Category: News

  • ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုဟ်

    ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုဟ်

    နိုင်ငံတော်၏ မေ့လျှော့ခံခဲ့ရသူ ဓားစန်းရီကွယ်လွန်ပြီ

    ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံ၏ ဖုန်ထူသော လမ်းဘေးတွင် အသက် ၈၇ နှစ်အရွယ် ယောဂီဝတ် အမျိုးသမီးကြီးတစ်ဦးသည် တုန်ယင်နေသော လက်ဖြင့် တောင်ဝှေးကို အားပြုကာ ရပ်နေသည်။

    သူမ၏ မျက်ဝန်းများက မှေးမှိန်နေသော်လည်း စကားပြောလျှင် ခိုင်မာပြတ်သားသည့် အသံက ရှိနေဆဲ။

    သွားလေရာပါသော သူမ၏ အနီရောင် ကချင်လွယ်အိတ်ထဲတွင် အရောင်လွင့်နေပြီဖြစ်သော “ဂုဏ်ပြုမှတ်တမ်းလွှာ” တစ်စောင် ရှိနေသည်။

    ထိုစာရွက်ကလေးသည် သူမအား “ဓားစန်းရီ” ဟု ကမ္ဘာက သိစေခဲ့သည်။ ထို့ပြင် သူမကို နိုင်ငံတော်က ကူညီစောင့်ရှောက်ရန် ပျက်ကွက်ခဲ့ကြောင်း ပြသနိုင်သည့် တစ်ခုတည်းသော သက်သေပင် ဖြစ်သည်။

    ဒေါ်စန်းရီ (ခေါ်) ဓားစန်းရီသည် ၁၉၈၃ ခုနှစ်၊ အာဇာနည်ဗိမာန် ဗုံးခွဲလုပ်ကြံမှု၏ တရားခံ မြောက်ကိုရီးယား အေးဂျင့် ကင်ဂျင်ဆူး (Kim Jin-su) ကို အသက်စွန့်၍ အရှင်ဖမ်းဆီးပေးခဲ့သည့် သမိုင်းဝင် သူရဲကောင်းဖြစ်သည်။

    သူမ၏ သတ္တိကြောင့် မြန်မာနိုင်ငံသည် ပြုံယမ်းနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်သည်အထိ ပြင်းထန်သော သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သော်လည်း လွန်ခဲ့သော ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် သူမ ကွယ်လွန်သွားချိန်၌ သူမသည် ယောဂီဝတ်ဖြင့် လမ်းဘေးတွင် တောင်းရမ်း စားသောက်ရသူ တစ်ဦးအဖြစ်နှင့်သာ ဘဝကို အဆုံးသတ်ခဲ့ရသည်။

    ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အာဇာနည်ဗိမာန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီး တောင်ကိုရီးယား အရာရှိကြီးများ အပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးခဲ့သည်။

    တရားခံများ ထွက်ပြေးနေစဉ် နောက်တစ်နေ့ည၌ ဒေါ်စန်းရီသည် ပုဇွန်တောင်ချောင်းအတွင်း တရားခံ ကင်ဂျင်ဆူး ကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။

    တရားခံဟု မသိဘဲ ရေထဲနစ်နေသော နိုင်ငံခြားသားကို ကယ်ဆယ်ရန် ထမီခါးတောင်းကျိုက် ရေထဲ ဆင်းသွားခဲ့သည်။ အခြားယောက်ျားကြီး ၂ ဦး၊ ၃ ဦးလည်း ဆင်းလိုက်လာခဲ့ရာ ကင်သည် လက်ပစ်ဗုံးဖြင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သဖြင့် လက်များပြတ်ထွက်ပြီး ရေထဲသို့ ပြန်ခုန်ဆင်းချိန်တွင် ဒေါ်စန်းရီသည် ကြောက်ရွံ့ခြင်းမရှိဘဲ နောက်မှ ဒိုင်ဗင်ထိုး လိုက်သွားခဲ့ခြင်းဖြစ်သည်။

