Category: News

  • စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး  တိုက် ပွဲဖြစ်

    စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ်

    စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ်

    စစ်ကိုင်းမြို့ပေါ် မဟာခိုနန်းကျောင်းတိုက် ကျည်ဆန်များ ထိမှန်ခဲ့ပြီး ကိုရင်ငယ် ၁ ပါး ဒဏ်ရာရ

    မန္တလေးမှ စစ်ကားများနှင့် စစ်ကူများ စစ်ကိုင်းဘက်သို့ ညတွင်းချင်း ပေးပို့

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့ပေါ်မှ ပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းမြို့၊အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူနှင့် ရပ်ကွက်များတွင် စစ် တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှ ပြည်သူများ တိုက်ပွဲ ဖြစ်ပွားသံများကို အတိုင်းသားကြားခဲ့ရကြောင်း၊ စစ်ကိုင်းမြို့ပေါ်မှ ဘုန်း ကြီးကျောင်းတချို့တွင် လက်နက်ကြီးနှင့်လက်နက်ငယ်များ ကျရောက်ခဲ့ပြီး ကိုရင်ငယ်တစ်ပါး မစိုးရိမ်ရဒဏ်ရာ ထိခိုက်ခဲ့​ကြောင်း သိရှိရသည်။

    “တိုက်ပွဲဖြစ်တာက ည ၈ နာရီဝန်းကျင်လောက်မှာ ဖြစ်တာ။ စစ်ကိုင်းမြို့ပေါ် ဘုရားဖြူထဲမှာ တပ်စွဲထားတဲ့ စစ်စခန်းကို ဝင်တိုက်တာ၊ စခန်းနားက ရပ်ကွက်တွေထဲပါ တိုက်ပွဲတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတယ်။ ည ၉ နာရီဝန်းကျင်လောက်မှာတော့ ပြန်ငြိမ်သွားတယ်။ ညတိုက်ပွဲဖြစ်တဲ့အချိန် အသံတွေ ဆူညံနေတာကို စစ်ကိုင်းမြို့က ပြည်သူတွေအားလုံး ကြားလိုက်ရတယ်” ဟု စစ်ကိုင်းမြို့ပေါ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    စစ်ကိုင်းမြို့ပေါ် မဟာခိုနန်း ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ည ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကျောင်းတိုက်အတွင်း ကျည်ဆန်ထိမှန်ခဲ့ပြီး ကိုရင်ငယ် ၁ ပါး နားထင် ပွတ်ရှ ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကိုရင်ငယ်များနှင့်စာသင်သားများ ကြောက်လန့်တကြား ဖြစ်ခဲ့ရကြောင်း မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်နှင့်စာချ တာဝန်ခံ ဦးမာနိတာလင်္ကာရာဘိဝံသက လူမှုကွန်ရက်မှတစ်ဆင့် တိုက်ပွဲဖြစ်ပွားမှုကို အသိပေးထားသည်။

    “ပဋ္ဌာန်းစာဝါ ချနေရင်းနဲ့ ကြောက်စိတ် မပေါ်မိပေမယ့် ကလေးတွေ အော်ပြေးတော့ လိုက်ပြေးရပါတယ်၊ ၃ လက္မ စတီးစကွဲယား ပိုက် ထုတ်ချင်းပေါက်တယ်၊ ၁၂ ပေအကျယ် အခန်းရဲ့ ဟိုဘက်ဒီဘက်ပြတင်းပေါက် ထုတ်ချင်းပေါက်တယ်၊ ကံကောင်းတာက ကိုရင်ကြီး တစ်ပါး နားထင် ပွတ်ရှ ထိသွားတာလေးကလွဲလို့ သံဃာအားလုံး အထိအပါး မရှိတာပါ” ဟု မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်နှင့်စာချ တာဝန်ခံ ဦးမာနိတာလင်္ကာရာဘိဝံသက ပြောဆိုထားသည်။

    ယနေ့နံနက်ပိုင်း စစ်တပ်က စစ်ကိုင်းမြို့ပေါ်တွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ကိုင်းဘက်သို့ မန္တလေးဘက်မှ ယမန်နေ့ညပိုင်း စစ်ကားများနှင့် စစ်ကူများ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ယမန်နေ့ညပိုင်း စစ်ကိုင်းမြို့ပေါ် တိုက်ပွဲကြောင့် မဟာခိုနန်းကျောင်းတိုက်တွင် ကျည်ထိမှန်ထားသည့် အခြေအနေ။

  • မော်ချီးကို ဗုံးထပ်ကြဲသဖြင့် ကလေးငယ် ၅ ဦး အပါအဝင် ၂၂ ဦး သေဆုံး

    မော်ချီးကို ဗုံးထပ်ကြဲသဖြင့် ကလေးငယ် ၅ ဦး အပါအဝင် ၂၂ ဦး သေဆုံး

    ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲတာကြောင့် ကလေးငယ် ၅ ယောက်အပါအဝင် အရပ်သားပြည်သူ ၂၂ ယောက် သေဆုံးပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

    သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံပျက်စီးခဲ့ရသလို နေ့လယ် ၁၂ နာရီကျော်မှာ ဗုံးထပ်ကြဲတာကြောင့် ပြည်သူ ၂၂ ယောက် ထိခိုက်သေဆုံးခဲ့ရပါတယ်။

    ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ဦးဗညားက “လူအသေအပျောက်က တော်တော်များတယ်။ နောက်ထပ်ရလာတဲ့စာရင်းအရ အားလုံးပေါင်း ၂၂ ဦး ဖြစ်သွားတာပေါ့ သေဆုံးစာရင်းက။ ထိခိုက်ဒဏ်ရာရတာက ၁၇ ဦးထက်မနည်းဘူး။ အိမ်ခြေကတော့ ၄၊ ၅၊ ၁၀ လုံး ပျက်တယ်” လို့ ပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ တရက်တည်းမှာ လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲတာကြောင့် ထိခိုက်သေဆုံးမှုများသလို အိုးအိမ်နဲ့ ဆေးရုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရတာပါ။

    ဦးဗညားက “အခုက အလုပ်ဆင်းချိန်မဟုတ်တော့ လူတွေအိမ်မှာ နားနားနေနေ နေကြတာပေါ့နော်။ အဲဒီနေရာကလည်း လူနေထူထပ်တော့ အားလုံးတပြိုင်နက်တည်း ထိသွားတာမျိုးပေါ့” လို့ ပြောပါတယ်။

    စစ်တပ်က မော်ချီးဒေသကို အခုတခေါက်အပါအဝင် လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ အယောက် ၅၀ ကျော်သေဆုံးပြီး အယောက် ၈ဝ ကျော် ထိခိုက်ဒဏ်ရာရသလို နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီကျော်မှာလည်း ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာတဝိုက်ကို Y 12 လေယာဉ်နဲ့ ဗုံး အလုံး ၅၀ ကြဲချခဲ့လို့ စာသင်ကြားနေတဲ့ ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

    စစ်တပ်ဟာ ကရင်နီပြည်နယ်က မော်ချီး၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို သြဂုတ်လထဲမှာ ဆက်တိုက်ပြုလုပ်နေပါတယ်။

  • ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီး ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

    ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီး ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

    ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီး ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်ရွာအနီး ထိတွေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Fire Dragon တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းရွာ ဆွဲဒလွဲပိုင်း တနေရာတွင် အကြမ်းဖက် စစ်တပ်နှင့် Fire Dragon တပ်ရင်း၊ တောကျီးကန်းတပ်ရင်း ဒရုန်းအဖွဲ့ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ယင်းထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး နှင့် တပ်သား ၁ ဦး သေဆုံးခဲ့ပြီး ညောင်လေးပင်မြို့ရှိ ခမရ ၂၀ တပ်ရင်းနှင့် ညောင်လေးပင်-မဒေါက် လမ်းပိုင်းပေါ်ရှိ ရေကြည်ချောင်းဂိတ်စခန်းမှ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

    အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပုစွန်မြောင်းကျေးရွာ အိုးဘိုပိုင်း၌လည်း အကြမ်းဖက် စစ်တပ်နှင့် Frie Dragon တပ်ရင်းမှ ရဲဘော်များ ဒုတိယအကြိမ် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ၂ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “စစ်ခွေး သေတာ စုစုပေါင်း ၄ ကောင်သေပါတယ်။ ပုစွန်မြောင်းရွာမှာ စစ်ခွေးတွေက ၄ နေရာအထိုင်ချနေတယ်။ စစ်ခွေး အင်အား ၇၀ နဲ့ ၁၀၀ အကြားရှိတယ် တပ်စွဲထားတာ လူထုကို ဒုက္ခပေးနေတဲ့ အိုးအိမ် ဖျက်ဆီးနေတဲ့ ပစ္စည်းတွေ ခိုးနေအုံးမယ် လူသစ်တွေ စုနေအုံးမယ်ဆိုရင်တော့ စစ်ခွေးတွေကို ဆက်ပြီးတော့ လုပ်နိုင်သလောက် ရတဲ့နည်း တွန်းလှန်နေမှာပဲ” ဟု Fire Dragon တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

  • “မိုးကုတ်ကို ဗုံးကြဲတာ ရှရှားပညာတော်သင် ဗိုလ်ကြီး ဇင်မင်းထွန်းတဲ့လား”

    “မိုးကုတ်ကို ဗုံးကြဲတာ ရှရှားပညာတော်သင် ဗိုလ်ကြီး ဇင်မင်းထွန်းတဲ့လား”

    “မိုးကုတ်ကို ဗုံးကြဲတာ ရှရှားပညာတော်သင် ဗိုလ်ကြီး ဇင်မင်းထွန်းလား”

