပဲ။

    ဒါဆို ဗရော်နီကာက သူကောင်းစားဖို့အတွက်သာ ကြည့်တဲ့သူပဲ

    သူရဲ့ပရိသတ်ဘက်ကိုမရပ်တည်ဘူး

    နိူင်ငံနဲ့ပြည်သူအတွက် ဘာတန်ဘိုးမှမရှိဘူးဆိုတာ အဖြေပေါ်ပြီး နောက်ဆုံး ပြည်သူကို ဂျင်းထည့်သွားတာ ပြည်သူ့ရင်ဝကို ဆောင့်ကန်သွားတာ။

    2025 မှာ အများဆုံးတွေ့ရတာတော့

    အမှတ်မရှိတဲ့ လူတန်းစားတွေပါ။

    အမှတ်မရှိ ဆက်အားပေးနေတဲ့သူတွေလည်း
    ထိုလူတန်းစားထဲ အပါအဝင်ပါဘဲ✌️

    ဘေ ာမမယ်ဆိုလည်း မပါ
    နှစ်ဘက်ခွထိုင်ပြီးတော့
    ငါတို့မေတ္တာတွေကိုတော့ လှည့်စားမယူပါနဲ့

    ခံယူချက်ဆိုတာ ရင်ထဲမှာရှိပြီး ရပ်တည်ချက်ဆိုတာ အပြင်ထုတ်ပြရတာပါ အပြင်ထုတ်ပြဖို့အဆင်မပြေဘူးဆိုရင်လည်း ကင်းကင်းနေခြင်းဖြင့်ဖော်ပြနိုင်ပါတယ်

    စခနဲ့ ပတ်သက်တဲ့ အရာမှန်သမျှ
    နည်းနည်းမှ သည်းခံပေးလို့မရပါ✌️

    မိထော်

    ချစ်သော “ဗရော်နီကာ”

    တိုက်ခိုက်ရေး ကစားသမားတစ်ဦးဆိုတာ
    ခံယူချက်ပြင်းထန်ရပါတယ်
    သစ္စာစောင့်သိမှုနဲ့ လေးစားမှုရှိရပါတယ် ။

    ခင်ဗျားကျွန်တော့ကိုသိမှာပါ ခင်ဗျား နောင်ယား
    အားကစားရုံလေးထဲကနေ စလို့
    2013 seagmes Camp အထိ ကျွန်တော်တို့
    မကြာမကြာဆိုသလို ဆုံဖူးပါတယ် ။

    ဒီနေရာမှာ ( TT ) ကိုမေ့လို့မရပါ ။
    သို့သော် ( TT ) ကိုလည်းထည့်မရေးတော့ပါ ။

    ချစ်သော ဗရော်နီကာ တိုက်ခိုက်ရေးအားကစားသမား
    တစ်ဦးဟာ ငွေနောက်လိုက်မိရင်
    ကိုယ့်ရဲ့ဖြစ်တည်မှုအစ ကိုမေ့သွားတတ်ပါတယ်။
    ကျွန်တော်ဟာ ကျွန်တော့ အားကစားနည်းမှာ
    အောင်မြင်ကျော်ကြားတဲ့ ခုနှစ်တွေရှိခဲ့ဖူးပါတယ်
    ကျွန်တော်အောက်ခြေလွတ်ဖူးပါတယ် ။
    နည်းပြတွေရဲ့စကားကို ဆန့်ကျင်ဖူးပါတယ်
    ကျွန်တော့ လေ့ကျင့်ဖော်တွေကို
    အရိုအသေမဲ့ စွာ ဆက်ဆံဖူးပါတယ် ။

    အဲ့ဒီနှစ်အပိုင်းအခြားမှာ ကျွန်တော်စကျရှုံးပါတယ်
    ဒါဟာလူနည်းစုလေး အပေါ်ကိုပဲမာန်တက်ပြီး
    ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတဲ့ပြဿနာပါ ။

    ခင်ဗျား ဆုပ်လိုက်တဲ့ လက်သီးတွေတိုင်းမှာ
    ပြည်သူတွေရဲ့ နှလုံးသားတွေပါတယ်
    ခင်ဗျား လေ့ကျင့်လို့ ထွက်လာတဲ့ချွေးမှာ
    ပြည်သူတွေရဲ့မေတ္တာပါတယ်
    ခင်ဗျားရတဲ့ ဒဏ်ရာကလည်းပြည်သူတွေရဲ့နှလုံးသား
    အနာရတဖွယ်ပါပဲ ..

