Category: News

  • စစ်ကောင်စီဘက်မှ  သေဆုံးမှုများပြားကာ စစ်သားအလောင်းများကို အင်္ဂပူသို့ ပို့ဆောင် သဂြိုလ်နေ

    စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားကာ စစ်သားအလောင်းများကို အင်္ဂပူသို့ ပို့ဆောင် သဂြိုလ်နေ

    လေးမျက်နှာတွင် AA နှင့် စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားကာ စစ်သားအလောင်းများကို အင်္ဂပူသို့ ပို့ဆောင် သဂြိုလ်နေ

    (more…)

  • ကိုရင် သောဘိတ အပါအဝင် လူငယ် ၁၀ ဦးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

    ကိုရင် သောဘိတ အပါအဝင် လူငယ် ၁၀ ဦးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

    သုံးဆယ်မြို့နှင့် မင်းလှမြို့ တို့တွင် စစ်တပ်က ကိုရင် သောဘိတ အပါအဝင် လူငယ် ၁၀ ဦးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီး

    ပဲခူးတိုင်း၊ သုံးဆယ်မြို့နှင့် မင်းလှမြို့ တို့တွင် အကြမ်းဖက် စစ်တပ်က ကိုရင် သောဘိတ အပါအဝင် လူငယ် ၁၈ ဦးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်၊ စံရွေးတန်းလမ်း ဘောလုံးကွင်းကျောင်းတိုက်မှ အသက် ၁၇ နှစ်အရွယ် ကိုရင် သောဘိတ (ခေါ်) မောင်သက်ပိုင်ရဲ ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ကိုရင် သောဘိတ (ခေါ်) မောင်သက်ပိုင်ရဲ သည် ဘုန်ကြီး ဝတ်ထားသည်မှာ ၂ လ ခန့်သာရှိသေးပြီး ဘောလုံးကွင်းကျောင်းတိုက်အနီး စစ်သားများနှင့် ပျူစောထီးများက ကားဖြင့် ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ကိုရင် သောဘိတက ဘုန်းကြီးဝတ်နဲ့ ပါသွားတာ မနက်က ပျူစောထီးတွေနဲ့ စစ်ခွေးတွေ ကားနဲ့ ပေါ်တာဆွဲ သွားတာကို မြင်လိုက်တဲ့ သူတွေရှိတယ်။ သူက ကိုရင်ဝတ်တာ ၂ လ လောက်ပဲရှိသေးတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    အလားတူ ပဲခူးတိုင်း မင်းလှမြို့ အမှတ် ၆ ရပ်ကွက်မှ လူငယ် ၉ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မတ်လ ၁၈ ရက်နေ့တွင် မင်းလှမြို့ အမှတ် ၆ ရပ်ကွက်မှ မေ စားသောက်ဆိုင်တွင် စစ်ကောင်စီတပ်သားများ အရက်လာသောက်စဉ် အရက်မပေးသည့် ပြဿနာနှင့်ဆက်နွယ်၍ စားပွဲထိုး ၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးသွားပြီးနောက်ဆိုင်ရှင်က ငွေကျပ်သိန်း ၂၀၀ ဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရသည်။

    ထို့ပြင် အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဗုံတို၏ တူတော်စပ်သူ ဟိန္ဒူ ညီအစ်ကို ၂ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သံထည်ပစ္စည်း အဟောင်းအဝယ်ဒိုင် ဖွင့်ခွင့်ပေးထားသော အခွန်ဆောင်ထားသည့် ပြေစာ မပြနိုင်မှုဖြင့် ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။

    မင်းလှမြို့ အမှတ် ၆ ရပ်ကွက် မြောက်ဘက်မြို့သစ် ၄ လမ်းတွင် နေထိုင်သူတစ်ဦးသည် ရှားပင်ကွေ့ရွာဘက်ကို ပဲ၊ စပါး ကိစ္စဖြင့် သွားရောက်ပြီး ပြန်လာစဥ် ကောက်ကွေးတန်းရွာ ထိပ်အရောက်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် မင်းလှမြို့ ထွေအုပ်ရုံးရှေ့ကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ည ၁၁ နာရီမှ နံနက် ၃ နာရီထိ ဖြတ်သန်းသွားလာခွင့် မပြုလုပ်ရန် စာကပ် သတိပေးထားကြောင်း သိရသည်။

    ဓာတ်ပုံ- စစ်တပ်က စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားသည့် ကိုရင် သောဘိတ။

  • တန်းမြင့်သင်တန်းကျောင်းမှ စစ်ကောင်စီတပ် အရာရှိကို ကျောင်းအနီးတွင် တိတ်တဆိတ်သင်္ဂြိုဟ်

    တန်းမြင့်သင်တန်းကျောင်းမှ စစ်ကောင်စီတပ် အရာရှိကို ကျောင်းအနီးတွင် တိတ်တဆိတ်သင်္ဂြိုဟ်

    ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲတွင် သေဆုံးသွားသည့် တန်းမြင့်သင်တန်းကျောင်းမှ စစ်ကောင်စီတပ် အရာရှိကို ကျောင်းအနီးတွင် တိတ်တဆိတ်သင်္ဂြိုဟ်

    (more…)

  • အာဏာနေရာ တည်မြဲရေးအတွက် ဘာသာရေးနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းဆိုသည့် လာဘ်လာဘနှင့် အကြောက်တရားကို တစ်ပြိုင်နက်တည်း အသုံးချ

    အာဏာနေရာ တည်မြဲရေးအတွက် ဘာသာရေးနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းဆိုသည့် လာဘ်လာဘနှင့် အကြောက်တရားကို တစ်ပြိုင်နက်တည်း အသုံးချ

    စစ်ခေါင်းဆောင်က အာဏာနေရာ တည်မြဲရေးအတွက် ဘာသာရေးနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းဆိုသည့် လာဘ်လာဘနှင့် အကြောက်တရားကို တစ်ပြိုင်နက်တည်း အသုံးချနေ

    (more…)