    တရားခံကို ဆံပင်မှ ပြန်ဆွဲကာ ခေါ်ယူခဲ့ပြီး ရေပေး အရောက်တွင် လည်ပင်းကို လက်သီးဖြင့်ထိုးကာ အရှင်ဖမ်းဆီးခဲ့သည်။

    ဓါးစန်းရီခေါ် သူမသည် လက်နက်ကိုင် စစ်သည်တစ်ဦး၊ အမျိုးသားတစ်ဦးပင် မဟုတ်ခဲ့သော်လည်း ထိုနေ့က နိုင်ငံ၏ ဂုဏ်သိက္ခာကို လက်ဗလာဖြင့် ကာကွယ်ခဲ့သည်။

    သူမ၏ သတ္တိမှာ ပုဇွန်တောင်တွင် အရက်ရောင်းစဉ်ကပင် အမြစ်တွယ်ခဲ့ခြင်း ဖြစ်သည်။ သမီးဖြစ်သူကို စော်ကားသော လူမိုက်ငါးဦးကို ငှက်ကြီးတောင်ဓားဖြင့် အသေအလဲ လိုက်ခုတ်ခဲ့သည့် ဖြစ်ရပ်ကြောင့် “ဓားစန်းရီ” ဟု အမည်တွင်ခဲ့ပြီး ရဲများပင် လေးစားခန့်ညားခဲ့ရသူ ဖြစ်သည်။

    တစ်ခုလပ်သူမကို မစော်ကားနိုင်ဖို့ ပေါင်မှာ သားရေကြိုးနဲ့ ဓားကို အမြဲချည်ထားသူလည်း ဖြစ်သည်။

    သူ့ရဲ့ သတ္တိအတွက် နိုင်ငံတော်က သူမအား ပေးခဲ့သည့် ဆုမှာ ကက်ဆက်တစ်လုံးနှင့် ကက်ဆက်ခွေ နှစ်ခွေသာ ဖြစ်သည်။

    ဘဝနှောင်းပိုင်းတွင် ဒေါ်စန်းရီသည် ဆင်းရဲပင်ပန်းစွာဖြင့် လှည်းတန်းလမ်းဘေး၌ ယောဂီဝတ်စုံ အလှူခံထွက်ခဲ့ရသည်။

    အဆိုးဆုံးမှာ အလှူခံခွင့် မရှိဟုဆိုကာ ရဲစခန်းတွင် ခဏခဏ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ နိုင်ငံအတွက် အကြမ်းဖက်သမားကို ဖမ်းပေးခဲ့သူသည် ဘဝနေဝင်ချိန်တွင် “တောင်းရမ်းသူ” အဖြစ် မကြာခဏ အကျဉ်းစံခဲ့ရဖူးသည်။

    အာဏာမသိမ်းခင်က တစ်ခေါက် တွေ့ဆုံစဉ်ကလည်း “ကျမကို ကျေးဇူးတင်ကြဖို့မဟုတ်ဘူး။ ဗုံးခွဲတဲ့ တရားခံဆိုတာ သိတာနဲ့ကို ငါတို့နိုင်ငံကို လာစော်ကားတာဆိုပြီးကို ဖမ်းလိုက်မိတာ” ဟု သူမက ဖြေခဲ့ဖူးသည်။

    ယနေ့တွင် ဓားစန်းရီ မရှိတော့ပါ။ သူမ ကွယ်လွန်သွားသောနေ့သည် “ပြည်ထောင်စုနေ့” ဖြစ်နေခြင်းကပင် သမိုင်း၏ ခါးသီးသော ဟာသတစ်ခုလိုပင်။

    ၁၉၈၃ ခုနှစ်က သူမ ဖမ်းပေးခဲ့သော အေးဂျင့်ကြောင့် မြောက်ကိုရီးယားနှင့် အဆက်အသွယ် ဖြတ်ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ စစ်အာဏာရှင် လက်အောက်တွင် မြောက်ကိုရီးယားနှင့် ပြန်လည် ရင်းနှီးကျွမ်းဝင်နိုင်ရန် အသည်းအသန် ကြိုးစားနေပြီ ဖြစ်သည်။

