Category: News

  • အိုးဘိုထောင်ရဲ့သတင်းကအမှန်

    အိုးဘိုထောင်ရဲ့သတင်းကအမှန်

    မန္တလေးအိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်းဗုံးကျဲချမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် အခြားအကျဉ်းသား ၄ ဦး သေဆုံးပြီး နာမည်စာရင်းများထုတ်ပြန်

    မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်‌အပေါ်ကို ဒရုန်း ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုတွင် နိုင်ငံရေးအကျဥ်းသား ၁၇ ဦး၊ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၁၀ ဦးအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

    ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန် ဒရုန်း ဗုံး ၂ လုံးကျဲချခံခဲ့ရခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားသည့် အကျဉ်းထောင်ဖြစ်သည့်အတွက် ဒရုန်းဖြင့် ကျဲချခဲ့သောအဖွဲ့၏ အချက်အလက်များစုံစမ်းရရှိရန် အခက်အခဲများရှိနေသောကြောင့် အတည်ပြုနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်နေဆဲဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

    “မနေ့က သတင်းထုတ်ပြန်မှုတွေ ကျနော်တို့ လုပ်တယ်။ စစ်ကောင်စီကတော့ ငြင်းနေကျအတိုင်း ငြင်းတာကိုတော့ ကျနော်တို့က ခေါင်းထဲ မထည့်ပါဘူး။ ဒီနေ့မှာ အချက်အလက်နဲ့တကွ သေဆုံးမှု နာမည်တွေ ၊ အသက်တွေ၊ ပုဒ်မတွေနဲ့ တကွ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ တချို့ကလည်း ဒါကို မဟုတ်ဘူးလို့ မနေ့ကလည်း သတင်းတွေ ဝေဖန်ချက်တွေလည်း ကြားရပါတယ်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီအရေးဟာ ကိုယ့်ရဲ့ ကိုယ်ကျိုးစွန့်ပြီးမှ အားလုံးဟာ ဘာဝင်ငွေမှ မရှိဘဲနဲ့ တစ်စိုက်မတ်မတ် လုပ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။ ဒီတော်လှန်ရေးနယ်မြေထဲမှာ ခက်ခက်ခဲခဲရပ်တည်ပြီးမှ ဒီလိုလုပ်နေတာဟာ အကျဉ်းထောင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ လူမသိ သူမသိ သတ်ခံရတဲ့ အခြေအနေတွေ မဖြစ်ပေါ်စေဖို့ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

    Drop ဗုံး ကျဲချမှုကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ-

    ၁။ ပုဒ်မ- ၅၀ ည ဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၃၆ နှစ်အရွယ် ကိုတင်လင်းထွန်း

    ၂။ ပုဒ်မ -၅၂ က / ၅၁ ဂ ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၆ နှစ်အရွယ် ကိုသန်းနိုင်

    ၃။ ပုဒ်မ- ၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၃၁ နှစ်အရွယ် ကိုကျော်သီဟ

    ၄။ ပုဒ်မ-၅၂ က /၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၄ နှစ်အရွယ် ကိုရှိင်းဇော်

    ၅။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၆ နှစ်အရွယ် ကိုခန့်ဖြိုးအောင်

    ၆။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်၂၉ နှစ်အရွယ် ကိုကျော်ဇင်တိုး

    ၇။ ပုဒ်မ-၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် ကိုအောင်ကိုဝင်း။

    ၈။ ပုဒ်မ – ၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၀ အရွယ် ကိုဌေးလင်းအောင်

    ၉။ ပုဒ်မ-၅၂ က/၅၁ ဂ /၂၉ တို့ဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၉ နှစ်အရွယ် ကိုဝေယံ

    ၁၀။ ပုဒ်မ- ၅၀၅ က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၁ နှစ်အရွယ် ကိုရဲရင့်

    ၁၁။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၈ နှစ်အရွယ် ကိုသူရနေမင်း

    ၁၂။ ပုဒ်မ-၄၉/၅၂ က တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၂ နှစ်အရွယ် ကိုသက်မျိုး

    ၁၃။ ပုဒ်မ-၅၂ က /၅၂ ဂ တို့ဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၇ နှစ်အရွယ် ကိုဗိုလ်ဝင်း

    ၁၄။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကောင်းထက်

    ၁၅။ ပုဒ်မ-၅၂ က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၃ နှစ်အရွယ် ကိုဖုန်းထက်

    ၁၆။ ပုဒ်မ-၅၂ က /၅၀ ည တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၈ နှစ်အရွယ် ကိုကျော်မြတ်သူ

