Category: News

  • မိန်းကလေးတွေ သတိထားကြပါ သင်ခန်းစာယူပါ

    မိန်းကလေးတွေ သတိထားကြပါ သင်ခန်းစာယူပါ

    မိန်းကလေးတွေသတိထားကြပါသင်ခန်းစာယူပါ

    လေးစားအပ်ပါသော ရန်ကုန်က

    ကျတော် မိတ်ဆွေများ အသိများ

    တရားသူကြီးများ ရဲဝန်ထမ်းများခင်ဗျာ

    အောက်ဖော်ပြ ပါ ပုံ တာမွေတွင် နေထိုင်သူ

    နာမည် ဖြိုးသီဟ ခေါ် ပြည့်ဖြိုးကိုကိုကျော်ဆိုသော

    Ots သည့် ကျတော် အသိ မိတ်ဆွေ၏ သမီး ကောင်မလေးတစ်ဉီးနဲ့ ချစ်ကြိုက်ခဲ့ စဥ် လူငယ်သဘာဝ

    Sex ကိစ္စ. Sex. ပုံလေးတွေ ကောင်မလေး ဘက်မှ ပြခဲဘူးပါတယ်

    ယခု ပြတ်ဆဲ ခါမှ အောက်ပါ ots သည့် ပုံတွေကို ပိုက်ဆံ မပေးရင်

    တယ်လီ တွေ မှာ ရောင်းစားမယ် ခြိမ်းခြောက်နေပါတယ်

    မိန်းကလေးချင်း ကိုယ်ချင်းစာနာပါက ဝိုင်းရှယ်ပေးကြ ပါ

    ဒီလို ots တွေ ဇောင်းမကြွမိနိးကလေးတွေကို မထိခိိုက်အောင်

    ဝိုင်းဝန်းကာကွယ်ပေးကြပါ ဗျာ

    အဲမှာ ots ပုံနဲ့ ဖုန်းနံပတ် ပါ 09953682006

    တာမွေမှာနေသူများ အဲ ots ကို တွေ့ပါက နီးစပ်ရာ ရဲစခန်းသို့ တိုင်ကြားပေးပါ

    ဒီလို otsတွေကို ဒီလိုမှ မနှိမ်နင်းရင် မိန်းကလေးတွေကို

    ငွေညှစ် လိင် အမြတ်ထုတ် ခြိမ်းခြောက်နေမှာပါ

  • လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

    လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

    လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော် လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်မှ စတင်ပြီး လောင်းလုံးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့နယ် ရဲစခန်း၊ စရဖ ရုံး၊ မြို့နယ် ထွေ/အုပ်ရုံးနှင့် KBZ ဘဏ်တို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့်သာကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာများကို လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် လူနေရပ်ကွက်များအတွင်း ကျည်ကျရောက်ပေါက်ကွဲ၍ နေအိမ်များ ပျက်စီးမှုရှိကြောင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်သူ အများစုသည် စစ်ဘေးတိမ်းရှောင်နေခြင်းကြောင့် ထိခိုက်သူမရှိကြောင်း သိရှိရသည်။

    “ဒီနေ့ နံနက် အစောကြီး လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်တာ လောင်းလုံးမှာက မြို့စောင့်တပ် သဘောမျိုးနဲ့ နေရာ ၄ ခုမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေပဲကျန်တော့တယ်လေ အဲစစ်ခွေးတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လာရောက် တိုက်ခိုက်တာ တိုက်ပွဲဖြစ်တာက ၁ နာရီလောက်ပဲကြာတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းထုတာက မွန်းလွဲပိုင်းထိကို ထုနေတုန်းပဲ စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ အခုကတော့ ငြိမ်နေပါပြီ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ သိရတယ်” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပိုင်းနှင့် ဒီဇင်ဘာလပိုင်းတို့ကလည်း လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့ လာရောက်ထပ်စွဲထားသော စစ်တပ်က အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ရက်ပေါင်း ၅၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးကာ ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။

    ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်ခဲ့သော DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်မှ ရဲဘော်များ။

  • ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ်ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦး ထိုင်းရဲထံတွင် အဖမ်းခံ

    ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ်ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦး ထိုင်းရဲထံတွင် အဖမ်းခံ

    နှစ်ဖက်စလုံးကို ဒဏ်ငွေချမှတ် ပြန်လွှတ်ပေးနောက် နှစ်ဖက် ပြေလည်

    ထိုင်းနိုင်ငံ၊ Samut Prakan ရှိ The One စားသောက်ဆိုင်ရှေ့တွင် ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ် ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦးမှာ ထိုင်းရဲထံတွင် အဖမ်းခံလိုက်ပြီး ရန်ဖြစ်သော နှစ်ဖက်စလုံးကို ဒဏ်ငွေချမှတ်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း ထိုင်းပါဆယ်ပို့သမားများနှင့် မြန်မာအလုပ် သမားတစ်စုအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းပါဆယ်ပို့သမားကို တိုက်ခိုက်ခဲ့သော မြန်မာအလုပ်သမား ၆ ဦးက The One စားသောက်ဆိုင်မန်နေဂျာ အမျိုးသမီးနှင့်အတူ ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ကြောင်း သိရှိရသည်။

    မြန်မာအလုပ်သမား ၆ ဦးက ရဲစခန်းတွင် ဝန်ခံထွက်ဆိုချက်ပေးခဲ့ကြပြီး ၎င်းတို့လုပ်ရပ်အတွက် နောင်တရကြောင်း ပြောဆိုခဲ့ကြောင်း၊ ယင်းအပြင် အထိုးခံခဲ့ရသော ထိုင်းနိုင်ငံသား ပါဆယ်ပို့သမားနှင့် ထိုင်းပြည်သူများကို ဝန်ချတောင်းပန်ခဲ့ကြောင်း၊ စိတ်တို ဒေါသဖြစ်ပွားပြီး ရန်ဖြစ်မှုအတွက် နောင်တရကြောင်းနှင့် နောက်နောင် ထိုကဲ့သို့သော ဖြစ်ရပ် မဖြစ်စေရန် ဝန်ခံကတိပြုခဲ့ကြောင်း သိရှိရသည်။

    ထိုင်းရဲတပ်ဖွဲ့ ဥပဒေအရ နှစ်ဖက်စလုံးကို ရန်ဖြစ်မှုအတွက် ကနဦးတရားစွဲဆိုကာ ဒဏ်ငွေ ချမှတ်ခဲ့ကြောင်း၊ မြန်မာအလုပ်သမားများက ထိုင်းပါဆယ်ပို့သမား၏ ဆိုင်ကယ် ပျက်စီးမှုအတွက် လျှော်ကြေးငွေ ဘတ် ၁ သောင်း ပေးရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

    လတ်တလော အခင်းဖြစ်ပွားခဲ့ရာ The One စားသောက်ဆိုင်ကို ထိုင်းပိုင်ရှင်က ပိုင်ဆိုင်ခြင်း ဟုတ်၊ မဟုတ် ဆက်လက်စိစစ်လျက်ရှိကြောင်း သိရှိရသည်။

  • တရားသူကြီးတွေ အမှုကိုတရားမျှတစွာ စီရင်ပါမည်ဆိုတဲ့ ကျမ်းကျိန်ဆိုရမှုကို ပယ်ဖျက်ဖို့ စစ်အုပ်စု လုပ်ဆောင်နေ

    တရားသူကြီးတွေ အမှုကိုတရားမျှတစွာ စီရင်ပါမည်ဆိုတဲ့ ကျမ်းကျိန်ဆိုရမှုကို ပယ်ဖျက်ဖို့ စစ်အုပ်စု လုပ်ဆောင်နေ

    တရားခွင်မစခင် တရားသူကြီးတွေအနေနဲ့ အမှုကိုတရားမျှတစွာ စီရင်ပါမည်ဆိုတဲ့ ကျမ်းကျိန်ဆိုရမှုကို ပယ်ဖျက်ဖို့ စစ်အုပ်စု လုပ်ဆောင်နေ

