Category: News

  • ဘားအံတွင် စစ်တပ်က စစ်ရေးပြင်ပြီး အစစ်အဆေး တင်းကျပ်နေ

    ဘားအံတွင် စစ်တပ်က စစ်ရေးပြင်ပြီး အစစ်အဆေး တင်းကျပ်နေ

    ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ တပ်စခန်းကို စစ်တပ်က လေကြောင်းက တိုက်ခိုက်အပြီး ဘားအံမြို့မှာ စစ်တပ်က စစ်ရေးပြင်ဆင်နေကာ ပိုမိုတင်းကျပ် စစ်ဆေးလာတာကြောင့် မြို့ခံတွေကြားမှာ စိုးရိမ်ထိတ်လန့်နေပါတယ်။

    ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီကျော်လောက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်နဲ့ ဘားအံမြို့နယ် အစပ်က သိုက်တောကျေးရွာ သံလွင်မြစ်ကမ်းဘေးက ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ တပ်စခန်းကို လေကြောင်းအပြင် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

    အဲဒီနောက် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီလောက်က ဘားအံမြို့မှာ စစ်ရေးပြင်ဆင်ပြီး မြို့တွင်းနဲ့ မြို့ဝင်မြို့ထွက် သွားလာသူတွေကို စစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာပါတယ်။

    ဒေသခံတယောက်က “ဘားအံရဲ့ အခြေအနေက စစ်ကား ၃ စီးက သူတို့ စစ်သားတွေ လူအပြည့်ပဲ။ ဘယ်ကိုသွားမယ်တော့ မသိဘူး။ သွားဖို့လာဖို့ ယောက်ယက်ခတ်နေတာပဲ။ မော်တော်ပီကယ်တွေကော ရှုပ်ယှက်ခတ်နေတာပဲ။ အခုက ဗိုလ်ချစ်သူအဖွဲ့က KNA အဖွဲ့က သူတို့ ခွဲထွက်တော့ စိတ်ထင်တာ ဗိုလ်ချစ်သူအဖွဲ့ကို စိတ်မချဘူး အဲလိုမျိုး။ တပ်ထဲမှာလည်း သူတို့ သတိအနေနဲ့ အသင့်ပြင်ထားတယ်။ အဲဒီမှာလည်း လုံခြုံရေးတွေ အများကြီးပဲ။ လမ်းကြောင်းမှာလည်း ပြည်သူတွေ လမ်းသွားရတာ စစ်ဆေးကြမ်းတယ်။ ပြည်သူတွေလည်း မဖြစ်မနေ သွားနေရတာ။ ပြည်သူတွေ ကြောက်လန့်တကြား လုပ်စားနေရတယ်” လို့ ပြောပါတယ်။

    လက်ရှိမှာလည်း လှိုင်းဘွဲလမ်း၊ မြိုင်ကြီးငူလမ်း၊ ထီလုံ-နဘူး-ထို့ကော်ကိုး လမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်တွေက နေရာယူထားပါတယ်။

    ဒါကြောင့် စစ်ရေးတင်းမာနေတဲ့ လှိုင်းဘွဲမြို့နယ်အတွင်းက ဒေသခံပြည်သူတချို့ဟာ ဘားအံမြို့က ဆွေမျိုးတွေဆီ လာရောက် တိမ်းရှောင်နေသူတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပြည်သူတွေ မမြင်အောင် ညဘက် တမြို့လုံး မီးဖြတ်ပြီး အမှောင်ချတာတွေ ရှိတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။

    မြို့မိမြို့ဖတယောက်က “သူတို့ ကြောက်လို့ဖြစ်မယ်။ နဂိုထက်ကို လုံခြုံရေးက ပိုတင်းကျပ်လာတယ်။ သူတို့လှုပ်ရှားမှုတွေက ည ၉ နာရီကျော်လောက်မှပဲ ထွက်တယ်။ ၉ နာရီလောက် ၄၊ ၅၊ ၁၀ စီး အဲလိုမျိုး။ လက်နက်အပြည့်အစုံနဲ့ပေါ့။ ဘယ်ကိုဦးတည်လဲတော့ မသိဘူး။ အဓိက ၂၂ (တပ်မ) ထဲမှာ ဝင်လာပြီး ဥတာပေါ့၊ စုရပ်ပေါ့။ တခါတလေကျတော့ ညဘက်(တမြို့လုံး) မီးပိတ်လိုက်တာတွေ ရှိတယ်။ သူတို့လှုပ်ရှားမှု မမြင်ရဘူးပေါ့။ သူတို့က ညဘက်မှ ဝင်တာတွေ ထွက်တာတွေ ရှိတယ်။ သူတို့ ထူးခြားတာတွေရှိရင် မီးဖြတ်ချလိုက်တာ။ ၉ နာရီ ၁၀ နာရီလောက်မှ မီးပြန်လာတယ်။ ရိုးရိုးတန်းတန်း စစ်ကြောင်းထိုးတာကတော့ သူတို့ ဒီအတိုင်းသွားတယ်” လို့ ပြောပါတယ်။