    ၁၇။ ပုဒ်မ-၅၀ ည /၅၁ ဂ တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၄ နှစ်အရွယ် ကိုကျော်ကျော်လင်း တို့ ဖြစ်ကြောင်း သိရှိရသည်။

    ဒရုန်း ဗုံးကျဲချမှုကြောင့် အခြားအမှုဖြင့် ဖမ်းဆီးခံထားရသည့် အကျဉ်းသား ၄ ဦးလည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

    အိုးဘိုထောင်ရဲ့သတင်းကအမှန်

    ယုတ်မာချက်ကကမ်းကုန်

    ဗုံးကြဲတာက ပျူတွေကိုစကစက ဒရုန်းသင်တန်းပေးရင်း စမ်းသပ်ခိုင်းပြီး ယုတ်မာတာလို့သိရ။

    နိုင်/ကျဉ်း ၁၇ ဦး အပါဝင် ၂၁ ဦးသေဆုံး

  • တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် စခန်းကုန်ကျစရိတ်ဟုဆိုကာ နယ်ထိန်းရဲများကို ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကျော်ရှာခိုင်း

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူက မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ အပါအဝင် စခန်းကုန်ကျစရိတ်ဟုဆိုကာ နယ်ထိန်းရဲများကို ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကျော်ရှာခိုင်းကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

    တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းမှူး မျိုးကျော်သူသည် နယ်ထိန်းရဲများကို စခန်းကုန်ကျစရိတ်ဟုဆိုကာ ၁ လလျှင် ငွေကျပ် သိန်း ၃၀၀ ကို နည်းမျိုးစုံဖြင့် ဖိအားပေး ရှာခိုင်းနေပြီး ၎င်းကိုယ်တိုင်လည်း မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ၎င်းရှာဖွေခိုင်းသော ငွေကျပ် သိန်း ၃၀၀ မပြည့်ပါက နယ်ထိန်းရဲများကို ရိုက်နှက်ပြီး အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း၊ ယင်းသို့လုပ်ဆောင်မှုများကို အထက်သို့ တိုင်ကြားသော်လည်း ငွေကြေး အလုံးအရင်းဖြင့် လိုက်လံ အမှုဖျောက်နေကြောင်း သိရှိရသည်။

    ထို့ပြင် မျိုးကျော်သူက ၎င်း၏ ယောက်ဖဖြစ်သူ ကြံ့ဖွတ်ပါတီဝင် ၁ ဦးနှင့် နယ်ထိန်းရဲ ၂ ဦးကိုလည်း ပလီလင်းရွာအကျော်ရှိ ရေသပြေဂိတ်တွင် သစ်ကားများကို စောင့်၍ ပိုက်ဆံ ကောက်ခံခိုင်းပြီး ၁ ရက်ကို အနည်းဆုံး ငွေကျပ် သိန်း ၂၀ ကျော်ရရှိကြောင်း သိရသည်။

    စခန်းမှူး မျိုးကျော်သူက လက်ရှိချိန်တွင် ၎င်း၏ မိန်းမဖြစ်သူ ဒေါ်သွယ်သွယ်ဦး အမည်ဖြင့် ပလီလင်းရွာတွင် သိန်း ၂၀၀၀ တန် ခြံများ ဝယ်ယူထားပြီး သိန်း ၃၅၀၀ တန် ကားများလည်း ဝယ်ယူထားကြောင်း၊ ဒေါ်သွယ်သွယ်ဦးကိုလည်း သိန်း ၇၀၀ ကျော်တန် လက်ဝတ် ရတနာများ ဆင်ပေးထားကြောင်း သိရှိရသည်။

    “တောင်ကြီး အမှတ် ၂ နယ်မြေရဲစခန်းမှူး မျိုးကျော်သူက အလွန့်အလွန် မတရား စီးပွားရေး သောင်းကျန်းနေပါတယ်၊ မူးယစ်ဆေးဝါးလည်း ရောင်းချတယ်။ တစ်လကို စခန်းကုန်ကျ စရိတ်ဆိုပြီးတော့ သိန်း ၃၀၀ ပြပြီး နယ်ထိန်းတွေကို ဖိအားပေး ရှာခိုင်းပါတယ်။ ပိုက်ဆံမရှာနိုင်ရင် စိုက်နိုင်ရင် နယ်ထိန်းကနေ ဖြုတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောပြီး ရိုက်နှက်ပါတယ်။ သူ့ယောက်ဖ ကြံ့ဖွတ်ပါတီဝင်ကိုလည်း ရေသပြေဂိတ်မှာ သစ်ကားများကိုစောင့်ပြီး ပိုက်ဆံတောင်းခိုင်းပါတယ်။ နယ်ထိန်းခေါင်းဆောင်ကလည်း သူ့ကြိုးဆွဲရာ လုပ်တဲ့ လူကိုပဲ ထားပါတယ်။ သူမတရားလုပ်တာတွေကို အထက်ကို တိုင်လည်း ဘာမှ မထူးဘူး။ အမှုက ပျောက်သွားတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

