Category: News

  • မသေဆုံးခင် ဖခင်နဲ့မိထွေးရဲ့အနိုင်ကျင့်နှိပ်စက်မှုအကြောင်း စာတစ်စောင်ချန်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ကောင်မလေး

    မသေဆုံးခင် ဖခင်နဲ့မိထွေးရဲ့အနိုင်ကျင့်နှိပ်စက်မှုအကြောင်း စာတစ်စောင်ချန်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ကောင်မလေး

    ကင်ဆာရောဂါနဲ့ မသေဆုံးခင် ဖခင်နဲ့မိထွေးရဲ့အနိုင်ကျင့်နှိပ်စက်မှုအကြောင်း စာတစ်စောင်ချန်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ကောင်မလေး

    “အဖေ အားလုံးကို သိသားနဲ့..တိတ်တိတ်လေးပဲ ကြည့်နေခဲ့တယ်”…ဒီစကားကတော့ အသက် ၂၂ နှစ်အရွယ် မလေးရှားလူမျိုးကောင်မလေး မသေဆုံးခင် ချန်ခဲ့တဲ့ စာမှာ ရေးထားတာပါ။ ဝမ်ချူယွီဆိုတဲ့ ကောင်မလေးက ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ မသေဆုံးခင် သူ့အဖေနဲ့မိထွေးရဲ့အနိုင်ကျင့်နှိပ်စက်မှုအကြောင်း စာချန်သွားခဲ့ပါတယ်။

    ဝမ်ချူယွီရဲ့နောက်ဆုံးဆန္ဒအရ ဒီစာကို ဇန်နဝါရီ ၂၁ ရက်နေ့က သူ့ရဲ့ညီမဖြစ်သူဟာ ဖေ့စ်ဘွတ်ခ်မှာ တင်ပေးခဲ့တာပါ။ အဲ့ဒီပို့စ်မှာ ဆေးရုံကုတင်ပေါ်မှာ ဇန်နဝါရီ ၉ ရက်နေ့ လက်မှတ်ရေးထိုးခဲ့တဲ့ စာကို ကိုင်ဆောင်ထားတဲ့ ချူယွီရဲ့ဓာတ်ပုံလည်းပါဝင်ပါတယ်။

    သူ့အဖေကို ရည်ညွှန်းထားတဲ့ စာမှာ ချူယွီက သူ့အပေါ်ထားတဲ့ သူ့အဖေရဲ့ချစ်ခြင်းမေတ္တာကို မေးခွန်းထုတ်ခဲ့ပြီး ကွာလာလမ်ပူမှာ ဆေးကုသမှုခံယူပြီးနောက် စီပူမြို့ကို အိမ်ပြောင်းလာခဲ့ပြီးကတည်းက နေ့တိုင်း ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေကို ခံစားခဲ့ရကြောင်း ပြောဆိုထားပါတယ်။

    ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုအပြင် သူ့မိထွေးက သူနဲ့ သူ့ညီမကို ရေချိုးခန်းနဲ့ မီးဖိုချောင်တွေကို အသုံးပြုခွင့်မပေးဘူးလို့လည်း ဆိုထားပါတယ်။ သူ့အဖေရဲ့စိတ်သဘောထားက နောက်အိမ်ထောင်ပြုပြီးတဲ့နောက်မှာ ပြောင်းလဲသွားတယ်လို့ ချူယွီက ပြောထားပါတယ်။

    သူ့အဖေက အနိုင်ကျင့်နှိပ်စက်တာကို ခွင့်လွှတ်ပေးထားပြီး မိထွေးက သူ မြန်မြန်သေအောင် ကျိန်ဆဲခဲ့တယ်လို့ ဆိုပါတယ်။ “သမီး ထွက်သွားပြီးတဲ့နောက် အဖေရဲ့ကလေးတွေကို ကောင်းကောင်းဆက်ဆံဖို့ မျှော်လင့်တယ်”လို့လည်း ချူယွီက စာထဲမှာ ရေးထားပါတယ်။

