Category: News

  • ကျောက်ဖြူတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များပြားပြီး ကျောက်ဖြူဆေးရုံ မဆံ့၍ စစ်တွေနှင့် ရန်ကုန်သို့ပို့ဆောင်နေရ

    ကျောက်ဖြူတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များပြားပြီး ကျောက်ဖြူဆေးရုံ မဆံ့၍ စစ်တွေနှင့် ရန်ကုန်သို့ပို့ဆောင်နေရ

    ‎ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားနေကြောင်း သိရသည်။

    ‎တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများပြားသည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ကျောက်ဖြူ ဆေးရုံသို့ ပို့ဆောင်ကုသမှုပေးနေသော်လည်း ဆေးရုံမဆံ့တော့ဘဲ စစ်တွေနှင့် ရန်ကုန်သို့ပါ ပို့ဆောင် နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎”စစ်တွေကို အင်အားဖြည့်အဖွဲ့တွေနဲ့အတူ ဒဏ်ရာရ စစ်သားတွေကိုပါ ရေကြောင်းက ပို့နေတယ်လို့ သိရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ကျောက်ဖြူတိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ‎ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က စစ်သင်္ဘောဖြင့် တင်ဆောင်ကာ စစ်တွေဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့ထဲမှ ဒဏ်ရာပြင်းထန်သူနှင့် အရာရှိများကို ရန်ကုန်သို့ လေ ကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    ‎မင်းတပ်တောင်၊ ပြင်ရှည်၊ ကြတ္တိန်၊ လိပ်ခမော် စသည့်နေရာများတွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ စစ်ကော်မရှင်တပ်ဖွဲ့များကို ခလရ-၃၄၊ ခမရ-၅၄၂၊ ခမရ-၅၄၃ တပ်ရင်းများသို့ အရေးပေါ် ဆေးကုသရန် ပို့ဆောင်ထားကာ ကျောက်ဖြူ ခုတင် ၂၀၀ ဆန့်ဆေးရုံကိုလည်း အသုံးပြုနေရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

    ‎စစ်ကော်မရှင်တပ်က ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာအချို့ကို စိုးမိုးမှုပြန်လည်ရယူရန် အင်အား အလုံးအရင်းသုံး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

    ‎ထို့အပြင် ဓညဝတီရေတပ်ဌာနချုပ်၊ ရဲတပ်ရင်း (၃၂) တို့မှ လက်နက်ကြီးပစ်ကူ၊ ပင်လယ်ပြင်တွင် စစ်ရေးပြင်ဆင်ထားသည့် စစ်သင်္ဘောများမှ လက်နက်ကြီးပစ်ကူတို့အပြင် ဒရုန်းနှင့် စက်တပ် လေထီးများပါသုံး၍ စစ်ကော်မရှင်က တိုက်ခိုက်လျက်ရှိသည်။

    ‎လက်ရှိတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဖွဲ့များအနေဖြင့် အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုး လာသည်ကို AA က ပိတ်ဆို့တိုက်ခိုက်သည့်အတွက် ထိခိုက်သေဆုံးမှုများကာ ပိတ်မိနေသည့် တပ်ဖွဲ့ဝင်များကို လက်နက်ကြီး ပစ်ကူများဖြင့် ကယ်ထုတ်၊ တပ်ဆုတ်နေရကြောင်း သိရသည်။

    ဓာတ်ပုံ-AA Info Desk

    ပုံစာ-ဒဏ်ရာရ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို AA က ဆေးကုသပေးနေစဉ် (ပုံဟောင်း)

  • ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူပြီး တော် လှန်ရေးတပ်များက ပြောက်ကျား စနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေ

    ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူပြီး တော် လှန်ရေးတပ်များက ပြောက်ကျား စနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေ

    ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူပြီး တော် လှန်ရေးတပ်များက ပြောက်ကျား စနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် စစ် သားများ သေဆုံးထိခိုက်မှုများပြားနေဟု KA စစ်ရေးချုပ်ပြော

    အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားပြီးဟု ကြေညာထားသော ဒီးမော့ဆိုမြို့ဧရိယာတွင် စစ်တပ်က ဟိုတစ်စု၊ဒီတစ်စုဖြင့် နေရာယူထားပြီး တော်လှန်ရေးတပ်များကလည်း ပြောက်ကျားစနစ်ဖြင့် ပြန်လည်တိုက်ခိုက်နေသဖြင့် စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောဆိုသည်။

