နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က တောင်းဆိုထားမှုကို စစ်အုပ်စုက လျစ်လျူရှုထားဆဲဖြစ်ပြီး တွေ့ဆုံခွင့်မရသေးကြောင်း စုံစမ်းသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး ရှေ့နေအဖွဲ့က စစ်အုပ်စုထံ စာဖြင့် အကြိမ်ကြိမ် တင်ပြတောင်းဆိုနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် ငါးလခန့်က တွေ့ဆုံခွင့် ထပ်မံတင်ပြထားမှုမှာလည်း လက်ရှိအချိန်အထိ “ဘာမှ မထူးဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ယနေ့ (မေလ ၁၀ ရက်) ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အား “သတ်မှတ်နေအိမ်” သို့ပြောင်းရွှေ့ကြောင်း ကြေညာပြီးနောက်ပိုင်းတွင်မူ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့် ထပ်မံ တင်ပြထားခြင်း မရှိသေးကြောင်းလည်း ပြောသည်။ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာပြောင်းရွှေ့လိုက်သော်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ၎င်းအတွက် ထောင်ဝင်စာပစ္စည်းပေးပို့မှုကို နေပြည်တော်အချုပ်ထောင်သို့သာ […]