Category: News

  • ၂ နှစ်ခြားပြီး မွေးဖွားခဲ့ကြပေမယ့် နာရေးကိုတော့ တစ်ရက်ထဲအတူပြုလုပ်ရမယ့် ကံပါလာတဲ့ သမိုင်းဂုံးတံတားအနီး မောင်ဝင်းစတိုး မီးလောင်မှုမှ ညီအစ်မနှစ်ဦး

    ၂ နှစ်ခြားပြီး မွေးဖွားခဲ့ကြပေမယ့် နာရေးကိုတော့ တစ်ရက်ထဲအတူပြုလုပ်ရမယ့် ကံပါလာတဲ့ သမိုင်းဂုံးတံတားအနီး မောင်ဝင်းစတိုး မီးလောင်မှုမှ ညီအစ်မနှစ်ဦး

    ၁၅-၂-၂၀၂၆၊ မနက် ၃ နာရီခွဲမှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ မောင်ဝင်း ကုန်မာဆိုင် မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။

    အမျိုးသမီး ၃ ဦး အတူနေထိုင်ကြပေမယ့် တဦးက ဘုရားဖူးခရီးသွားတာကြောင့် ကျန်ရှိတဲ့သူ ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။

    အပေါ်ထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ကုန်မာဆိုင် ဖြစ်တာကြောင့် ဒုစရိုက်သမားရန်ကို ကြောက်လို့ ဆိုင်တံခါးကို သော့ကိုးလုံး ခတ်ထားမှုကြောင့် အလွယ်တကူ ဖွင့်မရ ဖြစ်ခဲ့ပါတယ်။

    နောက်ဖေးခန်းကလည်း အလွယ်တကူ ထွက်လို့ မရတာကြောင့် ကွယ်လွန်သူ ညီအစ်မ ၂ ဦးဟာ နောက်ဖေးခန်းမှာ ဖက်လျက်လေး မီးလောင် ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ သော့ကိုးလုံး ခတ်ထားတဲ့ တံခါးကို ပုဆိန်များဖြင့် ဖျက်ထုတ်ခဲ့ရပြီး နောက်ဖေးခန်းမှာ ဖက်လျက် ကွယ်လွန်နေတဲ့ ညီအစ်မ ၂ ဦးကို မနည်းဖြည်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

    ဒီဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ရဲ့ သင်ခန်းစာကတော့ ကုန်စုံဆိုင်လိုမျိုး ပစ္စည်းတွေ အများအပြားရှိတဲ့ ဆိုင်တွေမှာ မီးဘေးလုံခြုံရေးကို အထူး ဂရုစိုက်သင့်ပြီး ဝင်လမ်း ထွက်လမ်းတွေကို အဆင်ပြေအောင် ပြုလုပ်ထားသင့်ပါတယ်။

    ဒုစရိုက်သမားတွေရဲ့ ရန်ကြောက်လို့ သော့ကိုးလုံး ခတ်ထားမှုကြောင့် မဖြစ်သင့်ပဲ ဖြစ်ခဲ့ရတဲ့ ညီအစ်မ ၂ ဦးရဲ့ အဖြစ်ကတော့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရမလား ခေတ်ကြီးကိုပဲ အပြ၊စ်ပုံချရမလား ဆိုတာကတော့…

    ဖေဖော်ဝါရီလ ၁၅ရက်နေ့ မနက်အစော ၃နာရီခွဲဝန်းကျင်က သမိုင်းဂုံးတံတားအနီး မောင်ဝင်းစတိုး မှာ မီ:လော.င်မှုဖြစ်ပွာ:ခဲ့ပြီး ဆိုင်မှာရှိနေခဲ့တဲ့ ဒေါ်တင်တင်ဝင်း ၆၀ နှစ်နဲ့ ဒေါ်မြင့်ရီ ၆၂ နှစ်တို့ ၂ဦး ပိ.တ်.မိ thay ဆုံ:ခဲ့ကြတာ ဖြစ်ပါတယ်.