    အဘွား ဓားစန်းရီ ကွယ်လွန်သွားခြင်းသည် လူတစ်ယောက် ဆုံးရှုံးခြင်းထက် ပိုပါသည်။

    နိုင်ငံတစ်နိုင်ငံအတွက် ဂုဏ်သိက္ခာကို အသက်စွန့်ကာကွယ်ခဲ့သော “သူရဲကောင်း” တစ်ဦးကို လမ်းဘေးတွင် တောင်းရမ်းရင်း သေဆုံးစေခဲ့သည့် နိုင်ငံတော်၏ ကျေးဇူးကန်းမှုကို ဖော်ပြနေခြင်းပင် ဖြစ်သည်။

    အဘွား ဓားစန်းရီ… အေးချမ်းစွာ အနားယူပါတော့။

    ပုဇွန်တောင် ဓားစန်းရီအား ကျူချောင်သုဿန်၌ ယနေ့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း ရွှေပြည်သာမြို့မှ တစ်ကိုယ်တော် ပရဟိတ ကူညီနေသူ မညွန့်လေးကဆိုသည်။

    အာဇာနည် ဗိမာန် ဖောက်ခွဲမှုတရားခံကို ဖမ်းဆီးပေးခဲ့သည့် နာမည်ကျော် ဒေါ်စန်းရီ (ခ) ပုဇွန်တောင် ဓား စန်းရီသည် ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့) ည ၁၀ နာရီ ၁၃ မိနစ်တွင် နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၉၂ နှစ် ရှိပြီဖြစ်ကြောင်းသိရသည်။

    “လူကြီးရောဂါပေါ့။ တရှောင်ရှောင် ထွက်တောင်းမှ စားရတဲ့ဘဝဆိုတော့။ ဟိုလိုရောဂါတစ်မျိုးမျိုးရယ်လို့မရှိဘူး။ လူကြီးနာပေါ့။ ဟိုဟာမစားချင် ဒီဟာမစားချင်။ စားချင်တာကျမစားရတဲ့ဘဝ။ မဆုံးခင် အိုဗာတင်းအရမ်းသောက်ချင်တယ်ဆိုလို့ အမ ဝယ်ပေးတာနှစ်ပုလင်းရှိပြီ။သမိုင်းဝင်သူရဲကောင်းဖြစ်တဲ့ အဖွားရဲ့ နောက်ဆုံးထွက်ခွာချိန်ကိုစိတ်မကောင်းဖြစ်ပေမယ့်သူတောင်းမှစားရတဲ့ဝဋ်ကြွေးကကျွတ်လွတ်သွားလို့ ကျေနပ်ဖြေသိမ့်ရပါတယ်”ဟု တစ်ကိုယ်တော် ပရဟိတ ကူညီနေသူ မညွန့်လေးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့‌ ပြောသည်။

    ၎င်းအား ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) မွန်းလွဲ ၂ နာရီ အချိန်တွင် ကျူချောင်အအေးတိုက် မှ ရွှေပြည်သာမြို့နယ်ရှိ ကျူချောင်သုဿာန်သို့ ပို့ဆောင် သင်္ဂြိုလ်မည်ဖြစ်ပြီး (ဖေဖော်ဝါရီ ၁၈ ရက်) နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ၊ အမှတ်(၈)ရပ်ကွက် ၊ မေယုတိုးချဲ့ ၊အနော်ရထာလမ်း ၊ အိမ်အမှတ် (၈/ဝဝ၇) နေအိမ်၌ ရက်လည်ဆွမ်းသွတ် တရားတော်နာပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    လွန်ခဲ့သည့် (၁၉၈၃) ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် အား လုပ်ကြံသတ်ဖြတ်ရန် မြောက်ကိုရီးယား အေးဂျင့်များက ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ဗုံးထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဖောက်ခွဲမှုကို ကျူးလွန်သူများအနက် တစ်ဦးဖြစ်သည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်မှူးဇင်ဘိုသည် ပုဇွန်တောင်ချောင်းအတွင်း ရေကူးပြီး ရန်ကုန်မြစ်ဝသို့ ထွက်ပြေးစဉ် ညောင်တန်းဆိပ်မှ ဒေါ်စန်းရီက တွေ့ရှိခဲ့ပြီး ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။

