Category: News

  • နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့  နိမိတ်

    နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်

    နေကြတ်မယ့်နေ့မှာ ပြသလိုက်တဲ့ နိမိတ်… မိနစ်ပိုင်းအတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်”

    (၂၆) မိနစ်အတွင်း ငလျင် (၃) ကြိမ် ဆက်တိုက်လှုပ်ခတ်

    ယနေ့ (၁၇.၂.၂၀၂၆) ရက်နေ့ မနက်ပိုင်းတွင် မိနစ် (၃၀) မပြည့်မီအချိန်အတွင်း၌ အောက်ပါအတိုင်း ငလျင် (၃) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားခဲ့ပါသည်။

    ပထမအကြိမ် – မနက် (၀၅:၂၀) နာရီ

    ကျင်းဒွေးမြို့၏ အရှေ့ဘက် (၁၄) မိုင်အကွာ

    မြေအောက်အနက် (၄၉) မိုင်

    ပမာဏ (၄.၀) အဆင့်

    ဒုတိယအကြိမ် – မနက် (၀၅:၃၉) နာရီ

    မင်းတပ်မြို့၏ အရှေ့ဘက် (၈) မိုင်အကွာ

    မြေအောက်အနက် (၆.၂) မိုင်

    ပမာဏ (၃.၈) အဆင့်

    တတိယအကြိမ် – မနက် (၀၅:၄၆) နာရီ

    စေတုတ္တရာမြို့၏ အနောက်ဘက် (၁၆) မိုင်အကွာ

    မြေအောက်အနက် (၆.၂) မိုင်

    ပမာဏ (၃.၇) အဆင့်

    ⚠️ အထူးသတိပြုရန် (အဟော)

    ယနေ့သည် နေကြတ်မည့်ဖြစ်စဉ် ရှိသော နေ့ရက်ဖြစ်ပါသည်။ ထိုသို့ နေကြတ်သည့်နေ့နှင့် ငလျင်လှုပ်ခတ်မှုများ တိုက်ဆိုင်နေသောကြောင့် မည်သည့်ကိစ္စကိုမဆို ပေါ့ပေါ့ဆဆမပြုလုပ်ဘဲ အရာရာကို အထူးဂရုစိုက် သတိထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

  • အမျိုးသမီးများနှင့် လိင်ကိစ္စ မျက်မှန်ကင်မရာဖြင့် အွန်လိုင်းပေါ် ရိုက်တင်သူ ရုရှားဘလော့ဂါကို ဖမ်းပို့ရန် ဂါနာ တောင်းဆို

    အမျိုးသမီးများနှင့် လိင်ကိစ္စ မျက်မှန်ကင်မရာဖြင့် အွန်လိုင်းပေါ် ရိုက်တင်သူ ရုရှားဘလော့ဂါကို ဖမ်းပို့ရန် ဂါနာ တောင်းဆို

    ရုရှားဘလော့ဂါ ယွက်ဇ်ဆီစလပ်ဗ်ထရာဟော့ဗ် ဆိုသူသည် ဂါနာနိုင်ငံအတွင်း ဝင်ရောက်လာပြီး အမျိုးသမီးများစွာနှင့် လိင်မှုကိစ္စများကို မျက်မှန်ရှိ လျှို့ဝှက်ကင်မရာမှ ရိုက်ကူးကာ ဗီဒီယိုများကို တယ်လီဂရမ် အပါအဝင် လူမှုကွန်ရက်များပေါ် ကာယကံရှင်များ မသိဘဲ တင်ရောင်းခဲ့မှုကြောင့် ရုရှားအစိုးရဘက်မှ ဖမ်းဆီးပြီး ပို့ပေးရန် ဂါနာအစိုးရက တောင်းဆိုလိုက်သည်။

    အသက် ၃၀ ဝန်းကျင်ရှိ ထရာဟော့ဗ်အကြောင်း သတင်းများ ဂါနာနှင့် ရုရှားမီဒီယာများတွင်ပါ ပါဝင်လာပြီး ၎င်းသည် လမ်းများပေါ်တွင် အမျိုးသမီးများကို လိုက်လံမိတ်ဆက်ကာ ဟန်ဆောင် အကွက်ဆင်၍ စတင်ချဉ်းကပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။

