Category: News

  • ဆားလင်းကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၁၁ ဦး ကျဆုံး

    ဆားလင်းကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၁၁ ဦး ကျဆုံး

    စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် အခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို စစ်ကော်မရှင်တပ်က ဂျိုင်ယိုကော်ပတာဖြင့် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် PDF ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် ယမန်နေ့( ဖေဖော်ဝါရီ ၁၂ ရက်) မွန်းလွဲ ၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ကော်မရှင်လေတပ်က ဂျိုင်ယိုကော်ပတာ သုံးစီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

    စစ်ကော်မရှင်အတွက် ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရှာပေးနေသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို အရေးယူမှုများ ဆောင်ရွက်သွားတော့မည်ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ပုဂ္ဂလိက Non CDM ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီက ကြေညာခဲ့ပြီး နှစ်ရက်အကြာတွင် ယခုလေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

    “စခန်းပေါ်ကို ဗုံးက တည့်တည့်ကျတယ် ပြောရမှာ။ ဂျိုင်ယို သုံးစီးနဲ့ ဆက်တိုက် ဗုံးကြဲတယ်။သေဆုံးတဲ့ ရဲဘော် ၁၁ ဦးရှိတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်” ဟု လေကြောင်းတိုက်ခိုက်ခံရသည့်အခြေအနေနှင့် ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

    အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများကို သင်္ဂြိုလ်သည့် ကိစ္စပြီးမြောက်ခဲ့ပြီး ၊ ယနေ့ မွန်းလွဲပိုင်းတွင်လည်း စစ်ကော်မရှင်တပ်က ဂျိုင်ယိုကော်ပတာ သုံးစီးဖြင့် ယမန်နေ့ ဖြစ်ပွားခဲ့သည့် နေရာအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

    နွေဦးတော်လှန်ရေးနှင်ပြည်သူကို မျက်နှာမမူဘဲ အပြစ်မဲ့ပြည်သူများကိုနေ့စဉ်ရက်ဆက် သတ်ဖြတ်နေသည့် စစ်ကော်မရှင်နှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် အားပေးအားမြှောက်ပြု၍ စစ်ကော်မရှင်ဒေါက်တိုင် ကုမ္ပဏီများတွင် တက်ကြွစွာပါဝင်နေသည့် ပုဂ္ဂလိက Non CDM ဝန်ထမ်း ၁၀ ဦး နှင့် ကုမ္မဏီ နှစ်ခုကို စစ်ကော်မရှင်ဒေါက်တိုင်အဖြစ်သတ်မှတ်၍ ဥပဒေအရေ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု မြို့နယ် ပုဂ္ဂလိက Non CDM ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

  • မှန်လွန်းလို့ ထပ်ခါထပ်ခါ ဖတ်ဖြစ်တဲ့ ရှေးဟောင်း ဇနကဟောကိန်း

    မှန်လွန်းလို့ ထပ်ခါထပ်ခါ ဖတ်ဖြစ်တဲ့ ရှေးဟောင်း ဇနကဟောကိန်း

    🔮 မှန်လွန်းလို့ ထပ်ခါထပ်ခါ ဖတ်ဖြစ်တဲ့ ရှေးဟောင်း ဇနကဟောကိန်း 🔮

    သင့်အသက်ဘယ်လောက်လဲ? ဘာနေ့မွေးလဲ?

    အဖြေမှန်ကိုသာ ပြောပါ။ သင့်ကံကြမ္မာကို ဒီဟောကိန်းက ပြောပြပါလိမ့်မယ်။

    📜 ဇနကဟောကိန်း ဆိုတာ

    ဘုရားအလောင်းတော် မဟာဇနကမင်းကြီးရဲ့ ဖြစ်စဉ် (၇) မျိုးကို အခြေပြုပြီး ရှေးဆရာကြီးတွေ တီထွင်တွက်ချက်ထားတာ ဖြစ်ပါတယ်။