    ဖောက်ခွဲသူအား ဖမ်းဆီးပေးခဲ့သည့် ဓား စန်းရီ အပါအဝင် ဦးဘိုကြီး၊ ဦးအုန်းရွှေ နှင့် ဦးမှုံကြီး တို့ကို ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ပြည်ထဲရေး နှင့် သာသနာရေး ဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်က ဂုဏ်ပြုမှတ်တမ်းဆုနှင့်အတူ ကက်ဆက်တစ်လုံး၊ ကက်ဆက်ခွေ နှစ်ခွေ ဆုချီးမြှင့်ခဲ့သေးကြောင်းသိရသည်။

  • ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု တစ်ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

    ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု တစ်ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

    ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၄၂) တွင် ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) နံနက် ၁ နာရီ ၄၅ မိနစ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

    ဖြစ်စဉ်မှာ ရန်ကုန်မှ‌ နေပြည်တော်သို့ မောင်းနှင်လာသော TOWNACE လိုက်ထရပ်အမျိုးအစား အဖြူရောင်ယာဉ်မှာ လက်ယာဘက်ယာဉ်ကြောအတိုင်း မောင်းနှင်နေစဉ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၄၂/၁-၁၄၂/၂) ကြားအရောက်၌ လားရာတူ နောက်မှလိုက်ပါလာသည့် SUZUKI SOLIO အမျိုးအစားအဖြူ‌ရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ နောက်ကဝင်တိုက်မိသဖြင့် TOWNACE လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက် မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်းသိရသည်။

    ” SUZUKI SOLIO ယာဉ်ကအရှိန်မထိန်းနိုင်ပဲ နောက်ကဝင်တိုက်တာပါ။ TOWNACE လိုက်ထရပ်ယာဉ်ကတော့ကား ပေါ်မှာအမျိုးသားက လေးဦး၊ အမျိုးသမီးကကိုးဦး စုစုပေါင်း ၁၃ ဦးလိုက်ပါလာတာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးကတော့ နေရာမှာပဲ သေဆုံးခဲ့တာပါ။ ကျန် ၁၂ ဦးကတော့ဒဏ်ရာရရှိခဲ့ပါတယ်”ဟု ဗောဓိကုန်းအမြန်လမ်း မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

    ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူများကို လူမှုကူညီရေးအသင်းကားများဖြင့်တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

  • ကွတ်ခိုင်ရှိ MNDAA အား TNLA ဖယ်ရှား

    ကွတ်ခိုင်ရှိ MNDAA အား TNLA ဖယ်ရှား

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်တွင် တပ်စွဲထားသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)အား ပလောင် (တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့ညတွင် စီးနင်း ဖယ်ရှားခဲ့ကြောင်းနှင့် မြို့ခံများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိပ်နေကြောင်း သိရသည်။

    TNLA အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် ကွတ်ခိုင်မြို့ပေါ်ရှိ နေရာ ၅ ခု ထပ်မနည်းတွင် ကိုးကန့်တပ်က စောင့်ကြည့်ရေး CCTV တပ်ဆင်ခဲ့ရာမှ တင်းမာမှုဖြစ်ပွားခဲ့ပြီး MNDAA ၀င်ရောက်တပ်စွဲထားသည့် ကွတ်ခိုင် ပန်းခြံစျေး၊ ပြည်ထောင်စုခန်းမ၊ မိခင်နှင့်ကလေးရုံး၊ ဆောက်လုပ်ရေးရုံး၊ စိုက်ပျိုးရေးရုံး၊ အမှတ် (၃၊၅၊၆) ရပ်ကွက်ရုံးတို့ရှိ တပ်ဖွဲ့၀င် (၁၀၀)ခန့်အား မြို့ပြင်ရှိ နွားခြံသို့ TNLA ကားများဖြင့် ပို့ဆောင် ဖယ်ရှားခဲ့ကြောင်း သိရသည်။

