Category: News

  • ICJ ၏ ကြားဖြတ်အစီအမံများကို မြန်မာစစ်အုပ်စုက မလိုက်နာကြောင်း ဂမ်ဘီယာရှေ့နေများ လျှောက်လဲ

    ICJ ၏ ကြားဖြတ်အစီအမံများကို မြန်မာစစ်အုပ်စုက မလိုက်နာကြောင်း ဂမ်ဘီယာရှေ့နေများ လျှောက်လဲ

    နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ထားသည့် ကြားဖြတ်အစီအမံ (Provisional Measures) များကို မြန်မာစစ်ကော်မရှင်တပ်က လိုက်နာမှုမရှိဘဲ ဆက်လက်ချိုးဖောက်နေကြောင်း ဂမ်ဘီယာရှေ့နေများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ကြားနာစစ်ဆေးမှုတွင် အထောက်အထားသစ်များဖြင့် လျှောက်လဲခဲ့ကြသည်။

    ဂမ်ဘီယာရှေ့နေ အာစလန်ဆူလေမန်က မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးသော ရိုဟင်ဂျာ ၆၀၀,၀၀၀ သိန်းခန့်မှာ စစ်တပ်၏ ဖိနှိပ်မှုနှင့် လူမျိုးရေးခွဲခြားအုပ်ချုပ်သောစနစ်အောက်တွင် ဒုက္ခခံစားနေရကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။ ၎င်းတို့သည် တင်းကျပ်သော ခွဲခြားဆက်ဆံမှုများ၊ သွားလာခွင့်ကန့်သတ်ချက်များအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများပါ ပိတ်ဆို့ခံထားရသည်ဟု ဆိုသည်။

    ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရိုဟင်ဂျာ ၅,၀၀၀ ကျော်ကို စစ်တပ်က အတင်းအဓမ္မ စစ်သားစုဆောင်းခဲ့ပြီး အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများတွင် “လူသားဒိုင်း” အဖြစ် အသုံးပြုခဲ့ကြောင်း၊ ယင်းကြောင့် ရိုဟင်ဂျာအများအပြား သေဆုံး၊ ပျောက် ဆုံးခဲ့ရကြောင်း ကုလသမဂ္ဂအစီရင်ခံစာများကို ကိုးကား၍ ရှေ့နေ အာစလန်က တင်ပြခဲ့သည်။

    ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက လူပေါင်း ၆၀,၀၀၀ ကျော်ကို တလစာ ကျွေးမွေးနိုင်သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိက္ခာတန်ချိန် ၁,၁၇၅ ကျော်ရှိသော ဂိုဒေါင်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းသည် လူမျိုးတစုလုံး ပျက်စီးစေရန် တမင်ဖန်တီးသည့် လုပ်ရပ်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ယင်းလုပ်ရပ်များကြောင့် အချို့သော IDP စခန်းများတွင် ငတ်မွတ်လွန်းသဖြင့် မိမိကိုယ်ကို သတ်သေမှုများအထိ ရှိနေသည်ဟု ဆိုသည်။

    စစ်အုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သော လူမှုကွန်ရက်များမှတဆင့် အမုန်းစကားများ ဆက်တိုက်ဖြန့်ဝေနေဆဲဖြစ်ကြောင်းနှင့် အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများကို အစ္စလာမ်ဘာသာနှင့် ဆက်စပ်ကာ အမုန်းတရားများ ပျံ့နှံ့အောင် လုပ်ဆောင်နေကြောင်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ အစီရင်ခံစာကို ကိုးကား၍ ရှေ့နေ အာစလန်က တင်ပြခဲ့သည်။

    အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် အာဏာသိမ်း စစ်အုပ်စုကို ဆန့်ကျင်နေသူများအား လက် နက်တပ်ဆင်ပေးနေသည်ဟု စစ်ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အခြေအမြစ်မရှိဘဲ စွပ်စွဲပြောဆိုခဲ့သည်ဟု ရှေ့နေက လျှောက်လဲခဲ့သည်။