    တောင်ကြီးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းတွင်လည်း အချုပ်မှ အကျဉ်းထောင်ကို မပြောင်းရွေ့လိုပါက ငွေကျပ် ၁၀ သိန်းပေးရပြီး ညစ်ပတ်နေသည့် ပုံစံထမင်း၊ ကန်စွန်းရွက်ရေလုံပြတ်နှင့် အသားဟင်းများကိုလည်း ဈေးအဆမတန်တင်၍ ရောင်းချနေကြောင်း သိရသည်။

  • လောက်ကိုင် နဲ့ မြဝတီ မှာ ခေါ်နေတဲ့ အလုပ်ကြောင်း

    လောက်ကိုင် နဲ့ မြဝတီ မှာ ခေါ်နေတဲ့ အလုပ်ကြောင်း

    “လောက်ကိုင် နဲ့ မြဝတီ မှာ ခေါ်နေတဲ့ အလုပ်ကြောင်းပြောပြမယ်”

    သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်‌လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး casino အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ

    ခေါ်တဲ့ပုံစံက online Game , customer Service,
    online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ်

    English 4 skill ကျွမ်းရမယ် computer တက်ရမယ်ဆိုပြီးခေါ်တယ်

    လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ်

    အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက WhatsApp app သုံးပြီး လိမ်ရတာပါနော်

    နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအယောင်ဆောင်ပြီး ရင်းနီးအောင် လုပ်ရတယ်

    ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ်

    ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေလုပ်ကြောင်းပေါ့

    သူ့ကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရမယ် အတိုးဘယ်လောက်ပေးမယ်ပေါ့

    ပထမဆုံး ၁ကြိမ် ၂ကြိမ်တော့ အတိုးကို ထည့်ပေးတယ်

    ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုပ်နှံမှ block လိုက်ရတာ

    ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် block လိုက်ရတာ

    အလုပ်က အပြင်လုံးဝ မထွက်ရဘူး ထွက်ရလဲ တစ်လတစ်ခါ

    အဲ့တာလဲ သူ့တို့ကားနဲ့ လိုက်ပို့တာ

    လစာက ပထမဆုံးလတာ ၁၂ သိန်း ၁၅သိန်း ပေးတာပါ

    နောက်လဆို ကိုယ်လိမ်နိုင်မှ ပိုက်ဆံရတာ

    မလိမ်နိုင်ရင်လဲ အရိုက်ခံရတယ် အထုခံရတယ်

    လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို အိမ်ပြန်ရဖို့
    လမ်းမရှိတော့ဘူး သူ့ကို လက်လွှတ်မခံတော့ဘူး

    အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ် တစ်ခါတလေ မအိပ်ရဘူးနော်

    မိန်းကလေးတွေဆို နိုင်ငံခြားသားတွေနဲ့ Sex chat ရတဲ့အထိပါတက်တယ်

    အလုပ်ကလုပ်မဲ့သူဆို ကားစရိတ် ခံခေါ်တက်ကြတယ်

    အပြင်ထွက်ရတဲ့သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက် ရတက်တာ

    ပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေ
    မြို့အစွန်ဖျားတွေမှာ လုပ်ရတာပါ၊ ခိုးထွက်လို့လဲ မရဘူး ထွက်ခဲ့ရင် အသက်ပါပေးရပါလိမ့်မယ်

    လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော်

    ခုမြန်မာပြည်က ပညာတက်လေးတွေ
    ယုံစားပြီး အရမ်းကို ဒီဘက်တက်လာကြတာ

    တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အဖမ်းအဆီးများလို့

    မြန်မာ နယ်စပ်တွေမှာ လုပ်စားကြတာပါ

    သူချို့မိန်းကလေးတွေဆို တရုတ်သူဌေးရဲ့ မုဒိမ်းပါ ကျင့်ခံရတတ်ပါတယ်။မြန်မာပြည်က ပညာတတ်လေးတွေ သတိထားဆင်ခြင် နိုင်ဖို့ပါ