    ထိုသို့ ချဉ်းကပ်ပုံများကို ၎င်းက မျက်မှန်ကင်မရာဖြင့် မှတ်တမ်းတင်ပြီး တချို့ အပိုင်းတိုများအား TikTok တွင်လည်းတင်ကာ တယ်လီဂရမ်အုပ်စုများတွင် အခကြေးငွေယူ၍ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုများ ရောင်းစားနေခြင်း ဖြစ်သည်။

    ဂါနာတွင် ၂ ဦးသဘောတူ ဆက်ဆံခဲ့သော်လည်း မသိလိုက်ရဘဲ လူမှုကွန်ရက်များပေါ် ဗီဒီယိုများ တင်ရောင်းခံရမှုအတွက် ဒေါသထွက် ပေါက်ကွဲပြီး တိုင်ကြားသူ အမျိုးသမီး ၄၀ ဦး ဝန်းကျင် ရှိလာရာ ဂါနာနည်းပညာဝန်ကြီး ဆမ်ဂျော့ချ်က အက္ကာမြို့ရှိ ရုရှားသံမှူးအား ဆင့်ခေါပြီး ဂါနာမှ ပြန်ထွက်သွားပြီ ဖြစ်သော ဘလော့ဂါ ထရာဟော့ဗ်ကို ဖမ်းဆီး လွှဲအပ်ပေးရန် တာဝန်ရှိသည်ဟု တိုက်တွန်း ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံသည် တရားခံဖြစ်သည့် မိမိနိုင်ငံသားများအား အခြားနိုင်ငံက တောင်းဆိုတိုင်း ဖမ်းဆီးလွှဲအပ်ခြင်း မရှိသော်လည်း သံတမန်ရေး၊ နိုင်ငံရေးနည်းလမ်း ရှိသမျှအကုန် အသုံးချကာ တရားခံလွှဲအပ်နိုင်ရေး ကြိုးစားသွားမည်ဟု ဆမ်ဂျော့ချ်က ဆိုသည်။

    ဂါနာ ဆိုက်ဘာလုံခြုံရေး ဥပဒေအရ ထရာဟော့ဗ်သည် ထောင်ဒဏ် ၂၅ နှစ် ကျခံရနိုင်ကြောင်း သိရသည်။

    Ref: Thesun

  • ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျပြီး အများအပြားသေဆုံး (ရုပ်/သံ)

    ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျပြီး အများအပြားသေဆုံး (ရုပ်/သံ)

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကုဋေမှော်ရွာရှိ မြေစာပုံပြိုကျပြီး အများအပြားသေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

    ဖေဖော်ဝါရီ ၁၇ ရက် မနေ့ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေစာပုံအောက်မှာ လူ ဆယ်ဂဏန်းကျင်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။

    ပြိုကျတဲ့ မြေစာပုံပမာဏများတဲ့အတွက် ပြန်လည်တူးဖော်ဖို့ အခက်အခဲရှိနေပြီး ကူညီကယ်ဆယ် ရေးအတွက် လတ်တလော ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

    ဖားကန့် ကုဋေမှော်မှာ မြေစာပုံပြိုကျလို့ လူ ၂၀ ဝန်းကျင် သေဆုံးနိုင်

    ကချင်ပြည်နယ်၊ ဖားကန့် ကုဋေမှော် အဲဗားမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီကျော်ခန့်က မြေစာပုံပြိုကျလို့ လူတချို့ ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

    “မနေ့ည ကိုးနာရီခွဲခန့်က ကုဋေမှော်မှာ မြေစာပုံပြတ်ကျပြီး လူတော်တော်များများ မြေစာပြိုတဲ့နောက်ပါသွားပါတယ်။ အနည်းဆုံး လူ၂၀ခန့် သေဆုံးတယ်လို့သိရတယ်။” လို့ ကယ်ဆယ်ရေးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

    မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီ ၁၅ မိနစ်၊ ၉ နာရီ ၂၀ မိနစ်လောက်မှာ မြေစာပုံ ပျက်ကျသွားတာလို့ သူက ပြောပါတယ်။

    “ကုဋေမှော် ၁၁၁ ကုမ္ပဏီ ရေအိုင်ဘက် ပြေစာပုံ ပြိုကျလာတာမှာ ရေလျှံကျလာတာ။ ကုဋေမှော် ဘက်ခြမ်း မြေစာပုံပြိုကျတာဖြစ်ပြီး လူ ၁၀ ယောက်လောက်က ပြန်လွတ်လာတာရှိတယ်”လို့ ​မျက်မြင်ကိုယ်​​တွေ့ ဒေသခံက ဆိုပါတယ်။