    ချူယွီရဲ့ညီမဖြစ်သူက သူ့ရဲ့ဖုန်းထဲက ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ တင်ပေးခဲ့ပါတယ်။ “ဒီအကြောင်းကို လူသိရှင်ကြားဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ နာမည်ကြီးချင်လို့လုပ်တာမဟုတ်ဘဲ လူတိုင်းသိအောင်လို့ပါ။ ကျွန်မ့အစ်မရဲ့စာမှာ ရေးထားတဲ့အတွေ့အကြုံတိုင်းက စွပ်စွဲပြောဆိုချက်တွေမဟုတ်ပါဘူး။ တကယ်အဖြစ်အပျက်တွေပါ”လို့ ရေးသားထားပါတယ်။ ဓာတ်ပုံတွေထဲကတစ်ပုံမှာ ရေချိုးခန်းအသုံးမပြုဖို့ ပြောထားတဲ့ သူတို့ရဲ့မိထွေး ထုတ်ထားတဲ့ သတိပေးစာကို ပြထားပါတယ်။

    ချူယွီရဲ့အိပ်ခန်းတံခါးသော့ကို ဖျက်ပြီး ပစ္စည်းတွေကို ရှာဖွေကြည့်နေတာကို ပြနေတဲ့ ဗီဒီယိုလည်း ပါဝင်ပါတယ်။ အိမ်ထဲက သော့တွေအားလုံးလည်း သူတို့ရဲ့မိထွေးကြောင့် ပျက်စီးသွားတယ်လို့လည်း ဆိုထားပါတယ်။ မိထွေးဖြစ်သူက အိမ်ထဲ ခိုးဝင်ပြီး ပစ္စည်းတွေယူတယ်ဆိုတဲ့ ပြောဆိုချက်အတွက်လည်း မနက် ၆ နာရီမှာ သူ့အဖေနဲ့ မိထွေးက မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပန်းကန်ခွက်ယောက်အားလုံးကို ခိုးယူနေတယ်ဆိုတာကို ဗီဒီယိုမှာ ပြထားပါတယ်။

    ကွယ်လွန်သူဝမ်ချူယွီဟာ ၂၀၁၃ ခုနှစ်ကတည်းက သူ့မိသားစုရဲ့လျစ်လျူရှုအနိုင်ကျင့်မှုကို ခံနေရတာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရဲစခန်းတိုင်ကြားခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲစခန်းက ကလေးသူငယ်အက်ဥပဒေအရ အမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

    Ref: ‘You only watched quietly’: Malaysian woman leaves letter alleging abuse by dad and stepmother before dying of cancer

    Team (ရိုးရာလေး)

  • KNA ကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အား စစ်အုပ်စု ညွှန်ကြားချက်ထုတ်

    KNA ကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အား စစ်အုပ်စု ညွှန်ကြားချက်ထုတ်

    KNA ကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အား စစ်အုပ်စု ညွှန်ကြားချက်ထုတ်

    ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် မြို့တွင်းရှိ ကရင်လက်နက်ကိုင် (၃)ဖွဲ့အား စစ်အုပ်စုက အချက် ၄ ချက်ပါသည့် ညွှန်ကြားချက်ထုတ်လိုက်သည်။

    မြဝတီမြို့ရှိ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ ၏ ဆက်ဆံရေးရုံးများနှင့် စစ်အုပ်စု တပ်မ ၂၂ တပ်မမှူးတို့ ဇန်နဝါရီ(၁၉)ရက်နေ့က တွေ့ဆုံမှုတွင် ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

    စစ်အုပ်စု တပ်မမှူး ညွှန်ကြားစာအရ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ၊ ငြိမ်းချမ်းရေးကောင်စီ-PC နှင့် BGF တို့၏ မြဝတီမြို့တွင်းရှိ တပ်ဖွဲ့ဝင်တစ်ဦးချင်းစာရင်းကို ဇန်နဝါရီ(၂၄)ရက်နောက်ဆုံးထား ထံပို့ဆောင်ရမည်ဖြစ်ပြီး မြို့လုံခြုံရေးအတွက် လက်နက်ကိုင်(၃)ဖွဲ့လုံး စစ်အုပ်စုနှင့်ပူး ပေါင်းဆောင်ရွက်ရမည်ဟုပါ ဆိုထားသည်။

    လက်နက်ကိုင်များထံ ဆက်သွယ်စုံစမ်းချက်အရ ညွှန်ကြားချက်ပါအကြောင်းအရာအမှန်ဖြစ်ကြောင်း အတည်ပြု ချက်ရရှိခဲ့ပြီး မြို့နေလူထုလုံခြုံရေးနှင့်ပတ်သက်နေသည့်အချက်ကိုသာ လိုက်လျောပေးမည်ဟု DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောဖားဘလဲ့က ပြောသည်။

