Category: News

  • ဘူးသီးတောင် ခလရ တပ်ရင်းမှူးကို သေဒဏ်ချ

    ဘူးသီးတောင် ခလရ တပ်ရင်းမှူးကို သေဒဏ်ချ

    ခမရ တပ်ရင်းမှူးနှင့် စကခ ၁၉ မှ ဗိုလ်မှူးကြီးတို့ကို ထောင်ဒဏ် ၂၀ စီ စစ်ကောင်စီ ချမှတ်

    ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ အခြေစိုက် တပ်ရင်းများမှ တပ်ရင်းမှူးအဆင့်နှင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ၃ ဦးကို စစ်ကောင်စီက ကြီးလေးသော ပြစ်ဒဏ်ချမှတ်လိုက်ပြီး တစ်ဦးကို သေဒဏ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

    ၎င်းတို့သုံးဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်တွေ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-စစ်တွေ) စစ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

    သေဒဏ်ချမှတ်ခံရသော တပ်ရင်းမှူးမှာ ဘူးသီးတောင်မြို့အခြေစိုက် ခလရ ၂၆၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူဖြစ်ပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသော တပ်ရင်းမှူးများမှာ ခမရ ၃၅၂ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး တိုးဝေမြင့်နှင့် စကခ ၁၉ မှ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဇင်သန့်တို့ ဖြစ်သည်။

    စစ်တွေတပ်တွင်း သတင်းရင်းမြစ်တစ်ဦးက “စစ်တွေ ဒကစ စစ်တရားရုံးကနေ ချမှတ်လိုက်တာဖြစ်တယ်။ အခု စစ်တွေအကျဉ်းထောင်ကို ပို့ထားတယ်။ အကြောင်းအရင်းကတော့ အမိန့်မနာခံမှုနဲ့ တပ်ဆုတ်လို့ဆိုပြီး အမိန့်အသီးသီးချလိုက်တာ။ ခလရ ၂၆၃ တပ်ရင်းမှူးက သေဒဏ် ပုဒ်မ ၃၂ (က)၊ ၃၂ (ဎ) နဲ့ ချတာ၊ ခမရ ၃၅၂ တပ်ရင်းမှူးနဲ့ စကခ ၁၉ က ကျော်ဇင်သန့်တို့က ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခံရတယ်။ သူတို့လည်း ၃၂ (က) နဲ့ပဲချတာ” ဟု ပြောသည်။

    ပြစ်ဒဏ် ၃၂ ပုဒ်မမှာ တပ်မတော်အက်ဥပဒေများတွင် ပါသော ပုဒ်မဖြစ်ပြီး ရန်သူနှင့်သက်ဆိုင်သည့် သေဒဏ်ထိုက်သင့်သောပြစ်မှုများ ဖြစ်ကြောင်း သိရသည်။

    ၎င်းတို့ သုံးဦးလုံးမှာ အာရက္ခတပ်တော် AA ဖမ်းဆီးထားသော ဘူးသီးတောင် စကခ (၁၅) မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၏ မမှန်မကန်တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရပြီး သေဒဏ်၊ ထောင်ဒဏ် အသီးသီး ချမှတ်ခံရခြင်းဖြစ်ကြောင်း အဆိုပါ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

    “သူတို့သုံးဦးလုံးက ၂၀၂၄ မေလမှာ ဘူးသီးတောင်ကနေ ကမ်းထိုးရေယာဉ်နဲ့ စစ်တွေကို ရောက်ရှိလာတာ ဖြစ်တယ်။ AA နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် သူရိန်ထွန်းက ကမ်းထိုးရေယာဉ်နဲ့ သူတို့ကို ပို့လိုက်တာ ဖြစ်တယ်။ AA ကို ကြောက်လို့ ထွက်ပြေးလာတဲ့သူတွေ မဟုတ်ဘူး။ အလံဖြူထောင် အညံ့ခံတာမျိုးလည်း မဟုတ်ဘူး။ အခြေအနေအရ ပြန်ဆုတ်လာတာ ဖြစ်တယ်။ ရောက်တာနဲ့ အဖမ်းခံရတာပဲ။ တစ်နှစ်ကျော်ကြာ အချုပ်ခံရပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က အမိန့်ချမှတ်လိုက်တာဖြစ်တယ်” ဟု ပြောသည်။