    အရမ်းလွယ်ကူရှင်းလင်းပေမယ့် ယနေ့ခေတ်ပညာရှင်တွေအထိ သုံးစွဲနေဆဲ၊ မှန်ကန်မှုအားကောင်းတဲ့ တွက်ကိန်းတစ်ခုပါ။

    (ပုံသေကားချမယူဘဲ မဟာဘုတ်စတဲ့ အခြားတွက်ကိန်းတွေနဲ့ ညှိနှိုင်းဟောပြောရင် အလွန်အစွမ်းထက်ပါတယ်)

    🔢 အဟောကြည့်နည်း

    (အောက်ပါ ဇယားပုံတွင် တိုက်ဆိုင်စစ်ဆေးပါ)

    ဥပမာ –

    • မိမိက တနင်္ဂနွေသားသမီး၊ အခုရောက်သက် (၂၅) နှစ် ဆိုရင် တနင်္ဂနွေဇယားကွက်ထဲမှာ (၂၅) ကို ရှာပါ။ “နန်း” အကွက်ထဲမှာ ရှိနေရင် အောက်က “နန်း” အဟောကို ဖတ်ပါ။

    • မိမိက တနင်္လာသားသမီး၊ အခုရောက်သက် (၂၀) နှစ် ဆိုရင် တနင်္လာဇယားကွက်ထဲမှာ (၂၀) ကို ရှာပါ။ “ပျက်” အကွက်ထဲမှာ ရှိနေရင် အောက်က “ပျက်” အဟောကို ဖတ်ပါ။

    📖 (၇) ဌာန အဟောများ

    🏗️ (၁) တည်

    (သင်္ဘောတည်ဆောက်သည့် ကာလ)

    • လုပ်ငန်းတွေအတွက် ကြံစည်ဆဲ၊ အစပြုဆဲ အခြေအနေကို ရောက်နေပါပြီ။

    • လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံဖို့ ရန်ရှာရာမှာ လွယ်ကူပါလိမ့်မယ်။

    • လုပ်ငန်းအကြံအစည် အောင်မြင်မယ်။ အလုပ်ရှာနေရင် အလုပ်ရမယ်။

    • အမှုကိစ္စတွေ၊ အလုပ်တွေများမယ်။ ငွေဝင်များသလို ငွေထွက်လည်း များနေပါလိမ့်မယ်။

    ⛵ (၂) ထွက်

    (ဇမ္ဗူဒီပါမှ သင်္ဘောစထွက်သည့် ကာလ)

    • ကောင်းမွန်သော မိတ်ဆွေသစ်များ တိုးမယ်။

    • စပ်တူရှယ်ယာလုပ်ငန်းများ လုပ်ရမည့် အချိန်ကောင်းပါ။

    • ပြည်တွင်း၊ ပြည်ပခရီးများ သွားရမည်။ နိုင်ငံခြားကုန်လုပ်ငန်းများ အောင်မြင်မည်။

    🌪️ (၃) ပျက်

    (သင်္ဘောပျက်သည့် ကာလ)

    • ကံဇာတာ အနည်းငယ် ညံ့ချိန်ပါ။ စီးပွားရေး ကျဆင်းမယ်။

    • သူများမကောင်းကြံတာ ခံရတတ်သည်။

    • မတော်တဆ ထိခိုက်မှု အသေးအဖွဲများ ကြုံတတ်သလို သေကောင်ပေါင်းလဲ ဝေဒနာများ ဖြစ်တတ်သည်။

    • ရာထူး/လုပ်ငန်းကို နှောင့်ယှက်မည့်သူ ပေါ်လာလိမ့်မယ်။ အိမ်ထောင်ရေးကို အထူးသတိထားပါ။

    🪨 (၄) ကျောက်

    (မေခလာနတ်သမီး ကျောက်ဖျာတင်ပေးသည့် ကာလ)