    လက်ရှိ ဒီးမော့ဆိုမြို့ဧရိယာတွင်ပင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုများပြားနေကြောင်း ၊ ဩဂုတ်လ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့တွင်းသို့ ဝင်ရောက်ရှိလာသော အကြမ်းဖက်စစ် ကောင်စီတပ် သားများသည် ၎င်းတို့ရောက်ရှိရာနေရာများ၌ ဟိုတစ်စု၊ ဒီတစ်စုနေထိုင်ကာ ဒီးမော့ဆိုမြို့ကို ထိန်း ချုပ်နိုင်သည် ဟု ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီးမော့ဆို မြို့လမ်းခွအနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအများအပြားရှိကြောင်း သိရသည်။

    “ဒီးမော့ဆိုမှာက တိုက်ပွဲဆက်ဖြစ်နေတုန်းပါ။ စကစဘက်က သေဆုံးဒဏ်ရာရတာတွေများတယ်။ သူတို့ထိန်း ချုပ်တယ်လို့ ပြောတာက ပြောချင်သလိုပြောနေတာ။ သူတို့က တစ် နေရာမှာ သုံးလေးဆယ်၊ လေးငါးဆယ်နဲ့ အဲလိုမျိုးနေနေကြတာပါ။ ထိန်းချုပ် နိုင်တယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့်သူတို့က ထိန်းချုပ်နိုင်ပြီလို့ သတင်း လွှင့်တာလည်း ပါမှာ ပေါ့လေ။ ဒီးမော့ဆိုတခွင်မှာက တိုက်ပွဲကတော့ ဖြစ်နေတယ်။ ဖရူဆိုဘက်ကို စစ်တပ်က ဦးတည် မ လာနိုင် သေးပါဘူး။ အဲဒီမှာပဲ ဒီးမော့ဆိုမြို့ဧရိယာမှာ တဝဲလည်လည်ဖြစ်နေတယ်။ လမ်းခွမှာ သူတို့နေနေကြတယ်။ အဲဒီနေ ရာမှာပဲ ပစ်ခတ်မှုခဏခဏဖြစ်တယ်။ ပြောက်ကျားလုပ်တာပေါ့။” ဟု KA စစ်ရေးချုပ်ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောကြားသည်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်ထိန်းချုပ်ထားသော နေရာများသည် ပြည်သူလူထုနေထိုင်ခြင်း မရှိသည် မှာ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က မြို့၏ ဌာနဆိုင်ရာ အဆောက်အအုံ အ ပျက် အစီးများအတွင်း၌ ဝင်ရောက်တပ်စွဲနေထိုင်ကာ မြို့ကို လက်မလွှတ်ရစေရေး စစ်တပ်က ပြင်ဆင်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

    ဩဂုတ်လ ၄ ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်မှ အင်အားအလုံး အ ရင်းဖြင့် စစ်ကြောင်းထိုးဝင် ရောက်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူထောင်ချီကာ စစ် ဘေးရှောင်နေရကြောင်း နှင့် စစ်ဘေးရှောင်စခန်းများကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများလည်းရှိကြောင်း သိရသည်။

  • တံတားပိတ်၍ လက်နက်ကိုင်လှေဂိတ်များမှ ထိုင်းကုန်စည်များ တင်သွင်းနေ

    တံတားပိတ်၍ လက်နက်ကိုင်လှေဂိတ်များမှ ထိုင်းကုန်စည်များ တင်သွင်းနေ

    ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်ရေးတံတား၊ အမှတ်- ၂ ကို ဩဂုတ် ၁၈ ရက်နေမှစ၍ ယာယီ ပိတ်ထားသော်လည်း သောင်ရင်းမြစ်ဘေး ကရင်လက်နက်ကိုင်အဖွဲ့ ဂိတ်များမှတစ်ဆင့် ထိုင်ကုန်းစည်များ တင်သွင်း ကုန်သွယ်နေသည်ဟု နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