    တရားသူကြီးတွေအနေနဲ့ နေ့စဉ် တရားခွင်မှာကျမ်းကျိန်စရာ မလိုတော့မယ့် ဥပဒေတစ်ရပ်ကိုပြင်ဆင်ဖို့ နေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာနက အခု ဇန်နဝါရီ ၅ ရက်မှာ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ စစ်အုပ်စု ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

    တရားသူကြီးတွေအနေနဲ့ နေ့စဉ်ကျမ်းသစ္စာကျိန်ဆိုနေရတာဟာ လက်တွေ့မှာ မဖြစ်မနေလိုအပ်တဲ့ ကိစ္စမဟုတ်တဲ့အပြင် နေ့စဉ်တရားခွင်မှာ ကျမ်းကျိန်ဖို့ကို နိုင်ငံတကာမှာလည်း သတ်မှတ်ထားတာမရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က ဆွေးနွေးတင်ပြခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် တရားသူကြီးတွေအနေနဲ့ စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်တာကြောင့် နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်ဖို့ မလိုအပ်ဘဲ ဒီဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသင့်တယ်လို့ စစ်အုပ်စုခန့် တရားရေးဝန်ကြီး ဒေါက်တာသီတာဦးကလည်း ပြောပါတယ်။

    ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂) အရ ရွေးချယ်ခန့်ထားခံရတဲ့ တရားသူကြီးတွေအနေနဲ့ နေ့စဉ်တရားခွင်တက်ချိန်တိုင်း တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုဖို့ စီစဉ်ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

    ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပဉ္စမအကြိမ်ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) နဲ့ပတ်သက်ပြီး ဆွေးနွေးမှုအပေါ် ပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂) ကို ပြင်ဆင်လိုတာဟာ သူတို့ စိတ်တိုင်းကျ တရားစီရင်ရေးဆောင်ရွက်နိုင်အောင် လုပ်ဆောင်လိုတာသာဖြစ်တယ်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပြောပါတယ်။

    “ဒီဥပဒေပြင်ဖို့လုပ်နေတာကို ကျွန်တော်တို့အနေနဲ့ကတော့ မကြိုက်ဘူး။ ကျမ်းကျိန်ရတာတောင် သူတို့လုပ်ချင်ရာလုပ်နေတာ၊ အခု ကျမ်းမကျိန်ရဘူးဆိုရင် သူတို့အတွက်က လွတ်လပ်ခွင့်ကြီးဖြစ်သွားမှာ” လို့ အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

    တရားသူကြီးတွေအနေနဲ့ စတင်တာဝန်ပေးခန့်အပ်ခံရချိန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုင်ဆောင်ပြီး အမှုကိစ္စရပ်တွေကို တရားမျှတစွာ စီရင်ပါမည်လို့ ကျမ်းသစ္စာကျိန်ရတာဖြစ်ပြီး ဖောက်ဖျက်ရင် ကျိန်စာသင့်မှာ၊ ထိခိုက်မှာကိုလည်း စိုးရိမ်စိတ် တရားသူကြီးတချို့မှာရှိနေတယ်လို့ CDM တရားသူကြီးတစ်ဦးကလည်း ပြောပါတယ်။

    တရားသူကြီးတွေ နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်ရတာဟာ အမှုသည်တွေ ယုံကြည်မှုရှိအောင် ကျမ်းသစ္စာကျိန်ဆိုရတာဖြစ်ပြီး တရားသူကြီးတချို့ဟာ လိုက်နာမှုမရှိတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ဒီဥပဒေနဲ့ပတ်သက်ပြီး တရားသူကြီးတွေကို ပိုမိုကြပ်မတ်လုပ်ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ၂၀၁၀ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၉ မေ ၁၅ ရက်မှာ ဥပဒေပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂) အရ “တရားသူကြီးများက နေ့စဉ် တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်” ဆိုတဲ့ စကားရပ်အစား “တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက်စီစဉ်ဆောင်ရွက်မည်” လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖြည့်စွက်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ခြွင်းချက်အနေနဲ့ “တရားသူကြီးများသည် ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့်ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်” လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အသစ်ဖြည့်စွက်ခဲ့ပါသေးတယ်။