    ထို စီးနင်းမှုတွင် နှစ်ဖက်တပ်ဖွဲ့၀င်များအကြား အချင်းများကာ ထိုးကြိတ်သေနတ်ပစ်ခတ်မှုဖြစ်ခဲ့၍ နှစ်ဖက် ဒဏ်ရာရရှိခဲ့သော်လည်း သေဆုံးမှု မရှိခဲ့ကြောင်း မြို့ခံ အမျိုးသားတဦးက ဧရာ၀တီသို့ ပြောသည်။

    ၄င်းက “ည မိုးချုပ်ကတည်းက တအာင်းတပ်တွေ CCTV တွေကို လိုက်ဖြုတ်ပြီး ကိုးကန့်တပ်စွဲတဲ့နေရာအနီးမှာ စုဝေးနေကြတယ်။ ဆွေးနွေးပြောဆိုတဲ့ အဆင့်ပဲရှိသေးတော့ ဘာမှမဖြစ်သေးဘူး။ ည ၁၁ နာရီဝန်းကျင်လောက်တော့ အချင်းချင်း ဆူညံပြီး ရန်ဖြစ်ကြတယ်။ သေနတ်သံလည်း ၁၅ ချက်လောက် ထွက်ပေါ်လာတယ်။ ကိုးကန့်တပ်က တအာင်းရဲတပ်ဖွဲ့ ၀င်တဦးကို အရင်စပစ်တော့ ခြေတောက်မှန်သွားတယ်“ ဟု ပြောသည်။

    ယနေ့ နံနက်တွင် MNDAA တပ်စွဲရာ နေရာအားလုံးတွင် TNLA မှ ၀င်ရောက်တပ်စွဲထားသည်ကို မြင်တွေ့ရပြီး မြို့ အ၀င် လုံခြုံရေးတင်းကျပ်ထားကြောင်းနှင့် ကိုးကန့်တပ်များ မြို့ပြင်ရှိ နွားခြံ၊ သိန္နီမြို့တို့တွင် အင်အားစုစည်းထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

    ထို့အတူ MNDAAမှ ကွတ်ခိုင်-သိန္နီ ပြည်ထောင်စုလမ်းပိုင်းပေါ်ရှိ မန်ပြိန်းကျေးရွာတွင် အင်အား ၅၀ ကျော်ဖြင့် လမ်းမပေါ်ထွက်ကာ တအာင်းလူမျိုးများအား ဦးတည်၍ ယာဉ် စစ်ဆေးနေပြီး TNLAတပ်ဖွဲ့၀င်ဖြစ်ပါက လမ်းအသုံးပြုခွင့် မပြုတော့ကြောင်း ဒေသခံယာဉ်မောင်းတဦးက ဆိုသည်။

    လတ်တလော မြို့ပေါ်တွင် စျေးနှင့် ဆိုင်ခန်းများ ပုံမှန်ဖွင့်လှစ်ကာ ဒေသခံများ ပုံမှန်သွားလာလှုပ်ရှားနေကြသော်လည်း MNDAAတပ်များ ပြန်လည်၀င်ရောက်လာကာ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း မြို့ခံအမျိုးသမီးတဦးက ပြောသည်။

    ကွတ်ခိုင်မြို့ပေါ်တွင် မဟာမိတ် MNDAA နှင့် ပွတ်တိုက်မှုဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ယနေ့နံနက်တွင် နှစ်ဖက် ခေါင်းဆောင်များအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မွန်းလွဲပိုင်းတွင် ပြောသည်။

    ၄င်းက “လောလောဆယ်မှာ အငြင်းပွားမှုတွေ ဆက်ပြီး မကြီးထွားဖို့ တဖက်နဲ့ တဖက် အောက်ခြေရဲဘော်တွေကို ထိန်းသိမ်းကြဖို့ သဘောတူဆွေးနွေးနေကြပါတယ်။ ဒီအငြင်းပွားမှုတွေ ပွတ်တိုက်မှုတွေက ငြိမ်သက်သွားမှာဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ ဒီအပေါ်မှု စိုးရိမ်စရာ မရှိပါဘူး။ အခြေနေ တင်းမာမှုမျိုး မရောက်ရှိပါဘူး။ တဖက်နဲ့ တဖက် ထိန်းသိမ်းပြီး ဆောင်ရွက်နေတဲ့ အခြေနေမျိုးဖြစ်ပါတယ်” ဟု ပြောသည်။

    ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမအပိုင်း ၂၀၂၄ ဇန်နဝါရီလ ၄ ရက်နေ့တွင် TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး တပတ်အကြာတွင် MNDAA တပ်များဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းတို့တွင် ၀င်ရောက် တပ်စွဲခဲ့ခြင်းကြောင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့သော်လည်း တပ်စွဲလှုပ်ရှားခွင့်ပြုခဲ့ပြီး အုပ်ချုပ်ရေး မဖော်ဆောင်ရန် နားလည်မှု ရယူခဲ့သည်။

    အလားတူ ကွတ်ခိုင်မြို့ပေါ်တွင် ၀င်ရောက်တပ်စွဲခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်း နှစ်ခုအား တနှစ်ကျော်အကြာ ၂၀၂၅ ခုနှစ် နှစ်လယ်တွင် TNLA က စီးနင်းဖယ်ရှားခဲ့သည်။

    ပုံစာ-ကွတ်ခိုင်မြို့ပေါ် တပ်စွဲထားသော TNLA များ (ပုံဟောင်း)/ဧရာဝတီ

  • နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ

    နန်းထိုက်တော်ဝင် ယာဉ်မောင်းများ စစ်တပ်ဂိတ်နှင့်ပေါင်းပြီး ပေါ်တာဆွဲရာတွင် ပူးပေါင်းနေ

    မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၊ စကု၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ပွင့်ဖြူ၊ ကုန်းဇောင်း၊ စလင်း၊ ဆင်ဖြူကျွန်း စသည့်မြို့များမှ ရန်ကုန်သွားသည့် ခရီးသည်တင် နန်းထိုက်တော်ဝင် ယာဉ်မောင်းများသည် ကံပြားရှိအာဏာသိမ်းစစ်တပ်ဂိတ်နှင့်ပေါင်းပြီး ခရီးသွား အမျိုးသားများကို အဓမ္မစစ်မှုထမ်း ပေါ်တာဆွဲနေကြောင်း မင်းဘူးခရိုင်ရှိပြည်သူများထံမှ သိရသည်။

    ရန်ကုန်အလုပ်သွားမည့် လူငယ် (၁၁) ဦးကို ယာဉ်မောင်းများနှင့် ကံပြားရှိစစ်တပ်ဂိတ်တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့က အဓမ္မပေါ်တာဆွဲခဲ့ကြောင်း၊ စစ်မှုထမ်းကြောင်းပြ ပေါ်တာဆွဲခံရသူများကို တစ်ဦးလျှင် သိန်း ၁၅၀ ဖြင့်ရွေးရန် အသိပေးထားကြောင်း ပေါ်တာဆွဲခံရသည့် လူငယ် (၁၁) ဦးအကြောင်း သိရှိသူတစ်ဦးက ပြောပြသည်။

    “နန်းထိုက်တော်ဝင်ကားနဲ့ရန်ကုန်တက်သွားတဲ့ ကလေး ၁၁ ယောက် ကံပြားစစ်ဆေးရေးဂိတ်မှာ ဆွဲခံရတယ်။ ကားသမားတွေနဲ့ စစ်တပ် ဂိတ်တွေက လုပ်စားနေကြတယ်လို့ ကြားနေရတယ်။ တစ်ယောက် သိန်း ၁၅၀ နဲ့ရွေးရမယ်ဆိုတော့ ဘယ်မိဘမှ မရွေးနိုင်ဘူး။ အဲသလိုရွေးသွားမယ်ဆိုရင် ကားသမားတွေလည်း ရတယ်ပြောသံကြားနေရတယ်။ အခုက ခရီးသည်တွေကို အာမခံနဲ့ခေါ်ပြီးတော့ကို ကားသမားတွေ လုပ်စားနေကြတာ” ဟု လူငယ် ၁၁ ဦးပေါ်တာဆွဲခံရမှုဖြစ်စဉ်သိသူတစ်ဦးက ပြောသည်။

