စေတနာပျက်မှာစိုးလို့ အကြံပြုပါရစေ။ ကျွန်တော်တို့ ဘုရားဖူးသွားတဲ့အခါ ပန်း၊ ဆီမီးနဲ့ လှူဖွယ်ပစ္စည်းတွေကို ဘုရားအပြင်ကတည်းက ကြိုတင်ဝယ်ယူ ပြင်ဆင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ – စိတ်ကြည်နူးမှု အပြည့်ရစေဖို့: ဘုရားရင်ပြင်တော်ပေါ်ရောက်မှ ဈေးသည်တွေရဲ့ ဇွတ်အတင်းရောင်းချမှု၊ ဆွဲလားရမ်းလားလုပ်မှုတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရရင် ရရမယ့်ကုသိုလ်ထက် ဒေါသအကုသိုလ်က အရင်ဦးသွားနိုင်ပါတယ်။ ဘာသာသာသနာ ဂုဏ်သိက္ခာအတွက်: တချို့သော ဈေးသည်တွေရဲ့ ယဉ်ကျေးမှုမရှိတဲ့ ရောင်းဝယ်မှုပုံစံတွေကြောင့် ဘုရားဖူးလာတဲ့ ပြည်တွင်း/ပြည်ပ ဧည့်သည်တွေအမြင်မှာ ငါတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။ အေးချမ်းစွာ ဝတ်ပြုနိုင်ဖို့: မိမိဘာသာ ကြိုတင်ပြင်ဆင်သွားရင် ဘယ်သူ့ကိုမှ အာရုံနောက်စရာမလိုဘဲ အေးအေးချမ်းချမ်းနဲ့ စိတ်တိုင်းကျ လှူဒါန်းပူဇော်နိုင်မှာ ဖြစ်ပါတယ်။ ဈေးသည်တွေရဲ့ စီးပွားရေးကို ပိတ်ပင်တာမဟုတ်ပေမဲ့ ယဉ်ကျေးပျူငှာမှုမရှိတဲ့ စနစ်ဆိုးတွေကို ကိုယ်တိုင်က ဝယ်ယူအားပေးခြင်းမပြုဘဲ ရှောင်ကြဉ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် […]