    အလားတူ ရှေ့နေ ဂျက်စီကာဂျုံးကလည်း မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ရုံသာမက ကျူးလွန်သူများကို အရေးယူရန် ပျက်ကွက်ခြင်းဖြင့် နိုင်ငံတကာ တာဝန်ဝတ္တရားများကို ချိုးဖောက်နေကြောင်း လျှောက်လဲခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်းက စစ်တပ်မှ တာဝန်ရှိသူတဦးက “ရှိတဲ့လက်နက်ကိုင်ပြီး ဒီသတ္တဝါတွေကို ရင်ဆိုင်ကြ” ဟု ပြောဆိုခဲ့သော ဗီဒီယိုမှာ လူမျိုးတုံးသတ်ဖြတ်ရန် တိုက်ရိုက်လှုံ့ဆော်မှုဖြစ်ကြောင်း သက်သေအဖြစ် တင်ပြခဲ့သည်။

    စစ်ကော်မရှင်တပ်သည် ICJ ၏ ကြားဖြတ်အစီအမံများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ဂမ်ဘီယာဘက်က အခိုင်အမာ လျှောက်လဲတင်ပြသွားခဲ့သည်။

  • လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်ပြော

    လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်ပြော

    မန္တလေးတိုင်း၊ ‎မြင်းခြံခရိုင် ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ယောက်ျား ဒုတိယပျူစောထီး ခေါင်းဆောင်ကို မြင်းခြံ အမှတ် (၃) တပ်ရင်းမှ ဖမ်းဆီးထားပြီး လင်ယောက်ျား ဖမ်းဆီးခံထားရမှုအပေါ် ဝမ်းသာပျော်ရွှင်ကြောင်း သီတာယုမွန်က သူမရဲ့ လူမှုကွန်ရက်မှတဆင့် ပြောဆိုလိုက်ပါတယ်။

    သီတာယုမွန်ရဲ့ ယောက်ျားစိန်လွင်ကို မူးယစ်ဆေးဝါး၊ လိင်စိတ်ကြွဆေးဝါးများနဲ့အတူ မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံ အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

    ယောကျာ်းဖြစ်သူကို PDF တို့ ဖမ်းဆီးထားသော်လည်း မြင်းခြံပျူခေါင်းဆောင် သီတာယုမွန် ထမင်းစားမပျက်

    မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်သည် ယောကျာ်းဖြစ်သူကို PDFတပ်ဖွဲ့က ဖမ်းဆီးထားသော်လည်း ထမင်းစားမပျက်ကြောင်းသိရသည်။

    ဇန်နဝါရီ ၁၄ရက်၊ နံနက် ၉နာရီခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်းတစ်နေရာတွင် ပုဂံသို့ အပန်းဖြေခရီးထွက်လာသည့် မြင်းခြံပျူစောထီးခေါင်းဆောင်၏ ယောကျာ်းဖြစ်သူ စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

    ” ဝမ်းသာရအောင်ဆို ငါလည်းဝမ်းသာတယ်။ ကျမ ရင်တောင်မခုန်ဘူး” ဟု မြင်းခြံပျူခေါင်ဆောင်းသီတာယုမွန်က ထမင်းစားရင်း မီဒီယာတစ်ခု၏ အင်တာဗျူးကြည့်ကာ ရိုက်ကူးထားသည့် ရုပ်သံဖိုင်တွင် ပြောဆိုထားသည်။

    ပြည်သူ့စစ်လုပ်ရသည်ကို သဘောမကျကြောင်း၊ သူလုပ်လုပ်၊ မလုပ်လုပ် ပြည်သူစစ်က ရှိနေမည်ဖြစ်ကြောင်း သီတာယုမွန်ယောကျာ်းစိန်လွင်က မြင်းခြံခရိုင်အမှတ် ၃တပ်ရင်း၏ စစ်ဆေးမေးမြန်းထားသည့် ရုပ်သံဖိုင်တွင် ပြောကြားထားသည်။

