Category: News

  • စစ်ကော်မရှင်တပ်စွဲခဲ့ဖူးတဲ့ ရွာတရွာရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးဖို့ ဒေသခံတွေပြင်ဆင်

    စစ်ကော်မရှင်တပ်စွဲခဲ့ဖူးတဲ့ ရွာတရွာရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးဖို့ ဒေသခံတွေပြင်ဆင်

    ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ တပ်စွဲထားခဲ့ဖူးတဲ့ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာတစ်ခုရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ရွာခံတွေက ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

    ဒီအရိုးစုတွေကို တွေ့ရှိထားတာ စစ်ကော်မရှင်တပ်တွေ ဆုတ်ခွာသွားကတည်းကဖြစ်ပေမယ့် ယနေ့ အချိန်ထိ ဆယ်ယူတာတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဖယ်ရှားပေးဖို့ သက်ဆိုင်ရာနယ်မြေခံ တာဝန်ရှိသူတွေကို တောင်းဆိုထားပေမယ့် လာရောက်ဖယ်ရှားပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။

    “ရေတွင်းထဲမှာက ထောင်းဆုံ အကြီးမျိုးပေါ့၊ ရေတွင်းဝမှာ ပိတ်ထားတာတွေ့တယ်ပေါ့နော်။ အဲ့ဒါပြန်ဆယ်ထုတ်တဲ့အချိန်မှာ ဝါးနဲ့ထိုးကြည့်တဲ့အခါ ပုဆိုးတွေ ဘောင်းဘီတွေထွက်လာတယ် ပြီး‌‌တော့ အရိုးတွေထွက်လာတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အဆိုပါ အဝတ်အစားနဲ့ အရိုးစုတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ လူဘယ်နဦးဖြစ်လဲ ဆိုတာတော့ မသိသေးဘူးလို့ ပြောပါတယ်။

    အချိန်ကြာမြင့်နေပြီဖြစ်ပေမယ့် လက်ရှိအချိန်မှ ပြန်လည်ရှင်းလင်းဖို့လုပ်ဆောင်ရတဲ့ အကြောင်းအရင်းကိုလည်း ဒေသခံတစ်ဦးက အခုလိုပဲပြောပြပါတယ်။

    “အရင်ကဆို လပြည့်လကွယ်ပဲ ခွေးဟောင်သံကြားတယ် ကလိန်း ကလုန်း ကလိန်း ကလုန်း ဆိုပြီး လမ်းလျှောက်သံ၊ ပြေးသံ၊ အော်ဟစ်သံကြားတယ်ပေါ့နော်။ အခုချိန်ကျတော့ နေ့ဆိုလဲ ခွေးဟောင်တယ် ညဆိုလဲ ခွေးဟောင်တယ်။ တချို့ဆိုလဲ တွေ့တာပေါ့နော်။ ခွေးကညအချိန်ဟောင်ရင် ဘေးပတ်ဝန်းကျင်က အနှောက်ယှက်ဖြစ်တော့ အိပ်မရဘူးပေါ့။ နေ့အချိန်ပါခွေးဟောင်တော့ ဘေးပတ်ဝန်းကျင် မနေရဲတော့ဘူးပေါ” လို့ သူက ဆိုပါတယ်။

    တွေ့ရှိထားတဲ့ လူရိုးစုတွေကို ဆယ်ယူပြီးရင်တော့ ကျေးရွာတာဝန်ရှိသူတွေကနေ ကောင်းမွန်စွာ ပြန်လည်သင်္ဂြိုလ်ပေးသွားမယ်လို့ သိရပါတယ်။

  • ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး

    ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး

    ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

    မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂၃ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး အထိနာ၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီမှစ၍ ညနေ ၅ နာရီ အချိန်အထိ ပေါက်မြို့နယ်တောင်ပိုင်း၊ သီး ချောက်ကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ ၂၀ ဦးခန့် ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီး အထိနာသွားသော စစ်ကြောင်းက ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပျူစောထီး ကျေးရွာများအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၄ ရက်နေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ ကပစ ၂၄ မှ လက်နက်ကြီးများဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပေါက် မြို့နယ်ပကဖမှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် စစ်တပ်က တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သားများနှင့် ပျူစောထီးများကို ခေါ် ဆောင်ကာ အင်အား ၁၇၀ ခန့်ဖြင့် ကပစ ၂၄ သို့ ထွက်လာစဉ် ဆင်ဇာကျေးရွာတောတိုက်အကျော် ပေါက်ချောင်းအောက်စု ကျေးရွာဘက်အရောက် တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၃ နာရီခန့်ဖြစ်ခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီအချိန် ပေါက်မြို့နယ် ကပစ ၂၄ အတွင်း ဝင်ရောက်သွားပြီး လူနာများကို ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ စစ်သားများ တက်ရောက်နေသည့် ပြည်သူ့ဆေးရုံကို စစ်တပ်က ပိတ်ဆို့ထားပြီး ပြည်သူများကို ဝင်ခွင့်မပေးကြောင်း သိရှိရသည်။