    သူတို့နှစ်ဦးလုံးဟာ အပျိုကြီးတွေဖြစ်ကြပြီး ကျန်တဲ့ ညီအစ်မက ဘုရားဖူးသွားနေလို့ သူတို့ ၂ဦးပဲ ကျန်တဲ့အချိန် အခုလို စိတ်မကောင်းစရာ အဖြစ်နဲ့ ကြုံခဲ့ရတာပါ.

    သူတို့ညီအစ်မက အိမ်ရှေ့မှာ မီ:အရမ်းလော.င်နေလို့ နောက်ဖေးပေါက်ကနေ ထွက်ဖို့ ကြိုးစားရင်း မထွက်နိုင်ဖြစ်ခဲ့ကြတယ်လို့ ယူဆရကြောင်း သူတို့နှစ်ဦးကို ထိုင်နေရင်းအနေအထား ဖက်လျက်လေး တွေ့ရှိရကြောင်း ကူညီက.ယ်ဆ.ယ်ပေးသူ အချို့က ပြောပြခဲ့တာဖြစ်ပါတယ်.

    ဒေါ်တင်တင်ဝင်း နဲ့ ဒေါ်မြင့်ရီ တို့ဟာ ၂နှစ်ခြားပြီး မွေးဖွားခဲ့ကြသူ ညီအစ်မ ဖြစ်ပေမယ့် နာ.ရေ:ကိုတော့ တစ်ရက်ထဲမှာပဲ ပြုလုပ်ရတာပဲ ဖြစ်ပါတယ်.

  • AA ကိုခုခံရန် ကျောက်ဖြူဓညဝတီရေတပ်ဌာနချုပ်အနီး ကာကင်းစခန်းများ တိုးချဲ့တည်ဆောက်

    AA ကိုခုခံရန် ကျောက်ဖြူဓညဝတီရေတပ်ဌာနချုပ်အနီး ကာကင်းစခန်းများ တိုးချဲ့တည်ဆောက်

    အာရက္ခတပ်တော် ( AA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများမှာ ဓညဝတီရေတပ်ဌာနချုပ်အနားထိရောက်ရှိလာပြီးAA က ပစ်ခတ်သော ဒရုန်း၊လက်နက်ကြီးကျည်များမှာ စခန်းထဲထိ ကျရောက် ပေါက်ကွဲမှုများ ရှိလာသဖြင့် စခန်းရှေ့သို့ ထွက်ကာ ကာကင်းစခန်းများကို တိုးချဲ့ တည်ဆောက်နေသည်ဟုသတင်းရရှိသည်။

    စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” သစ်ပုတ်တောင်နဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာတွေမှာ အခိုင်အမာစခန်းချနေကြတယ်။ လက်ရှိတော့ စိုင်ခြုံရွာမှာ အင်အား ၂၀၀ လောက်တပ်စွဲထားပြီးကာကင်းလုပ်ထားတယ်။ အဲဒီနားအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ရေတပ်ဌာနချုပ်က မကြာခဏ လက်နက်ကြီး၊ဒရုန်း၊စနိုက်ဘာအပစ်ခံရလို့ပျက်စီးမှုတွေများတယ်။ သေဆုံးမှုလည်းရှိတယ်” ဟုပြောသည်။

    လက်ရှိတွင် ဓည၀တီအနီးရှိ စိုင်ခြုံကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေကာ အင်အား ၂၀၀ ခန့်ရှိသော စစ်ကြောင်း တစ်ကြောင်းသည် စိုင်ခြုံရွာတွင် တပ်စွဲကာ အနီးအနားရှိ ကျေးရွာများကို မီးရှို့မှုများပြုလုပ်နေသည်ဟု သိရသည်။