    “ကိုယ့်အလုပ်ကိုယ် လုပ်နေရတာပဲ သဘောကျတယ်။ ပြည်သူ့စစ်ကို လုပ်ရတာ သဘောမကျဘူး။ ကျနော် ပြည်သူ့စစ် မလုပ်ဘူးဗျာ။ သဘောက။ လုပ်ရတာသဘောမကျဘူး။ ပြည်သူ့စစ်ကတော့ ကျနော်ကျကျ မကျကျရှိနေမှာပဲကို သူ့ဟာသူ။ ကျနော်လည်း တားလို့မှမရတာ” ဟု စိန်လွင်ကပြောသည်။

    ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများသည် ကိုယ်တိုင်သုံးစွဲခြင်းဖြစ်ကြောင်းလည်း စိန်လွင်က ဝန်ခံထားသည်။

    စိန်လွင်သည် အသက် ၄၄ နှစ်အရွယ်ရှိပြီး မြင်းခြံမြို့ အမှတ် ၁၉ရပ်ကွက်၏ ဒုပျူစောထီးခေါင်းဆောင်ဖြစ်သည်။

    စိန်လွင်နှင့်အတူ လက်နက်များလည်း မပါသဖြင့် ဖမ်းဆီးသည့်အချိန်တွင် ပြန်လည်ခုခံခြင်းမရှိပေ။

    ရုပ်သံ – လူမှုကွန်ရက်

  • စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင်တပ်ကြပ်ကြီး စံဝင်းနှင့် တပ်ကြပ် ပြည့်စုံအောင်တို့ စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်

    စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင်တပ်ကြပ်ကြီး စံဝင်းနှင့် တပ်ကြပ် ပြည့်စုံအောင်တို့ စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်

    စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင်တပ်ကြပ်ကြီး စံဝင်းနှင့် တပ်ကြပ် ပြည့်စုံအောင်တို့ စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ၂ ဦးလုံး သေဆုံး

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ခလရ ၂၃၂ တပ်ရင်းဂိတ်တွင် အကြမ်းဖက် စစ်သား ၂ ဦး စကားများ ရန်ဖြစ်ရာမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်စဉ် ၂ ဦးလုံး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    မကြာသေးမီ ယခုဇန်နဝါရီလအတွင်း စစ်တွေမြို့ အခြေစိုက် ခလရ ၂၃၂ တပ်ရင်းရှိ ဂိတ် ၂ တွင် ခွဲတပ်ကြပ်ကြီး စံဝင်းနှင့် တပ် ကြပ် ပြည့်စုံအောင် တို့ ၂ ဦး အရက်သောက်ပြီး စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများ ရန်ဖြစ်ရာမှ တပ်ကြပ် ပြည့်စုံအောင်က လက်ပစ်ဗုံးထုတ်၍ ပစ်ခတ်ရာမှ ၂ ဦးလုံး ဗုံးစ ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော တပ်ကြပ်ကြီး ၂ ဦးသည် ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ထွက်ပြေးသွားသူများဖြစ်ပြီး စေတုတ္တရာမြို့နယ်တွင် တာဝန်ကျနေရာမှ စစ်တွေမြို့သို့ ပြောင်းရွှေ့လာရသူများဖြစ်ကြောင်း၊ တပ်ကြပ်ကြီး ပြည့်စုံအောင်သည် မိုးကုတ်မြို့ ဇာတိဖြစ်ကြောင်း သိရှိရသည်။

