
ရန်ကုန်နှင့်မန္တလေးတွင် စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများကို မီးမပြတ်တော့သည့် LNG လျှပ်စစ်ဓာတ်အား စတင်ပေးနေပြီး တစ်ယူနစ်လျှင် ငွေကျပ် ၉၀၀ ကောက်ခံ
🟥 ပြည်သူများအားလုံးကိုမူ တစ်နေ့လျှင် တစ်ကြိမ် မီး ၄ နာရီသာ အလှည့်ကျဖြတ်တောက်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ရန်ကုန်နှင့်မန္တလေးတွင် စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများကို LNG လျှပ်စစ်ဓာတ်အား စတင်ပေးနေပြီး တစ်ယူနစ်လျှင် ငွေကျပ် ၉၀၀ ကောက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အလှည့်ကျတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ LNG လျှပ်စစ်ဓာတ်အားများကို မီးမဖြတ်တော့ဘဲ တစ်ယူနစ်လျှင် ငွေကျပ် ၉၀၀ ဖြင့် ကောက်ခံ ပေးမည့် ကိစ္စကို ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စ ဟုတ်မှန်ကြောင်း ၊ စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများအားလုံးကို LNG လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“မီးကတော့ မပြတ်သလောက်ကို ပေးမှာ။ တစ်ယူနစ်ကိုတော့ ၉၀၀ ဖြစ်သွားမယ်။ အခု တရားဝင်လည်း အကြောင်းကြားနေပါပြီ။ မီတာလာဖတ်ရင် မှန်ကန်ကြောင်း လက်မှတ်ထိုးပေးရမယ်။ မီးက ရေရှည်မှာ မပြတ်သလောက်ဖြစ်သွားမယ်။ အများပြည်သူကတော့ မီတာခက ပုံမှန်ပဲ မတက်ဘူး။ ဒါပေမယ့် တစ်နေ့ကို အလှည့် ကျ ၄ နာရီ ဖြတ်ပါမယ်” ဟု န်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အလှည့်ကျတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အများပြည်သူများအနေဖြင့် ယခင်ထက် လျှပ်စစ်မီးပိုမိုရရှိမည်ဖြစ်သော်လည်း တစ်ရက်လျှင် ၄ နာရီ အလှည့်ကျ မီးပြတ်တောက်မည်ဖြစ်ကြောင်း၊ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ မီးပြတ်တောက်မည့် အုပ်စုနှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ မီးပြတ်တောက်မည့် အုပ်စု ဟူ၍ ၂ စု ခွဲခြား၍ အလှည့်ကျ ၄ နာရီ မီးဖြတ်တောက်မည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှ မီးပေးမည်ဖြစ်သော်လည်း ဝန်အား အတိုးအလျှော့များကြောင့် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၃၀ ရက်နေ့ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်မှုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မျှတစေရန်အတွက် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေးနှုန်းထား (Economic Rate)” တစ်ခု သတ်မှတ်၍ ဆောင်ရွက်သွားရန်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားထားသည်။
LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် ယခုအခါတစ်ရက်လျှင် စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် (၆၀၀၀၀ မဂ္ဂါဝပ်နာရီ) အထိ ထုတ်လုပ်ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့်ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့်ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဓာတ်အားရရှိမှုအနေဖြင့် ၇၀.၄၃ ရာခိုင်နှုန်းရှိပြီး မီးသုံးသူ ၆၉ သိန်းခန့်ရှိကြောင်း၊ အိမ်သုံးနှုန်းဖြင့် သုံးစွဲနေသော ၁ ယူနစ်မှ ၅၀ ယူနစ်အထိ သုံးစွဲသူ ၄၂ ရာခိုင်နှုန်းနှင့် ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ သုံးစွဲသူ ၁၉ ရာခိုင်နှုန်းရှိသဖြင့် အိမ်သုံးနှုန်းထားဖြင့် သုံးစွဲနေသော ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းခန့်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
အများပြည်သူများအတွက်မူ အိမ်သုံးမီတာခနှုန်းထားများမှာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ တစ်ယူနစ်လျှင် ကျပ် ၅၀၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ တစ်ယူနစ်လျှင် ကျပ် ၁၀၀၊ ၁၀၁ ယူနစ်မှ ယူနစ် ၂၀၀ အထိ တစ်ယူနစ်လျှင် ကျပ် ၁၅၀၊ ၂၀၁ ယူနစ်အထက်ဆိုပါက တစ်ယူနစ်လျှင် ကျပ် ၃၀၀ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- လျှပ်စစ်မီးများ ပြတ်တောက်နေသည့် ရန်ကုန်မြို့။
Category: News
-
ရန်ကုန်နှင့်မန္တလေးတွင် စက်မှုဇုန်များ၊ အိမ်ရာများနှင့် စီးပွားရေးလုပ်ငန်းများကို မီးမပြတ်တော့သည့် LNG လျှပ်စစ်ဓာတ်အား စတင်ပေးနေပြီး တစ်ယူနစ်လျှင် ငွေကျပ် ၉၀၀ ကောက်ခံ
-
တပို့တွဲလပြည့်ညမှာ ရွတ်ဆိုလျှင် အထူးအကျိုးပေးတဲ့ ရွှေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာတော်ကြီး”
တပို့တွဲလပြည့်ညမှာ ရွတ်ဆိုလျှင် အထူးအကျိုးပေးတဲ့ ရွှေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာတော်ကြီး”