    ဇန်နဝါရီ ၁ ရက်က စစ်တပ်ဆီက ရိက္ခာနဲ့လစာ ပံ့ပိုးမှုတွေ မယူချင်တော့တဲ့ နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၂ နဲ့ တပ်နယ် ၃ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ကရင်အမျိုးသားတပ်မတော် (KNA) အနေနဲ့ သီးခြားရပ်တည်ခဲ့ပါတယ်။

    ဒါ့အပြင် စစ်ဩဇာခံပြီး ကိုယ်ကျိုးစီးပွားအတွက် ကရင်အမျိုးသားတပ်မတော် (KNA) အနေနဲ့ မပြောင်းလဲဘဲ နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ဆက်လက်ရပ်တည်နေတဲ့ တပ်နယ် ၁ တပ်နယ်မှူး ဗိုလ်မှူးစောစိုးနိုင်နဲ့ တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေပါတယ်။

    အောင်ခန့်

  • ဗန်းမော် စစ်ကောင်စီတပ်စခန်းများကို KIA ပြန်လည်တိုက်ခိုက်

    ဗန်းမော် စစ်ကောင်စီတပ်စခန်းများကို KIA ပြန်လည်တိုက်ခိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းမှာ ပြန်လည်တိုက်ခိုက်နေပြီးတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှေ့တန်းက သတင်းရင်းမြစ်ကနေ သိရပါတယ်။

    မနက်အစောပိုင်းကစတင်ပြီး ဗန်းမော်မြို့ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီးတော့ တနေ့လုံး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဗန်းမော်ရှေ့တန်းက တပ်သားတယောက်ဆီကနေ သိရပါတယ်။

    “မနက် မိုးလင်းကတည်းကနေစနေတာ တနေကုန်လုံး ချနေတာ၊ ဗန်းမြို့ပေါ်ပဲ ချနေကြတာ။ ဗန်းမော်မြို့ပတ်ဝန်းကျင်က တပ်စခန်းတွေ အားလုံးကို ပြန်ချနေတယ်။”

    စစ်ကောင်စီဘက်လည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင်ကို တရက်လုံးနီးပါး လေကြောင်းကနေ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေကြတယ်လို့လည်း ပြောပါတယ်။

    “လေယာဉ်လည်း တနေကုန်လုံးလာနေတာပဲ၊ တနေကုန်လုံး ချနေတာ၊ Y-12က အဲဒီလောက် မလာဘူး၊ ဂျက်လေယာဉ်က ပိုများသလိုပဲ တနေကုန်နီးပါး လိုက်ချနေတယ်။”

    တနေကုန်ဖြစ်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ နေရာယူထားတဲ့ တပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ရရှိတာတွေ ရှိတယ်လို့ သိရပါတယ်။

    ကချင်လွတ်မြောက်ရေးတပ်မတော်က အရာရှိတယောက်ကလည်း ဇန်နဝါရီ ၁၄ ရက်နေ့ ဗန်းမော်တိုက်ပွဲနဲ့ ပတ်သက်လို့ “ဗန်းမော် ပထရ-၉၉၃ အဝင် ခြေကုပ်စခန်း သိမ်းပိုက်ရရှိကာ ရန်သူ ၂၀ ခန့် လက်နက်ချ” ဆိုပြီး လူမှုကွန်ရက်‌ ဖေ့စ်ဘွတ်ခ်မှာ ဝေမျှထားပါတယ်။

    အမှတ်-၉၃၃ ထောက်ပံရေးနဲ့ ပို့ဆောင်ရေးတပ်ရင်းဟာ ဗန်းမော်နဲ့ မိုးမောက်ကြားက ၅ မိုင် ပတ်ဝန်းကျင်မှာ တည်ရှိတဲ့ တပ်စခန်း ဖြစ်ပါတယ်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော်က ရပ်နားထားရာကနေ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၅ မှာ ပြန်လည်စတင်ခဲ့ပြီးတော့ ဇန်နဝါရီလဆန်းပိုင်းမှာ ခဏရပ်နားကာ ၁၅ ရက်မှာ ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