    “ရေတပ်ဌာနချုပ်က‌နေ ကင်းလှည့်စစ်ကြောင်းတွေကတော့ အမြဲတမ်းထွက်တယ်။ စစ်ကြောင်းတွေကလည်း ရွာတွေကိုမီးတိုက်တာမျိုးလုပ်တယ်။ ဟိုတလောကဆိုရင် ဒိုးမတောင်ဖက်ကလာတဲ့စစ်ကြောင်းကရေတပ်ဌာနချုပ်နဲ့နီးတဲ့ စိုင်ခြုံရွာမှာအရင်နေပြီး အဲ့ဒီကနေပြီး စိုင်ခြုံဒွိန်ရွာကိုသွားပြီးမီးရှို့တယ်။ ပြီးရင်စိုင်ခြုံမှာတပ်စွဲတယ်” ဟု ပြောသည်။

    ထိုသို့ မီးရှို့လိုက်သဖြင့် ဘုန်းကြီးကျောင်းမှာလုံးဝပြာကျသွားခဲ့သည်ဟုဆိုသည်။

    “ ဘုန်းကြီးကျောင်းကိုအဓိကတိုက်တာ။ အိမ်ခြေအဲ့လောက်များတဲ့ရွာမဟုတ်ဘူး။အိမ်ခြေ ၁၀၀နီးပါးသာရှိမယ်။ ပြာမကျတဲ့အိမ်တချို့တော့ရှိသေးတယ်။ တချို့အိမ်တွေတော့ အကုန်လုံးနီးပါးပြာကျသွားပြီ။ ပြီးတော့ ဒီရွာက မြို့နဲ့ချောင်းပဲခြားတယ်။လက်ပစ် ကူးရင်တောင်ရောက်တယ်။ ဒီရွာက မြို့ကိုဝင်တိုက်ဖို့ဆိုရင် အရေးပါတဲ့ရွာဖြစ်တယ်” ဟု ပြောသည်။

    စစ်ကော်မရှင်မီးရှို့ခဲ့သည့် စိုင်ခြုံဒွိန်မှာ ကျောက်ဖြူမြို့နှင့်မိုင်အနည်းငယ်ခန့်သာဝေးပြီး AA ဝင်တိုက်မည်ကိုစိုးရိမ်ပြီး ရွာကိုကွင်းပြင်ဖြစ်အောင်တမင်မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ‌ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    စိုင်ခြုံဒွိန်ကျေးရွာသားများမှာ ထွက်ပြေးပြီးနောက် ကျန်နေသည့် ပစ္စည်းတချို့ပြန်လာယူစဉ် သေနတ်ဖြင့် လှမ်းပစ်မှုများရှိသည်ဟု ၎င်းအမျိုးသမီးကပြောသည်။

    ” ရွာကထွက်သွားတဲ့သူတွေကိုလည်းဝင်ခွင့်မပေးဘူး။ အဲ့ဒီရွာဖက်ကို ဘယ်သူမှမဝင်ရဘူး။ ပစ္စည်းသွားယူတာတောင်သေနတ်နဲ့လှမ်းပစ်တာမျိုးရှိတယ်။ဝင်ခွင့်မပေးဘူး။အိမ်မှာ ကျန်တဲ့ပစ္စည်းတွေကို စစ်တပ်ကအကုန်သိမ်းထားတယ်။နွားတွေ၊ ဝက်တွေက အစ အကုန် သိမ်းယူသွားတယ်” ဟု ပြောသည်။

    စစ်ကော်မရှင်ဖက်မှအထိနာကျဆုံးမှုများသည့်အတွက် အရပ်သားနေထိုင်ရာကျေးရွာများကိုဒရုန်း၊နေဗီများဖြင့် မကြာခဏပစ်ခတ်လျက်ရှိပြီးအရပ်သားထိခိုက်သေဆုံးမှုများလာနေကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်အနေဖြင့် AA ထိုးစစ်ဆင်တိုက်ခိုက်လာပါ ခုခံရန် ကာကင်းစခန်းများ တည်ဆောက် နေသော်လည်း တကယ်တန်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားလာပါ ခုခံနိုင်ရန် အနေအထားမရှိဟု စစ်ရေးရင်းမြစ်တစ်ခုက သုံးသပ်ပြောဆိုသည်။