    သေဒဏ်ချမှတ်ခံရသော ခလရ ၂၆၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူနှင့် နီးစပ်သူ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဗိုလ်မှူးချုပ် သူရိန်ထွန်း၏ မနာလိုချနင်းမှုကြောင့် ပြစ်ဒဏ်များ ချမှတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။

    “အဓိကတော့ဗျာ သူရိန်ထွန်းက အငယ်တွေကို ချနင်းတာဗျာ။ သူ့အပြစ်တွေ လွတ်အောင်ဆိုပြီး အငယ်တွေပေါ့နော် တပ်ရင်းမှူးတွေကို ချနင်းပစ်လိုက်တာ။ ဆုတ်ခွာတယ်ပေါ့။ တပ်ရင်းတွေကို လိမ်လည်တယ်ပေါ့။ အဲလို အကြောင်းပြချက်နဲ့ အရေးယူခံရတာ။ သူလည်း လွတ်လာတာမဟုတ်ဘူး။ အခု AA ဆီမှာ အဖမ်းခံထားရတယ်။ ဒီတပ်ရင်းမှူးတွေကို ပို့လိုက်တုန်းက သူရိန်ထွန်းက ဘူးသီးတောင်မှာပဲ ရှိသေးတယ်။ ဘူးသီးတောင်ကျသွားတော့မှ မောင်တောဘက်ကို ရောက်သွားတာ” ဟု ပြောသည်။

    သေဒဏ်ချမှတ်ခံရသော တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူ မှာ ရန်ကုန်တိုင်းမှာ ဖြစ်ပြီး ကျန်သည့် နှစ်ဦးမှာ မိတ္ထီလာနှင့် မော်လမြိုင် ဖက်မှ ဖြစ်ကြောင်း ၎င်းတို့မှာ စစ်တွေ ထောက်ပို့ အချုပ်ခန်းထဲတွင် ၁နှစ်နှင့် ၈လခန့် နေခဲ့ရကြောင်း သိရသည်။

    ကျောက်တော်တိုက်ပွဲတွင်လည်း အမိန့်မနာခံ၍ တပ်ဆုတ်လာသည်ဟုဆိုကာ ၂၀၂၄ ခုနှစ် ဇွန်လက ရေတပ် ဗိုလ်ကြီး ၁ ဦး၊ စစ်တွေ ဒကစ လက်အောက်ခံ ခလရ ၂၀ မှ ဗိုလ်ကြီး ၁ ဦး၊ ခလရ ၂၇၀ မှ ဗိုလ်ကြီး ၁ ဦးနှင့် မင်းပြားဗျူဟာမှူး ၁ ဦးတို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့သည်။

    ပုံစာ- ရခိုင်ပြည်၊ မောင်တော မြို့သိမ်း တိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖမ်းဆီးထားသည့် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားတွေ့ရစဉ် (ဓာတ်ပုံ – AA ထုတ်ပြန်သည့် ရုပ်သံဖိုင်မှ Screenshot)

  • စမူဆာရေဆေးနေတဲ့အချိန် ရွှေလဲပါ ကားလဲ ပါသွား

    စမူဆာရေဆေးနေတဲ့အချိန် ရွှေလဲပါ ကားလဲ ပါသွား

    စမူဆာရေဆေးနေတဲ့အချိန် ရွှေလဲပါ ကားလဲ ပါသွားတဲ့သတင်း

    ဖြစ်စဉ်က အူဒေါဌာနီမြို့မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးကြီး ၁ ဦးဟာ ဖေ့ဘွတ်ကနေ အသက် ၄၂ နှစ် ရှိ အမျိုးသားနဲ့ သိခဲ့ကြတယ်။

    အမျိုးသမီးကြီးရဲ့ နာမည်ကို ဒေါ်ပိလို့ ပေးထားပါတယ်။

    ဒေါ်ပိက ဖေ့ဘွတ်ကခင်လာတဲ့ အမျိုးသားနဲ့ ၂ လလောက် လေလှိုင်းထဲကနေ စကားပြောသိခဲ့ကြပြီး