    အရမ်းကို စွားရွားတဲ့ အလုပ်ပါနော် သူများဆီက ရတဲ့
    အပူစာတွေဖြစ်သလို မိမိလဲ လူလိမ်ဖြစ် မိမိ အသိုင်းဝိုင်းလဲ မကောင်း မိမိ အသက်ရှင်ရေးဟာလဲ မသေချာ အရိုက်ခံအထုခံ အနှိပ်စက်ခံ အလုပ်ကြီးပါ။

    ခုမြန်မာနိုင်ငံထဲမှာ ကြပ်တည်းနေတဲ့အတွက် အဲပိုင်းတွေ
    ရောက်ရောက်သွားကျတာ စိတ်မကောင်းဘူး

    သူများပြောရင်မယုံဘူးတတ်ဘူး နော်၊ ကျွန်မက ကိုယ်တိုင် မြဝတီလိုမြို့မှာ စားသောက်ဆိုင် ဖွင့်ခဲ့သူမို့ ကိုယ်တိုင် မြင်ခဲ့တာမို ပညာတတ်လေးတွေ နှမျော တယ်

    ပြန်လည်မျှဝေပါသည်။

  • မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲ

    မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲ

    မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ကရင်နီပြည်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ

    မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆိုင်ကယ်စီး ခရီးသွား ပြည်သူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး​သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

    “လမ်းပေါ်မှာ ဆိုင်ကယ်စီးနေတဲ့ ပြည်သူ ၁ ဦး သေဆုံးပါတယ်။ ကလေးငယ် ၁ ဦးလည်း သေဆုံးပါတယ်။ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေတယ်။ လေယာဉ်နဲ့ ဗုံးကျဲတာက နေ့စဉ် ရက်ဆက် အရမ်းများလာလို့ မလုံခြုံဘူးနေရတာ”ဟု မိုးကုတ်မြို့မှ အသက် ၄၂ နှစ်အရွယ် ကျောက်မျက်တူးဖော်ရေးလုပ်ကိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။

    ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါ လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဆေးရုံမှာ လုံးဝပျက်စီးသွားကြောင်း သိရ သည်။

    “လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ပျံဝဲနေတာ။ အဲလိုဆိုတော့ ပြည်သူတွေက သတိနဲ့ နေနေကြတော့ အထိခိုက်အနည်သွားတာဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက် ပျံဝဲပြီး ဒီနေ့မနက် ၈ နာရီခွဲလောက်ကမှ ကျဲသွားတာ၊ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ဆေးရုံက တော့ တော်တော် ပျက်စီးသွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

    ထို့ပြင် ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၁၀ မိနစ်အချိန်တွင်လည်း စစ်တပ်က မော်ချီးဒေသကို လေယာဉ်ဖြင့် ဗုံးထပ်မံ ကျဲချသွားကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသော မြို့နယ်များကို အရေးပေါ် အခြေ အနေ ကြေညာထားပြီး လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသော မိဘ ပြည်သူများ အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များ၊ နည်းလမ်းများကို လိုက်နာ ကျင့်သုံးပေး ကြပါရန်၊ ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြပါရန် တော်လှန်ရေးအဖွဲ့ အစည်းများက တိုက်တွန်းထားသည်။

  • အောင်မင်းပြောတဲ့ မယားငယ် ဌာနချုပ်

    အောင်မင်းပြောတဲ့ မယားငယ် ဌာနချုပ်

    နေပြည်တော်မှာရှိတဲ့ ကြံ့ဖွတ်ပါတီရဲ့ ဌာနချုပ်ကို ပါတီအလုပ်တွေ လုပ်ဖို့ ကြီးကျယ်ခမ်းနားစွာ ဖွင့်ထားတာလို့ တချို့က ထင်ကောင်းထင်ကြမယ်။ တကယ်တော့ ကြံ့ဖွတ်ပါတီရဲ့ ရုံးဝန်း အကျယ်ကြီးထဲမှာ လူနေဆောင်တွေ အမြောက်အမြား ဆောက်လုပ်ထားတယ်။

