Category: News

  • “မုန့်တသိန်းကျော်ဖိုးမှာပြီး လိပ်စာအမှားနဲ့ ပိုခိုင်းတဲ့ကိစ္စ ဒေလီသမားလေးတွေ ဖော်ထုတ်ပြီ”

    “မုန့်တသိန်းကျော်ဖိုးမှာပြီး လိပ်စာအမှားနဲ့ ပိုခိုင်းတဲ့ကိစ္စ ဒေလီသမားလေးတွေ ဖော်ထုတ်ပြီ”

    ရန်ကုန် အလုံမြို့နယ် ငုဝါလမ်းမှာ ဖုန်းထဲကနေ မုန့် တသိန်းကျော်ဖိုး မှာပြီး

    ပို့မှ မယူတော့ဘူးလို့ မက်ဆေ့ပို့တာကြောင့်

    Deli ပို့သူ ၂ ဦး အခက်တွေ့ခဲ့ကြပါတယ်။

    တည်နေရာ အမှားနဲ့ မုန့်မှာ ခဲ့ကြတာ ဖြစ်ပြီး ရောက်ကာမှ

    “ငါတို့က အမေရိကန်ကနေ မှာတာ မင်းတို့ပဲ စားလိုက်”လို့ မက်ဆေ့ ပို့ခဲ့တာ ဖြစ်ပါတယ်။

    Deli သမား နှစ်ဦးရဲ့ အက်အခဲကို ဘေးက မြင်နေရတဲ့ စေတနာရှင်တဦးက ဖြေရှင်းပေးခဲ့ပြီး

    တသိန်းကျော်ဖိုး မုန့်တွေကို ဝယ်ယူပေးခဲ့ပါတယ်။

    နေပူထဲမှာ ရုန်းကုန်ရှာဖွေနေကြတဲ့ Deli သမားတွေကို မကူညီရင်နေ

    အခုလိုတော့ မနှောင့်ယှက်သင့်ပါဘူး။

    ကူညီပေးခဲ့တဲ့ စေတနာရှင်ကိုလည်း အထူး ကျေးဇူး တင်ပါတယ်။

    Photo – Ney Oo Lin

  • ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန်

    ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန်

    နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန်

    တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့နှင့်စခန်းများ၊ မြို့ကြီးများတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် အကြမ်းဖက်စစ်တပ်က ညွှန်ကြား ချက်တစ်ရပ်ထုတ်ပြန်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့ အပါအဝင် မြို့ကြီးများတွင် လည်းကောင်း၊ နယ် မြေအေးချမ်းမှုမရှိသော မြို့နယ်ဧရိယာများရှိ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများတွင်လည်းကောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တိုက်ခိုက်မှုများ ကြုံတွေ့လာနိုင်သဖြင့် လုံခြုံ ရေး တင်းကျပ်ထားရန်၊ လုံခြုံရေးအတွက် သက်ဆိုင်ရာ ဌာနပေါင်းစုံ ပူးတွဲ ဆောင်ရွက်ကြပြီး စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များ ပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့များက ၂၄ နာရီ မပြတ် ကင်းများ ချထားရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်မှုတွေ ကြုံလာနိုင်လို့ လုံခြုံရေး တင်းကျပ်ဖို့နဲ့ သတိရှိဖို့ ညွှန်ကြားချက် ထုတ်ပြန်လာတယ်။ လုံခြုံရေးအတွက် ပြည်သူ့စစ်ဗျူဟာနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှစတင်၍ ညမထွက်ရ အမိန့်ကို စစ်တပ်က ရုပ်သိမ်းလိုက်ပြီး မဲရုံများ၏ လုံခြုံရေးနှင့် ရပ်ကွက်များ၏ လုံခြုံရေးအတွက် စစ်တပ်က ပျူစောထီးများနှင့်ပြည်သူ့စစ်များ၊ ပြည်သူများကို အတင်းအကျပ် ဆင့်ခေါ် ကင်းစောင့်ခိုင်မှုများ ရှိနေကြောင်း သိရှိရသည်။

    “ဒဂုံတောင်မှာရွေးကောက်ပွဲအတွက်ဆိုပြီး ဆိုင်ကယ်ဘေးတွဲသမားတွေကို ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းကစပြီး ကင်းစောင့်ပေးဖို့ ဆင့်ခေါ်တယ်။ အကယ်၍ ကင်းမစောင့်ပေးဘူးဆိုရင် ဆိုင်ကယ်ဘေးတွဲကို သိမ်းပြီး လူကိုပါ ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ဒဂုံတောင် ၁၉ ရပ်ကွက်၊ ၂၀ ရပ်ကွက်တွေမှာ ဖြစ်နေတာပါ။ အကယ်၍ ကိုယ်မစောင့်နိုင်ရင် လူငှားပြီး စောင့်ခိုင်းလို့ရတယ်။ လူတစ်ဦးကို ညကင်းစောင့်ဖို့ ငှားရမ်းခက ငွေ ၃ သောင်းတောင်းတယ်” ဟု ဒဂုံတောင်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ မန္တလေးမြို့တွင်လည်း စစ်တပ်က ရပ်ကွက်ပြည်သူများကို ရွေးကောက်ပွဲလုံခြုံရေးအတွက် ညကင်းစောင့်ခိုင်းနေကြောင်း၊ တစ်အိမ်လျှင် တစ်ဦးကျ မဖြစ်မနေ ကင်းစောင့်ခိုင်းပြီး ကင်းမစောင့်နိုင်လျှင် ငွေကြေးထည့်ဝင်ကာ လူငှားရမ်းခိုင်းကြောင်း သိရှိရသည်။