    “တိုက်ပွဲမှာ စစ်ခွေးတွေ တော်တော်အထိနာလို့ အခုချိန်ထိ ကျေးရွာတွေထဲကို လေယာဉ်နဲ့ ဆက်တိုက်ကို ဗုံးကျဲနေတယ်။ ဒီနေ့ နံနက်ပိုင်းကလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျဲသွားတယ်။ အခုလည်း လေယာဉ်တွေ ဝဲနေတုန်းပဲ စစ်ခွေးစစ်ကြောင်းမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ခွေးတွေ ပေါက်မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ သိရတယ်။ မြေပြင်မှာ တိုက်ပွဲမရှိဘူး။ သူတို့ အထိနာလို့ ရွာတွေကို ဗုံးလိုက်ကျဲနေတာ” ဟု မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် – ပကဖ နှင့် မြိုင် ပကဖ တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ယင်းစစ်တပ်စစ်ကြောင်းသည် တပ်မ ၉၉ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေး ရွာများမှ ပျူစောထီးများ ပူးပေါင်းကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

    ဓာတ်ပုံ-မြိုင်ပကဖ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော စစ်သားတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • တက္ကသိုလ်ကျောင်းသားများအတွက် အခြေခံနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်

    တက္ကသိုလ်ကျောင်းသားများအတွက် အခြေခံနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်

    မြန်မာနိုင်ငံတဝန်း တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေကို အခုပညာသင်နှစ် ၂၀၂၅-၂၀၂၆ အတွက် အခြေခံစစ်ပညာသင်တန်းနဲ့ တန်းမြင့်စစ်ပညာသင်တန်းတွေကို ဖွင့်လှစ်နေတယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။

    တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအတွက် အခြေခံစစ်ပညာနဲ့ တန်းမြင့် စစ်ပညာသင်တန်းတွေကို နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ ကမာရွတ်၊ ပုသိမ်၊ အမရပူရနဲ့ တောင်ငူမြို့တို့မှာ ဖွင့်လှစ်နေတာဖြစ်ပါတယ်။

    ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် စစ်ပညာသင်တန်း၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းနဲ့ ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းဆိုပြီး ဖွင့်လှစ်နေတာပါ။

    ဒါ့အပြင် သင်တန်းတွေကို သာမန်သင်တန်းချိန်နဲ့ စခန်းချလေ့ကျင့်ချိန်ဆိုပြီး သင်တန်းပေးသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

    စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး နိုင်ငံတဝန်း စစ်မှုထမ်းဖို့ လူငယ်တွေကို ‌ခေါ်ဆောင်နေသလို တက္ကသိုလ်စာသင်ကျောင်းတွေမှာလည်း နှစ်စဥ် စစ်ပညာတွေကို သင်တန်းပို့ချ‌ပေးနေတာလည်း ဖြစ်ပါတယ်။

  • ဇော်ဘုန်းဟိန်းကို အီလက်ထရောဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်

    ဇော်ဘုန်းဟိန်းကို အီလက်ထရောဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်

    စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အီလက်ထရောဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ပြီး စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်ဖြစ်လာ

    မန္တလေးအိုးဘိုထောင်သို့ ပြန်ပို့မည်ဟုဆိုကာ ထောင်ဝင်စာတွေ့ခွင့် ငြင်းပယ်

    အကြမ်းဖက်စစ်တပ်၏ စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်ဖြစ်လာကြောင်း ကိုဇော်ဘုန်းဟိန်းကို ထောက်ခံသော မဘသအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၉ ရက်နေ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံးက စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်း ဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရရာ ပြစ်ဒဏ်စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်နှစ်ရှိလာကြောင်း သိရှိရသည်။

    စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို တောင်ဒဂုံတရားရုံးတွင် ရုံးထုတ်ရာတွင်လည်းကောင်း၊ ထောင်ဝင်စာတွေ့ခွင့်တောင်းရာတွင်လည်း ကောင်း ပြင်ပမှ ထောက်ခံသူများနှင့် တွေ့ခွင့်မပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အတွက်​ ထောင်ဝင်စာ တွေ့ခွင့်တောင်းရတွင် မန္တလေး အိုးဘောင်ထောင်သို့ လွှဲပြောင်းမည်ဖြစ်၍ ထောင်ဝင်စာတွေ့ခွင့် ငြင်းပယ်ခဲ့ကြောင်း ဇော်ဘုန်းဟိန်း ထောက်ခံသော မဘသလှုပ်ရှားသူတစ်ဦးက ရှင်းပြသည်။