    လေလှိုင်းထဲမှာပဲ ချစ်သွားကြတယ်ရှင့်။

    အဲလိုနဲ့ ၆ ရက်နေ့က ဒေါ်ပိနဲ့ အမျိုးသားတို့က ပထမဆုံး ဒိတ်ကြဖို့ တည်းခိုခန်းတစ်ခုကို ရွေးလိုက်တယ်။

    တည်းခိုခန်းမှာ အမျိုးသားနဲ့ ဒေါ်ပိတို့ဟာ ၃ ရက် ၃ ည အတူအိပ်ခဲ့ကြတယ်ရှင့်။

    စတည်းထဲက အခန်းခရှင်းခါနီးကျတော့ အမျိုးသားက ဒေါ်ပိကို သူ့လစာ မထွက်သေးဘူး ပြောတော့ ဒေါ်ပိကလဲ ဒါလေးများ မောင်လေးရယ်

    မမရှင်းပေးလိုက်မယ်၊

    မောင်လေးနဲ့ မမက ပြောနေရမယ့်သူတွေမှ မဟုတ်တာဆိုပီး အခန်းခကို စိုက်ရှင်းပေးလိုက်တယ်။

    အဲတာနဲ့ ၈ ရက်နေ့ ၃ ရက်ပြည့်တော့ ဒေါ်ပိနဲ့အမျိုးသား ဖောင်းဒိုင်း ကိစ္စပြီးတော့ ဒေါ်ပိက ရေချိုးခန်းထဲ စမူဆာ ဝင်ဆေးဦးမယ်၊

    ရေလဲချိုးလိုက်မယ်ဆိုပီး ရေချိုးခန်းထဲ ဝင်သွားတယ်။

    ဒေါ်ပိက သူရေချိုးခန်းထဲ မဝင်ခင် ရွှေဆွဲကြိုးနဲ့ တခြားလက်ဝတ်ရတနာတွေကို ခုတင်ပေါ်မှာ ချွတ်ထားခဲ့တယ်။

    အခန်းရှေ့မှာ ရှိနေတဲ့ အမျိုးသားက ဒေါ်ပိကို လစာထွက်ပီ ကားခနငှားလိုက်ဦး။

    မမနဲ့ အတူသောက်ဖို့ သောက်စရာ သွားဝယ်မယ်လို့ဆိုတော့ ဒေါ်ပိကလဲ ပေးလိုက်တယ်ရှင့်။

    ဒေါ်ပိ ပြန်ထွက်လာတော့ ရွှေတွေက မရှိတော့ဘူး။

    ပြီးတော့ အမျိုးသားရဲ့ အဝတ်အိတ်ပါ ပျောက်သွားတယ်။

    နောက်တော့ ဒေါ်ပိ သူအလိမ်ခံထိပြီဆိုတာသိတော့ ရဲမှာသွားတိုင်ခဲ့တယ်။

    ရဲတွေက ဒေါ်ပိရဲ့ ကားကို ကုန်တိုက်တနေရာမှာ ရပ်ထားတာတွေ့ရပြီး ပြန်ယူလာခဲ့ပေးတယ်။

    ဒါပေမယ့် ဒေါ်ပိရဲ့ မောင်လေးကတော့ ရွှေတွေယူပီး ထွက်ပြေးသွားပါတယ်ရှင့်။

    ဒေါ်ပိရဲ့ အဖြစ်က စမူဆာလဲနာ စည်းစိမ်လဲပါ

    အခန်းခတောင် စိုက်ပေးလိုက်ရတဲ့အဖြစ်…

    ဒေါ်ပိလဲ ဒီတခါတော့ ရတယ် မောင်လေး ဒါလေးများ

    မမရှင်းပေးလိုက်မယ် ဆိုတဲ့ အသံတောင် မထွက်နိုင်တော့ဘူးရှင့်။

    Source: Nanpiya Panno

  • မဟာမိတ်တွေတော်လှန်ရေးအဖွဲ့တွေနဲ့ ခပ်စိပ်စိပ် တွေ့ဆုံပြီး စစ်ရေးအရှိန်မြှင့်ဖို့အားထုတ်နေကြောင်း NUG ဝန်ကြီးချုပ်ပြော

