Category: News

  • ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသူ ၂ ဦး စစ်သင်တန်း တက်နေရ

    ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသူ ၂ ဦး စစ်သင်တန်း တက်နေရ

    ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် ဇူလိုင် ၁၁ ရက် ညပိုင်းမှာ သံသယနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ယောက် စစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီး စစ်သင်တန်း တက်နေရတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။

    စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းတက်နေတဲ့ အဆိုပါ လူငယ် ၂ ယောက်ဟာ မြောက်ဥက္ကလာ၊ တံတားကြီးရပ်ကွက်နေ ကိုအောင်ကိုနဲ့ ကိုကောင်းစည်သူတို့ ဖြစ်ပါတယ်။

    လူငယ် ၂ ယောက်ဟာ ဖမ်းဆီးခံရချိန်က ‌မြို့နယ်ရဲစခန်းမှာ မိဘတွေနဲ့ တကြိမ်သာ တွေ့ဆုံခွင့်ရပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတာလို့ သိရပါတယ်။

    မြို့ခံတယောက်က “သူငယ်ချင်းနှစ်ယောက်စလုံး ပါသွားတာ။ မြောက်ဥက္ကလာရဲ မေးတော့လည်း မသိဘူး။ မင်္ဂလာဒုံသွားမေးလည်း မသိဘူး။ အချုပ်တွေရော ထောင်ကြီးပါ ရောက်ပြီးပြီ၊ မသိဘူးဆိုတာချည်းပဲ။ ဟိုနေ့က သိသိချင်း တညင်းကုန်း စစ်သားစုဆောင်းရေး သွားမေးမှ ကလေး ၂ ယောက်စလုံး ရှိနေတယ်။ ဘာမှမဖြစ်ဘူးလို့ သိလိုက်ရတာ” လို့ ပြောပါတယ်။

    ဩဂုတ် ၁၅ ရက်မှာတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ် ၁ လေ့ကျင့်ရေးကျောင်းက စစ်သင်တန်းသားတွေရဲ့ မှတ်တမ်းပုံတွေ ထုတ်ပြန်ခဲ့ပြီး မိသားစုဝင်တွေက တွေ့ရှိ စုံစမ်းရာက စစ်မှုထမ်းထဲ ရောက်နေတာ သိရတာဖြစ်ပါတယ်။

    ဇူလိုင် ၁၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်လောက်မှာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ ပူးပေါင်းအဖွဲ့က M79 လောင်ချာ ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ခေမာသီလမ်း၊ မြောက်ဥက္ကလာ ကြံ့ခိုင်ရေးရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    စွပ်စွဲဖမ်းဆီးခံရသူ ၂ ယောက်ဟာ ကြံ့ခိုင်ရေးရုံးရှေ့ ဝေပုလ္လလမ်းထိပ် လက်ဖက်ရည်ဆိုင်ကနေ မေဓာဝီလမ်းဆုံဘက်ကို လမ်းလျှောက်ပြန်လာရင်း စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သူတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း မရှိပါဘူး။

  • အမေစုကို နိုင်ချင်လို့ အိမ်ကမွေးထားတဲ့ခွေးကို “စုကြည်”လို့ နာမည်ပေးခဲ့တယ်ဆိုတဲ့ ဘူးလက် (ရုပ်သံ)

    အမေစုကို နိုင်ချင်လို့ အိမ်ကမွေးထားတဲ့ခွေးကို “စုကြည်”လို့ နာမည်ပေးခဲ့တယ်ဆိုတဲ့ ဘူးလက် (ရုပ်သံ)

    ဒေါ်အောင်ဆန်းစုကြည်ကို နိုင်လို၍ ၄င်းမွေးခဲ့သည့်ခွေးကို”စုကြည်”ဟု နာမည်ပေးခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဘူးလက်လှဆွေပြော

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရချင်သည့်အတွက် ၄င်းမွေးခဲ့သည့် ခွေးမလေးကို “စုကြည်”ဟု နာမည်ပေးခဲ့ကြောင်း ထင်ရှားသောကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဘူးလက်လှဆွေက သူ၏လူမှုကွန်ရက်မှတဆင့် ပြောဆိုသည်။