    “ကျနော်တို့ ရုံးချိန်းအမိန့်ချတာတွေ သတ်မှတ်ချိန်မဟုတ်ဘဲ ကြိုထုတ်သွားတာတွေလုပ်တယ်။ နောက်ပြီး ရုံးချိန်းတွေမှာ သွားတွေ့ရင် တွေ့ခွင့်မပေးဘူး။ တရားရုံးထဲကို အုပ်စုလိုက် ပေးမဝင်တာတွေ ဖြစ်တယ်။ ထောင်ဝင်စာတွေ့ခွင့်တောင်းတော့ မန္တလေးအိုးဘိုကို ပြန်လွှဲမှာမို့လို့ အင်းစိန်ထောင်မှာ တွေ့ခွင့်မပေးဘူးဆိုပြီး အကြောင်းပြန်တယ်” ဟု ဇော်ဘုန်းဟိန်း ထောက်ခံသော မဘသလှုပ်ရှားသူက ဆိုသည်။

    အကြမ်းဖက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဆက် လက် အမှုဖွင့်ထားကြောင်း အင်းစိန်ထောင်သတင်းရင်းမြစ်က ပြောဆိုသည်။

    မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသော ဇော်ဘုန်းဟိန်းကို ၂၀၂၅ ခုနှစ်ဒီဇင်ဘာလအတွင်း အင်းစိန် အကျဉ်း ထောင်သို့ လွှဲပြောင်းခဲ့ပြီး ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် ရဲစခန်းတွင် (ပ)အမှတ် ၃၅၈/၂၀၂၅ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့်စစ်တပ်ထောက်ခံသူ ဒေါ်မိုးမိုးခိုင်က ဖွင့်လှစ်ထားသော အမှုကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

    ၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါ အဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှု အပါအဝင် ပုဒ်မများဖြင့် ဇော်ဘုန်းဟိန်းကို တရားရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ကြောင်း၊ ယင်းသို့ ချမှတ်ခံရပြီးနောက် ဇော်ဘုန်းဟိန်းကို ထောက်ခံသော စစ်တပ်ဘက်တော်သားတချို့ စုပေါင်းကာ မင်းအောင်လှိုင်ထံသို့ အသနားခံစာ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိဟု ဇော်ဘုန်းဟိန်းထောက်ခံသူများက ဆိုသည်။

    စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ ပြင်ဦးလွင်တွင် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။

  • နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က  ရဲတပ်သားတစ်ဦ1း၏ မိခင်ကို မုဒိမ်းကျင့်

    နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က ရဲတပ်သားတစ်ဦ1း၏ မိခင်ကို မုဒိမ်းကျင့်

    နွားထိုးကြီးမြို့နယ်၊ မြဝတီရွာတွင် စစ်တပ်က ရဲတပ်သားတစ်ဦး၏ မိခင်ကို မုဒိမ်းကျင့်ပြီး အခြားပြည်သူများနှင့်အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

    မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြဝတီရွာတွင် စစ်တပ်က ရဲတပ်သားတစ်ဦး၏ မိခင်ကို မုဒိမ်းကျင့်ပြီး အခြားပြည်သူများနှင့်အတူ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၆ ရက်နေ့ နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက နွားထိုးကြီး မြို့နယ်၊ မြ၀တီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များကို ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်၍ မီးငြိမ်းသတ်ခဲ့သည့် အမျိုးသမီး တချို့ကို စစ်သားများက မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ စစ်သားများက မုဒိမ်းပြုကျင့်ခဲ့သော အမျိုးသမီး ၂ ဦးအနက် တစ်ဦးမှာ ရဲတပ်သား ၁ ဦး၏ မိခင်ဖြစ်ပြီး အသက် ၅၀ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း၊ ထို့ပြင် မုဒိမ်းကျင့်ခံထားရသော အမျိုးသမီး ၂ ဦး အပါအဝင် ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေ မုဒိမ်းကျင့်သွားတဲ့ သူတွေထဲက မ—-နဲ့ မ—– တို့ ၂ ဦးပဲ အတည်ပြုနိုင်တယ်။ ကျန်တဲ့ သူတွေကတော့ အမည်တွေ အတည်မပြုနိုင်သေးဘူး။ အဲဒီမှာ မ—-ရဲ့ သားက ရဲခွေးလုပ်နေတာ။ အခုထိ ရဲထဲကနေ မထွက်သေးဘူး။ နောက်ပြီး စစ်ခွေးတွေက လူသားဒိုင်း အဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူတွေလည်းရှိသေးတယ်။ အရေအတွက် ဘယ်လောက်ရှိလဲတော့ မသိရသေးဘူး။ စစ်ခွေးတွေက သူတို့လူသားဒိုင်း ဖမ်းဆီးထားတဲ့ သူတွေကို ပြေးရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    လက်ရှိချိန်တွင် မြ၀တီရွာ ၊ ကျွန်းဒေါင့်ရွာ ၊ ဆေးခင်းကြီးရွာ ၊ ရွာသာအေးရွာ၊ ဝက်လူးရွာ၊ ဇီရွာ အောင်မြေစံရွာ ၊ အောင်ချမ်းသာရွာ ၊ မန်ကျီးကုန်းရွာ ၊ ပဲချက် ရှေ့ရွာ၊ ပဲချက် နောက်ရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။

    ဓာတ်ပုံ-နွားထိုးကြီးမြို့နယ်မှ ပျူစောထီးများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)