Category: News

  • NUG၊ KNU၊ KIO၊ KNPP နဲ့ CNF ငါးဖွဲ့ ​​တွေ့ဆုံပြီးတော်လှန်ရေးအောင်မြင်စွာဆင်နွှဲဖို့ဆွေးနွေး

    NUG၊ KNU၊ KIO၊ KNPP နဲ့ CNF ငါးဖွဲ့ ​​တွေ့ဆုံပြီးတော်လှန်ရေးအောင်မြင်စွာဆင်နွှဲဖို့ဆွေးနွေး

    NUG၊ KNU၊ KIO၊ KNPP နဲ့ CNF ငါးဖွဲ့ ​​တွေ့ဆုံပြီးတော်လှန်ရေးအောင်မြင်စွာဆင်နွှဲဖို့ဆွေးနွေး

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ တို့ တွေ့ဆုံပြီး တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရေးကိစ္စ​တွေကို ဆွေးနွေးခဲ့ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။

    ဖေဖော်ဝါရီ ၅ ရက်​နေ့မှာကျရောက်တဲ့ကချင်တော်လှန်ရေးနေ့ အခမ်းအနားကိုအမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာကျင်းပခဲ့ရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အွန်လိုင်းမှ ပါဝင်တက်ရောက်ပြီး စစ်ရေး နိုင်ငံရေးဆိုင်ရာတွေရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ် ။ NUGရယ်၊ KNUရယ်၊ KNPPရယ် ၊ CNF ရယ်၊ KIOရယ် ငါးဖွဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းဆွေးနွေးမှု လုပ်ခဲ့ကြောင်း အသိပေးခဲ့တာပါ။ လတ်တလော မီဒီယာတွေမှာဖော်ပြနေတဲ့ အားကောင်းခိုင်မာတဲ့ ဦးဆောင်အဖွဲ့အစည်းကိစ္စ၊ ဖက်ဒရယ် ဦးဆောင်ကောင်စီကိစ္စတွေအပေါ် အခုလိုပြောပြတာပါ။

    “လက်ရှိတော်လှန်ရေးကိုအောင်မြင်အောင်ကျနော်တို့ဘယ်လိုဆင်နွှဲမလဲဆိုတဲ့ဟာကျနော်တို့ ဦးစားပေးပြီးဆွေးနွေးနေတာဖြစ်ပါတယ်”လို့ ဒုဗိုလ်
    ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

    မီဒီယာမှာဖော်ပြထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ မျှော်မှန်းချက်ပြောတဲ့ ဝေါဟာရဖြစ်ပြီးတော့ အတည်ပြုထားတာ မဟုတ်ကြောင်း၊ ဆက်လက်ဆွေးနွေးနေတဲ့အဆင့်ဖြစ်ကြောင်း လည်းဆက်​ပြောပါတယ်။

    “တော်လှန်သောအင်အားစုများဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာရပ်ဖို့ လိုပါတယ်။ စုစည်းညီညွတ်ရမှာဖြစ်ပါတယ်။အပြန်အလှန် လေးစား အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။” လို့လည်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။

    တော်လှန်အင်အားစုဆိုရာမှာ လက်နက်ကိုင်တော်လှန်ရေးသာမက အားလုံးကို ပြောဆိုတာ ဖြစ်ပြီး မှန်ကန်သောလမ်းကြောင်းပေါ် ရပ်မှ အင်အားရှိမယ်လို့ ပြောပြပါတယ်။

    ဘယ်အချိန်မှာ တော်လှန်ရေးပြီးမှာလဲ၊ဘယ်အချိန်မှာ အောင်မြင်မှာလဲလို့ခဏခဏအမေးခံရပြီး အဲဒီမေးခွန်းဟာအားလုံးနဲ့သက်ဆိုင်ကြောင်း လည်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကပြောပါတယ်။

    “ကျနော်တို့ အကုန်လုံး တော်လှန်သောဘက်မှာ ရှိသလား၊ ကျနော်တို့ဟာ တကယ်ပဲ အောင်မြင်ချင်တဲ့ စိတ်ဓာတ်နဲ့ ကျနော်တို့ အရင်းအမြစ်တွေကို ပါဝင်နေသလားကျနော်တို့က ပြန်စိစစ်ဖို့လိုပါတယ်။”လို့ KIO ခေါင်းဆောင်က ပြောပါတယ်။