    ခင်ဗျားအောင်မြင်မှ ရောက်လာတယ်ဆိုတဲ့စကားထက်
    ခင်ဗျား ကြိုးစားခဲ့တဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့
    ရောက်လာကြတဲ့ ပြည်သူတွေပါ ။

    အဲ့ဒီပြည်သူတွေထဲမှာ ခင်ဗျားကို လေယာဉ်ဗုံးဒဏ်တွေ
    ထဲကနေ အားပေးနေကြတဲ့ ပြည်သူတွေရှိသလို
    ခင်ဗျားပွဲတွေကို ကြည့်ဖို့ဖုန်းအားမရှိတဲ့ကြားက solar နဲ့
    စတားလင့်လေးကို ပိုက်ဆံပေးသုံးတဲ့ ပြည်သူတွေပါပါတယ် ။

    ဒါတင်မကပါဘူး ခင်ဗျားကို တိုက်ပွဲအပြန်မှာ
    ဒီည ဘယ်ရောနီကာ ပွဲရှိတယ်ဆိုပြီး
    ယူနီဖောင်းမချွတ်ဘဲ ထိုင်စောင့်အားပေးတဲ့
    ရဲဘော်တွေအများကြီးရှိပါတယ် ။

    မြို့ပေါ်မှာနေလည်း ပေါ်တာဆွဲမယ်မှန်းသိလျက်နဲ့
    လက်ဖက်ရည်ဆိုင်က ပြတဲ့ TV ဖန်သားပြင်ပေါ်က
    ခင်ဗျားပွဲကို အိမ်ပြန်နောက်ကျတဲ့အထိ
    အားပေးခဲ့ကြတဲ့ ပြည်သူတွေလည်းရှိပါတယ် ။

    ဆိုတော့ ဒီပြည်သူတွေဟာ ခက်ခဲပင်ပန်း
    ဆင်းရဲကြပ်တည်းမှုတွေကြားက ခင်ဗျားကို
    သည်းသည်းလှုပ် အားပေးခဲ့ကြသူတွေပါ ။

    တိုက်ခိုက်ရေးသမားဆိုတာ ကိုယ့်အသားကို
    အကြိမ်ရေ အများကြီးအနာခံပြီး
    ထိုးကြိတ်ပြီးမှ ထမင်းစားသောက်ရတာပါ
    ဒါကြောင့် သူများတွေကို အသားမနာစေချင်တဲ့
    ဆန္ဒတွေပိုများပါတယ် ။ ဒါကို ကိုယ်ချင်းစာတရား
    လို့ခေါ်ပါတယ် ။

    ဒီလိုဆို အများပြည်သူကို နှလုံးသားနာစေတဲ့
    ပြောဆိုမှုတွေ အလေးမထားမှုတွေကို
    စိတ်လိုက်မာန်ပါ မလုပ်ဖို့ တိုက်တွန်းပါတယ် ။

    ဒါနောက်ဆုံးပါပဲ ..

    ” တိုက်ခိုက်ရေးသမားဆိုတာ ပိုယဉ်ကျေးရတယ်
    ပိုသိမ်မွေ့ရတယ် ပိုပြီး စောင့်ထိန်းရတယ်”

    ပြည်သူတွေနဲ့တစ်သားတည်း ဖြစ်ကြောင်း
    မထုတ်ပြနိုင်ရင်တောင်မှ အဓမ္မ တရားကို
    ပိုခွဲခြားနိုင်တဲ့ နေရာက ပေါက်ဖွားလာတာ
    ခင်ဗျားကိုယ်စောင့်နတ်သိပါတယ် ။

    ဘုရားသခင်သိပါတယ် ။

    ချစ်ခင်လေးစားသောအားဖြင့်
    ကိုယ့် ဘဝကိုမမေ့ပါနဲ့ ပြည်သူတွေကိုမမေ့ပါနဲ့လို့
    မှာချင်ပါတယ် ။

    ဒါနောက်ဆုံးပါပဲ ။
    ချစ်တဲ့စိတ်တွေကျန်နေလို့ သတိပေးတဲ့
    သဘောပါ ခင်ဗျားကို ချစ်ခင်ကြလို့
    အဖတ်လုပ်နေကြတဲ့လူတွေဆိုတာ
    မမေ့ပါိနဲ့ …