    “ သူတို့စစ်တပ်ရဲ့ သဘောက အေအေကို အရင် ကာကင်းစခန်းတွေကနေ ကာကွယ်တာ။ မနိုင်မှ တပ်ရင်းဌာနချုပ်တွေကို နောက်ဆုတ်ပြီး ခုခံကာကွယ်တာ။ အမ်းတိုက်ပွဲတုန်းကလည်း ဒီသဘောတရားဘဲ။ တောဟိန်းတောင်လိုမျိုး အခိုင်အမာကာကင်းစခန်းတွေ တည်ဆောက်ပြီး ခုခံတာ။ ကာကင်းတွေ စခန်းတွေကို လက်လွှတ်ရပြီးနောက် အမ်းတစ်ခုလုံး အေအေလက်ထဲကို ကျသွားတာ။ အခုလည်း တကယ် ပြင်းပြင်းထန်ထန်ဖြစ်လာရင် အေအေထိုးစစ်ကို ကာနိုင်မယ်လို့တော့ မထင်ဘူး”ဟု ပြောဆိုသည်။

    လက်ရှိတွင် ဓည၀တီရေတပ်စခန်းအနီးတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး AAက ဓည၀တီရေတပ်စခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသော်လည်း ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး မရှိသေးဟု ၎င်းက ပြောကြားသည်။

  • မိုးမလင်းသေးဘူး မန္တလေး မီး ကြမ်းနေပြီ (ရုပ်သံ)

    မိုးမလင်းသေးဘူး မန္တလေး မီး ကြမ်းနေပြီ (ရုပ်သံ)

    ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၌ Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ရေနီနှင့် ပန်းတနော်မြို့နယ်တို့တွင်လည်းမီးလေ-ာင်မှုများဖြစ်

    မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၌ ယနေ့ ဖေ ဖော်ဝါရီ ၁၇ ရက်နံနက်အစောပိုင်းက Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ပဲခူးတိုင်း၊ ရေနီမြို့နှင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တို့တွင်လည်း မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။

    မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၆၆လမ်း၊ ၄၂ လမ်းနှင့် ၄၃လမ်းကြားရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွား၍ မဟာအောင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

    ထိုသို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးလေ-ာင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေသဖြင့် နံနက် ၅ နာရီ ၄၀ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြရာ နံနက် ၆ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

    ထို့ပြင် နံနက် ၄ နာရီ ၅၀ မိနစ်ခန့်ကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ စက္ကူစက်ရုံဝန်းအတွင်းရှိ ဂိုဒေါင်(၁)လုံးတွင်မီးလောင်မှုဖြစ်ပွား၍ ရေတာရှည်မြို့နယ်မီးသတ်စခန်း၊ ဆွာနယ်မြေမီးသတ်စခန်း၊ မြို့လှနယ်မြေမီးသတ်စခန်း၊ ရေနီအရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၁၁ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

    ထို့အတူ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာတွင် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က နေအိမ်မီးလေ-ာင်မှုဖြစ်ပွား၍ ပန်းတနော်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၃ နာရီ ၁၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

    Video by Than Htay

  • ကားမောင်းတဲ့ ဘုန်းကြီး ဆိုင်ကယ်ကို တိုက်ပြီး ထွက်ပြေးဖို့ကြံ 😳

    ကားမောင်းတဲ့ ဘုန်းကြီး ဆိုင်ကယ်ကို တိုက်ပြီး ထွက်ပြေးဖို့ကြံ 😳

    လားရှိုးမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကားမောင်းလာသည့် ဘုန်းကြီးတစ်ပါးက ဆိုင်ကယ်နှင့် လမ်းလယ်ကျွန်းကို ပဲ့ထွက်သည့် အထိ တိုက်ပြီး နောက်ထွက်ပြေးရန် ကြံစည်ခဲ့သည်။