-
လူတိုင်းသိချင်နေကြတဲ့ ဗ-လော်-ဂါ-မ-လေးရဲ့ ဇွ-န်း-နှ-စ်-ချောင်း အရှုပ်တော်ပုံဗီဒီယိုဖိုင်
လူတိုင်းသိချင်နေကြတဲ့ ဗ-လော်-ဂါ-မ-လေးရဲ့ ဇွ-န်း-နှ-စ်-ချောင်း အရှုပ်တော်ပုံဗီဒီယိုဖိုင်







-
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လေကြောင်းတိုက်ခိုက်ခံလို့ ဒဏ်ရာရ ၁၀၀ ကျော်အထဲက ၁၀ ဦးထပ်မံသေဆုံး၊ မလိုအပ်ဘဲ လူ၂၀ ကျော်လည်း ခြေလက်အင်္ဂါတွေ ဖြတ်တောက်လိုက်ရ၊
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လေကြောင်းတိုက်ခိုက်ခံလို့ ဒဏ်ရာရ ၁၀၀ ကျော်အထဲက ၁၀ ဦးထပ်မံသေဆုံး၊

မလိုအပ်ဘဲ လူ၂၀ ကျော်လည်း ခြေလက်အင်္ဂါတွေ ဖြတ်တောက်လိုက်ရ၊
ရွှေဥ/MFP၊ ဇန်နဝါရီ – ၃၁
စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇွန်လကနေ ဒီနေ့အထိ စစ်အုပ်စုလေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိထားတဲ့ အရပ်သား ၁၀၀ ကျော်အထဲက ဆေးကုသဖို့ သွားရေးလာရေး အခက်အခဲကြောင့် ဆယ်ဦးကျော်ထပ်မံသေဆုံးကာ နှစ်ဆယ်ကျော် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်လိုက်ရတယ်လို့ ရွှေဘိုမြို့နယ်ရဲ့လူသားစာနယ်အဖွဲ့ဝင် ဦးအောင်ခိုင်က ပြောပါတယ်။
စစ်အုပ်စုတပ်ဟာ ရွေးကောက်ပွဲမစတင်ခင်ကတည်းက စစ်ကိုင်းတိုင်းအတွင်းက ကနီ၊ ယင်းမာပင်၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦးနဲ့ရွှေဘိုစတဲ့ မြို့နယ်တွေကို နေ့စဉ်လေကြောင်းတိုက်ခိုက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၆ ရက်နေ့တစ်ရက်ထဲမှာပဲ ရွှေဘိုမြို့နယ်ကို လေကြောင်းကနေ ၁၈ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုတပ်ရဲ့ရွှေဘိုမြို့နယ်ကကျေးရွာတွေကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ရှစ်လတာအတွင်း ဒေသခံပြည်သူ ၃၀ ဦးသေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ဒဏ်ရာရရှိသူ ၁၀၀ ကျော်အထဲက ဒဏ်ရာပြင်းထန်သူတွေဟာ ဆေးသွားကုဖို့အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ၁၀ ဦးထပ်မံသေဆုံးကာ နောက်ထပ် ၂၀ကျော်လဲ ခြေလက်အင်္ဂါအစိတ်ပိုင်းတွေကို မလိုအပ်ဘဲ ဖြတ်တောက်လိုက်ရတယ်လို့ ရွှေဘိုမြို့နယ် လူသားစာနာအဖွဲ့ဝင် ဦးအောင်ခိုင်က ပြောပါတယ်။
“အခက်ခဲတွေကြောင့် အသက်ဆုံးရှုံးသွားတာက ၁၀ ဦးလောက်ရှိပါတယ်။ ဒဏ်ရာရတာ ဖြတ်တောက်ပစ်လိုက်ရတာကတော့ ၂၀ ဦးကျော်လောက် ရှိပါတယ်။ရွှေဘို အနောက်ခြမ်းနဲ့ ရွှေဘိုတောင်ခြမ်းက အများစုပါ၊ ကားက နှစ်စီးလောက်ပဲ ရှိတာဆိုတော့ ကယ်ဆယ်ရေးတွေကို အဆင့်ဆင့်သွားရတယ်။ သွားတဲ့ အခါမှာ လဲလမ်းတွေက လမ်းကြမ်းတွေ ။မနက်ပိုင်းကသွားရင် ညမိုးချုပ်မှရောက်တယ်”
ခန္ဓာကိုယ်အစိတ်အပိုင်း အများစု ဖြတ်တောက်တော်လိုက်ရတဲ့သူတွေဟာ လှန်ရေးရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေ ဖြစ်ပြီးတော့ ရွှေဘိုမြို့နယ်က စစ်ဘေးရှောင်နဲ့ မန္တလေးတိုင်းအတွင်းက စဉ့်ကူး ၊မတ္တရာ ၊သပိတ်ကျင်းက စစ်ဘေးရှောင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ရွှေဘိုမြို့နယ်မှာ ကျေးရွာပေါင်း (၁၇၀) ကျော်အနက် ရွာပေါင်း(၉၀) ကျော်ကို မီးရှို့ဖျက်ဆီးခံထားရပြီး တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်သုံးသောင်းကျော် ရှိတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင် ၊ကလေးငယ် (၄၀၀) ကျော်ပါဝင်ပြီးတော့ အခုလအတွင်းမှာပဲ သက်ကြီးရွယ်အိုလေးဦး အအေးဒဏ်ကြောင့် လေဖြတ်ဝေဒနာ ခံစားနေရတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ- CJ