    စစ်အာဏာရှင် ဗိုလ်သန်းရွှေခေတ်မှစ၍ လက်ရှိ ဗိုလ်မင်းအောင်လှိုင်ကာလအထိ စစ်အာဏာရှင် အသိုင်းအ၀ိုင်း တစ်ခုလုံးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အောင်ဆန်းဟူသည့်အမည်ကိုဖြုတ်၍ “စုကြည်”ဟု နိမ့်ချခေါ်ဆိုလေ့ရှိသည်။

    ရုပ်သံ – Bullet Hla Swe

  • စစ်တပ်နှင့် နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD က မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ခဲ့ဟု မင်းအောင်လှိုင်ပြော

    စစ်တပ်နှင့် နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD က မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ခဲ့ဟု မင်းအောင်လှိုင်ပြော

    စစ်တပ်နှင့် နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD က မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ခဲ့ဟု မင်းအောင်လှိုင်ပြော

    စစ်တပ်က အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်ကာကွယ်မည်

    စစ်တပ်နှင့်နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD ပါတီက မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ဆောင်ခဲ့ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

    ယမန်နေ့ မကွေးမြို့၊ မကွေးတပ်နယ်တွင် ပြုလုပ်သော စစ်တပ်အသိုင်းအ၀ိုင်းနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

    စစ်တပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်ကို ဝင်ရောက် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့်နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုသည့် အတိုက်အခံပါတီများအနေဖြင့် ၎င်းတို့ ပါတီ အနိုင်ရရှိရေး မသမာမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

    ဒီမိုကရေစီ ဒုတိယအစိုးရ (NLD အစိုးရ) သက်တမ်းကာလတွင် ဒီမိုကရေစီအမည်ခံ လစ်ဘရယ်ဝါဒဖြင့် ပြည်ပမှ ဝင်ရောက် စွက်ဖက်မှုများဖြင့် နိုင်ငံ တော်တာဝန်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများ၊ လှုံ့ဆော်မှုများကို တိုက်ရိုက်(သို့မဟုတ်) သွယ်၀ိုက်၍ လုပ် ဆောင်ခဲ့ကြောင်း၊ အလားတူ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် အခြားကဏ္ဍ အသီး သီးတွင် လုပ်ငန်းတာဝန် ဆောင်ရွက်မှုများ အောင်မြင်အောင် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရသည်ဟု မင်းအောင်လှိုင်က ဆိုသည်။

    စစ်တပ်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့် ပါတီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ချိန် စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီကို ဦးတည် တိုက်ခိုက်သော ပြောဆိုမှုများကို တောက်လျှောက်ဆိုသလို ပြောဆိုလာခဲ့ခြင်းဖြစ်သည်။

  • ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်

    ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်

    ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၅ ရက်ဆက် ၆၀ မမ ဗုံး ၄၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း Federal Revolution Force-FRF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၁၃ ရက်နေ့မှ ဩဂုတ်လ ၁၇ရက်နေ့အထိ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာတစ်ရွာတွင် အင်အား ၈၀ ခန့်ဖြင့် အထိုင်ကျ တပ်စွဲထားစဉ် KNDO ပူပေါင်းအဖွဲ့များ နှင့် FRF ရဲဘော်များက ၆၀ မမ လက်နက်ကြီး ၄၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

    ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေး အင်အားကတော့ ၈၀လောက်ရှိတယ်။ လက်ရှိချိန်ထိ စစ်ခွေးတွေဘက်က လေကြောင်းသုံး တိုက်ခိုက်နေပါတယ်။ သြဂုတ် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့ ထိ ပစ်ခဲ့ပါတယ်။ လက်နက်ကြီး ၄၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ လက်ရှိချန်ထိ တိုက်ပွဲပြင်းထန်နေပါတယ်။ ညီမတို့ အဖွဲ့က ၆၀ မမ လက်နက်ကြီးထုတ်ပါတယ် ကိုယ်တိုင်လည်းရှေ့တန်ထွက်ပစ်တယ်။ စစ်ခွေး သေးဆုံးမှုက ခန့်မှန်းခြေ ၁၀ ကောင်ကျော် လောက်ရှိမယ်။ ထိခိုက်မူအများပြားရှိပါတယ်။ KNDOနဲ့က ပူပေါင်းတိုက်တာပါ။ FRF က ထုတ်လုပ်ပြီး KNDOနဲ့ပူပေါင်း တိုက်တာပါ” ဟု Federal Revolution Force-FRF မှ တာဝန်ရှိသူက ပြောဆိုသည်။

    လက်ရှိအချိန်အထိ ကော့ကရိတ်မြို့နယ်အတွင်း ထိတွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။