    “ခင်ဗျားသိက္ခာကို အသပြာဖြင့်မလဲပါနဲ့
    ပြည်သူတွေရဲ့နှလုံးသားကို နာကျင်မှုမမြောက်စေနဲ့”

    Aung Sitt

  • ရန်ကုန်တွင် ရွေးကောက်ပွဲနားနီးကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူငယ်များဖမ်းဆီးမှုကို အရှိန်မြှင့်နေ

    ရန်ကုန်တွင် ရွေးကောက်ပွဲနားနီးကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူငယ်များဖမ်းဆီးမှုကို အရှိန်မြှင့်နေ

    ရန်ကုန်မြို့တွင် တရားမဝင် ရွေးကောက်ပွဲနားနီးကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူငယ်များ ဖမ်းဆီးမှုကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

    ယခင်က ရပ်ကွက်များအတွင်း ညဘက် ကင်းလှည့်ခြင်းကို ရဲတပ်ဖွဲ့က ပုံမှန် လုပ်ဆောင်လေ့မရှိ သော်လည်း ယခုအခါ ညစဉ် ကင်းလှည့်ကာ လမ်းမပေါ်နှင့် လမ်းမနံဘေးရှိ လူငယ်များအား ဖမ်းဆီးနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။

    “ဘယ်လောက်ထိ ဖမ်းမိသလဲဆိုတဲ့ စာရင်းကတော့ မရှိဘူး။ဘာလို့လဲဆိုတော့ အားလုံးက စာ ရင်းပျောက်ချည်းပဲ။ ဖမ်းမိရင် ငွေညှစ်တယ်။ငွေမပေးနိုင်ရင် စစ်မှုထမ်းထဲ ရောင်းစားတယ်ဆိုတော့ ဘာစာရင်းမှ မရှိဘူး”ဟု ၎င်းက ပြောသည်။

    ဖမ်းဆီးမိသော လူငယ်များကို စစ်မှုထမ်းထဲသို့ ရောင်းစားပါက ၁၀သိန်းမှ ၁၅သိန်းအထိ ရရှိနေသော ကြောင့် ရန်ကုန်တွင် စစ်တပ်၊ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ စစ်တပ်နှင့်ချိတ်ဆက်လုပ်စားနေသော ပျူစောထီးနှင့် လူရောင်းစားဂိုဏ်းတို့က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လိုက်ဖမ်းနေကြကြောင်း သိရသည်။

    “ညဘက် ကိုယ့်ရပ်ကွက်ထဲက လမ်းဘေးမှာထိုင်ပြီး သောက်နေတယ်။ဂစ်တာတီးနေတယ်။ အိမ်အ ပြန်နောက်ကျတယ်။ ဖမ်းတဲ့ကောင်တွေနဲ့ တည့်တည့်တိုးရင် ပါတာပဲ။ မကြာသေးဘူး၊ အလုံမှာ လက်ဖက်ရည်ဆိုင်ကကောင်လေး ဆိုင်ပိတ်တဲ့အချိန် ဆိုင်ရှေ့မှာ ခဏထိုင်နေတာ ဆွဲစေ့ခံလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

    ရန်ကုန်မြို့တွင် ဒီဇင်ဘာ၈ရက်မှ ၁၄ ရက်အတွင်း လမ်းမပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ၁၁ဦး၊ လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၆ ဦး၊ ရှာဖွေဖမ်းဆီးခံရသူ ၂ ဦးနှင့် ဖမ်းဆီးသည့်ပုံစံမသိရသူ ၆ ဦး စုစုပေါင်း ၂၅ ဦးရှိကြောင်း Rangoon Scout Network က ယနေ့(ဒီဇင်ဘာ ၁၅ ရက်)သတင်းထုတ်ပြန် သည်။

    ဒီဇင်ဘာပထမပတ်အတွင်းကလည်း ရန်ကုန်တွင် လမ်းဘေး၌ အရက်သောက်နေသည်ဟုဆိုကာ ရဲနှင့် အရပ်ဝတ်တို့၏ ဖမ်းဆီးခြင်းခံရသူ အယောက် ၄၀ ရှိကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသည်။