    “ဂိတ် ၂ မှာတင် ခွဲတပ်ကြပ်ကြီး စံဝင်းနဲ့ တပ်ကြပ် ပြည့်စုံအောင်တို့ မူးပြီး စကားများကြတယ်။ အဲလိုစကားများကြရင်းနဲ့ လက် ပစ်ဗုံးနဲ့ တပ်ကြပ် ပြည့်စုံအောင်က ပစ်လိုက်တာ ၂ ယောက်လုံး ဗုံးစထိမှန်ပြီး သေဆုံးတယ်။ အဲဒီ ၂ ယောက်က ၁၀၂၇ စတော့ သူတို့တွေ ထွက်ပြေးသွားရတာရှိတယ်။ ထွက်ပြေးပြီးမှ မကွေးကို ရောက်သွားတာ။ မကွေးတိုင်းထဲ စေတုတ္တရာမြို့နယ်ထဲ ရောက်သွားတာ။ အဲဒီကနေ သူတို့က သေကံမရောက်သက်မပျောက်ဆိုပြီး ပြန်လာတာ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    ထိုဖြစ်စဉ်ကို တပ်ရင်းမှူးများက သတင်းဖုံးရန် လုပ်ဆောင်နေသော်လည်း တိုင်းမှူးနှင့် ဒကစ မှူးများ ရောက်ရှိနေသောကြောင့် သတင်းဖုံးမရဘဲ AA က လက်ပစ်ဗုံးဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်သည်ဟု သတင်းလိမ်လည်ခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်တွေမြို့အနီးတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းကြောင့် ခလရ ၂၃၂ တပ် ရင်း၊ ခမရ ၃၄၄ တပ်ရင်းနှင့် စနခ ၃၄၃ တို့တွင် အကြမ်းဖက် စစ်တပ်က တပ်ဖြန့်၍ တိုက် ပွဲဝင်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ AA ကလည်း စစ်တွေမြို့ အနီးကို တကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

  • ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီ ဖျက်သိမ်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရ

    ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီ ဖျက်သိမ်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရ

    နိုင်ငံခြားသံရုံးက ပုဂ္ဂိုလ်တချို့နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်တို့ ခွင့်ပြုချက်မရှိဘဲ တွေ့ဆုံခဲ့တယ်လို့ဆိုပြီး စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ မနေ့က ဇန်နဝါရီ ၁၄ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

    PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မယူဘဲ နိုင်ငံခြားသံရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့လို့ဆိုကာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) နဲ့ ငြိစွန်းတယ်လို့ ဖော်ပြထားပြီး ပုဒ်မ ၁၂ အရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်အသိပေးရမယ်လို့ ပြောဆိုထားပေမယ့် ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ အသိပေးအကြောင်းကြားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

    နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ နဲ့ အရေးယူခံရရင် PPP ပါတီဟာ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံရနိုင်ပြီး ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ အရေးယူရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) အရ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်း မပြုရလို့ ဖော်ပြထားပါတယ်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က)၊ ပုဒ်မခွဲငယ် ၆ မှာ ပုဒ်မ ၆ ပါ ဝန်ခံချက်တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

    စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားပြီးနောက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့လည်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၉ ရက်မှာ ဖျက်သိမ်းခံခဲ့ရပါသေးတယ်။

    ဓာတ်ပုံ – PPP

  • အမျိုးသမီးတစ်ယောက်က ခင်ပွန်း ၄ ယောက်အထိ ယူနိုင်ဖို့ကိစ္စ

    အမျိုးသမီးတစ်ယောက်က ခင်ပွန်း ၄ ယောက်အထိ ယူနိုင်ဖို့ကိစ္စ

    ထိုင်းအမျိုးသမီးတစ်ယောက်က ခင်ပွန်း ၄ ယောက်အထိ ယူနိုင်ဖို့ကိစ္စ ထိုင်းဝန်ကြီးချုပ်လောင်း နောက်ဆက်တွဲ ဘာတွေ ထပ်ပြောထားလဲ

    တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးတဲ့ ထိုင်းနိုင်ငံမှာ အခုဆိုရင် ဇနီးတစ်ယောက်က ခင်ပွန်း ၄ ယောက်အထိ ယူလို့ရမယ့် မူဝါဒတစ်ခုကို Thai Alternative Party ရဲ့ ဝန်ကြီးချုပ်လောင်း Mongkolkit Suksintharanont က အခုလအတွင်း ပြောလာတာတဲ့ကိစ္စဟာ အခုဆိုရင် လူမှုမီဒီယာတွေမှာ ပျံ့နှံ့လာပါတယ်။