    ဒါ့အပြင် စစ်ရေး နဲ့ နိုင်ငံရေးကို ပေါင်းစပ်ညှိနှိုင်းပြီးလိမ္မာပါးနပ်စွာဦးဆောင်မှုပေးနိုင်ခြင်းဟာအင်မတန်အရေးကြီးသလို ပြည်သူရဲ့ထောက်ခံမှု နားလည်မှုနဲ့လိုက်နာမှုပြည့်စုံမှသာအောင်မြင်မှာ ဖြစ်ကြောင်းလည်းပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း တော်လှန်ရေးအတွက် ပိုမိုအားကောင်းတဲ့ ဦးဆောင်မှု ပေးနိုင်မယ့် စုဖွဲ့မှု ဖြစ်ပေါ်လာရေး ကြိုးပမ်းနေကြောင်း ဆွေးနွေးမှုများ ရှိနေကြောင်း အသိပေးထားပါတယ်။

  • မောင်ဖြစ်သူရဲ့ စျာပနမှာ ထင်ထားတာထက်ပိုပြီး တရားရှိရှိနဲ့ တည်ငြိမ်စွာ မြင်တွေ့ရတဲ့ ဖွေးဖွေး

    မောင်ဖြစ်သူရဲ့ စျာပနမှာ ထင်ထားတာထက်ပိုပြီး တရားရှိရှိနဲ့ တည်ငြိမ်စွာ မြင်တွေ့ရတဲ့ ဖွေးဖွေး

    ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် အခုလိုရောဂါနဲ့ ဆုံးသွားလို့ မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန်

    ဖွေးစိန်လေး အကယ်ဒမီပေးပွဲ တက်နေတုန်း မောင်ဖြစ်သူဆုံးသွားတဲ့ သတင်းကို ပရိတ်သတ်တို့လည်း ကြားဖူးလောက်ပြီထင်ပါတယ်နော်…

    အမေဖြစ်သူခမျာလည်း တော်တော်လေးကို ဝမ်းနည်းနေရှာတာ…

    လူတစ်ယောက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာထက် ဖွေးစိန်တို့က မဖြေဆည်နိုင်ဖြစ်နေကြတာပါ

    ဘာလို့လဲဆိုတော့ သူ့မောင်လေးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားလို့ပါပဲ
    ဆရာဝန်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဘဲဆိုတော့ ဒီလိုရောဂါတွေနဲ့ ကွယ်လွန်တတ်ပါတယ်နော်…

    ဒါပေမဲ့ သူ့ကိုယ်သူ ဆေးစစ်တာ ဆေးသောက်တာ ကာကွယ်တာတွေ သေချာမလုပ်လို့လား မသိဘူးနော်…

    ဒါမျိုးကြီး ရုတ်တရက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်…

    ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မောင်လေးဖြစ်သူ ဧဒင်ဦးရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတဲ့ ဖွေးဖွေးနဲ့ မိခင်ကြီး

    ဖွေးဖွေးနဲ့ မိခင်ဖြစ်သူတို့ နေပြည်တော်မှာလုပ်တဲ့ အကယ်ဒမီပေးပွဲထံ တက်ရောက်နေစဉ် မောင်လေးဖြစ်သူဟာ ရုတ်တရက် ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

    မောင်ဖြစ်သူရဲ့ စျာပနမှာ ထင်ထားတာထက်ပိုပြီး တရားရှိရှိနဲ့ တည်ငြိမ်စွာ မြင်တွေ့ရတဲ့ ဖွေးဖွေး 😰❤

    ဖခင်ကိုလည်း မနှစ်ကမှ ဆုံ:ရှုံးလိုက်ရတာ သနားပါတယ် ဖွေးရယ်…

    မောင်လေး ဖိုးသားရဲ့ အရိုးပြာအိုးကို မြစ်ထဲ မျောလိုက်ပြီဖြစ်တဲ့ ဖွေးဖွေး

    ဖွေးဖွေးက တော်ပါတယ်၊ အမအနေနဲ့ကော သမီးကြီးအနေနဲ့ပါ အားလုံးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင် လုပ်ကိုင်သွားတာ