  • အောင်မြင်မှုအတွက် ကု-တ-င်ပေါ်ထိုးအ-ပ်ခဲ့ကြသော မြန်မာ့နာမည်ကြီးအ-လှ-မယ်/မင်းသမီးများ

    အောင်မြင်မှုအတွက် ကု-တ-င်ပေါ်ထိုးအ-ပ်ခဲ့ကြသော မြန်မာ့နာမည်ကြီးအ-လှ-မယ်/မင်းသမီးများ

    အောင်မြင်မှုအတွက် ကု-တ-င်ပေါ်ထိုးအ-ပ်ခဲ့ကြသော မြန်မာ့နာမည်ကြီးအ-လှ-မယ်/မင်းသမီးများ

    အရင်ခေတ်အခါတုန်းက မင်းသမီးတစ်ယောက်ဖြစ်ဖို့ အောင်မြင်ကျော်ကြားလာဖို့ဆိုတာ ဒီနေ့ခေတ်လို မလွယ်ကူခဲ့ပါဘူး။ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်တွေ မကြွယ်ဝသေးတဲ့ ခေတ်ထဲမှာ ဝုန်းခနဲ နေရာရဖို့အတွက်ဆို စ-ပွန်-ဆာရှာပြီး ပြေးကပ်မှအလုပ်ဖြစ်တာပါ။

    ဒါကြောင့် အောင်မြင်မှုကိုမွတ်သိပ်နေတဲ့ တစ်ချို့သောမင်းသမီးတွေဟာ လှေကားထစ်အဖြစ် ခရိုနီကြီးတွေလက်ထဲမှာ သူတို့ဘဝကို ပုံအပ်ခဲ့ကြပါတယ်။ ပြောရတာမကောင်းပေမယ့် ဘယ်မင်းသမီးတွေက ခရိုနီကြီးတွေနဲ့ ဘယ်လောက်ထိ ပူးကပ်ခဲ့ကြသလဲဆိုတာကို ဒီကနေ့ရဲ့ ဗီဒီယိုလေးမှာ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

    (၁) ရွှေအိမ်စည်

    ရွှေအိမ်စည်လို့ပြောလိုက်တာနဲ့ အေးနေဝင်းကို အားလုံးပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ အေးနေဝင်းဆိုတာကတော့ မြန်မာ့အကြီးစား ခရိုနီကြီးအဖြစ် နာမည်ကျော်ကြားလွန်းတဲ့ နေဝင်းရဲ့မြေးဖြစ်ပြီး လက်ရှိမှာလည်း မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ်ချမ်းသာနေသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့နားရွက်ပျောက်အောင် အဝလွန်တဲ့ရုပ်ရည်ကြောင့် ပရိသတ်ကြားမှာ လူသိများပြီး ပြည်သူလူထုက မမြင်ချင်မကြားချင်အောင် မြင်ပြင်းကတ်ကြတဲ့ ခရိုနီလက်သစ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် မော်ဒယ်ရွှေအိမ်စည်ကတော့ အဲဒါတွေအကုန်လုံးကို ဘေးချိတ်ပြီး သူ့ဘဝကောင်းစားရေးအတွက် အေးနေဝင်းနဲ့ ပေါ်ပေါ်တင်တင်ပဲ တွဲခဲ့ပါတယ်။ ရွှေအိမ်စည်က မထင်မရှားမော်ဒယ်ဘဝမှာ အေးနေဝင်းနဲ့ချစ်ကြိုက်ခဲ့ပြီး အဲဒီဆက်ဆံရေးကနေ တစ်ဆင့် အခွင့်အရေးအားလုံးကို ဘဝတက်လမ်းအတွက် အမြတ်ထုတ်ခဲ့ပါတယ်။ အစက လူသိနည်းတဲ့ဘဝကနေ အေးနေဝင်းနဲ့တွဲလိုက်မှ စီးပွားရေးလည်းအဆင်ပြေလာခဲ့သလို မော်ဒယ်လောကမှာသာမက အနုပညာနယ်ပယ်မှာပါ ထင်ရှားလာခဲ့ပါတယ်။ ရွှေအိမ်စည်က ပရိသတ်တွေရှေ့မှာတင် အေးနေဝင်းနဲ့ ပေါ်ပေါ်တင်တင် တွဲသွားတွဲလာ လုပ်ခဲ့သလို နိုင်ငံတကာအလည်အပတ်ခရီးစဥ်တွေကို လျှောက်လည်ခဲ့ကြပြီး သူမရဲ့ HD လို့ယူဆရတဲ့ မဖွယ်မရာ Vd file တစ်ချို့လည်း ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ရွှေအိမ်စည်က ဘယ်သူ့ကိုမှ ဂရုစိုက်ခြင်းအလျင်းမရှိဘဲ လူရှေ့သူရှေ့မှာ အေးအေးဆေးဆေးပဲ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ အေးနေဝင်းကို အပျိုစင်ဘဝပေးပြီးမှ ရလာတဲ့ ဒီအောင်မြင်မှုတွေကို ရွှေအိမ်ကစည်က ဘယ်လိုသဘောထားလဲမသိပေမယ့် ပရိသတ်ကတော့ နှာခေါင်းရှုံ့လျက်ရှိနေကြပါတယ်။