    ပြတ်ကျသွားတဲ့ မြေစာ ပမာဏများတဲ့အတွက် အောက်မှာပိနေတဲ့ လူတွေကို ပြန်တူးဖော်ဖို့ခက်ခဲပြီး စက်ယန္တယားပေါင်းများစွာနဲ့ အချိန်ပေး တူးဖော်မှရနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    ကူညီကယ်ဆယ်ရေးအတွက် လတ်တလော ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ည ၁၀နာရီ ခွဲခန့်ကလည်း ကုဋေကျေးရွာအနီးရှိ အရင်က အဲဗားဝင်းနားကုမ္ပဏီနေရာမှာ ကျောက်မျက်တူးဖော်စွန့်ပစ်တဲ့ မြေစာပုံပြိုကျပြီး လူ သုံးယောက်သေဆုံးကာ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

    ဖားကန့်မှာ နှစ်တိုင်း​မြေစာပုံပိလို့ ​သေကြတာရှိ​ပေမယ့် အနယ်နယ်အရပ်ကလာတဲ့ ​ရေမ​ဆေး​ကျောက်ရှာသူ​တွေကို ဟန့်တားနိုင်ခြင်းမရှိသလို ကာကွယ်မှု ထိမ်းသိမ်းမှုမလုပ်နိုင်တာ​ကြောင့် ပြိုကျတိုင်း လူ​တွေ​သေဆုံး​နေရပါတယ်။

    Video-လူမှုကွန်ရက်

  • BNRA ဂိတ်စခန်းများကို MOD လက်အောက်ခံ တပ်ရင်းများက လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုပြီး စတင်တိုက်ခိုက်နေဟုဆို

    BNRA ဂိတ်စခန်းများကို MOD လက်အောက်ခံ တပ်ရင်းများက လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုပြီး စတင်တိုက်ခိုက်နေဟုဆို

    ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၇ နာရီခွဲအချိန်ခန့်မှ စတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းများက ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၏ ဂိတ်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးသီးများ အသုံးပြု၍ တိုက်ခိုက်ခြင်းများ ပြုလုပ်လာကြောင်း ယင်းအဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။

    NUG သည် အစိုးရအမည်ခံထားသည့် အဖွဲ့အစည်းဖြစ်ခြင်း၊ စစ်ဒေသ (၁) အတွင်း၌လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဦးဆောင်နေခြင်းတို့ကြောင့် တော်လှန်ရေး အင်အားစုအချင်းချင်းကြား ယခုကဲ့သို့ အကျည်းတန်သော စစ်ရေးပဋိပက္ခမျိုး ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ဟု ယုံကြည်ယူဆခဲ့ကြသော်လည်း ယခုအခါ မမျှော်လင့်ဘဲ ဆိုးသွမ်းသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဗိုလ်နဂါးက ရေးသားထားသည်။

    NUG MOD တပ်ရင်းများ၏ ယခုကဲ့သို့သော လုပ်ရပ်သည် တော်လှန်ရေးကာလအတွင်း အံ့သြဖွယ်ရာ ကောင်းလောက်အောင် ဆိုးသွမ်းသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုအချင်းချင်းကြားတွင် မဖြစ်သင့်မဖြစ်ထိုက်သော စစ်ရေးတင်းမာမှုများကို ပိုမိုမြင့်တက်စေကြောင်း BNRA ဘက်က ဝေဖန်ထောက်ပြထားသည်။

    လက်ရှိတွင် မြေပြင်၌ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် လက်နက်ကြီးသံများနှင့် ဒရုန်းတိုက်ခိုက်မှုများကြားတွင် အန္တရာယ်မဖြစ်စေရန်အတွက် လတ်တလောအချိန်အတွင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန်နှင့် စစ်ရေးသတိ အထူးပြုကြရန် အရေးပေါ် နှိုးဆော်ထားသည်။

    အဆိုပါ တိုက်ခိုက်မှုသည် တော်လှန်ရေးဘက်တော်သားအချင်းချင်းကြားတွင် ယုံကြည်မှု ပျက်ပြားစေရုံသာမက ပြည်သူလူထုအတွက်လည်း စိတ်မသက်မသာဖြစ်စေသည့် ပုံရိပ်တစ်ခု ဖြစ်ကြောင်း ပုလဲဒေသမှ ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