  • ပြန်ထွက်မည့် ပြည်ပအလုပ်သမားများကို စစ်ကော်မရှင် ထပ်မံတင်းကျပ်

    ပြန်ထွက်မည့် ပြည်ပအလုပ်သမားများကို စစ်ကော်မရှင် ထပ်မံတင်းကျပ်

    နိုင်ငံခြားမှ ခွင့်ပြန်လာပြီး ပြန်ထွက်မည့် ပြည်ပအလုပ်သမားများကို စစ်ကော်မရှင် ထပ်မံတင်းကျပ်

    အမိန့်စာမစမီကတည်းက လေဆိပ်တွင် ပိတ်ပင်မှုများရှိနေပြီး ခွင့်ပြုချက်ရမှသာ ထွက်ခွာ ခွင့်ရမည်ဟုပြော

    ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေပြီး မိသားစုနှင့် တွေ့ဆုံရန် ခွင့်ပြန်လာသည့် အလုပ်သမားများ အနေဖြင့် နိုင်ငံခြားသို့ ပြန်လည်ထွက်ခွာလိုပါက စစ်ကော်မရှင်ထံမှ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဟု ထပ်မံတင်းကျပ်လိုက်သဖြင့် ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ အခက်ကြုံ နေရကြောင်း သိရသည်။

    ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားသည့် ခွင့်ပြန်အလုပ် သမားများသည် လာမည့် ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ စစ်ကော်မရှင်လက်အောက်ခံ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက် ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရမည်ဟု ထုတ်ပြန်ထားသည်။

    ထိုသို့ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် အမိန့်စာစတင်ရက် မတိုင်မီကတည်းက ရန်ကုန်လေဆိပ်၌ တင်းကျပ်စွာ စစ်ဆေးပိတ်ပင်မှုများ ကြုံတွေ့နေရပြီး လေဆိပ်မှနေ၍လှည့်ပြန်ခိုင်းနေကြောင်း သိရသည်။

    “အမျိုးသား ပြန်လာခါနီးမှ ဒီစာထွက်တော့ စိတ်ပူရတယ်။ မတွေ့ရတာ ၅ နှစ်လောက် ရှိပြီ။ ကလေးကလည်း ကြီးလာပြီ။ မိဘတွေကလည်း မျှော်နေတာ။ ပြန်လာပြီးမှ ပြန်ထွက်မရမှာကို အစိုးရိမ်ဆုံးပဲ” ဟု မလေးရှားမှ ပြန်လာမည့် အမျိုးသားကို စောင့်မျှော်နေသည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

    သတ်မှတ်ချက်အသစ်အရ ခွင့်ပြန် OWIC လက်ဝယ်ရှိသူများသည် ပြည်ပသို့ ပြန်လည်မထွက်ခွာမီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက်မပါ ၅ ရက် ကြိုတင်၍ လျှောက်ထားရမည်ဖြစ်သည်။

    ယခင်က အီးမေးလ် (Email) ဖြင့်သာ အကြောင်းကြားပြီး ထွက်ခွာနိုင်သော်လည်း ယခုအခါ ဌာန၏ အတည်ပြု အမည်စာရင်းကျလာမှသာ လေယာဉ်စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယနေ့ ဇန်နဝါရီ ၁၂ ရက်ကတည်းက စစ်ဆေးမှုများတင်းကျပ် နေသဖြင့် ခွင့်ပြန်အလုပ်သမားအချို့မှာ လေယာဉ်လက်မှတ်ခ ဆုံးရှုံးမှုများနှင့် လုပ်ငန်းကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

    စစ်ကော်မရှင်ကမူ ခွင့်ပြန် OWIC ကိုင်ဆောင်ထားသူများသည် ဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ ထွက်ခွာနေခြင်းကြောင့် ယခုကဲ့သို့ စိစစ်ရခြင်းဖြစ်သည်ဟု အကြောင်းပြချက် ထုတ်ပြန်ထားသည်။

    Video by ဘဇော်