    (၂) သင်ဇာဝင့်ကျော်

    မြန်မာနိုင်ငံရဲ့အဖော်အချွတ်မော်ဒယ် အဖြစ် သတင်းကြီးတဲ့ သင်ဇာဝင့်ကျော်ဟာဆိုရင်လည်း မအောင်မြင်မီကာလတွေမှာ သူဌေးကြီးတွေရဲ့ အသုံးတော်ခံ ဖြစ်ခဲ့ဖူးပါတယ်။ သင်ဇာတို့ခပ်ငယ်ငယ်တုန်းက မြန်မာ့ရုပ်ရှင်လောကဟာ နေရာရဖို့ ခက်ခဲပြီး သင်ဇာဟာ ဗီဒီယိုမင်းသမီးဖြစ်လိုက် ချော-င်ထိုး-ခံရလိုက်နဲ့သာ သံသရာလည်နေခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာမီကာလမှာပဲ သင်ဇာဝင့်ကျော်ဟာ ခေါင်းဆောင်မင်းသမီးနေရာရောက်လာခဲ့ပြီး မော်ဒယ်လောကမှာလည်း စီးပွား

    ရေးပြေလည်တဲ့ မျက်နှာဖုံးမော်ဒယ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပရိသတ်တွေက သင်ဇာဝင့်ကျော်တစ်ယောက် ဘာကြောင့် အဲဒီလောက်အောင်မြင်သွားလဲဆိုတာကို သိချင်ခဲ့ကြပြီး အင်တာနက်ပေါ်က သင်ဇာဝင့်ကျော်နဲ့ ဘဲကြီးတစ်ပွေရဲ့ ရေကူးကန်ထဲက ဓါတ်ပုံတွေကိုမြင်မှ သဘောပေါက်သွားခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ဟာ သူ့ဘဝရဲ့တက်လမ်းအတွက် အခုလို ကြေ-းရတတ်လူချမ်းသာတွေနဲ့ အပျိုစင်ဘဝကို ပေးဆပ်ရတဲ့အထိ ဖြတ်သန်းခဲ့တာဖြစ်ပြီး အဲဒီဖြတ်သန်းမှုတွေနဲ့ ထိုက်တန်အောင်လည်း အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သင်ဇာဟာ နိုင်ငံခြားသားချစ်သူအပါအဝင် အခြားကောင်လေးတွေကိုလည်း ချစ်သူအဖြစ် ချပြခဲ့ဖူးပါတယ်။ လောလောဆယ်မှာတော့ သင်ဇာဝင့်ကျော်ဟာ နိုင်ငံတော်အစိုးရရဲ့ အကျဥ်းချထိန်းသိမ်းခြင်းကို ခံထားရပြီး အကျဥ်းကျနေစဥ်အတွင်းမှာပဲ သူမရဲ့ချစ်သူကလည်း လမ်းခွဲခဲ့တယ်လို့ သိရပါတယ်။

