ယူကရိန်းအစိုးရ၏ တောင်းဆိုမှုကြောင့် SpaceX ကုမ္ပဏီက ရုရှား၏ Starlink ဂြိုဟ်တုဆက်သွယ်ရေး စနစ်အသုံးပြုခွင့်ကို ယခုနှစ်ဆန်းပိုင်းတွင် ပိတ်ပင်လိုက်ခြင်းကြောင့်၊ ၂၀၂၆ ခုနှစ်တွင်မောင်းသူမဲ့ ရေ ယာဉ်များ (USVs) အသုံးပြု၍ အကြီးစားစစ်ဆင်ရေးတခုပြုလုပ်ရန် ရုရှားက စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်ပျက်သွားခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ နည်းပညာဆိုင်ရာအကြံပေး ပုဂ္ဂိုလ်ဖြစ်သူ ဆာဟီ ဘက်စခရက်စနော့ဗ်က ပြောကြားခဲ့သည်။ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ မောင်းသူမဲ့ရေယာဉ်များ၏ ထိရောက်မှုကို ရုရှားက မြင်တွေ့ပြီး နောက် ယူကရိန်း၏ နည်းပညာကို လျင်မြန်စွာ ပုံတူကူးရန် ကြိုးပမ်းလာခဲ့ကြောင်း ၎င်း၏ ပြောကြားခဲ့ သည်။ ပြီးခဲ့သည့် နွေရာသီတွင် ရုရှားက လက်တွေ့အသုံးပြုနိုင်သော ရှေ့ပြေးပုံစံများကို တည်ဆောက်နိုင်ခဲ့ပြီး ဩဂုတ်လတွင် ဒါနုမြစ်ဝကျွန်းပေါ်ဒေသရှိ ယူကရိန်းပိုင် ဆင်ဖာရိုပိုသင်္ဘောကို အောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့သည်။ ထို့ပြင် ယူကရိန်းကမ်းရိုးတန်းတလျှောက်ရှိ […]