    စစ်အုပ်စု အနေဖြင့် ယခုလို တံတား ယာယီပိတ်ပြီး နယ်စပ်ကုန်သွယ်ရေး ဖြတ်တောင်ရန် လုပ်ဆောင်မှုသည် မအောင်မြင်နိုင်သလို သောင်ရင်းမြစ်ဘေးတလျှောက် လက်နက်ကိုင်များ၏ ကုန်ကူးဂိတ်ပေါင်း ၅၀ ခန့်အထိ ရှိနေပြီး ထိုဂိတ်များမှ ကုန်သယ်ယူ ပို့ဆောင်နေသည်ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ထိုင်းနဲ့ မြန်မာ နယ်စပ် စီးပွားကူးသန်းနေတာ ကျတော်တို့ မမွေးခင်ကတည်းက ရှိလာတာ၊ ပြီးတော့ အောက် ဂိတ်တွေက အများကြီးဘဲ။ ဂိတ်ပေါင်း ၄၀ ကျော်၊ ၅၀ လောက်ရှိတယ်။ ဒီဂိတ်တွေကနေ စက်လှေနဲ့ ကူးလို့ရ တယ်။ ဘောတံတား ဂိတ်တွေက ကားကြီး‌တွေနဲ့ ကုန်ကားတွေပါ ဖြတ်သန်းပြီး ကူးလို့ရတယ်” ဟု မြဝတီ၊ မဲဆောက် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းလုပ်ကိုင်နေသူ ကုန်သည်တစ်ဦးက ပြောသည်။

    ထို့အပြင် မြန်မာပြည်ဘက်မှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် စားသောက်ကုန်၊ ပဲမျိုးစုံ၊ ငရုပ်သီး၊ ကြက်သွန်၊ အာလူးနှင့် သီးနှံများကို ပဲခူး-မွန် အစပ် စစ်တောင်းတံတား၌ စစ်တပ်ဘက်က ဖြတ်သန်းခွင့်မပြုဟု သတင်းများထွက်ပေါ် နေကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်းများက ပြောသည်။

    “အခုကတော့ တံတားက မထွက်ရဘူးဆိုတဲ့အခါ အဲ့ဒီဟာတွေက အောက်မှာကိုပေး မလွှတ်ဘူး။ စစ်တောင်းမြစ် ဂိတ်မှာ ပိတ်ထားတယ်။
    အမယ်စုံ (မြန်မာ အသီးအနှံ၊ ပဲမျိုးစုံ၊ ငရုပ်၊ ကြက်သွန်) ရော ဂျုတီပစ္စည်းတွေရော စစ်ကောင်စီက ပိတ်ထားတယ်။ ဒီ မြဝတီ ကမ်းနားမှာ ကူးသယ်လာတဲ့ အိမ်ဆောက်ပစ္စည်း၊ စားသောက်ကုန်တွေ ဒေသသုံး ပစ္စည်းတွေကတော့ ဒီလိုဘဲသွားနေကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
    တံတားပိတ်ထား၍ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်တွင် ရပ်တန့် နေသည့် ကုန်ကား အစီး ၅၀၀ ခန့်မှ တချို့ကုန်များ သောင်းရင်မြစ်‌ အောက်ဂိတ်မှ မြန်မာပြည်ဘက်သို့ ကမ်းကူးပို့ဆောင်နေသလို မြန်မာပြည်မှတစ်ဆင့် တခြား နိုင်ငံသို့ ဆက်ပို့ဆောင်မည့် ကုန်တင်နာယာဉ်များ တံတားဖွင့်မည့် ရက်နှင့် အချိန်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည် ဟု သိရသည်။

    ထို့အပြင် တံတားမှ ဖြတ်သန်းမရသည့် ကုန်စည်များကို ကရင်နယ်ခြားစောင့်တပ် (BGF) သောင်ရင်းမြစ်ကူးဂိတ် များဖြစ်သည့် ၁၅ဂိတ်၊ ၁၇ ဂိတ်၊ ရေပူ ဘောတွဲဂိတ်၊ ၁၀ ဂိတ်၊ ၁၃ ဂိတ်နေရာမှ ထိုင်းစားသောက်ကုန်နှင့် အိမ်သုံး ပစ္စည်းများနေ့စဉ် ကုန်သွယ်မှု ရှိနေသည်ဟု သိရသည်။

    Photo: CJ (BGF ၁၀ ဂိတ်မှ ကုန်သွယ်မှုပြုလုပ်နေမှု)

  • စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲ

    စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲ

    ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး သိန်း ၁၅၀၀ တောင်း၊ ညှိနှိုင်းပြီးနောက် သိန်း ၅၀၀ ဖြင့် စျေးတည့်ပြီး ပြန်လွှတ်ပေး

    မကွေးတိုင်း၊ ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်(လုံခြုံရေးအရ ပွဲရုံ၏ အမည်ကို ဖော်ပြ၍ မရပါ) တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူမှုဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

    ယခုဩဂုတ်လအတွင်း ချောက်မြို့ပေါ်ရှိ ပဲနှမ်းအကြီးစားပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို စစ်တပ်လက် အောက်ခံပျူစောထီးများက ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူကြောင်း၊ ညအချိန် ချောက်မြို့၊ ဆိပ်ဖြူနှင့် ပုဂံညောင်ဦးလမ်းများကို ပိတ်ဆို့၍ မြို့ကို စစ်တပ်က လုံခြုံရေး တင်းကျပ်ထားချိန်တွင် ပျူစောထီးများက အုပ်စုလိုက် ပွဲရုံပိုင်ရှင်၏ သမီးဖြစ်သူကို ပြန်ပေးဆွဲခဲ့ကြောင်း သိရှိရသည်။

    မူလက ပြန်ပေးဆွဲသော ပျူစောထီးအဖွဲ့များက ငွေသိန်း ၁၅၀၀ တောင်းသော်လည်း နောက်ပိုင်းတွင် နှစ်ဖက်ညှိနှိုင်းပြီးနောက် သိန်း ၅၀၀ ဖြင့် ချောက်မြို့ ၊ ပွဲရုံပိုင်ရှင်၏ သမီးဖြစ်သူကို ပျူစောထီးများက ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

    ချောက်မြို့ပေါ်တွင် ပျူစောထီးနှင့် ပြည်သူ့စစ်လုပ်ကိုင်ကြသူများပြားပြီး ယခုအခါ ပြန်ပေးဆွဲခြင်း၊ စစ်မှုထမ်း အဖြစ် လူငယ်များကို ဖမ်းဆီး၍ ရောင်းစားကြသည့်​ စျေးကွက်ဖြစ်ပေါ်နေခြင်း၊ စစ်ကြောင်းနှင့်အတူလိုက်၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကို လုယက် ယူဆောင်ကြခြင်းများကို ပျူစောထီးများက လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

    “ချောက်မြို့ပေါ်က အရက်သမား၊ လူမိုက်တွေက ပျူစောထီးတွေ လုပ်ကြတယ်။ ပျူစောထီးလုပ်သူပေါများတယ်။ ချောက်မြို့၊ စလေထိန်ကန်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးတော့ ပျူတွေက သူတို့ လိုချင်ရာ ခိုးဝှက်ယူကြတယ်။ ပြီးတော့ ရွာကို မီးရှီု့တယ်။ အဲဒီရွာက လုယက်လာတဲ့ ပစ္စည်းတွေကို အချင်းချင်းမြို့ပေါ်မှာ ပြန်ရောင်းကြတယ်။ နောက်တစ်ခါ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးပြီး ဘေးနားဝန်းကျင်မြို့တွေကို စစ်မှုထမ်း လူစားထိုးအဖြစ် လူငယ် ၁ ဦးကို သိန်း ၅၀ အနည်းဆုံးနဲ့ ပြန်ရောင်းစားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

    ချောက်မြို့ပေါ်တွင် ပျူစောထီးများက ယင်းကဲ့သို့ ပြန်ပေးဆွဲမှုများနှင့် လုယက်မှုများ၊ လူဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် ရောင်းစားမှုများကို ကျူးလွန်နေသော်လည်း ရဲများက အရေးယူနိုင်ခြင်းမရှိဘဲ စစ်တပ်က လျစ်လျူရှုထားကြောင်း ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

    ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့များ။

  • Non-CDM ဝန်ထမ်းမိသားစုဝင်များ စစ်မှုထမ်းရန် စေခိုင်းခံရ

    Non-CDM ဝန်ထမ်းမိသားစုဝင်များ စစ်မှုထမ်းရန် စေခိုင်းခံရ

    အာဏာသိမ်းစစ်တပ် လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ Non-CDM ဝန်ထမ်းမိသားစုဝင်တွေကို ဌာနတခုကို လူနှစ်ယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ စေခိုင်းခံနေရကြောင်း ဝန်ထမ်းတွေဆီက သိရပါတယ်။