    နန်းထိုက်တော်ဝန် ယာဉ်ဖြင့် ရန်ကုန်အလုပ်သွားသည့် လူငယ် (၁၁) ဦးသည် လယ်ကိုင်းနှင့် ကျောင်းတော်ရာဘက်မှဖြစ်ကြောင်း၊ မင်းဘူးခရိုင်အတွင်းမှ ရန်ကုန်သွားသည့် လူငယ်များသည် မကွေးမြို့နယ်အတွင်းရှိ ကံပြားစစ်ဆေးရေးဂိတ်တွင် မကြာခဏ ပေါ်တာဆွဲခံနေရကြောင်း သိရသည်။

    မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများတွင်လည်း ယောက်ျားလေးများအပြင် စစ်မှုထမ်းရန် အရွယ်လွန်နေသူများပါ ရွာပြင်မထွက်ရဲသည့် ကျေးရွာများရှိနေကြောင်း၊ စစ်ကြောင်းအလိုက် ကင်းပတ်ပြီး ရွာပြင်တွေ့သည့်သူများကို ခေါ်သွားမှုများရှိသလို မြို့နယ်မှ စာရင်းကျလာပြီဆိုကာ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးမှုများရှိကြောင်း၊ ကျေးရွာများမှာလည်း လစဉ် စစ်မှုထမ်းကြေးများ ပေးဆောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

    Photo : Nang Htike Taw Win – Express

  • ခုနောက်ပိုင်း ဥပဒေမဲ့လာတော့

    ခုနောက်ပိုင်း ဥပဒေမဲ့လာတော့

    ခုနောက်ပိုင်း ဥပဒေမဲ့လာတော့ သူများအသက်ကို ထိခိုက်ရမှာလဲ မကြောက်ကြတော့ဘူး…

    ဒီအမျိုးသမီးဆို ရင် ကားတို.က်-ခံတယ် အဲအချိန်မှာပဲနောက်က သုံးဘီး ကပါ တတ်ကျိ-တ်သွားတာတဲ့

    ဘေးကနေ မြင်လိုက်တဲ့ လူတွေရှိတယ်

    လုပ်တဲ့သူတွေကတော့ တန်းပြေးသွား တာ

    တော်သေးတာပေါ့ အသက်မသေလို့

    ပြောချင်တာ ကတော့ လူတိုင်း အသွားအလာ ဆင်ခြင်သင့်ပါတယ်

    ဥပဒေမရှိတဲ့ ခေတ်ကြီးမှာ နစ်နာစရာရှိရင် ကိုယ်တိုင်ပါပဲနော်

    ကျေးဇူးတော်ကြောင့် အသက်ဘေးက လွှတ်ခဲ့တဲ့ နေ့ ့

    အထက (၃)မူပွိုင့် နာမှာ ကျမကို တိုက် ပြီးထွက်ပြေသွားတဲ့ ကားသမား ကို ကို ကော သုံးဘီးနဲ့ ပြန်တက် ကြတ်သွားတဲ့ သူကိုကော ကျမ ကျိုးပဲ့ခြင်းမရှိပဲ အသက်ရှင် ကျန်းမာနေတာမို့ စိတ်သောကကင်ပြီး စိတ် ဖြောင့်ဖြောင့် နဲ့နေထိုင်နိုင်ဖို့ မျော်လင့်ပါတယ် /

    ကျမ စိတ်ရင်နဲ့ ခွင့်လွှတ်ကြောင့်လဲ သိစေချင်ပါတယ် ၊

    Cycle or ဆေးစရိတ် Or ကျိုးပဲ့သွားတဲ့ ရှေ့သွားတ ချောင် တခုလောက်ပဲ ကူညီးပေးခဲ့ရင် ကျေးဇူးတင်မိမှာ အမှန်ပဲ

    ပိုလျှံနေတာမရှိတော့ နဲနဲရုန်းရလို ခံစားရလိုပါ

    ကျမပုံကြောင့် စိတ်အနောက်ယှက်ဖြစ်သွားရင် Sorryပါ

    Jar Nue Aung Lawa