    • ကံကောင်းပြီလို့ မှတ်ပါ။ မမျှော်လင့်ဘဲ ကူညီမယ့်သူတွေ ပေါ်မယ်။

    • အောင်ဘာလေ သိန်းထီဆုကြီးများ ပေါက်မယ်။

    • မကျန်းမမာဖြစ်နေရင် ပြန်ကျန်းမာလာမယ်။ ဆရာကောင်းနဲ့ တွေ့ပြီလို့ ဟောပါ။

    • အမှုရှိရင် နိုင်မည်။ အချုပ်အနှောင်ခံနေရရင် လွတ်မည်။

    • ကျဆင်းနေသော စီးပွားရေးများ ပြန်တက်လာမည်။ ပညာရေးလည်း ကောင်းမည်။

    • အိမ်ထောင်မရှိသူများ အိမ်ထောင်ဖက်ကောင်းနဲ့ တွေ့ရမည်။

    ☂️ (၅) ထီး

    (ထီးဖြူဆောင်းရသည့် ကာလ)

    • နာမည်ကျော်ကြား ထင်ရှားမည်။ ကောင်းသတင်းနှင့် ကျော်ကြားခြင်းပါ။

    • ဆုလာဘ်တွေရမည်။ ဘွဲ့ထူးဂုဏ်ထူးများ ရမည်။

    • စာမေးပွဲဖြေထားရင် အောင်မည်။ ရာထူးတိုးမည်။

    • စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည်။ အိမ်သစ်ဆောက်ကိန်း၊ အိမ်သစ်ရကိန်း ပေါ်မည်။

    🏰 (၆) နန်း

    (နန်းအပ်ခံရသည့် ကာလ)

    • ကံဇာတာ အလွန်ကောင်းပြီလို့ ဟောပါ။

    • ရာထူးတိုးမည်။ စီးပွားဖြစ်ထွန်းမည်။ အမွေအနှစ်တွေ ရမည်။

    • အပြိုင်အဆိုင်တွေမှာ အနိုင်ရမည်။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင် နိုင်မည်။

    • အိမ်ထောင်ကျကိန်း ရှိသည်။ အိမ်ထောင်ကျလျှင်လည်း ကံကောင်းမည်။

    • အလှူပြုလုပ်ရမည်။ မင်းစိုးရာဇာ၊ အကြီးအကဲ ဖြစ်မည်။

    🤴 (၇) စံ

    (မင်းစည်းစိမ် ခံစားရသည့် ကာလ)

    • ဘေးအန္တရာယ်ကင်းပြီး စုတ်ကြီး၊ လာဘ်ကြီးတွေ ဝင်မည်။

    • လုပ်ငန်းတွေ တိုးတက်မည်။ ကြီးမားတဲ့ ရာထူးတွေ ရမည်။

    • သိုလှောင်ပစ္စည်းတွေက အကျိုးအမြတ်ရမည်။

    • အခြွေအရံ မိတ်ဆွေအပေါင်းအသင်း တိုးမည်။ ငွေကြေးစုဆောင်းမိမည်။

    (Credit – မူရင်းပညာရှင်များ)

  • ဖိလစ်ပိုင်မှ အစားအသောက်ဖြင့် ကျော်ကြားသူ အဆိပ်ရှိဂဏန်း (devil crab) စားပြီးနောက် သေဆုံး

    ဖိလစ်ပိုင်မှ အစားအသောက်ဖြင့် ကျော်ကြားသူ အဆိပ်ရှိဂဏန်း (devil crab) စားပြီးနောက် သေဆုံး

    စားသောက်မှုအလေ့အထ ဗီဒီယိုများဖြင့် အွန်လိုင်းတွင်ကျော်ကြားလာသည့် ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးသည် လူမှုကွန်ရက်တွင်မျှဝေမည့် ဗီဒီယိုအတွက် အ ဆိပ်ရှိဂဏန်း (devil crab) ကို စားသုံးပြီးနောက် သေဆုံးခဲ့သည်။