    မဟာမိတ်တွေတော်လှန်ရေးအဖွဲ့တွေနဲ့ ခပ်စိပ်စိပ် တွေ့ဆုံပြီး စစ်ရေးအရှိန်မြှင့်ဖို့အားထုတ်နေကြောင်း NUG ဝန်ကြီးချုပ်ပြော

    မဟာမိတ်တွေတော်လှန်ရေးအဖွဲ့တွေနဲ့ ခပ်စိပ်စိပ် တွေ့ဆုံပြီး စစ်ရေးအရှိန်မြှင့်ဖို့အားထုတ်နေကြောင်း NUG ဝန်ကြီးချုပ်ပြော

    မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ခပ်စိပ်စိပ်တွေ့ဆုံနေပြီး စစ်ရေးအရှိန်မြှင့်ဖို့ အားထုတ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

    ဒီကနေ့ ဖေဖော်ဝါရီ ၁၂ရက်မှာ ကျရောက်တဲ့ (၇၉)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမှတ်တရစကား ပြောကြားရာမှာ အခုလို အသိပေးခဲ့တာပါ။

    တော်လှန်ရေးခရီး (၅)နှစ်တာရောက်လာပြီဖြစ်ပြီး ခရီးဟာရှည်သင့်သလောက် ရှည်လာပြီဖြစ်လို့ အားလုံးဟာ ခရီးပမ်းမှုဒဏ်ကိုလည်း ခံစား လာကြရတာ အမှန်ဖြစ်တယ်လို့ ပြောပါတယ်။

    ” ဒါပေမယ့် ဘယ်လောက်ခရီးပမ်းပမ်း ကျွန်တော်တို့တွေ အားလုံး အခက်အခဲ၊ စိန်ခေါ်မှုတွေကြားက စုစည်းလုပ်ဆောင်နိုင်မှုတွေ၊ အားထုတ်ကြိုးပမ်းနိုင်မှုတွေကြောင့် ရရှိခဲ့ တဲ့ အောင်မြင်မှုတွေဟာ ကျွန်တော်တို့ရှေ့ကို အင်အားအပြည့်နဲ့ ဆက်နိုင်ဖို့ သမိုင်းဝင်မှတ်တိုင်တွေအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ ပိုပြီးစုစုစည်းစည်း ခရီးနှင်နိုင်ရင် ခရီးပိုပေါက် မှာပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့အစိုးရနဲ့တကွ မဟာမိတ်ခေါင်းဆောင်ကြီးများ၊ တော်လှန် ရေးအစုအဖွဲ့များအားလုံးဟာ အချိန်ပေးပြီး တွေ့ဆုံဆွေးနွေးရေးတွေကို ခပ်စိတ်စိတ်လုပ်နေကြတာ ဖြစ် ပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အစိုးရ အနေနဲ့ တဖက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြ သလို တဖက်က စစ်ရေးကဏ္ဍကိုလည်း အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေကြောင်းလည်း အသိပေးပါတယ်။

    နွေဦးတော်လှန်ရေးဟာ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရဖို့ စတင်ခဲ့ကြတဲ့ အခြေအနေကနေ သမိုင်းအဆက်ဆက်မှာ ဒီလိုအာဏာရှင်မျိုးတွေ ဘယ်တော့မှ ထပ်မံမပေါ်ပေါက်လာအောင် ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးအထိ ခရီးဆက်လာကြခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ခက်ခဲတဲ့၊ ကြမ်းတမ်းတဲ့၊ အရင်းအနှီးများလွန်းတဲ့ တော်လှန်ရေးတခု ဖြစ်တယ်ဆိုတာ အားလုံးလည်း နားလည်ပြီးဖြစ်လို့ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်‌ရေးဟာ ခုခေတ်မှာပဲ အောင်မြင်စွာပြီးဆုံးနိုင်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

    အနာဂတ်မျိုးဆက်တွေလက်ထဲကို ရေခံမြေခံ ကောင်းပြီး၊ အစွမ်းကုန်တိုးတက်ဖို့ တာဆူနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ထည့်ပေးနိုင်ဖို့ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