    “ကျနော်တို့လိုက်လျောပေးနိုင်တာတော့ လိုက်လျောမယ်၊ မရှိတဲ့အပိုင်းတော့မလုပ်ဘူး ။ မြို့လုံခြုံရေး တို့ ဘာတို့ကျတော့ လူထုလုံခြုံရေးနဲ့ဆိုင်တော့ လိုက်လျောပေးရမှာပေါ့။ စစ်သား စာရင်းတောင်း တာနဲ့ပတ် သက်ပြီးပြောရင် စစ်ပိုင်းဆိုင်ရာအလုပ်တွေဆို ကျနော်တို့လုပ်လို့မရဘူး။ သူတို့ရော ကျနော်တို့ရောစစ်သားပဲ၊ ပေးသင့်တဲ့ဟာဆိုပေးမယ်၊ မပေးသင့်ရင်မပေးဘူး။ ” ဟု DKBA ပြောခွင့်ရသူက ဆိုသည်။

    ထိုင်းနှင့်မြန်မာနှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအချက်အချာကျ မြဝတီမြို့သည် စစ်အုပ်စုအုပ် ချုပ်ရေးယန္တရားများရှိသော်လည်း ကရင်လက်နက်ကိုင်အဖွဲ့များ ပူးတွဲလုံခြုံရေးယူထားသော မြို့ဖြစ်သည်။ ထိုအထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီ(၁)ရက်နေ့ကစ၍ ဘက်တံဆိပ်ပြောင်းတပ်ထားသည့် KNA အဖွဲ့များလည်း အပါအဝင်ဖြစ်သည်။

    စစ်အုပ်စု၏ညွှန်ကြားချက်မှာ KNA (သို့မဟုတ်)အွန်လိုင်းငွေလိမ်လုပ်ငန်းကိစ္စများကြောင့် ထွက်လာခြင်းဖြစ်နိုင်ပြီး မိမိတို့နယ်မြေလုံခြုံရေး မိမိတို့ဆက်လက်တာဝန်ယူမည်ဖြစ်ကြောင်း PC ဘက်က ဆိုသည်။ မြို့အုပ်ချုပ်ရေးလည်ပတ်ရန်ကိုလည်း စစ်အုပ်စုကသာ တိုင်းရင်းသားလက်နက်ကိုင်များကို အားကိုးနေရခြင်းဖြစ်သည်ဟု အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွှန့်ကပြောသည်။

    ၎င်းက “မြဝတီမှာ DKBA ဖြစ်ဖြစ်၊ PC ဖြစ်ဖြစ်၊ BGF ဖြစ်ဖြစ် သူတို့တပ်တည်နေရာကို အတိအကျ သတ်မှတ်ပေး ထားတာမဟုတ်ဘူး။ တစ်မြို့လုံး ရောနှောနေထိုင်ကြပြီး တပ်နယ်နိမိတ်အတိအကျမရှိတဲ့အတွက် သူတို့နယ်မြေလုံခြုံရေးကို သူတို့ရပ်ကွက်နဲ့သူတို့ကာကွယ်ကြတယ်၊ ပူးပေါင်းလုပ်ဆောင်ကြတယ်။ စစ်တပ်က ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါ ညွှန်ကြားလို့လိုက်လုပ်တာကတော့ ကျနော်မတွေ့ဖူးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

    ထို့အပြင် မြဝတီမြို့စောင့်တပ်ဟုလူသိများသည့် စစ်အုပ်စုခြေလျင်တပ်ရင်း ခလရ-၂၇၅ အခြေစိုက်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်ခံရပါက တုံ့ပြန်သည့်အနေဖြင့် မြဝတီမြို့တွင် နေရာ(၁၈)ခုကို ဗုံးကြဲတိုက်ခိုက်ရန်သတ်မှတ်ထားကြောင်းလည်း အာဏာသိမ်းစစ်အုပ်စု၏ ညွှန်ကြားစာကဖော်ပြထားသည်။