    အသက် ၅၁ နှစ်အရွယ် အမ်မာ အာမစ်နှင့် သူငယ်ချင်းများစွာသည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပလာဝမ်ကျွန်း၊ Luzviminda မှ ၎င်းတို့၏အိမ်အနီးရှိ ဒီရေတောမှ ပင်လယ်စာများစုဆောင်းရန် သွားခဲ့ကြသည်။ ထို့နောက် သူတို့သည် အခွံမာပင်လယ်စာများကို အိမ်သို့ယူဆောင်လာပြီး Facebook နှင့် Tiktok တွင်မျှဝေမည့် ဗီဒီယိုတစ်ခုအတွက် ချက်ပြုတ်ခဲ့သည်။

    ပင်လယ်စာများကို ချက်ပြုတ်စားသောက်ပြီးနောက် အာမစ်သည် အဆိပ်ပြင်းသော အဆိပ်ရှိဂဏန်းတစ်ကောင်ကို ကောက်ယူပြီး သူမ၏ပရိတ်သတ်များ ကြည့်ရှုရန်စားပြခဲ့သည်။

    နောက်တစ်နေ့တွင် အိမ်နီးချင်းများက အာမစ်သည် ပြင်းထန်စွာဖျားနာခဲ့ပြီး အနီးရှိဆေးခန်းသို့ ပို့ဆောင်ခဲ့ရသည်။

    သူမသည် တက်သည့်ဝေဒနာကိုခံစားရပြီး သူမနှုတ်ခမ်းများသည် ပြာနှမ်းလာခြင်းကြောင့် နောက်ဆုံးတွင် ဆေးရုံသို့လွှဲ ပြောင်းခဲ့ရသည်။

    ဆရာဝန်များသည် သူမကိုကယ်တင်နိုင်ခြင်းမရှိပါ။ သူမသည် အဆိပ်ရှိဂဏန်းကိုစားပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သေဆုံးခဲ့သည်။

    “နတ်ဆိုးကျောက်တန်းကဏန်းဟုခေါ်တဲ့ အဆိုပါသတ္တဝါတွေကို အိန္ဒိယ-ပစိဖိတ်ဒေသတစ်လျှောက် သန္တာကျောက်တန်းတွေမှာ နေထိုင်ကြတာကို တွေ့ရှိရပါတယ်။

    သူတို့မှာ ပူဖာငါးတွေမှာလည်းတွေ့ရတဲ့ အသက်အန္တရာယ်ရှိတဲ့ saxitoxin နဲ့ tetrodotoxin အပါအဝင် အာရုံကြောဆိုင်ရာ အဆိပ်အတောက်တွေပါဝင်တဲ့ အစွမ်းထက် အဆိပ်အတောက်တွေ ပါဝင်ပါတယ်။” ဟု Smithsonian Institution က ဆိုသည်။

    လူဇ်ဗီမင်ဒါရွာသူကြီး လူဒီ ဂျီမန်းက သေဆုံးသူ၏အိမ်ကို သွားရောက်ခဲ့သည့် ရဲအရာရှိများသည် စွန့်ပစ်ထားသည့် တောက်ပသောအရောင်ရှိသည့် နတ်ဆိုးကဏန်းခွံများကို တွေ့ရှိခဲ့ကြောင်း ပြောကြားသည်။

    တောရိုင်းပင်လယ်စာများကို စားသုံးသည့်အခါ ပိုမိုသတိထားရန် ပြည်သူများကို ရဲတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

    Ref: Bangkok Post

  • ပြည်ထောင်စုနေ့တွင် မြောက်ဦးနှင့် ကျောက်တော်ဗုံးကြဲ၊ အရပ်သား ၇ဦးသေဆုံး

    ပြည်ထောင်စုနေ့တွင် မြောက်ဦးနှင့် ကျောက်တော်ဗုံးကြဲ၊ အရပ်သား ၇ဦးသေဆုံး

    သေဆုံးသည့်အထဲတွင် လသားအရွယ်ကလေးငယ်တစ်ဦးပါဝင်

    ပြည်ထောင်စုနေ့မှာ အာဏာသိမ်းစစ်အုပ်စုက ရခိုင်ပြည်၊ မြောက်ဦးနှင့် ကျောက်တော်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၇ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၉ နာရီကျော်မှာ စစ်ကောင်စီလေကြောင်းကနေ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ကို တစ်ပြိုင်းတည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၇ဦး ရှိခဲ့သည်။