    မနက်စောစော ဗုံးထကြဲရလို့ အိပ်ရေးပျက်တယ်လို့ လှောင်ပြောင်ညည်းတွား

    နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံနေရလို့ တုန်လှုပ်ခြောက်ခြားနေတဲ့ မိုးကုတ်မြို့လေးရဲ့ အေးစက်စက် မနက်ခင်းကို စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာ နှစ်စီးက ဖြိုခွင်းလိုက်ပြန်ပါတယ်။

    မိုးကုတ်မြို့အရှေ့ပိုင်း ဘိုကုန်းရပ်ကွက်၊ မြို့ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်အနီးတဝိုက်ကို ဂျက်ဖိုက်တာ တိုက် လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး သုံးလုံးကြဲချခဲ့ရာမှာ ကောက်ညှင်းပေါင်းရောင်းတဲ့ စျေးသည်သားအဖနှစ်ဦး အပါအဝင် လမ်းသွားလမ်းလာ ပြည်သူသုံးဦး သေဆုံးခဲ့ ရပါတယ်။

    ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မိုးကုတ်မြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တာကြောင့် လူပေါင်း (၄၁) ဦးသေဆုံးခဲ့ပြီးပါပြီ။

    ယနေ့ ဩဂုတ်၁၇ရက် မနက်ခင်း ဗုံးကြဲတိုက်ခိုက်မှုမှာ မင်းအောင်လှိုင်ကို သစ္စာခံတဲ့ ပိုင်းလော့ – Pilot (လေယာဉ်မှူး)လို့ ယူဆရသူတစ်ဦးရဲ့ လူမှုစာမျက်နှာက ပျံ့နှံလာပါတယ်။

    အတည်ပြုဖို့ လုံလောက်တဲ့အချက်အလက်တွေ မရှိပေမယ့် Kaung Khant Ko Ko ဆိုတဲ့ အကောင့်ဟာ ဟာ မိုးကုတ်ကို သူကိုယ်တိုင် ဗုံးကြဲခဲ့သဖွယ် ရုပ်သံတွေနဲ့ စာသားတွေ ရေးတင်ခဲ့ပါတယ်။

    လေယာဉ်စတင်ပျံတက်ပုံ၊ ပျံသန်းနေပုံနဲ့ မောင်းနှင်နေပုံတွေကို Selfile အနေနဲ့ ရိုက်ကူးကာ မိုးကုတ်မြို့ကို မနက်စောစောစီးစီး ဗုံးကြဲရတဲ့အတွက် အိပ်ရေးပျက်တယ်လို့ လှောင်ပြောင်ညည်းတွား ဖော်ပြထားပါတယ်။

    “ အိမ်ရေးမဝလို့၊ မိုးကုတ်ကို စောစီးပတ်ရ” ဆိုတဲ့ စာသားနဲ့ အတူ ဂျက်လေယာဉ်မောင်းနှင်နေတဲ့ ပုံကို တင်ခဲ့ပါ တယ်။

    ခိုင်မာအောင်အတည်ပြုဖို့ Operation spitfire က ထုတ်ပြန် ခဲ့တဲ့ လေတပ်အရာရှိတွေနဲ့ နာမည်တွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ပေမယ့်လည်း ဒီ Kaung Khant Ko Ko နာမည် ကို မတွေ့ရှိခဲ့ ပါဘူး။

    သူရဲ့ ဖေ့ဘုတ်စာမျက်နှာကပဲ အသံဖိုင်တခုကို တင်ခဲ့ပြီး သူဖြေထားတာ ဖြစ်ကြောင်းကို လည်း တင်လာခဲ့တာ တွေ့ရပါသေးတယ်။

    ဒီ အသံဖိုင်ကို တိုက်ဆိုင်ကြည့်တဲ့အခါ စစ်အုပ်စုရဲ့ ရှရှားပြန်ဗိုလ်ကြီးဇင်မင်းထွန်း ကို MRTV ရဲ့ မတ်လ အတွင်းက အင်တာဗျူးခဲ့တဲ့ ဗီဒီယို ဖြစ်လို့ နေပါတယ်။

    ဒါဟာ ဖြစ်နိုင်ခြေနည်း နေပေမယ့် ဒီပိုင်းလော့ ဆိုသူရဲ့ အရေးအသားတွေဟာ ရင့်သီးလွန်းတာ ကြောင့် ပြည်သူတွေကြား ဒေါသ တကြီးဖြစ်နေကြပါတယ်။

    မိုးကုတ်မြို့ကို မနက်စောစော ဗုံးသွားကြဲရလို့ အိပ်ရေးပျက်ကြောင်း လူမူကွန်ယက်မှာ လှောင်ပြောင်သရော်ကာ ပို့စ်တင်ထားသူနဲ့ မင်းအောင်လှိုင် သစ္စာခံ ရှရှားပညာတော်သင် ဗိုလ်ကြီး ဇင်မင်းထွန်း/Photo – KKKK FB , STW TTK