Category: News

  • Starlink အင်တာနက်ကို အီရန်က ကြားဖြတ် နှောင့်ယှက်နိုင်စွမ်း ရှိနေတယ်လို့ ယူဆရ

    Starlink အင်တာနက်ကို အီရန်က ကြားဖြတ် နှောင့်ယှက်နိုင်စွမ်း ရှိနေတယ်လို့ ယူဆရ

    ဆန္ဒပြမှုတွေ အရှိန်မြင့်တက်နေချိန် အတောအတွင်း အီရန်အစိုးရက ပြည်တွင်း အင်တာနက် ကွန်ရက်တွေကို ပိတ်ချထားတဲ့အပြင် Starlink အင်တာနက် ကွန်ရက်တွေကိုပါ နှောင့်ယှက် ပိတ်ဆို့လာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

    အီရန်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့ကစလို့ နိုင်ငံအနှံ့ အစိုးရ ဆန့်ကျင်ရေး အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့နောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာပိုင်တွေက အဲဒီ အခြေအနေကို တုံ့ပြန်တဲ့ အစီအမံ တစ်ခုအနေနဲ့ အင်တာနက်နဲ့ ဖုန်းကွန်ရက်တွေကို ပိတ်ချပစ်ခဲ့ပါတယ်။

    ဒါပေမဲ့လည်း ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်ထားတဲ့ Starlink ဂြိုဟ်တု ဆက်သွယ်ရေး အင်တာနက် ကွန်ရက်က အီရန်နိုင်ငံအတွက် ထောက်ပံ့ပေးထားတဲ့အတွက် Starlinkနဲ့ ချိတ်ဆက်နိုင်တဲ့ ပြည်သူတွေဟာ အင်တာနက် ဆက်ပြီး အသုံးပြုလို့ ရနေခဲ့ပါတယ်။

    Starlinkဟာ ဂြိုဟ်တု အခြေပြု အင်တာနက် ဝန်ဆောင်မှု စနစ်တစ်ခု ဖြစ်တာကြောင့် သီအိုရီအရ ကြားဖြတ် ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ပါတယ်။ နောက်တော့ အီရန် အာဏာပိုင်တွေဟာ Starlink ကွန်ရက်ကို ချိတ်ဆက် ဖမ်းယူနိုင်တဲ့ စလောင်းတွေကို လိုက်လံ သိမ်းဆည်းခဲ့သလို အဲဒီ အင်တာနက် ဝန်ဆောင်မှုကို ကြားဖြတ် နှောင့်ယှက်တဲ့ အထောက်အထားတွေလည်း တွေ့လာရပါတယ်။

    ဒါဟာ Starlinkကို နည်းပညာပိုင်းအရ အီရန်က တန်ပြန်နှောင့်ယှက် ပိတ်ဆို့နိုင်တဲ့ ပထမဆုံး အထောက်အထား ဖြစ်နိုင်ကြောင်း ထင်ကြေးတွေလည်း ထွက်ပေါ်နေပါတယ်။ ပြည်တွင်းမှာ Starlinkကို လျှို့ဝှက် သုံးစွဲနေသူတွေက သူတို့ရဲ့ အင်တာနက် ဒေတာတွေဟာ ၃၀ ကနေ ၈၀ ရာခိုင်နှုန်းလောက် ပျောက်ဆုံးကုန်တာမျိုး ထူးထူးဆန်းဆန်း တွေ့ကြုံနေရကြောင်း ပြောပါတယ်။

    Starlinkဟာ ၂၀၂၂ ကတည်းက အီရန်ပိုင်နက်ထဲမှာ ကွန်ရက် လွှမ်းခြုံထားပြီး စုစုပေါင်း Starlink အင်တာနက် ချိတ်ဆက်ထားတဲ့ စလောင်းပေါင်း တစ်သိန်းလောက် ရှိနေမယ်လို့ ယူဆရပါတယ်။ အီရန်မှာ Starlink သုံးစွဲခွင့်ကို ဥပဒေနဲ့ တားမြစ် ပိတ်ပင်ထားပေမယ့်လည်း သိုသိုသိပ်သိပ် ခိုးသုံးနေသူတွေ ရှိနေကြတာ ဖြစ်ပါတယ်။