    ကြံံဖွတ်က ပါတီကြီးတစ်ခု ဆိုတော့ စာရေးမတွေ အများအပြား ခန့်တယ်၊ လိုလို မလိုလို ခန့်တယ်။ ဘာလို့ခန့်လဲ ဆိုတော့ စာရေးမတွေကို ကြံ့ဖွတ်ပါတီ ရုံးချုပ်ထဲမှာပဲ နေစရာ အဆောင်ပေးချင်လို့။ ပြီးရင် ဘူးလက်လှဆွေလို တနှာရူးကောင်တွေက အဆောင်နေ စာရေးမတွေကို အာဏာ ငွေကြေး အကုန်သုံးပြီး ဝိုက်တီးဆွဲတော့တာပဲ။

    ကြံ့ဖွတ်ပါတီ ဌာနချုပ်အတွင်းမှာရှိတဲ့ စာရေးမတွေ လင်ကောင်မပေါ်ပဲ ဗိုက်ကြီးလို့ ဖျက်ချရတဲ့ ဖြစ်စဉ်တွေအကြောင်း ၂၀၂၃ လောက်က စစ်ကဲကြီး ချန်နယ်ကနေ သက်သေ အခိုင်အမာနဲ့ ဖော်ကောင်လုပ်ဘူးတယ်။ ဘာဖြစ်လို့ လင်ကောင်မပေါ်လဲ ဆိုတော့ တချို့ စာရေးမတွေက တစ်လက်ကိုင် မယားငယ်တွေ ဖြစ်ပေမယ့် တချို့က ဘုံဆိုင် မယားငယ်တွေ။ ကြုံတဲ့ကောင်က ဝင်ဗြုန်းတာပဲ။

    မင်းအောင်လှိုင် အာဏာသိမ်းတဲ့အချိန်မှာ ဇောင်းကြွခဲ့တဲ့ ကြံ့ဖွတ်တွေဟာ တလရ အားကောင်းလာချိန်မှာ အသတ်ခံရမှာကြောက်တော့ နေရပ်စွန့်ခွာ ထွက်ပြေးရတယ်။ တချို့က နေပြည်တော်ကို ရောက်လာပြီး ကြံ့ဖွတ် ဌာနချုပ်ထဲမှာ ခိုလှုံခွင့်တောင်းတယ်။ သမီးပျိုလေးတွေရှိတဲ့ မိသားစုက အမြဲနေထိုင်ခွင့်ရပြီး စာရေးမတွေ ဖြစ်လာတယ်၊ ကျန်တဲ့ မိသားစုတွေကိုတော့ ခဏပဲ နေထိုင်ခွင့်ပေးပြီး နှင်လွှတ်တယ်။ ဒီလိုကိစ္စတွေ အောင်မင်း ပိုသိတယ်။

    နမူနာတစ်ခု ပြောရရင်-

    ကျောက်ဆည် ထမင်းကြော်မလဲ သူ့နယ်ကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးရချိန်မှာ ကြံ့ဖွတ်ပါတီ ရုံးချုပ်ကို ရောက်လာတယ်။ ထမင်းကြော်မရဲ့ ရေချိုးခန်းဓာတ်ပုံက ကြံ့ဖွတ်ရဲ့ မယားငယ် ဌာနချုပ် ရေချိုးခန်းထဲမှာ ရိုက်ထားတဲ့ပုံပဲ။ အဲ့ချိန်တော့ ကျော်ဖာတို့ ထော့ကျိုးတို့ အောင်မင်းတို့တွေ စွရမ်း ပျော်ခဲ့ကြတာပေါ့။ ဒီကောင်တွေဆို လက်ဖက်ရည်သောက်တောင် မထွက်ကြတော့ဘူး။ ထမင်းကြော်မက ဘာလာလာဒေါင်းပဲလေ။ သူလဲ ဘုံဆိုင် ဖြစ်ခဲ့တာပေါ့။

    PDF တွေကို သူတို့လိုထင်ပြီး တောထဲမှာ ဘာညာဖြစ်ကြတယ် စွပ်စွဲနေပေမယ့် ကြံ့ဖွတ်တွေကတော့ ပါတီရုံးချုပ်ထဲမှာတင် ကိုယ်ပိုင်ဖာဘိထောင် စာရေးမတွေကို ဖာဇတ်သွင်းပြီး လိင်ပျော်ပွဲကြီး ချနေကြတာ ဒီနေ့အထိ ရိုးရာမပျက် ရှိနေဆဲ။

    မယားငယ် ဌာနချုပ် ဆိုတာကလဲ အပြင်လူက ပေးထားတဲ့နာမည် မဟုတ်ဘူး၊ သူတို့ချင်း ပေးထားကြတာ သိဖို့..