  • ဆီဘောက်ဆာယာဉ်အတွင်း သန့်ရှင်းရေးလုပ်ရာမှ အောက်စီဂျင်ပြတ်လပ်ပြီး အမျိုးသား ၂ ဦး သေဆုံး

    ဆီဘောက်ဆာယာဉ်အတွင်း သန့်ရှင်းရေးလုပ်ရာမှ အောက်စီဂျင်ပြတ်လပ်ပြီး အမျိုးသား ၂ ဦး သေဆုံး

    ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးတွေကို ဝင်ရောက်ရှင်းလင်းရာမှ အောက်စီဂျင်ပြတ်လပ်ပြီး အမျိုးသား ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်လို့ သိရပါတယ်။

    ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီ ၁၂ မိနစ်အချိန်ခန့်က မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီးရှိ မြို့ရှောင်လမ်းပေါ်မှာ ရပ်နားထားတဲ့ ဂါလန် (၇၅၀၀) ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးတွေကို ဝင်ရောက်ရှင်းလင်းနေတဲ့ အမျိုးသား ၂ ဦး သတိမေ့မြောနေကြောင်း သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဆိုပါ သတင်းရရှိခဲ့တာကြောင့် မှော်ဘီမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်၁ စီးနဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပြီး ဆီဘောက်ဆာ တိုင်ကီအတွင်း အောက်စီဂျင် ပြတ်လပ်မှုကြောင့် သတိမေ့မြောနေသူ အမျိုးသား ၂ ဦးစလုံးဟာ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးသူ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန်မှာ မြန်မာနိုင်ငံ ဘက်စုံလူမှုကူညီရေးအသင်းယာဉ်နဲ့ မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

  • စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ

    စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ

    သာပေါင်းတိုက်ပွဲတွင် သေဆုံးသည့် စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ သေဆုံးခဲ့သော စစ်ကော်မရှင် တပ်သားအလောင်းများကို ပုသိမ်မြို့တွင် ညအချိန်မတော် တိတ်တဆိတ် သင်္ဂြိုဟ်နေရကြောင်း သိရသည်။

    ပုသိမ်မြို့၊ ရွှေမြင်တင်သုဿန်သို့ သာပေါင်းတိုက်ပွဲမှ ကျဆုံးစစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်၊ ည ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မော်တော်ယာဉ် သုံးစီးဖြင့် သယ်ယူလာပြီး သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ်ထံမှ သိရသည်။

    “သာပေါင်းတိုက်ပွဲမှာ AA နဲ့ ဧရာဝတီ PDF တွေနဲ့ ရင်ဆိုင်တွေ့ပြီး သေကုန်တဲ့ စစ်သားအလောင်းတွေကို ဖောကားတွေနဲ့ အလုံအုပ်ပြီး သယ်လာတာ။ အဲဒါတွေကို လာသင်္ဂြိုဟ်ကြတာပါ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သာပေါင်းဘက်မှ ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ဖောကားများပေါ်တွင် မိုးကာအုပ်၍ ပုသိမ်မြို့သို့ ပြန်လည်သယ်ဆောင် လာခဲ့ပြီး အရာရှိအဆင့်ရှိသူများကိုမူ ရန်ကုန်မြို့သို့ ပို့ဆောင်ဆေးကုသနေရကြောင်း သတင်းရင်းမြစ် များထံမှ သိရသည်။

    လက်ရှိတွင် ပုသိမ်မြို့ရှိ အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၄) ၌ ဒဏ်ရာရလူနာများ ပြည့်နှက်နေပြီး ကုသရန်ပင် ခက်ခဲနေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။ သာပေါင်းတိုက်ပွဲ အတွင်း စစ်ရေးရလဒ် ဆိုးရွားနေသဖြင့် သက်ဆိုင်သူ စစ်ကော်မရှင်အရာရှိပိုင်းများကို ခေါ်ယူကာ ဆူပူကြိမ်းမောင်းမှုများ ရှိနေကြောင်း သိရသည်။

    ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)

  • တရုတ်ဇီဝနည်းပညာကုမ္ပဏီတွင် ပေါက်ကွဲမှုဖြစ်ပွား လူ ၈ ဦး သေဆုံး

    တရုတ်ဇီဝနည်းပညာကုမ္ပဏီတွင် ပေါက်ကွဲမှုဖြစ်ပွား လူ ၈ ဦး သေဆုံး

    တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှန်ရှီပြည်နယ်၊ စူးကျိုးမြို့ရှိ ဇီဝနည်းပညာကုမ္ပဏီတခုတွင် စနေနေ့ နံနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် အတည်ပြုခဲ့သည်ဟု Global Times က ဖော်ပြလိုက်သည်။