    တစ်နိုင်ငံလုံးတပ်ဖြန့်ထားရသည့် စစ်အုပ်စုတွင်မြေပြင်တပ်အင်အားနည်းပါးနေသဖြင့် ၂၇၅ တိုက်ခိုက်ခံရပါက လေကြောင်းအထောက်အကူကိုသာ ကြီးကြီးမားမားသုံးလာနိုင်သည်ဟု စောကျော်ညွှန့်က ဖြည့်စွက်မှတ်ချက်ပေးသည်။

    ညွှန်ကြားချက်ပါ ယင်းအကြောင်းအရာကြောင့် မြဝတီမြို့တွင်ယနေ့ မွန်းလွဲပိုင်း လမ်းမပေါ်လူသွားလူလာ သိသိသာသာနည်းပါးနေကြောင်း မြဝတီမြို့ခံအချို့က ဆိုသည်။

    Photo: KNA

  • နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေး

    နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေး

    အင်းတော်မြို့နယ်၊ နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး အကျယ်ချုပ်ချထား

    အင်းတော်မြို့နယ်၊ နဘားကျေးရွာက CDM မီးရထားဆေးမှူးနဲ့ဝန်ထမ်း စုစုပေါင်း (၈)ဦးကို အင်းတော်အရှေ့ခြမ်းတိုက်နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)အဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီးနောက် အကျယ်ချုပ်ချထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ နဘားကျေးရွာရဲ့ ဓာတ်ပုံတွေပျံ့နှံ့လာတာကြောင့် လုံခြုံရေးသတင်းပေါက်တယ်ဆိုတဲ့သံသယနဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးခဲ့ကြောင်း နဘားကျေးရွာဒေသခံသုံးဦးက အတည်ပြုပြောဆိုပါတယ်။

    “ဖမ်းတာက နဘားဘက်ကနေသတင်းပေါက်တယ်ဆိုပြီး စွပ်စွဲပြီး သံသယနဲ့ ဖမ်းသွားတာ။ ပေါက်တာကို သေချာရှာမစစ်ပဲနဲ့ အသလွတ်ကြီး ဖမ်းသွားတာ။ အဲ့ထဲမှာ မီးရထားဆေးမှူးက ပညာတတ်တော့ သူတို့(ပကဖ)ကို ချက်နဲ့ လက်နဲ့ ဒဲ့ပြောတော့ အဲ့လိုပြောရမလားဆိုပြီး မျက်နှာကိုလက်သီးနဲ့ တစ်ချက်ထိုးတယ်။ နောက်ပြီး ကျော်စွာဝင်းဆိုတဲ့ CDM တစ်ယောက်ကိုလည်း ရစရာမရှိအောင် ရိုက်နှက်ထားတယ်။”လို့ နဘားရွာခံအမျိုးသမီးတစ်ယောက်ကဆိုပါတယ်။

    နဘားရွာထဲကနေအိမ်တစ်အိမ်မှာ ၄ နာရီဝန်းကျင်ကြာ ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် ည ၉ နာရီမှ ပြန်လွတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။

    CDM မီးရထားဆေးမှူးကိုသွားရောက်ဖမ်းဆီးတဲ့အချိန်ကလည်း ဆေးမှူးရဲ့သားဖြစ်သူ အသက် (၁၃)နှစ်အရွယ် ကလေးတစ်ယောက်ကို ပကဖခေါင်းဆောင်က ရိုက်နှက်ခဲ့သေးကြောင်း အခြားသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောပါတယ်။

    “ပကဖတွေက သူ့အဖေကို လာဖမ်းတော့။ ဆေးမှူးက သားအဖေ့ကို အနွေးထည်နဲ့ စောင်ယူပေးဦး။ အဖေခဏလိုက်သွားဦးမယ်ပြောလိုက်တာ။ အဲ့အချိန်ကလေးက သူ့အဖေကို လာဖမ်းရမလားဆိုပြီး ဆောင့်ဆောင့်အောင့်အောင့်လုပ်လိုက်တာ။ အဲ့တာနဲ့ တိုက်နယ်ပကဖခေါင်းဆောင်လွှမ်းမိုးက သူ့ကို ပမာမခန့်လုပ်ရမလားဆိုပြီး အဲ့ကလေးရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်တာ။ ကလေးက ဖြူဖြူသေးသေးလေးဗျာ။ မျက်လုံးကို ညိုသွားတာပဲ။”လို့ ဆိုပါတယ်။