    ပရဟိတ လုပ်ကိုင်နေသူတစ်ဦးဖြစ်သော စာရေးဆရာ ဝေဟင်အောင်က “သေဆုံးတာက ကျောက်တော်မှာ လေးဦးသေဆုံးပါတယ်။ မြောက်ဦးမှာ မိသားစု သုံးဦး သေဆုံးပါတဘ်။ အားလုံးစုစုပေါင်း သေဆုံးသူ ၇ ဦးပါ။ ထိခိုက် ဒဏ်ရာ ရရှိသူက ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရတယ်”ဟုပြောသည်။

    စစ်ကောင်စီလေကြောင်းကနေ ကျောက်တော်မြို့ ပိုက်သည်ရက်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၄ ဦးနေရာမှာ သေဆုံးခဲကာ ၉ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ သေဆုံးသူ လေးဦးလုံးသည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက‌နေ ကျောက်တော်မှာ စစ်‌ဘေးရှောင်နေသူများ ဖြစ်ကြကြောင်း သိရသည်။

    လေကြောင်း ဗုံးကြဲမှုကြောင့် မြောက်ဦးမြို့ ဝေသာလီဟိုတယ် ခြံစောင့်လုပ်ကိုင်နေသော မိသားစု သုံးဦးစလုံး နေရာမှာ သေဆုံးခဲ့ပြီး သေဆုံးသည့်အထဲမှာ လသားအရွယ်ကလေးငယ်တစ်ဦး ပါဝင်ကြောင်း သိရသည်။

    အဆိုပါမိသားစုများမှာ စစ်တွေမြို့နယ်က စစ်ရှောင်လာသူများဖြစ်ကြပြီး ဝေသာလီဟိုတယ်မှာ ခြံစောင့် အလုပ်ကို လုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရသည်။

    ပရဟိတ လုပ်ကိုင်နေသူတစ်ဦးဖြစ်သော စာရေးဆရာ ဝေဟင်အောင်က “ပြည်ထောင်စုနေ့ကိုတောင်မှာ မရှောင်ဘဲ ဒီလို့ အကြမ်းဖက်က စစ်တပ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်တယ်ဆိုတော့ အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်က တကယ့်ကို ကမ်းကုန်သွားပြီးလို့ ပြောချင်တယ် “ဟုပြောသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ည ၈ နာရီအချိန်ခန့်မှာ သံတွဲမြို့နယ်၊ ငပလီမြို့ လူနေရပ်ကွက်များကို အာဏာသိမ်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၉ ဦးအထိ ရှိခဲ့သည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းက မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူနာ စုစုပေါင်း ၃၃ ဦးအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ဦးအထိ ရှိခဲ့သည်။

    ပုံစာ – မြောက်ဦးနှင့် ကျောက်တော်ဗုံးကြဲ၊ အရပ်သား ၇ဦးသေဆုံးသူများအားတွေ့ ရစဉ်

  • နောက် (၄) ပတ်အတွင်းငလျင်လှုပ်နိုင်တဲ့ အထူးဂရုစိုက်ရမည့် မြို့များ

    နောက် (၄) ပတ်အတွင်းငလျင်လှုပ်နိုင်တဲ့ အထူးဂရုစိုက်ရမည့် မြို့များ

    နောက် (၄) ပတ်အတွင်းငလျင်လှုပ်နိုင်တဲ့ အထူးဂရုစိုက်ရမည့် မြို့များ

    ⚠️ **နောက် (၄) ပတ်အတွင်း ဘယ်မြို့တွေ ငလျင်သတိထားရမလဲ? (ဇုန်အလိုက် အသေးစိတ် ခန့်မှန်းချက်)**