    (၃) ချမ်းမီမီကို

    လကမ္ဘာကို ဟန်နီးမွန်းထွက်မယ်လို့ ပြောလိုက်တာနဲ့ ချမ်းမီမီကိုနဲ့ ခရိုနီခေါင်းကြီးပိုင်း စိုးထွန်းရှိန်ကို လူတိုင်းပြေးမြင်ကြမယ် ထင်ပါတယ်။ အစက အညတရဗီဒီယိုလေးမင်းသမီးလေးဖြစ်တဲ့ ချမ်းမီမီကိုဟာ နာမည်ရလာပြီး သိပ်မကြာခင်မှာပဲ စီးပွားရေးလောကထဲက ခရိုနီကြီးတစ်ဦးဖြစ်တဲ့ စိုးထွန်းရှိန်ကို ချက်ချင်းကောက်ယူခဲ့ပါတယ်။ “ဘဝကိုမြန်မြန်ချမ်းသာချင်ရင် သူဌေးနဲ့ယူပစ်” ဆိုတဲ့ တလွဲmind set ကြီးကို လူနေမှုစနစ်ထဲ ဘယ်သူထည့်ပေးလိုက်မှန်းမသိပေမယ့် အဲဒီလိုငွေမျက်နှာနဲ့ လက်ထပ်ကြတဲ့ အိမ်ထောင်ရေးဟာ ဘယ်တော့မှမချမ်းမြေ့ကြပါဘူး။ ဒါကြောင့်လည်း ချမ်းမီမီကိုရဲ့တွက်ကိန်းဟာ နှစ်အနည်းငယ်သာ ခံပြီး သားလေးတစ်ယောက်ရပြီးတဲ့ အခါမှာတော့ စိုးထွန်းရှိန်နဲ့ ကွာရှင်းခဲ့ရပါတယ်။ ယခုအခါမှာတော့ ငွေပုံပေါ်ဖင်ခုထိုင်ပြီးသွားပြီဖြစ်တဲ့ ချမ်းမီမီကိုဟာ ဘာသာရေးရဲ့အဆုံးအမကြောင့် သိမ်မွေ့ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရပါတယ်။ ပရိသတ်ကြီးတို့ရော ဒီသုံးယောက်ကို သိကြလားဆိုတာနဲ့ ဒီလိုဘဝပေးပြီးမှ နာမည်ရလာတဲ့ သူတို့ရဲ့အောင်မြင်မှုတွေအပေါ် ဘယ်လိုများထင်ကြပါသလဲနော်။

  • ရွှေဘိုမြို့ထဲဝင်ပြီး စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြဖို့ နှိုးဆော်

    ရွှေဘိုမြို့ထဲဝင်ပြီး စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြဖို့ နှိုးဆော်

    တော်လှန်ရေးရဲဘော်တွေ ရွှေဘိုမြို့ထဲဝင်ပြီး စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြဖို့ နှိုးဆော်

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အတွင်း တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ပြီး စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းနှိုးဆော်သွားကြောင်း သတင်းရရှိပါတယ်။

    ဒီနေ့ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁၂နာရီခန့်က ရွှေဘို‌မြို့ပေါ်က အဝေးပြေးကားကြီးဝင်းထိပ်တံတားပေါ်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရုပ်ထုရှေ့၊ အလက(၁)ကျောင်းမျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့နဲ့ ရွှေဘို-ရေဦး လမ်းထိပ်နေရာတွေမှာ စစ်တပ်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဗီနိုင်းတွေ ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်တွေ မျှဝေခြင်း၊ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးကဗျာတွေ ရွတ်ဖတ်ပြီး နှိုးဆော်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO)၊ တိုက်နယ် ပကဖအဖွဲ့က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရွှေဘိုမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ တော်လှန်ရေးရဲဘော်တွေဟာ မြို့ပေါ်လူစည်ကားတဲ့နေရာတွေအထိ တက်ရောက်လှုံ့ဆော်ခဲ့တာဖြစ်ကြောင်း ရွှေဘိုပကဖအဖွဲ့က အသိပေးပါတယ်။

    စစ်ကောင်စီတပ်ဟာ တော်လှန်ရေးရဲဘော်တွေ ထွက်ခွာသွားပြီးမှ ရောက်ရှိလာပြီး အော်ဟစ် ဆဲဆိုကာ ဗီနိုင်းတွေ လာရောက်ဖျက်ဆီးသွား‌ကြောင်း သိရပါတယ်။

    မုံရွာမြို့နယ်မှာလည်း စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို အရေးယူဖို့ တော်လှန်ရေးအင်အားစုတွေက ဗီနိုင်းတွေ စိုက်ထူနေကြပါတယ်။

    (ရွှေဘိုမြို့ပေါ်မှာ ဗီနိုးပိုစတာများ ချိတ်ဆွဲခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ် ဓာတ်ပုံ-ရွှေဘိုပကဖ)