  • ကျွဲဂိမ်းရှုံးပြီး အကြွေးတင်နေသဖြင့် အလုပ်ရှာနေသည့် အမျိုးသမီးကို စည်းရုံးပြီး တရုတ်မယား အဖြစ်ရောင်းစားရန်စီစဉ်သူများ အဖမ်းခံရ

    ကျွဲဂိမ်းရှုံးပြီး အကြွေးတင်နေသဖြင့် အလုပ်ရှာနေသည့် အမျိုးသမီးကို စည်းရုံးပြီး တရုတ်မယား အဖြစ်ရောင်းစားရန်စီစဉ်သူများ အဖမ်းခံရ

    အွန်လိုင်း ကျွဲဂိမ်းရှုံးပြီး အကြွေးတင်နေတဲ့ အတွက် အလုပ်အကိုင်ရှာဖွေနေတဲ့ အမျိုးသမီး တစ်ဦးကို ငွေဖြင့် စည်းရုံးပြီး တ-ရုတ်မယား အဖြစ်ရောင်းစားရန် စီစဉ်သူတွေကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။

    ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ ၊ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးဟာ Online ကျွဲဂိမ်းကစားခဲ့ရာမှ ငွေကျပ်သိန်း ၃၀ အကြွေးတင်ခဲ့သဖြင့် မိခင်၏နေအိမ်အား ပေါင်နှံ၍ အကြွေးဆပ်ခဲ့ရာ ခြောက်လကြာချိန်ထိ အကြွေးပြန်မဆပ်နိုင်သေးတဲ့ အတွက် နေအိမ်အပေါင်ဆုံးတော့မယ့် အခြေအနေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

    ဒါကြောင့် အလုပ်ရှာဖွေရာမှ မူဆယ်မြို့ မှာ နေထိုင်တဲ့ မချိုမာစိန်(ခ)မဗိုက်၊ မဇင်နွယ်လတ် (ခ)မဇင်တို့နဲ့ ချိတ်ဆက်မိပြီး တ-ရုတ်နိုင်ငံ မှာ တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၈၀ ရရှိမှာ ဖြစ်သလို တစ်နှစ်သာ ပေါင်းသင်းနေထိုင်ရမည်ဟု ပြောဆိုစည်းရုံးကာ မူဆယ်မြို့သို့ လာရောက်ရန် လမ်းခရီးစရိတ်များထုတ်ပေး၍ ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    မူဆယ်မြို့ ကို ရောက်တဲ့ အခါမှာ ၎င်းအမျိုးသမီးကို ဓာတ်ပုံ/ဗီဒီယိုများရိုက်ကူး၍ တရုတ်နိုင်ငံ ရွှေလီမြို့နေ ပွဲစား ဂျာဆိုင်(ခ)ကချင်မထံပို့ပေးခဲ့ပြီး မူဆယ်မြို့၊ ဗဟိုဆေးရုံတွင် ဆေးစစ်ပေးခဲ့ရာ ၎င်းအမျိုးသမီးက တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက တ-ရုတ်ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမည်ကို ကြောက်လန့်ကြောင်း မချိုမာစိန် (ခ)မဗိုက်ကိုပြောခဲ့ရာ တရုတ်ယောက်ျားမယူပါက လမ်းခရီးကုန်ကျစရိတ်များ ပြန်လည်ပေးလျော်ရမည်ဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့နေပွဲစား ဂျာဆိုင်(ခ) ကချင်မထံ ပို့ဆောင်ရန်စီစဉ်ပြီးဖြစ်ကြောင်း ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။

    ထိုသို့ ပို့ဆောင်ရန်စီစဉ်နေတဲ့ အတွက် ၎င်းအမျိုးသမီးဟာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ Hot Line ဖုန်းနံပါတ်သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့တဲ့ အတွက် အမှတ်(၁၇)လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှ တရားလိုပြုလုပ်တိုင်တန်းပြီး မူဆယ်မြို့မရဲစခန်း (ပ)၁၉၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့တယ်လို့သိရပါတယ်။

    ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီ ၁၀ ရက် မှာတော့ မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မချိုမာစိန်(ခ)မဗိုက်နှင့် မဇင်နွယ်လတ် (ခ)မဇင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထော-င်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင် တရားခံ ဂျာဆိုင်(ခ)ကချင်မကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့တယ်လို့ သိရပါတယ်။