    “အနာဂတ်မျိုးဆက်ကို ပေးမယ့် ဖက်ဒရယ်ဆိုတဲ့ အမွေဟာ တူညီဝတ်စုံတွေ ဝတ်ပြီး အခမ်းအနားကျင်းပရုံ၊ သီးချင်းသံပြိုင်ဆိုကြရုံ မဟုတ်ပါဘူး။ မိမိတို့ ကိုယ်ပိုင်အမွေအနှစ်တွေ၊ ဓလေ့ထုံး ထမ်းတွေကို မြတ်နိုးတဲ့၊ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်တဲ့၊ တန်းတူညီမျှမှုရှိတဲ့၊ တခြားသူများရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ၊ ဓလေ့ထုံးတမ်းတွေကို လေးစားတဲ့ လူ့အသိုင်းအဝိုင်းတခုကို ဖန်တီးနိုင်မယ့် အမွေကို ပေးနိုင်ကြဖို့ပဲ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

    ဒီအတွက်အားလုံး ဝိုင်းဝန်းကြိုးပမ်းရင်း ရှေ့ခရီးဆက်ကြဖို့ လည်း တိုက်တွန်းပါတယ်။

    NUGကလည်း ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့အခမ်းအနားကို သဝဏ်လွှာ ပေးပို့ခဲ့ရာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေး အတွက် စစ်ရေး၊ နိုင်ငံရေးအရ ဟန်ချက်ညီညီ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

    အလားတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ရာ ကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်း အခက်အခဲတွေ ကျော်လွှားနိုင်ရေး ဝိုင်းကြိုးပမ်းဖို့ တိုက်တွန်းထားပါတယ်။

    ချင်းအမျိုးသားတပ်ဦး(CNF) ရဲ့ သဝဏ်လွှာမှာလည်း မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်ချုပ်ရေးကို တွန်းလှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ တော်လှန်ရေးခရီးကြမ်းမှာ တစိုက်မတ်မှတ် လက်တွဲသွားမယ်လို့ အသိပေးခဲ့ပါတယ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲကချုပ်(PNLO)၊ ကယန်းအမျိုးသားတပ်မတော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာဟိန္ဒူအစည်းအရုံး၊ ဒီမိုကရက်တစ်လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း တို့ကလည်း အခမ်းအနားကို သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

    (ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲမှ တပ်ဖွဲ့ဝင်တစ်ဦးကို သစ္စာရေတိုက်နေသောNUG ဝန်ကြီးချုပ်မန်းဝင်ခိုင်သန်း။ ဓါတ်ပုံ-NUG)

  • မြန်မာနိုင်ငံ ငလျင်လှုပ်ရှားမှု ဆန်းစစ်ချက်နှင့် ကာလတို သုံးသပ်ခန့်မှန်းချက်

    မြန်မာနိုင်ငံ ငလျင်လှုပ်ရှားမှု ဆန်းစစ်ချက်နှင့် ကာလတို သုံးသပ်ခန့်မှန်းချက်

    📢 မြန်မာနိုင်ငံ ငလျင်လှုပ်ရှားမှု ဆန်းစစ်ချက်နှင့် ကာလတို သုံးသပ်ခန့်မှန်းချက်

    📅 (၁၂ ဖေဖော်ဝါရီ ၂၀၂၆ မွမ်းမံချက်)

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ငလျင်ဖြစ်စဉ််များနှင့် ပတ်သက်၍ လက်ရှိရရှိထားသော အချက်အလက်များအပေါ် အခြေခံကာ အောက်ပါအတိုင်း သုံးသပ်ပေးလိုက်ပါသည်။

    🔎 လက်ရှိတွေ့ရှိချက်များ

    🟡 အမြင့်ဆုံးအင်အားအနေဖြင့် M3.9 (မန္တလေး) နှင့် M3.8 (ပခုက္ကူ)တို့ အောက်တွင်သာ ရှိနေပြီး အများစုမှာ M 2.0 မှ 2.9 ကြားတွင်သာ ရှိနေသည်။

    🐉 ပြနေသည့်လက္ခဏာ

    စစ်ကိုင်းပြတ်ရွေ့ မတ်လ ၂၈ ရက် မြေမျက်နှာ ပြင်အက်ကြောင်းတလျှောက်တွင် တနေရာတည်း စုပြုံလှုပ်ခတ်ခြင်း (Swarm) မရှိဘဲ ပျံ့နှံ့လှုပ်ရှားနေသည်။