    သူဟာ အရင်ကလည်း အာကာသတပ်ဖွဲ့ ဖွဲ့စည်းဖို့လိုမျိုး ထူးထူးဆန်းဆန်း မူဝါဒတွေကြောင့် နာမည်ကြီးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

    ဒီမူဝါဒရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ‘ကျား၊ မ တန်းတူညီမျှရေး’ ဖြစ်တယ်လို့ Mongkolkit က ဆိုပါတယ်။

    ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေက ဇနီးအများအပြား ယူတတ်ကြတာကြောင့် အမျိုးသမီးတွေမှာလည်း ဒီလိုအခွင့်အရေးမျိုး ရှိသင့်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ သက်ဆိုင်သူအားလုံးရဲ့ ‘သဘောတူညီချက်’ ရှိဖို့တော့ အရေးကြီးတယ်လို့ သူကပြောပါတယ်။

    အဲဒီအဆိုပြုချက်ထွက်လာပြီးတဲ့နောက်ပိုင်း Mongkolkit က သူ့ရဲ့ လူမှုမီဒီယာမှာ အခုလိုပြောပါတယ်။

    “ပြောရမယ်ဆိုရင်တော့ ဒါဟာစိတ်ကူးတစ်ခုသက်သက်ပါပဲ။ ဥပမာ- ပြည်သူအများစုက ဒါကို လက်မခံသင့်ဘူးလို့ ယူဆရင် ပယ်ဖျက်လိုက်ရုံပါပဲ။ အများစုက ပယ်ဖျက်ချင်တယ်ဆိုရင်တော့ ပယ်ဖျက်ပေးရမှာပေါ့။

    ပြီးတော့ ယောက်ျားတစ်ယောက်မှာ မယား ၄ ယောက် ရှိနေတာမျိုးဆိုရင်ရော ဘာလုပ်ကြမလဲ၊ ဒါကို ၇ ရက်အတွင်း လူထုရဲ့ သဘောထားကို တောင်းခံကြည့်ကြတာပေါ့။

    ရွေးကောက်ပွဲမတိုင်ခင် ၇ ရက်အလိုမှာ ဘယ်မူဝါဒတွေကို ပယ်ဖျက်သင့်သလဲဆိုတာ ကျွန်တော် ပြောပြပါမယ်။ ယောက်ျားတစ်ယောက်က မယား ၄ ယောက်၊ ဒါမှမဟုတ် မိန်းမတစ်ယောက်ဟာ ခင်ပွန်း ၄ ယောက်အထိ ယူလို့ရတယ်ဆိုတဲ့ မူဝါဒက နည်းဗျူဟာတစ်ခုပါ။

    ပုံမှန်ဆိုရင် ယောက်ျားတွေက မိန်းမအများကြီး ယူတတ်ကြတော့ မိန်းမတွေခမျာ အသက်ရှူကျပ်နေကြရပါတယ်၊ အဲဒီတော့ အမျိုးသမီးတွေက ငါလည်း နောက်ထပ် အများကြီး ယူဦးမှာပဲ” ဆိုပြီး ပြန်ပြောလာကြတာပေါ့။

    ဒါပေမဲ့ ယောက်ျားကသာ ကွာရှင်းလိုက်ရင် သူတို့မှာ ဘာမှရှိတော့မှာ မဟုတ်ဘူး။

    မဲမပေးခင် ၇ ရက်အလိုမှာ ဘယ်မူဝါဒတွေကို ပယ်ဖျက်သင့်တယ်၊ မဖျက်သင့်ဘူးဆိုတာ ကျွန်တော် ပြောပါမယ်။ ပြည်သူတွေကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါမယ်” လို့ Mongkolkit က ပြောပါတယ်။

    ဒီအဆိုပြုချက်အပေါ်မှာတော့ ဝေဖန်မှုတွေ အများကြီး ရှိနေပါတယ်။ တချို့ကတော့ ဒါဟာ ထိုင်းယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ပြောကြသလို၊ တချို့ကတော့ ရွေးကောက်ပွဲမတိုင်ခင် လူစိတ်ဝင်စားအောင် လုပ်တဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခုလို့ ရှုမြင်နေကြပါတယ်။