    လက်ရှိ ဆန္ဒပြပွဲတွေမှာတော့ အီရန်ဟာ စစ်သုံး ကြားဖြတ်နှောင့်ယှက်ရေး ထိပ်တန်း နည်းပညာတွေကိုပါ အသုံးပြုပြီး Starlink အင်တာနက် ကွန်ရက်ကို တန်ပြန် ဟန့်တားနေတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေ ထွက်ပေါ်လာပါတယ်။ ယူကရိန်းမှာ Starlinkရဲ့ ကွန်ရက်ကို ရုရှားက နှောင့်ယှက်ခဲ့တဲ့ အီလက်ထရောနစ် စစ်သုံးနည်းပညာမျိုးနဲ့ ဆင်တူနိုင်တယ်လို့ ဆိုပါတယ်။

    အီရန်မှာ ဆန္ဒပြပွဲ ကာလအတွင်း Starlinkသုံးစွဲကြဖို့ ဆော်ဩနေတဲ့ နည်းပညာ အစုအဖွဲ့တွေကတော့ Starlinkရဲ့ မိခင်ကုမ္ပဏီ SpaceXနဲ့ ချိတ်ဆက်ပြီး အခုပြဿနာကို တန်ပြန်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။ မြို့တော် တဟီရန်မှာတော့ အီရန်အာဏာပိုင်တွေရဲ့ တန်ပြန် ပိတ်ဆို့နိုင်စွမ်းဟာ ၃၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၁၀ ရာခိုင်နှုန်းထိ ကျဆင်းလာတယ်လို့ သူတို့က မှတ်ချက်ပေးထားပါတယ်။

    ထရမ့်က သူဟာ အီရန်အစိုးရက အင်တာနက် ကွန်ရက်တွေကို ပိတ်ချထားတဲ့အချိန် ပြည်တွင်းမှာ အင်တာနက် ဝန်ဆောင်မှုတွေ ဆက်ပြီး ရရှိနေစေရေး ကူညီပေးဖို့ မတ်စ်ခ်ကို အကူအညီ တောင်းခံနိုင်ခြေ ရှိနေကြောင်း ပြောဆိုထားပါတယ်။

    နည်းပညာပိုင်းအရ Starlinkဟာ သီးခြား စလောင်းကိရိယာတွေ မရှိရင်တောင်မှ မြန်နှုန်းပိုနိမ့်တဲ့ ကွန်ရက်မျိုးနဲ့ သမားရိုးကျ ဖုန်းတွေကို ချိတ်ဆက်နိုင်ကြောင်း သိရှိရပါတယ်။