    ဩဂုတ်လ တတိယပတ်ထဲမှာ ရန်ကုန်က လျှပ်စစ်ဝန်ထမ်း မိသားစုတွေ နေထိုင်တဲ့ ဝန်ထမ်းအိမ်ရာဝင်းထဲက လူငယ် ၂ ယောက်ကို စစ်မှုထမ်းကို လာရောက်ခေါ်ယူသွားကြောင်း ဝန်ထမ်းတယောက်က ပြောပါတယ်။

    “ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပါ စစ်မှုထမ်းအင်အား ပေးနေရပြီ။ ကိုယ့်ဌာနမှာဆိုရင် ခွဲတမ်း တဌာနကို ၂ ယောက်ပေးရတယ်။ တခြားဌာနတွေဆိုလည်း အဲဒီအတိုင်းပဲ ပေးနေရတယ် ပြောတယ်။ အခုက အသက် ၁၈ ပြည့်တာ မပြည့်တာ၊ ကျောင်းသားလား ဘာလား၊ ဝန်ထမ်းဟုတ်တာ မဟုတ်တာ ဆိုတာတွေနဲ့ မသက်ဆိုင်တော့ဘူး။ မအလရဲ့ သေစားသေစေအမိန့်နဲ့ အခုတော့ အိမ်ရာဝင်းထဲက ကလေး ၂ ယောက် ပါသွားပြီ။”

    စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး မကြာခင်မှာပဲ စစ်မှုထမ်းဖို့ တပ်သားသစ်တွေ အတင်းအကျပ် စုဆောင်းနေချိန်ကတည်းက ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပါ စစ်မှုထမ်းဖို့ စေခိုင်းခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    အများစုကိုတော့ လုပ်ငန်းခွင် ရာထူးတိုး မက်လုံးပေးတာမျိုးတွေနဲ့ ဆွဲဆောင်တဲ့အတွက် မိသားစုဝင်တွေရဲ့ သဘောဆန္ဒနဲ့ စစ်မှုထမ်းဖို့ ရွေးချယ်ခဲ့ကြတာတွေလည်း ရှိတယ်လို့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတယောက်ကလည်း ပြောပါတယ်။

    “တဌာနကို ၂ ယောက်နှုန်းနဲ့ ခေါ်ယူနေတယ် ဆိုတာကတော့ အဲဒီလိုသတင်းမျိုးတော့ မကြားဘူး။ ဒါပေမဲ့ အရင်ကတည်းကတော့ ဝန်ထမ်းမိသားစုဝင်တွေထဲကနေ ပေးကိုပေးရမယ် ဆိုတာမျိုးတွေတော့ ကြားတယ်၊ တကယ်လည်း ခေါ်ခဲ့တယ်ပေါ့။ ဒီစစ်တပ်ကကျ သူတို့သားသမီးတွေ ပါမှာ ကြောက်တာ၊ နောက် ဝန်ထမ်း ထွက်တာတွေဘာတွေ လုပ်မှာစိုးတဲ့အတွက် လှုပ်သွားမှာစိုးလို့ သတင်းမထွက်တာလည်း ပါတယ်ပေါ့။ အပတ်စဉ် ၅၊ ၆၊ ၇ လောက်ကတည်းက ဒါတွေက ခေါ်နေတာ။ ဝန်ထမ်းမိသားစုဝင်တွေကိုပဲ ပတ်ပြီးတော့ ခေါ်နေတာ။ ဝန်ထမ်းတွေကို ရာထူးတိုးပေးတာမျိုး၊ သူတို့လိုချင်တဲ့နေရာကို ရွှေ့ပြောင်းပေးတာမျိုးတွေ အဲဒီလိုလုပ်တာမျိုးတွေ ရှိတဲ့အတွက် တချို့ဝန်ထမ်းတွေက အသံမထွက်တာလည်း ပါတာပေါ့။”

    လက်ရှိမှာတော့ စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် တပ်သားသစ်တွေ စုဆောင်းကာ သက်ဆိုင်ရာ သင်တန်းကြောင်းတွေဆီ ပို့ဆောင်နေပြီဖြစ်ပြီး အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ ကိုလည်း စတင်ဖွင့်လှစ်နေ ပါတယ်။

    ✍ ဝေဝေ