    ယခုလက်ရှိမှာ ဆေးမှူးနဲ့ဝန်ထမ်းတွေရဲ့ ဖုန်းတွေကိုသိမ်းဆည်းထားပြီး အကျယ်ချုပ် ချုပ်နှောင်ထားတယ်လို့ နဘားရွာခံအမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။

    “သူတို့ဖုန်းတွေ ယူစစ်ပြီးပြီ။ ဘာသက်သေမှလည်းမတွေ့ဘူး။ အဲ့တာကို အခုထိဖုန်းတွေသိမ်းပြီး ရွာထဲကနေဘယ်မှမသွားရဆိုပြီး အကျယ်ချုပ်ချထားတယ်။ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ နားမလည်တော့ဘူး”လို့ ဆိုပါတယ်။

    အဆိုပါ CDMဝန်ထမ်းတွေကို ဖမ်းဆီးရိုက်နှက်မှုနဲ့ ပတ်သက်ပြီး အင်းတော်အရှေ့ခြမ်းတိုက်နယ် ပကဖတာဝန်ခံကို ၎င်းရဲ့ဖေ့ဘုတ်လူမှုကွန်ရက်ကနေ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

    အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံကို Kachinwaves ကဆက်သွယ်မေးမြန်းခဲ့ရာ ယခုဖြစ်စဉ်ကိုမသိသေးကြောင်းနဲ့ ၎င်းဖြစ်စဉ်ဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် စုံစမ်းပြီးအရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

    “ကျွန်တော့ဆီတော့ သတင်းမရောက်ထားပါဘူး။ အဲ့ဖြစ်စဉ်လည်း မသိသေးဘူး။ တကယ်လို့ အဲ့ဖြစ်စဉ်ရှိခဲ့ရင် ကျွန်တော်လည်း လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာရှိတော့ စုံစမ်းစစ်ဆေးပြီး အရေးယူတာတွေ လုပ်မှာပါ။”လို့ ဆိုပါတယ်။

    CDMဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာပဲ အင်းတော်အရှေ့ခြမ်း ပကဖ၊ပလဖနဲ့ ပအဖအဖွဲ့တွေက နဘားကျေးရွာမှာရှိတဲ့ ပြည်သူပိုင်စတားလင့်ဝိုင်ဖိုင်စက်တွေကို ဖြုတ်သိမ်းခဲ့ပါသေးတယ်။

  • “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

    “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

    တောင်တွင်းကြီးတွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

    မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယားကို ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ တလုတ်ကုန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် မြင့်စိန်နှင့် မယား လှကြည်တို့ကို ၎င်းတို့ နေအိမ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့သည်။

    သေဆုံးသွားသော မြင့်စိန်နှင့် လှကြည်တို့က ၎င်းတို့ နေအိမ်ရှေ့တွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ မဲရုံဆောက်ပြီး ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကျပ် မဲထည့်ခိုင်းခြင်း၊ မဲမထည့်သည့် ပြည်သူများကိုလည်း ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ခြင်း၊ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ပြောဆိုခြင်း၊ အာဏာသိမ်းစဉ် ကာလတွင်လည်း “ငါတို့ခေတ်ရောက်ပြီ” ဟု ကြွေးကြော်ကာ ကျေးရွာ ရန်ပုံ ငွေများကို အပိုင်သိမ်းခြင်း၊ မီတာခများကိုလည်း ပိုမိုကောက်ခံခြင်းများ လုပ် ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ရှင်းပြသည်။

    “စစ်ခွေး၊ ရဲခွေး အားကိုးနဲ့ ပြည်သူတွေကို အာဏာပြနေတဲ့ ကြံ့ဖွတ်အသင်းဝင်တွေ၊ ပျူတွေ၊ ဒလန်တွေနဲ့ အုပ်ကြီးတွေကို အချိန်မရွေး ပစ်ခတ် တိုက်ခိုက်သွားမယ်။ အခုတိုက်ခိုက်ခဲ့တဲ့ စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယားကလည်း ရွာထဲမှာ ပြည်သူတွေကို ဖိနှိပ်တာတွေ တော်တော်ဆိုးဆိုး လုပ် ဆောင်လာလို့ တိုက်ခိုက်ခဲ့တာပါ” ဟု ကိုချောင်ဖုန်းက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နှင့်နဂါးမင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် သတင်းပေး ဒလန်များ၊ ပျူစောထီးများ အနေဖြင့် စစ်တပ်ထံသို့ သတင်းပေးတိုင်ကြားခြင်း ၊ စစ်တပ်အားကိုး၍ ပြည်သူများအပေါ် ငွေကြေးများ အတင်းအဓမ္မကောက်ခံခြင်းနှင့် စစ်တပ်က ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သတ်မည်ဆိုပါက အချိန်မရွေးပစ်ခတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတိပေးပြောဆိုထားသည်။

  • ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ

    ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ

    ဟိုပုံးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ

    စစ်မှုထမ်းလူသစ်များကို လေ့ကျင်သင်ကြားပေးသည့် စစ်ကောင်စီ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် ရှမ်းတောင်၊ ဟိုပုံးမြို့မှာရှိတဲ့ စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးက ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ထားရာ ၎င်းလက်အောက်ရှိ စစ်တပ်အရာရှိငယ်အချို့က ကျောင်းအုပ်ကြီးရောင်းသည့် စမူဆာကို စစ်မှုထမ်းသင်တန်းသားများထံ လိုက်လံရောင်းချပေးနေရကြောင်း ဟိုပုံးကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

    ကိုးကန့်တပ်ဖွဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ကျောင်းအတွင်း စစ်မှုထမ်းသင်တန်းသားများ၏ လစာထဲမှ အားကစားဝတ်စုံ၊ အဝတ်အစား၊ ပေါက်တူး၊ ရေချိုးစီးဖိနပ်စသည့် ပစ္စည်းများ အကြောင်းပြကာ ဖြတ်တောက်နေသည့်အပြင် ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ပြီး ပေါင်မုန့်ကြက်ဥကြော်၊ ဂျုံလုံးကြော်စသည်တို့ကို မဝယ်မနေရ ရောင်းချကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ကျောင်းအုပ်ကြီး စမူဆာ၊ ကျောင်းအုပ်ကြီး ပေါင်မုန့်ကြက်ဥကြော်၊ ကျောင်းအုပ်ကြီး ဂျုံလုံးကြော် ဆိုပြီး သူ့တပည့် အရာရှိတွေက မနက်ဆို သင်တန်းသားအိပ်ဆောင်တွေကိုလာပြီး မယူမနေရ လိုက်‌ပေးပါတယ်။ စစ်သား အရာရှိတွေ၊ ဗိုလ်လေးတွေ၊ ဆရာကြီးတွေလည်း အဆင့်နဲ့မှ မသင့်တော်ကျောင်းအုပ်ကြီး အတွက် စမူဆာပါတ်ရောင်းပေးနေရပါတယ်” ဟု ၎င်းကပြောသည်။

    ယင်းအပြင် အရာရှိငယ်များ၏ ဇနီးများမှာလည်း ယင်းမုန့်ဆိုင်တွင် ဝိုင်းဝန်းကြော်လှော်ချက်ပြုတ်ပေးရကြောင်း၊ သင်တန်းသားများ၏ လစာကို အကုန်လိုချင်သည့်အတွက် ကျောင်းဆင်းပြီး တပ်အသီးသီးသွားတော့မည့် ကားများပေါ်အထိ ရေသန့်ဗူး၊ မုန့်၊ အချိုရည်နှင့် အခြားမလိုအပ်သည်များကို မယူမနေရ ရောင်းချကြောင်း နီးစပ်သူများထံမှ သိရသည်။

    ဟိုပုံးကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၌ တပ်တွင်းလိုက်နေသည့် အရာရှိနှင့် အခြားအဆင့် ဇနီးသည်များအတွက် ထောက်ပံ့ကြေးကျပ်တစ်သိန်းကိုလည်း အသား၊ ငါး၊ အသီးအရွက်များကို ပြင်ပပေါက်ဈေးထက် ဈေးတင်ကာမယူမနေရ ရောင်းချပြီး ဖြတ်တောက်ကြောင်း၊ ဝက်ခြံတာဝန်ခံဗိုလ်ကြီးကိုလည်း ဝက်သေသည့်အတွက် ပါးရိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    မကြာမီက ဖမ်းဆီးခံရသည့် ၎င်း၏တပည့်ဖြစ်သူ ဗိုလ်မှူးအေးမင်းထွန်းမှာ တပည့်အရင်းဖြစ်ပြီး ကုန်ကားများဖမ်းဆီးကာ ငွေရှာပေးနေသည်ကို တစ်တပ်လုံးသိကြောင်း၊ ပြသနာတက်မှသာ ဗိုလ်မှူးအေးမင်းထွန်းကို ထိုးကြွေးခြင်းဖြစ်ကြောင်း ယင်းတပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