    ငလျင်ပညာရှင် **ကိုဇင်နောင်နောင်သက်** ၏ နောက်ဆုံးရ Data များနှင့် နည်းပညာအခြေပြု တွက်ချက်မှုများအရ လာမည့် (၄) ပတ်မှ (၈) ပတ်အတွင်း အထူးသတိထားရမည့် မြို့များနှင့် ဒေသများကို အခုလို ခွဲခြားသတိပေးလိုက်ပါတယ်။

    (ကိုဇင်နောင်နောင်သက်၏ မူရင်းသုံးသပ်ချက်ကို အခြေခံပြီး ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်)

    🔴 **(ဇုန် – A) – အထူးဂရုစိုက်ရမည့် မြို့များ**
    *(ငလျင်ငယ်များ မကြာခဏ လှုပ်နိုင်ခြေ >80% နှင့် အသင့်အတင့် လှုပ်နိုင်ခြေရှိ)*

    📍 **ပါဝင်သည့် ဒေသများ -**

    * **ရခိုင်ရိုးမတစ်လျှောက်** (အမ်း၊ မင်းဘူး၊ စေတုတ္တရာ)
    * **ချင်းပြည်နယ်တောင်ပိုင်း**
    * **စစ်ကိုင်းတိုင်း အနောက်ဘက်ခြမ်း** (ကလေး၊ မော်လိုက်၊ ကျွန်းလှ)

    **အခြေအနေ -** M4.0 – M4.9 အဆင့်တွေ မကြာခဏ လှုပ်နိုင်ပြီး၊ M5.0 အထက် တစ်လုံးစ နှစ်လုံးစ ထပ်လာနိုင်ပါတယ်။ အိမ်တွေ အက်ကွဲတာမျိုး ရှိမရှိ ပြန်စစ်ဆေးထားသင့်ပါတယ်။

    🟡 **(ဇုန် – B) – မျက်ခြေမပြတ် စောင့်ကြည့်ရမည့် မြို့များ**
    *(ချက်ချင်းကြီး အန္တရာယ်မရှိသေးသော်လည်း ပေါ့ဆ၍မရသော နေရာများ)*

    📍 **ပါဝင်သည့် ဒေသများ -**

    * **ပဲခူး၊ ရန်ကုန်၊ ဖြူး** (စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်း)

    **အခြေအနေ -** လက်ရှိမှာ ငလျင်ကြီးလှုပ်မယ့် လက္ခဏာ (Fore-shock) မတွေ့ရသေးပါ။ M3.0 – M4.0 ဝန်းကျင် အသေးစားတွေသာ ရှိနိုင်ပေမယ့် ရေရှည်အတွက် အမြဲသတိရှိရမယ့် နေရာတွေပါ။

    🟢 **(ဇုန် – C) – တည်ငြိမ်နေသော မြို့များ**
    *(လတ်တလော အန္တရာယ်ကင်းရှင်းသည့် နေရာများ)*

    📍 **ပါဝင်သည့် ဒေသများ -**

    * **မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ**

    **အခြေအနေ -** ငလျင်ကြီး လှုပ်ပြီးနောက်ပိုင်း ဖိအားလျော့သွားပြီဖြစ်လို့ လတ်တလောမှာ အန္တရာယ် အလွန်နည်းပါးပါတယ်။

    🛡️ **ပြည်သူများအတွက် အကြံပြုချက်**
    ဒါဟာ “ကပ်ဘေးကြီး” ကျရောက်မယ့် နိမိတ်မဟုတ်ဘဲ မြေအောက်ဖိအား ပြန်ညှိယူနေတဲ့ သဘောသဘာဝသာ ဖြစ်ပါတယ်။ မလိုအပ်ဘဲ အလွန်အမင်း စိုးရိမ်ထိတ်လန့်တာမျိုး မဖြစ်ကြပါနဲ့။ မိမိတို့အိမ်ရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးပြီး အရေးပေါ်အတွက် ပြင်ဆင်ထားတာကသာ အကောင်းဆုံးပါပဲ။

    Credit: **Zin Naung Naung Thet (Seismologist & Data Analyst)**