    ယင်းဝမ်းနည်းဖွယ်ဖြစ်ရပ်နှင့်ပတ်သက်၍ တရားဝင်စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ပြီး အခင်း ဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်။

    ပေါက်ကွဲမှုသည် ရှန်ရင်ခရိုင်ရှိ ကုမ္ပဏီ၏ ထုတ်လုပ်ရေးအလုပ်ရုံတခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယင်း နေရာမှာ ခရိုင်အုပ်ချုပ်ရေးရုံးစိုက်ရာမြို့နှင့် ၄၀ ကီလိုမီတာကျော် ကွာဝေးသော တောင်ထူထပ်သည့်ဒေသတွင် တည်ရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

    အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက သီတင်းပတ်ကုန်တလျှောက်လုံး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အခင်းဖြစ်ပွားရာနေရာတွင် အဝါရောင်မီးခိုးတန်းများ ထွက်ပေါ်နေသည်ကို မြင်တွေ့နေရဆဲဖြစ်သည်။ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ပေါက်ကွဲမှုကြောင့် လူ ရှစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။

    ကုမ္ပဏီ၏ ကိုယ်စားလှယ်ကို ထိန်းသိမ်းထားပြီး၊ ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းကို ဖော်ထုတ်ရန် နှင့် နောက်ဆက်တွဲကိစ္စရပ်များကို ကြီးကြပ်ရန်အတွက် စူကျိုးမြို့ဒေသန္တရအာဏာပိုင်များက မတော်တဆမှုစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။

    ပေါက်ကွဲမှုဖြစ်ပြီးနောက် နာရီပိုင်းအတွင်းမှာပင် ကယ်ဆယ်ရေးအဖွဲ့များသည် အလုပ်ရုံနှင့် ပတ်ဝန်းကျင်တဝိုက်ကို အသေးစိတ်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။

    ‘ပျောက်ဆုံးနေသူ မရှိစေရန်’ အတွက် ကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေရေးနယ်ပယ်ကို တိုးချဲ့ကာ အပျက်အစီးများကြား ပိုက်စိပ်တိုက်ရှာဖွေခြင်းနှင့် လုပ်ငန်းခွင်ဆိုင်ရာအချက်အလက်များကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း Beijing Daily က ဖော်ပြခဲ့သည်။

    စနေနေ့ နံနက်ပိုင်း ပထမအဆင့် ရှာဖွေမှုတွင် အပျက်အစီးများအောက် ပိတ်မိနေသူ ငါးဦးကို တွေ့ရှိခဲ့ ပြီး နံနက် ၁၀ နာရီတွင် အားလုံးသေဆုံးကြောင်း အတည်ပြုခဲ့သည်။ ရှာဖွေရေးဧရိယာ တိုးချဲ့ကာ ပျက်စီးနေသော အလုပ်ရုံ၏ အတွင်းပိုင်းအထိ ဝင်ရောက်ရှာဖွေရာတွင် နောက်ထပ် သေဆုံးသူ နှစ်ဦးကို ထပ်မံတွေ့ရှိခဲ့သည်။

    ပေါက်ကွဲမှုကို ဖြစ်ပွားစေသည့် အကြောင်းရင်းနှင့် ပတ်သက်၍ တိကျသော ရှင်းလင်းချက်ကို ဒေသန္တရအာဏာပိုင်များက ယခုအထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

    တဆက်တည်းမှာပင် သေဆုံးသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ထောက်ပံ့ရေးလုပ်ငန်းများအပြင် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း CCTV News က ဖော်ပြခဲ့သည်။

    ဇီဝနည်းပညာကုမ္ပဏီ၏ အမည်ကိုမူ စူကျိုးမြို့တွင် တည်ရှိသည်ဆိုသည်မှလွဲ၍ အများပြည်သူသို့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။

    ANI မှ 8 killed in explosion at biotech company in northern China’s Shanxi province, investigation team set up အား သောမတ်ဘာသာပြန်သည်။