  • သီတာယုမွန် ၏ ခင်ပွန်းစိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ၊

    သီတာယုမွန် ၏ ခင်ပွန်းစိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ၊

    မြင်းခြံမြို့နယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ပျူစောထီး ခေါင်းဆောင် သီတာယုမွန် ၏ ခင်ပွန်းစိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိ

    စိန်လွင်က ပျူစောထီး ဒုခေါင်းဆောင်အဖြစ် တာဝန်ယူထား

    မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှ စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်း ဆောင် သီတာယုမွန်၏ ခင်ပွန်းဖြစ်သူစိန်လွင်ကို စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း မြင်းခြံ- ပုဂံညောင်ဦးလမ်းတွင် ပုဂံညောင်ဦးသို့ အပန်း ဖြေခရီးထွက်လာသော နာမည်ကျော် ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ ခင်ပွန်း စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

    ” သူ့ကို ဖမ်းမိတာက မြင်းခြံ-ပုဂံ-ညောင်ဦး လမ်းပေါ်မှာ ဖမ်းမိတာပါ။ သူ့ကို တစ် ဦးတည်းကိုပဲ ဖမ်းမိတာပါ။ မူးယစ်ဆးဝါးပဲ သိမ်းဆည်းရမိတယ်။ ကားရယ် မူးယစ်ဆးဝါးရယ် လူရယ်ပဲ မိပါတယ်။ ငွေသား အချို့အနည်းငယ်ပါမယ်။ လက်နက်ခဲယမ်းမပါပါဘူး။ သူနဲ့အတူ ကားနဲ့ မူးယစ်ဆေးဝါးရယ် ငွေသားအချို့ အနည်းငယ်လည်း သိမ်းဆည်းရမိတယ်။ သူကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်၈နာရီခွဲ ၉ နာရီလောက်မှာ ဖမ်းမိတာပါ။ ကျနော်တို့ မျှမျှတတ တရားမျှတာမှုရှိစွာနဲ့ပဲ ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာပါ” ဟု မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးကပြောဆိုသည်။

    သီတာယုမွန်၏ ခင်ပွန်း စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိသည့်အပြင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ထုတ်ပေးထားသော ဒုတိယပျူစောထီးခေါင်းဆောင်အဖြစ် သက်သေခံကတ်ပြားကိုလည်း သိမ်းဆည်းရရှိကြောင်း၊ သီတာယုမွန် အမျိုးသားမှာ ပျူစောထီး ခေါ် ပြည်သူ့စစ် ဒုတိယ ခေါင်းဆာင်လည်းဖြစ်ကြောင်း သိရှိရသည်။

    ပျူစောထီးခေါင်းဆောင် သီတာယုမွန်မှာ သူ၏ ခင်ပွန်း စိန်လွင် ပျောက် ဆုံးနေ၍ KTV တွင်သာ ရှိမည်ထင်ပြီး ကား ၃ စီးနှင့် လှည့်ပတ်ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

    မြင်းခြံမြို့နယ်တွင် စစ်တပ်၏ လက်နက်တပ်ဆင်ပေးမှုဖြင့် သီတာယုမွန်ဆိုသော အမျိုးသမီးက ပျူစောထီး အဖွဲ့ကို ဖွဲ့စည်းကာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ တော်လှန်ရေးတပ်များကို တိုက်ခိုက်ခြင်း၊ တော်လှန်ရေးနှင့်ဆက်နွယ်နေသော ပြည်သူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ စစ်တပ်နှင့်အတူ စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    မြင်းခြံမယ်သီတာကတော့ စိန်လွင်ရှိတဲ့နေရာသိလို့ပဲ ဗုံးကြဲလေသလားပဲနော်😂

    လင်မိတော့ဆော်နှစ်ပွေပါတယ်လည်း ကြားတယ်

    အဲ့စိတ်တွေနဲ့ မြင်းခြံညကြီးမိုးချုပ်ဗုံးကြဲတာထင်

    (ပြောသာပြောတာ သူ့မှာရောလင်ငယ်နဲ့ဆိုသလို စိန်လွင်ကိုချစ်လို့မဟုတ် ပိုက်ဆံရှိလို့ယူခဲ့တာဆိုပီးလည်းသိရ🥴🤣