    စစ်တပ်အခြေစိုက်ထားသော နေပြည်တော်တွင်မူ မြို့အဝင်အထွက် ဂိတ်များအားလုံးကို စစ်တပ်က သေချာစွာ စစ်ဆေးနေပြီး အဝင်အထွက်လူစာရင်းများကို People Survelliance and Management System PSMS ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

    ထို့ပြင် ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ရန်ကုန်-ပဲခူးကားလမ်း၊ ရန်ကုန်-မန္တ လေးအမြန်လမ်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတို့တွင်လည်း စစ်တပ်က စစ်ဆေးရေးများ အလွန်တင်းကျပ်ထားကြောင်း သိရှိရသည်။

    “မော်လမြိုင်-ရန်ကုန်ကားလမ်းအနေအထားက စစ်ဆေးရေးတအားကိုကျပ်နေတယ်။ ကားတန်းက ၄မိုင်နီးနီးရှည်တယ်။ ဘာတွေ အရမ်းစစ်နေတာလဲမသိဘူး။ ရန်ကုန်အဝင်ကို အရမ်းကိုခက်တယ်။ အထွက်ကိုလည်း စစ်တာတအား။ အဓိကစစ်ဆေးရေးကို အကြောင်းပြပေမယ့် အကြောင်းတွေပြပြီး ရစ်နေတာပါပဲ။ ရန်ကုန်အဝင်ကတော့ 0 မိုင်အထိ ကုန်တင်ယဥ်တွေ ပြုံတိုးနေတာ” ဟု ကုန်တင်ယာဉ် လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး ရွေးကောက်ပွဲကို စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။

  • ခမရ ၂၀၂ ယာယီတပ်ရင်းမှူး  ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ဘားအံတွင် တပ်ပိုင်ဂိတ်ဖွင့်၍ ဆက်ကြေး၊ ဂိတ်ကြေးတောင်းခံနေသော ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး၊ ရာထူးမှထုတ်ပယ်ခံရပြီး စစ်ဆေးမှုများဆက်တိုက်လုပ်

    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တပ်ပိုင်ဂိတ်ဖွင့်၍ ခရီးသွားပြည်သူများနှင့် ကုန်ကားများထံမှ ဆက်ကြေး၊ ဂိတ်ကြေးတောင်းခံနေသော ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီးလိုက်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့ ဘားအံမြို့(တောင်ကလေး) အခြေစိုက် ခမရ ၂၀၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမှုမှာ တပ်ပိုင်ဂိတ်ဖွင့်၍ ကုန် ကားများကို ဆက်ကြေးကောက်လွှတ်ပေးမှု၊ တရားမဝင်ကုန်သွယ်မှုများကို လာဘ်ငွေ ခွင့်ပြုမှု ၊ ခရီးသွားပြည်သူများထံမှ အသွားအပြန် ဂိတ်ကြေးကောက်ခံမှုများကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ခမရ ၂၀၂ က ဘားအံ- လှိုင်းဘွဲ့ကားလမ်းမပေါ် ၊ တောင်ကလေးကျေးရွာမှာ တည်ရှိပြီး ခမရ ၂၀၂ တပ်ရင်းရှေ့မှာ တပ်ပိုင်ဂိတ် ရှိပါတယ်။ မြဝတီ အသွား၊အပြန် ကားတွေကို ဂိတ်ကြေးတွေ အဆမတန် ကောက်ယူပြီး ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲမှုကြောင့် အဖမ်းခံရတာပါ။ ဂိတ်မှာ တာဝန်ကျတဲ့ ဗိုလ် ကြီး က ဂိတ်ကြေးတွေကို တပ်ရင်းမှူးမိန်းမကို နေ့စဉ်အပ်ရတာပါ။ ဒီဇင်ဘာလ ၂၄ ရက်နေ့ စစ်ဆင်ရေးထွက်နေတဲ့ မြဝတီမြို့၊ လေးကေ့ကော် ကနေ အချုပ်ကားနဲ့ စစ်တပ်က ပြန် လာဖမ်းသွာတာပါ” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

