အပင်ပိုးကျ၍ မဟာဗောဓိညောင်ပင် အရွက်ဝါလာမှုကို “ထူးခြားဖြစ်စဉ်” အဖြစ် ဂေါပကအဖွဲ့ တင်ပြ ရန်ကုန်မြို့ရှိ မဟာဝိဇယစေတီတော် ဝင်းအတွင်း စိုက်ပျိုးထားသော မဟာဗောဓိညောင်ပင်၏ အရွက်များ အစိမ်းရောင်မှ ရွှေအိုရောင်သို့ ပြောင်းလဲလာသည့်ဖြစ်စဉ်ကို စေတီတော်ဂေါပကအဖွဲ့က “ထူးခြားဖြစ်စဉ်” အဖြစ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဂေါပကအဖွဲ့၏ အဆိုအရ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်စိုက်ပျိုးထားသော ညောင်ပင်သည် မေ ၅ ရက် နံနက်ပိုင်းမှစတင်ကာ အရွက်အရောင်များ ပြောင်းလဲလာခဲ့ခြင်းဖြစ်ပြီး၊ ယင်းဖြစ်စဉ်ကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ သာသနာရေးဝန်ကြီးဌာနမှတစ်ဆင့် တာဝန်ရှိသူများထံ တင်ပြထားကြောင်း ဆိုသည်။ သို့သော် စိုက်ပျိုးရေးပညာရှင်အချို့ကမူ ယင်းသည် ယခုလိုရာသီတွင် အပင်များတွင် တွေ့ရလေ့ရှိသည့် အဓိက ညောင်ပင် ဒီရာသီမှာ ညောင်ပင်တွေက အရွက်ကြွေတယ် အသစ်ထွက်တယ် ဒါရိုးရိုးသာမန်ဖြစ်စဉ်တစ်ခုသာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ နိုင်ငံရေးလေ့လာသူများကလည်း ယခင်စစ်အစိုးရလက်ထက်တွင် […]