    သူများမိသားစုဘဝတွေဖျက်ဆီး

    မတရားဖမ်းဆီးချုပ်နှောင် ရိုက်သတ်ပီး

    သူ့သမီးလေးကျ ပိုး​မွေးသလိုမွေးထားတာနော်

    ခုလင်ကိုဆော်နှစ်ပွေနဲ့ PDF တွေကဖမ်းမိတော့

    ကယ်ရမှာလိုလိုသတ်ရမှာလိုလိုဖြစ်နေလားပဲ🤭

    ရဲဘော်တွေစစ်ကြောဝင်ရင်သူ့လင်လည်း

    ဘာခံနိုင်မှာလဲ သူ့အကြောင်းအကုန်ဖော်မှာပဲ

    ပါလာတဲ့ဆော်နှစ်ပွေနဲ့ အကျယ်ချုပ်ထား

    မယ်သီတာမရှိတဲ့ချိန်သမီးနဲ့တွေ့ပေးမယ်တို့

    သမီးကိုရှော်ပေးမယ်တို့ဆို အနားမှာဆော်နှစ်ပွေရှိတဲ့

    သီတာယုမွန်လင်စိန်လွင်တစ်ယောက် ဘာခံနိုင်မလဲ🤭

    ပြောသာပြောတာ စိန်လွင်မှာမယားငယ်ရှိနေသလို

    သီတာယုမွန်မှာလည်း လင်ငယ်တွေနဲ့ပဲ😆

    ဒါတွေစိတ်နာပီး စိန်လွင်ရှိတဲ့နေရာ

    ဗုံးကြဲရင်လည်း ပိုးမွေးသလိုမွေးထားတဲ့

    သမီးကမုဆိုးမ သမီးဖြစ်အုံးမယ်🥴🤣

  • သံရုံး၊ အဖွဲ့အစည်းများနှင့် လျှို့ဝှက်တွေ့ဆုံမှုဖြင့် PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို အရေးယူမည်

    သံရုံး၊ အဖွဲ့အစည်းများနှင့် လျှို့ဝှက်တွေ့ဆုံမှုဖြင့် PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို အရေးယူမည်

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ အဖွဲ့ဝင်ကို ခွင့်ပြုချက်မရှိဘဲ သံရုံးတွေ၊ အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာတွေ့ဆုံခဲ့တာကြောင့် အရေးယူသွားမယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်ဝါရီ ၁၄ ရက်မှာ ထုတ်ပြပါတယ်။

    ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီမှာ ခွင့်ပြုချက် တင်ပြတာမရှိဘဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် ၂ နာရီမှ ၃ နာရီအထိ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တဆိုင်မှာ ပြည်ပသံရုံးတရုံးက ပုဂ္ဂိုလ်တချို့နဲ့ Mask တပ်ဆင်ပြီး တရားမဝင် လျှို့ဝှက်စွာတွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ သတင်းပို့တိုင်ကြားမှုရှိခဲ့တယ်လို့ သိရပါတယ်။

    ဒီနောက် ဇန်နဝါရီ ၁၂ ညပိုင်းကမှာ စစ်တပ်က ဒေါက်တာသက်သက်ခိုင်ကို သူ့ရဲ့နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်ကိုလည်း တပြိုင်နက်တည်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကလည်း ဒီတွေ့ဆုံမှု မှန်ကန်တယ်လို့ ဝန်ခံထွက်ဆိုခဲ့တာကြောင့် ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ပါတီတာဝန်ရှိသူတယောက်က “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှပြောစရာမရှိပါဘူး။ သူတို့ထုတ်ပြန် တဲ့အတိုင်းပါပဲ။ မေးစရာရှိလို့ဆိုပြီး လာခေါ်သွားတာ။ အပြင်မှာကျန်တဲ့ပါတီဝင်တွေကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပါတီအလုပ်တွေကိုဆက်လုပ်သွားမယ်။ ကြိုးစားသွားမယ်”လို့ ပြောပါတယ်။

    နိုင်ငံရေးပါတီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(စ)ပါ ပြဋ္ဌာန်းချက်များအရ “ နိုင်ငံခြားတိုင်းပြည် တခုခု၏အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတခုခု သို့မဟုတ် ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ဩဇာခံယူခြင်း မပြုရေး ” ကို စောင့်ထိန်း လိုက်နာရန်တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၂ ခုနှစ် ဩဂုတ် ၁၁ ရက်မှာ နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တခုခုရဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံဖို့ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ ရက်မှာ ထပ်မံအကြောင်းကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

    လက်ရှိမှာတော့ ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကို ခံဝန်နဲ့ပြန်လွှတ်ပေးထား တယ်လို့ သိရပါတယ်။

    ၂၀၂၅ ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင်အနေနဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲမဲဆန္ဒနယ် အမှတ် ၂ ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့စီစဥ်ခဲ့ပေမဲ့ ငွေကြေး အရှုပ်အရှင်းကြောင့် စစ်တပ်က နိုဝင်ဘာ ၂၅ ရက်မှာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ရုပ်သိမ်းခဲ့ပါတယ်။