    ကိုးကား: PC Magazine

  • မိန်းကလေးတွေ သတိထားကြပါ သင်ခန်းစာယူပါ

    မိန်းကလေးတွေ သတိထားကြပါ သင်ခန်းစာယူပါ

    မိန်းကလေးတွေသတိထားကြပါသင်ခန်းစာယူပါ

    လေးစားအပ်ပါသော ရန်ကုန်က

    ကျတော် မိတ်ဆွေများ အသိများ

    တရားသူကြီးများ ရဲဝန်ထမ်းများခင်ဗျာ

    အောက်ဖော်ပြ ပါ ပုံ တာမွေတွင် နေထိုင်သူ

    နာမည် ဖြိုးသီဟ ခေါ် ပြည့်ဖြိုးကိုကိုကျော်ဆိုသော

    Ots သည့် ကျတော် အသိ မိတ်ဆွေ၏ သမီး ကောင်မလေးတစ်ဉီးနဲ့ ချစ်ကြိုက်ခဲ့ စဥ် လူငယ်သဘာဝ

    Sex ကိစ္စ. Sex. ပုံလေးတွေ ကောင်မလေး ဘက်မှ ပြခဲဘူးပါတယ်

    ယခု ပြတ်ဆဲ ခါမှ အောက်ပါ ots သည့် ပုံတွေကို ပိုက်ဆံ မပေးရင်

    တယ်လီ တွေ မှာ ရောင်းစားမယ် ခြိမ်းခြောက်နေပါတယ်

    မိန်းကလေးချင်း ကိုယ်ချင်းစာနာပါက ဝိုင်းရှယ်ပေးကြ ပါ

    ဒီလို ots တွေ ဇောင်းမကြွမိနိးကလေးတွေကို မထိခိိုက်အောင်

    ဝိုင်းဝန်းကာကွယ်ပေးကြပါ ဗျာ

    အဲမှာ ots ပုံနဲ့ ဖုန်းနံပတ် ပါ 09953682006

    တာမွေမှာနေသူများ အဲ ots ကို တွေ့ပါက နီးစပ်ရာ ရဲစခန်းသို့ တိုင်ကြားပေးပါ

    ဒီလို otsတွေကို ဒီလိုမှ မနှိမ်နင်းရင် မိန်းကလေးတွေကို

    ငွေညှစ် လိင် အမြတ်ထုတ် ခြိမ်းခြောက်နေမှာပါ

  • လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

    လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

    လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် စစ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်

    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော် လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် အစောပိုင်း ၆ နာရီခန့်မှ စတင်ပြီး လောင်းလုံးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့နယ် ရဲစခန်း၊ စရဖ ရုံး၊ မြို့နယ် ထွေ/အုပ်ရုံးနှင့် KBZ ဘဏ်တို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့်သာကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာများကို လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သောကြောင့် လူနေရပ်ကွက်များအတွင်း ကျည်ကျရောက်ပေါက်ကွဲ၍ နေအိမ်များ ပျက်စီးမှုရှိကြောင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်သူ အများစုသည် စစ်ဘေးတိမ်းရှောင်နေခြင်းကြောင့် ထိခိုက်သူမရှိကြောင်း သိရှိရသည်။

    “ဒီနေ့ နံနက် အစောကြီး လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်တာ လောင်းလုံးမှာက မြို့စောင့်တပ် သဘောမျိုးနဲ့ နေရာ ၄ ခုမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေပဲကျန်တော့တယ်လေ အဲစစ်ခွေးတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လာရောက် တိုက်ခိုက်တာ တိုက်ပွဲဖြစ်တာက ၁ နာရီလောက်ပဲကြာတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းထုတာက မွန်းလွဲပိုင်းထိကို ထုနေတုန်းပဲ စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ အခုကတော့ ငြိမ်နေပါပြီ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ သိရတယ်” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလပိုင်းနှင့် ဒီဇင်ဘာလပိုင်းတို့ကလည်း လောင်းလုံးမြို့ပေါ်မှ ညင်းမော်ရွာသို့ လာရောက်ထပ်စွဲထားသော စစ်တပ်က အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ရက်ပေါင်း ၅၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးကာ ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။

    ဓာတ်ပုံ- ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်ခဲ့သော DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်မှ ရဲဘော်များ။

  • ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ်ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦး ထိုင်းရဲထံတွင် အဖမ်းခံ

    ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ်ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦး ထိုင်းရဲထံတွင် အဖမ်းခံ

    နှစ်ဖက်စလုံးကို ဒဏ်ငွေချမှတ် ပြန်လွှတ်ပေးနောက် နှစ်ဖက် ပြေလည်

    ထိုင်းနိုင်ငံ၊ Samut Prakan ရှိ The One စားသောက်ဆိုင်ရှေ့တွင် ထိုင်းပါဆယ်ပို့သမားကို ရန်ဖြစ် ထိုးကြိတ်ခဲ့သော မြန်မာအလုပ်သမား ၆ ဦးမှာ ထိုင်းရဲထံတွင် အဖမ်းခံလိုက်ပြီး ရန်ဖြစ်သော နှစ်ဖက်စလုံးကို ဒဏ်ငွေချမှတ်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း ထိုင်းပါဆယ်ပို့သမားများနှင့် မြန်မာအလုပ် သမားတစ်စုအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းပါဆယ်ပို့သမားကို တိုက်ခိုက်ခဲ့သော မြန်မာအလုပ်သမား ၆ ဦးက The One စားသောက်ဆိုင်မန်နေဂျာ အမျိုးသမီးနှင့်အတူ ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ကြောင်း သိရှိရသည်။