    လက်ကျန်ဖိအားများကို သူ့သက်ဆိုင်ရာ အဓိကဇုန်များတွင်သာ ဖြန့်ထုတ်ဖြေလျော့နေမူများသည် သဘာ၀မူမှန်အတိုင်းရှိနေဆဲဖြစ်ပါသည်။

    (လက်ရှိအချိန်အထိ ငလျင်အင်အား တဖြည်းဖြည်း တိုးတက်လာသည့် လက္ခဏာများမတွေ့ရသေးပါ။ )

    📈 လာမည့် ၇ ရက်အတွက် ခန့်မှန်းချက် (Short-Term Outlook)

    (ဤသည်မှာ လက်ရှိဒေတာအပေါ် အခြေခံသည့် သုံးသပ်ခန့်မှန်းချက်သာ ဖြစ်ပါသည်။)

    • အင်အား ၂.၀ မှ ၃.၅ ဝန်းကျင် ငလျင်ငယ်လေးများ ပြန့်နှံ့လှုပ်ခတ်မှု ဆက်ရှိနေနိုင်သည်။

    • အင်အား ၄.၀ ဝန်းကျင် ငလျင်အသင့်အတင့် ရံဖန်ရံခါ ဖောက်၀င် လှုပ်ခတ်နိုင်သည်။

    • အင်အား ၄.၅ နှင့်အထက် ငလျင်ကြီးများလှုပ်ရန်အတွက် ရှေ့ပြေးလက္ခဏာများလတ်တလော မတွေ့ရသေးပါ။

    ⚠️ သတိပြုရန်

    ငလျင်ကို တိတိကျကျ ကြိုတင်ဟောကိန်းထုတ်ခြင်း(Prediction) မရှိပါ။

    ပြည်သူများအနေဖြင့် ထိတ်လန့်ခြင်းမရှိဘဲ အခြေခံငလျင်ဘေး ကာကွယ်ရေး ပြင်ဆင်နေထိုင်မူများကိုသာ ဆက်လက်သတိရှိပြုလုပ်ကြပါရန် တိုက်တွန်းအပ်ပါသည်။

    လက်ရှိတွင် 🟠 Alert Level မြှင့်တင်ရန်အခြေအနေမရှိသေးဘဲ အချိန်နှင့်တပြေးညီ ဆက်လက်စောင့်ကြည့်လျက် ရှိပါသည်။

    🌿 AI Info Team 🌿

    📅 12 FEB 2026

  • ICJ တရားရုံးက စီရင်ချက် ချမှတ်ပါက ကျူးလွန်သူ   မြန်မာစစ်ခေါင်းဆောင်များကို ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေးယူရန် လမ်းပွင့်လာမည်

    ICJ တရားရုံးက စီရင်ချက် ချမှတ်ပါက ကျူးလွန်သူ မြန်မာစစ်ခေါင်းဆောင်များကို ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေးယူရန် လမ်းပွင့်လာမည်

    မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု ICJ တရားရုံးက စီရင်ချက် ချမှတ်ပါက ကျူးလွန်သူ မြန်မာစစ်ခေါင်းဆောင်များကို ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေးယူရန် လမ်းပွင့်လာမည်ဟုဆို

    မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ တရားရုံးက စီရင်ချက်ချမှတ်ပါ ကျူး လွန်သူ မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံတကာရာဇဝတ်တရားရုံး-ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေး ယူရန် လမ်းပွင့်လာမည်ဖြစ်ကြောင်း OWP (The Organization for World Peace)က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သုံးသပ်ဖော်ပြထားသည်။

    ကမ္ဘာ့ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ် ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်း ရှိ၊ မရှိ ဆိုင်ရာ သမိုင်းဝင်အမှုကို ဇန်နဝါရီလအတွင်းအပြီး သတ်ကြားနာစစ်ဆေးခဲ့ပြီဖြစ်ကြောင်း၊ ICJ တရားရုံးက မြန်မာနိုင်ငံအနေဖြင့် အပြစ်ရှိသည်ဆိုသော စီရင်ချက်ချမှတ်ပါက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်သူတစ်ဦးချင်းစီကို အရေးယူရန် ကြိုးပမ်းနေသည့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အတွက်သာမက ကမ္ဘာတစ်ဝန်း တရားရုံးများအတွက်ပါ ခိုင်မာသော ဥပဒေကြောင်းအရ အခြေခံ (Legal Basis) တစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြထားသည်။

    ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ အနည်းဆုံး ၇၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည့် အခြေအနေများကို အခြေခံ၍ တရားစွဲဆိုမှု စတင်ထားခြင်းဖြစ်သည်။

    လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇား (Cox’s Bazar) စခန်း၌ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်း (၁,၂၀၀,၀၀၀) နီးပါး ခိုလှုံနေရပြီး ၎င်းတို့အနက် ၅၀ ရာခိုင်နှုန်း(၆၀၀,၀၀၀ ခန့်) မှာ ကလေးသူငယ်များ ဖြစ်ကြသည်။

    ICJ တရားရုံးက တွင် အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခြင်းသည် မြန်မာစစ်ဘက်အရာရှိများကို တိုက်ရိုက်ဖမ်းဆီးနိုင်သည့် အာဏာစက်မရှိသော်လည်း၊ ကျူးလွန်သော တစ်ဦးချင်းစီ ၏ တာဝန်ခံမှု (Individual Accountability)ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ “အပြစ်ရှိကြောင်း စီရင်ချက်ထွက်ပေါ်လာခြင်းသည် ICC (နိုင်ငံတကာ ရာဇဝတ်တရားရုံး) ရှေ့နေများ သို့မဟုတ် ကျူးလွန်သူများကို တရားစီရင်ရန် ကြိုးပမ်းနေသည့် အခြားနိုင်ငံတကာတရားရုံးများအတွက် ခိုင်မာသော ဥပဒေကြောင်းအရ အခြေခံတစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း သိရှိရသည်။

    အခြားတစ်ဖက်တွင်လည်း သံတမန်ရေးနှင့် စီးပွားရေး ဖိအားအနေဖြင့် မြန်မာနိုင်ငံအား “လူမျိုးတုံးသတ်ဖြတ်သည့်နိုင်ငံ” (Genocidal State) အဖြစ် တရားဝင်တံဆိပ်ကပ်လိုက်ခြင်းဖြင့် နိုင်ငံတကာအစိုးရများအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ရန်၊ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန်နှင့် သံတမန်ရေးအရ အထီးကျန်အောင်လုပ်ဆောင်ရန် ဥပဒေကြောင်းအရ ခိုင်လုံသော အကြောင်းပြချက်များ ရရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံ၏ ဖြစ်စဉ်သည် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုနှင့် စံနမူနာဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအမှုက အခြားသော ကမ္ဘာ့ပဋိပက္ခများ၊ အထူးသဖြင့် ဂါဇာစစ်ပွဲ (Gaza conflict) အပေါ်တွင်လည်း ကြီးမားသော သက်ရောက်မှုရှိနေကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တောင်အာဖရိကက အစ္စရေးကို ICJ တွင် တရားစွဲဆိုခဲ့သည့် ဖြစ်စဉ်သည် ဂမ်ဘီယာ၏ စံနမူနာကို ယူထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအမှုအပေါ် ချမှတ်မည့် ဆုံးဖြတ်ချက်သည် ကမ္ဘာတစ်ဝှမ်းရှိ အာဏာအလွဲသုံးစားလုပ်နေသော နိုင်ငံများအတွက် ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်ဟု သုံးသပ်ထားသည်။

    ICJ ၏ စီရင်ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများ၏ အခြေအနေကို ချက်ချင်းတိုးတက်စေမည်မဟုတ်သော်လည်း တရားမျှတမှုအတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ခုဖြစ​ြကြောင်း၊ စီရင်ချက်ကြောင့် ရရှိလာမည့် ဥပဒေကြောင်းအရ ခိုင်မာမှုများသည် ကျူးလွန်သူများအား အမှန်တကယ် အရေးယူနိုင်မည့်လမ်းကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး၊ ရိုဟင်ဂျာများ ၎င်းတို့၏ အမိမြေသို့ ငြိမ်းချမ်းစွာ ပြန်နိုင်မည့်နေ့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာမည်ဟု သုံးသပ်ဖော်ပြထားသည်။