    “ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ ဗိုလ်မှူးတစ်ယောက်က သေနတ်ထုတ်သွားတာ မသိဘူးလို့ ဖင်ပိတ်ငြင်းပြီး သူအရေးယူခံရမှာကြောက်လို့ အဲ့ဗိုလ်မှူးကို ထိုးကြွေးတာ” ဟု ၎င်းက ပြောသည်။

    ယင်းအပြင် ကုန်ကားများထံမှ ငွေရှာလိုသည့်အတွက် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးဦးဆောင်ပြီး ဒုမှူးကြီး ညွှန့်သွင်၊ ဗိုလ်မှူး မိုးမင်းကို၊ ဗိုလ်မှူး အေးမင်းထွန်း၊ ဗိုလ်မှူး တင့်သူထက်၊ ဗိုလ်မှူး အောင်မွန်ဝင်း၊ ဗိုလ်မှူး အာကာမြင့်မောင် တို့ပါဝင်သည့် သီးသန့်အစည်းအဝေးလုပ်ကာ တပ်ရှေ့တွင် သီးသန့်ဂိတ်ထပ်ဖွင့်ကြောင်း ဟိုပုံကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “ကားသမားတွေက မကျေနပ်လို့ ရပခ ကိုတိုင်တော့ ခုနပြောတဲ့ သူ့တပည့်တွေကို တပ်ပြန်ခေါ်ပြီး သူအမြင်ကပ်တဲ့သူတွေကို အဲ့ဂိတ်တွေထည့်ပြီး ထိုးကြွေးပြီး အကျင့်ရုတ်သေးတာ။ သန့်ထင်စိုး ဗိုလ်မှူးကြီးတုန်းက လင်ခင်းဗျူဟာမှူး၊ သူ့ရဲ့စကားပြောစက်အခေါ်က အခုအထိလင်းခေး။ လင်းခေးဗျူဟာမှူးတုန်းက လင်းခေးဖြတ်ဖူးတဲ့ ကားသမားတိုင်းအကုန်သိတယ် ဘာလဲဆိုရင် “ကားဘီးတစ်ဘီးဆို တစ်သိန်း”၊ ခြောက်ဘီးကားမောင်းတယ် ကားပေါ်မှာ ဘာပစ္စည်းမှ မပါလဲ ခြောက်ဘီးကားဖြစ်နေတဲ့အတွက် ခြောက်သိန်းပေး၊ ဒါပဲ ဘာမှလာရှင်းပြမနေနဲ့။ ပစ္စည်းပါရင်တော့ အဲ့ထက်ပိုပြီပဲ။ ပရိုဘောက်လို လေးဘီးကားမျိုးဆို လေးသိန်း။ သူ့အဖေလောက်ရှိတဲ့ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံရဲ့ စာပေညွှန်ကြားရေးမှူး၊ အပြင်တက္ကသိုလ်ဆိုရင် ပါမောက္ခချုပ် တစ်ယောက်ကို အစည်းအဝေးမှာ “ငါလိုးမသားကြီးလို့” ဆဲတာဗျာ” ဟု ယင်းသတင်းရင်းမြစ်က ပြောသည်။

    လက်ရှိတွင် ယင်းတပ်အတွင်း ကျောင်းအုပ်ကြီးသန့်ထင်စိုးကို မကျေနပ်သူအလွန်များပြားနေပြီး PNO မှ လာတိုက်ပါစေဟုပင် ဆုတောင်းနေကြောင်း၊ PNO က သေနတ်တစ်ချက်ဖောက်သည်နှင့် တပ်တွင်း၌ ၎င်းကို ပြန်လုပ်ကြံမည့်သူအလွန်များပြားနေကြောင်း တပ်နှင့် နီးစပ်သူများထံမှ သိရသည်။