    ခမရ ၂၀၂ မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ် ၂၂ တပ်မဌာနချုပ် လက်အောက်ခံ ဖြစ်ပြီး မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများနှင့် ကုန်စည်သယ်ဆောင်မှုများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြောင့် တပ်ရင်းမှူးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဖမ်းဆီးထားသော ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို ရာထူးမှ ထုတ်ပယ်ထားသည့်အပြင် တရားမဝင်ကုန်သွယ်မှုများ ၊ ငွေကြေးပေး၍ ဂိတ်ဖြတ်သန်းခွင့် ဖြတ်သန်းခွင့်ပြုမှုများနှင့်ပတ်သက်၍ စစ်တပ်က ထပ်မံ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

  • နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးဟုဆို

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာအနီး၌ စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ပြောက်ကျားပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း PDF Tatkon တပ်ရင်း ၈၀၃ တပ်ခွဲမှူး ရဲဘော် ကောင်းဘွိုင်က ပြောကြားသည်။

    ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအား အကာ အကွယ် ပေးရန်အတွက် စစ်ကော်မရှင်တပ်သား ၂၀ ခန့်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲ ချောင်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး သဲချောင်းကျေးရွာသို့ မရောက်မီ ခေတ္တ စခန်းချနေခဲ့ကြောင်း သိရသည်။

    ထိုသို့ ခေတ္တစခန်းချနေချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အလစ်အငိုက် ပြောက်ကျားစနစ်ဖြင့် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံး ကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “ရွေးကောက်ပွဲလုပ်ဖို့ ရွာတွေဘက်ကို စစ်ကြောင်း ပတ်ဝင်နေတာ၊ ဘယ်နေရာက ထွက်လာလဲဆိုက တော့ ပြောရခက်တယ်။ လူမရှိတော့ ဟိုစုဒီစုနဲ့ ထွက်လာတာ။ တခါတလေ လက်ရုံးတပ်တွေလည်း ပါတယ်၊ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲကို လုံးဝမထောက်ခံဖို့နဲ့ တတ်နိုင်သမျှ ဆန့်ကျင်ပေးကြ ဖို့ တိုက်တွန်းချင်ပါတယ်၊” ဟု PDF Tatkon တပ်ရင်း ၈၀၃ တပ်ခွဲ မှူး ရဲဘော် ကောင်းဘွိုင်က ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် ၁၈ မှ တပ်ရင်း ၈၀၃၊ ၈၀၂ နှင့် တပ်ကုန်းမြို့နယ် ပကဖအဖွဲ့များ ပူးပေါင်းကာ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဟန့်တားတိုက်ဖျက်ရန်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • မြစ်လက်တက်ပေမဲ့ရေစီးကြမ်းထဲ ပွဲကြမ်းခဲ့တဲ့ “တီတီတာရာ”

    မြစ်လက်တက်ပေမဲ့ရေစီးကြမ်းထဲ ပွဲကြမ်းခဲ့တဲ့ “တီတီတာရာ”

    မြစ်လက်တက်ပေမဲ့ရေစီးကြမ်းတယ် အထူးပြသပွဲမှာ ရန်တွေ အကြီးအကျယ် ဖြစ်ခဲ့ရတဲ့အဓိက ပြဿနာက??

    ” ဝတ်ကောင်းစားလှတွေနဲ့စရိုက်ကျတယ် ဆိုပြီး Sel ကြတာပေါ့ ။

    နိုင်ငံတော်သီချင်းမဖွင့်ခင်တည်းက ကို ရန်ဖြစ်နေခဲ့တာပါ၊

    ဖွင့်လိုက်တာလည်းအာရုံမထားမိဘူး။

    ကျွန်မကစွာတယ်၊ စရိုက်ကျတာမျိုးမဟုတ်ဘူး။

    ဖိတ်စာတွေနဲ့အများကြီးလာကြတယ်၊

    ကိုယ့်ခုံနံပါတ် ကိုပဲ ဖယ်ခိုင်းတာလေ၊

    အကုန်လုံး နာမည်တပ်ထားပြီးသားပါ။

    ခုံနံပါတ်ပြဆိုပြီးပြောတော့ မပြနိုင်ဘူး။

    ကျွန်မက လှလှလေးဝတ်ထားတော့ရန်မဖြစ်ချင်ဘူး၊

    ကျွန်မရဲ့ ကလေးသရုပ်ဆောင်လေးတွေ နောက်မှာ ဝန်းရံပါလာတဲ့လူတွေကလည်း နောက်မှာအကုန် တိုးလို့တန်းလန်းဖြစ်နေတော့ကိုယ်မှမပြောရင်မရတော့လို့ အဲဒီလိုတွေ ဖြစ်ကုန်တော့တာပါ.။

    နင့်ကိုရိုက်မယ် တင်မယ်ဆိုပြီးရိုက်သွားတာသိပေမဲ့ အဲဒီလောက်အထိ Sel ခံရမယ်ထင်မထားဘူး.”>>ဆိုတဲ့ ..တီတီတာရာ ..။