    မြန်မာအလုပ်သမား ၆ ဦးက ရဲစခန်းတွင် ဝန်ခံထွက်ဆိုချက်ပေးခဲ့ကြပြီး ၎င်းတို့လုပ်ရပ်အတွက် နောင်တရကြောင်း ပြောဆိုခဲ့ကြောင်း၊ ယင်းအပြင် အထိုးခံခဲ့ရသော ထိုင်းနိုင်ငံသား ပါဆယ်ပို့သမားနှင့် ထိုင်းပြည်သူများကို ဝန်ချတောင်းပန်ခဲ့ကြောင်း၊ စိတ်တို ဒေါသဖြစ်ပွားပြီး ရန်ဖြစ်မှုအတွက် နောင်တရကြောင်းနှင့် နောက်နောင် ထိုကဲ့သို့သော ဖြစ်ရပ် မဖြစ်စေရန် ဝန်ခံကတိပြုခဲ့ကြောင်း သိရှိရသည်။

    ထိုင်းရဲတပ်ဖွဲ့ ဥပဒေအရ နှစ်ဖက်စလုံးကို ရန်ဖြစ်မှုအတွက် ကနဦးတရားစွဲဆိုကာ ဒဏ်ငွေ ချမှတ်ခဲ့ကြောင်း၊ မြန်မာအလုပ်သမားများက ထိုင်းပါဆယ်ပို့သမား၏ ဆိုင်ကယ် ပျက်စီးမှုအတွက် လျှော်ကြေးငွေ ဘတ် ၁ သောင်း ပေးရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

    လတ်တလော အခင်းဖြစ်ပွားခဲ့ရာ The One စားသောက်ဆိုင်ကို ထိုင်းပိုင်ရှင်က ပိုင်ဆိုင်ခြင်း ဟုတ်၊ မဟုတ် ဆက်လက်စိစစ်လျက်ရှိကြောင်း သိရှိရသည်။

  • တရားသူကြီးတွေ အမှုကိုတရားမျှတစွာ စီရင်ပါမည်ဆိုတဲ့ ကျမ်းကျိန်ဆိုရမှုကို ပယ်ဖျက်ဖို့ စစ်အုပ်စု လုပ်ဆောင်နေ

    တရားသူကြီးတွေ အမှုကိုတရားမျှတစွာ စီရင်ပါမည်ဆိုတဲ့ ကျမ်းကျိန်ဆိုရမှုကို ပယ်ဖျက်ဖို့ စစ်အုပ်စု လုပ်ဆောင်နေ

    တရားခွင်မစခင် တရားသူကြီးတွေအနေနဲ့ အမှုကိုတရားမျှတစွာ စီရင်ပါမည်ဆိုတဲ့ ကျမ်းကျိန်ဆိုရမှုကို ပယ်ဖျက်ဖို့ စစ်အုပ်စု လုပ်ဆောင်နေ

    တရားသူကြီးတွေအနေနဲ့ နေ့စဉ် တရားခွင်မှာကျမ်းကျိန်စရာ မလိုတော့မယ့် ဥပဒေတစ်ရပ်ကိုပြင်ဆင်ဖို့ နေပြည်တော် ဥပဒေရေးရာဝန်ကြီးဌာနက အခု ဇန်နဝါရီ ၅ ရက်မှာ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ စစ်အုပ်စု ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