    သို့သော်အများက ဝိုင်းတားဆီးမှုကြောင့် ထွက်မပြေးနိုင်ဘဲ မိခဲ့သည်။

    မြန်မာနိုင်ငံတွင် ဘုန်းကြီးများ ကိုယ်တိုင် ဆိုင်ကယ်ကားမောင်းခြင်း ဝိနည်းနှင့် ညီ၊ မညီမှာ အငြင်းပွားနေဆဲ ကိစ္စဖြစ်ပြီး တကယ့်သံဃာတော်အစစ်များက လက်မခံသည့် ကိစ္စရပ်လည်းဖြစ်သည်။

  • မိတ်လိုက်နေစဉ် အလောတကြီးလုပ်ခိုင်းသဖြင့် ပိုင်ရှင်ကို ဆင်ထီးက တိုက်ခိုက်

    မိတ်လိုက်နေစဉ် အလောတကြီးလုပ်ခိုင်းသဖြင့် ပိုင်ရှင်ကို ဆင်ထီးက တိုက်ခိုက်

    ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်တွင် မိတ်လိုက်နေသော အိမ်မွေးဆင်ကို ပိုင်ရှင်က အမြန်ပြီးစီးရန် အလောတကြီးခိုင်းစေသဖြင့် အဆိုပါ ဆင်ထီးမှာ ပိုင်ရှင်ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး အနီးနားတဝိုက်ရှိ မော်တော်ကားများကို ဖျက်စီးခဲ့သည်ဟု သိရသည်။

    ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဘူရီရမ်ခရိုင်အတွင်းရှိ၊ ဆတစ်မြို့နယ်၊ ထာ့မွမ်ကျေးရွာအုပ်စုတွင်နေထိုင်သော အမျိုးသားတစ်ဦးဖြစ်သူ နိုင်စွန်ဖွန်းက ၎င်းမွေးမြူထားသော ဖက်အူထိုင်းအမည်ရှိ ဆင်ထီးကို အခြားဆင်မတစ်ကောင်နှင့် မိတ်လိုက်ရန် အငှားလိုက်ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။

    ယင်းသို့ အငှားလိုက်ပြီး ဆင်မနှင့် မိတ်လိုက်ရာတွင် နဘေးမှနေကာ အမြန်ပြီးစီးရန် ဆင်ထီးအား လောဆော်ခဲ့သည်ဟုဆိုသည်။ အဆိုပါခိုင်းစေမှုကို အသက် ၁၉နှစ်အရွယ်ရှိသော ဆင်ထီးမှ စိတ်ရိုင်းဝင်ပြီးနောက် ပိုင်ရှင်ဖြစ်သူ နိုင်စွန်ဖွန်းအား အစွယ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

    ထိုအပြင် လမ်းဘေးတွင် ရပ်ထားသော Isuzu Mu-X ကားတစ်စီးနှင့် ပစ်ကပ်ကားတစ်စီးအားအစွယ်ဖြင့်ထိုးလှဲခြင်း၊ လမ်းမတစ်လျှောက်ရှိ လမ်းညွှန်ဆိုင်းဘုတ် ၅ ခုကို ဖျက်ဆီးခဲ့ခြင်းများကြောင့် အနီးတဝိုက်ရှိ ဒေသခံများ ထွက်ပြေးခဲ့ကြရသည်။

    ယင်းနောက် အဆိုပါဆင်ထီးအား ဆူရင်ခရိုင်(Surin)၊ ဆင်စီမံကိန်း(Elephant Kingdom Project)မှ တာဝန်ရှိသူများနှင့် ဆင်ဆရာဝန်များ ရောက်ရှိလာပြီး မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းခဲ့ကာ ၂ နှစ်ရီခန့်အကြာတွင် ဆင်ဦးစီးများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

    ဓါတ်ပုံ – โจโฉ