    အာဏာသိမ်းစစ်တပ်က ပြုလုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီက ပြည်သူ့လွှတ်တော် ၁၉၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၄၅ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၃၂၀ နေရာနဲ့ တိုင်းရင်းသားလူမျိုးစုလွှတ်တော် ၁၄ နေရာ စုစုပေါင်း ၆၇၂ ဝင်ပြိုင်ခဲ့ပေမဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းအပြီးအထိ အနိုင်ရတဲ့ကိုယ်စားလှယ်မရှိသေးပါဘူး။

  • သက်သက်ခိုင် ရှင်းတမ်း

    သက်သက်ခိုင် ရှင်းတမ်း

    အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းဖို့ စစ်တပ်ကိုတောင်းဆိုသူ၊ အာဏာသိမ်းပြီးနောက် ဝန်ကြီးရာထူးချီးမြှောက်ခံရသူ ဒေါ်သက်သက်ခိုင်ကို အာဏာသိမ်းစစ်တပ်က ပြန်ဖမ်းထားတယ်လို့ ရန်ကုန်ကလာတဲ့သတင်းတွေကဆိုပါတယ်။

    PPP လို့ခေါ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ခေါင်းဆောင်ဟာ ဘာကြောင့်အဖမ်းခံထားရတယ်ဆိုတာကို ပါတီကရော၊ စစ်တပ်ကပါ နှုတ်ဆိတ်နေပါတယ်။

    သတင်းတွေရဲ့အဆိုအရ သူဟာပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက တွေ့ဆုံမေးမြန်းခန်းတခုမှာ မဟာမိတ်ဟောင်း စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ကြံ့ခိုင်ရေးပါတီကို ဝေဖန်တာကြောင့်လို့ဆိုပါတယ်။

    အဲ့ဒီတွေ့ဆုံမေးမြန်းခန်းကိုလည်း စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ သတင်းဌာနကဘဲ လုပ်ခဲ့တာပါ။

    အာဏာသိမ်းဖို့တောင်းဆိုတဲ့ ဒေါ်သက်သက်ခိုင်၊ အာဏာသိမ်းစစ်တပ်ကို ဘာတွေဝေဖန်ခဲ့သလဲဆိုတာ Myanmar Now ရဲ့ ပုံပြရှင်းလင်းချက်မှာ ဖတ်နိုင်ပါတယ်။

    NLD ကို ခြေကန် သစ္စာဖောက်ပေးခဲ့လို့ သူ့ဈေးဖိုးချေပေးခဲ့တာ

    စကမ ဝက ရာထူးကို ကက်ဘိနက် က ထုတ်လိုက်ကတည်းက သူ့ကဒ်က ပါဝါကုန်နေပြီ။

    ဒါကို သူ့မှာ အချိုကျန်သေးတယ် ထင်ပြီး ရွေးပွဲထဝင်တာ။

    ဟိုက ဖြုတ်တော့ ငွေကြေးကိစ္စအဟုတ်ထင် အပြေးအလွှား သွင်းရှာပါသေးတယ် ။

    တကယ်တမ်းက သွေးဆုံး ရုပ်ပျက်နေတဲ့ အပျက်မကို ဖာအိမ်က ကန်ချလိုက်ပြီးသား

    စုထားသမျှရွှေထုပ် နဲ့ ပြန်ဖားလည်း အသုံးချတန်ဖိုးက နတ္ထိ ဖြစ်နေပြီ။

    တကယ့် ရာဇဝတ်သားက ထောင်ထဲမှာတွေ ဘာတွေနဲ့ သူတော်စင်ကို ပစ်မှားပြပြီး ဝစီဒုစရိုက် အားကြီးကြီးနဲ့ ဖာစင်ပေါ် ပြန်ဝင်ရနိုး ကြိုးစားပါသေးတယ်။

    ဟိုက အခုဆို သူ့ကို ကြောင်ချီး လိုပဲ သဘောထားတော့တာ ၊ ထားလည်း နံမယ့်အတူတူ မစင်ပုံးထဲ စုလိုက်တော့တဲ့။

    ဒိဋ္ဌဓမ္မဝေဒနိယကံ – ဆိုသဟာ လက်ငင်းဘဝ အကျိုးပြတဲ့ အမျိုးအစား မိသက်ရေ

    သူတော်ကောင်းတွေကို ကာပြန်ပစ်မှားရင် ဖြစ်တတ်တာမျိုးပါ