    တရားသူကြီးတွေအနေနဲ့ နေ့စဉ်ကျမ်းသစ္စာကျိန်ဆိုနေရတာဟာ လက်တွေ့မှာ မဖြစ်မနေလိုအပ်တဲ့ ကိစ္စမဟုတ်တဲ့အပြင် နေ့စဉ်တရားခွင်မှာ ကျမ်းကျိန်ဖို့ကို နိုင်ငံတကာမှာလည်း သတ်မှတ်ထားတာမရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်သင်းသင်းနွဲ့က ဆွေးနွေးတင်ပြခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် တရားသူကြီးတွေအနေနဲ့ စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်တာကြောင့် နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်ဖို့ မလိုအပ်ဘဲ ဒီဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသင့်တယ်လို့ စစ်အုပ်စုခန့် တရားရေးဝန်ကြီး ဒေါက်တာသီတာဦးကလည်း ပြောပါတယ်။

    ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂) အရ ရွေးချယ်ခန့်ထားခံရတဲ့ တရားသူကြီးတွေအနေနဲ့ နေ့စဉ်တရားခွင်တက်ချိန်တိုင်း တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုဖို့ စီစဉ်ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

    ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပဉ္စမအကြိမ်ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) နဲ့ပတ်သက်ပြီး ဆွေးနွေးမှုအပေါ် ပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂) ကို ပြင်ဆင်လိုတာဟာ သူတို့ စိတ်တိုင်းကျ တရားစီရင်ရေးဆောင်ရွက်နိုင်အောင် လုပ်ဆောင်လိုတာသာဖြစ်တယ်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပြောပါတယ်။

    “ဒီဥပဒေပြင်ဖို့လုပ်နေတာကို ကျွန်တော်တို့အနေနဲ့ကတော့ မကြိုက်ဘူး။ ကျမ်းကျိန်ရတာတောင် သူတို့လုပ်ချင်ရာလုပ်နေတာ၊ အခု ကျမ်းမကျိန်ရဘူးဆိုရင် သူတို့အတွက်က လွတ်လပ်ခွင့်ကြီးဖြစ်သွားမှာ” လို့ အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

    တရားသူကြီးတွေအနေနဲ့ စတင်တာဝန်ပေးခန့်အပ်ခံရချိန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုင်ဆောင်ပြီး အမှုကိစ္စရပ်တွေကို တရားမျှတစွာ စီရင်ပါမည်လို့ ကျမ်းသစ္စာကျိန်ရတာဖြစ်ပြီး ဖောက်ဖျက်ရင် ကျိန်စာသင့်မှာ၊ ထိခိုက်မှာကိုလည်း စိုးရိမ်စိတ် တရားသူကြီးတချို့မှာရှိနေတယ်လို့ CDM တရားသူကြီးတစ်ဦးကလည်း ပြောပါတယ်။

    တရားသူကြီးတွေ နေ့စဉ် တရားခွင်မှာ ကျမ်းကျိန်ရတာဟာ အမှုသည်တွေ ယုံကြည်မှုရှိအောင် ကျမ်းသစ္စာကျိန်ဆိုရတာဖြစ်ပြီး တရားသူကြီးတချို့ဟာ လိုက်နာမှုမရှိတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ဒီဥပဒေနဲ့ပတ်သက်ပြီး တရားသူကြီးတွေကို ပိုမိုကြပ်မတ်လုပ်ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ၂၀၁၀ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၉ မေ ၁၅ ရက်မှာ ဥပဒေပုဒ်မ ၂၃ (ဂ) ပုဒ်မခွဲငယ် (၂) အရ “တရားသူကြီးများက နေ့စဉ် တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ ပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်” ဆိုတဲ့ စကားရပ်အစား “တရားသူကြီးများက နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက်စီစဉ်ဆောင်ရွက်မည်” လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖြည့်စွက်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ခြွင်းချက်အနေနဲ့ “တရားသူကြီးများသည် ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့်ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်” လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အသစ်ဖြည့်စွက်ခဲ့ပါသေးတယ်။