Category: News

  • ပလောက်မြို့ရှိ စရဖရုံး၊‌ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    ပလောက်မြို့ရှိ စရဖရုံး၊‌ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

    ပလောက်မြို့ရှိ စရဖရုံး၊‌ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

    ပခုက္ကူရှိ စစ်တပ် တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စရဖရုံး၊‌ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်း တို့ကို ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်းKNDO Drone Forces မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၃ရက်နေ့မှ ၂၆ ရက်နေ့ အထိ ပလောက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ စရဖရုံး၊‌ ထွေအုပ်ရုံး၊ ရဲစခန်း နှင့် ခမရ ၂၈၀ တပ်ရင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခြင်းသည် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သော အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာ(၄)၊ KNDO တပ်ရင်း(၇) KNDO Drone Forces၊ KNU တပ်မဟာ(၄) အထူးတပ်ဖွဲ့ (KNLA Special Forces) နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

    အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ်ကော်မရှင် ခလရ ၂၅၂ တပ်ရင်းနှင့် ထောက်ပို့တပ် အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း COBRA ONE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ် ကော်မရှင်၏ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်နှင့်ထောက်ပို့တပ်အတွင်းသို့ တာဝေး ပစ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်အတွင်းသို့ တည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

    “တော်တော်များများ ထိတယ်လို့တော့ သိရပါတယ်။ အခုလက်ရှိအထိတော့ ကင်းပုန်းတွေချတုန်းပဲ။ အပေါ်ကလည်း စက်တပ်လေထီးက ရှိနေတော့ အတော်ကြိုးစားခဲ့ရတယ်။ လက်နက်ကြီးတွေနဲ့ လည်း ပြန်ပစ်တယ်။ စစ်ကြောင်းနဲ့လာပိတ်လို့ ၂ လုံးပဲ ပစ်ခတ်နိုင်ခဲ့တာ။ ကျနော်တို့မှာ ထောက်ပံ့မှု တွေရရှိမယ်ဆိုရင် အခုထက်ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။ လိုအပ်တာကတော့ ဒရုန်းအကြီး တစ်စင်းရှိရင် ဝေဟင်ကနေ ရော့ကတ်တွေတင်ပြီး ဗုံးကျဲတိုက်ခိုက်နိုင်မှာပါ” ဟု COBRA ONE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ စစ်ကားများဖြင့်လည်း ပိတ်ဆို့ခဲ့သည့်အပြင် စက်တပ်လေထီး ပါရာမိုတာဖြင့်လည်း လိုက်လံရှာဖွေကာ ကင်းထောက်ခဲ့ ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE တပ်ဖွဲ့မှ ပစ်ခက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • ဗန်းမော် တပ်စခန်း ၂ ခု KIA သိမ်းပိုက်

    ဗန်းမော် တပ်စခန်း ၂ ခု KIA သိမ်းပိုက်

    ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိုးစစ်ဆင်နေသည့် ဗန်းမော်မြို့ရှိ တပ်စခန်းနှစ်ခုကို KIA က သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

    ဗန်းမော်မြို့ရှိ ခြေလျင်တပ်ရင်း ခလရ(၄၇) နှင့် စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ(၆၄၁) တို့ကို ယမန်နေ့ (ဒီဇင်ဘာ ၂၆ ရက်) ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “၆၄၁ ရယ် ၄၇ ရယ် ဗန်းမော်စခန်း နှစ်ခု ရတယ်တဲ့ ဒီမနက်ပဲ သတင်းဝင်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကမူ ခလရ(၄၇) ဝန်းကျင်တွင် ယမန်နေ့ထိ တိုက်ပွဲပြင်းထန်နေပြီး စခန်းသိမ်းပိုက်နိုင်ကြောင်းကို ၎င်းအနေဖြင့် အတည်မပြုနိုင်သေးသော်လည်း သတင်းကြားသိရကြောင်း ဆိုသည်။

    “မနေ့ကထိ ၄၇ နဲ့ ၃ မိုင် ၄မိုင် နားတွေမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ သတင်းဝင်ပါတယ်။ ဒီမနက်တော့ ကျွန်တော့်ဆီကို သတင်းမဝင်သေးဘူး။ လိုင်းပေါ်မှာ (စခန်းသိမ်းဖြစ်စဉ်) သတင်းတွေ့နေတာရှိတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အတည်တော့ မပြုနိုင်သေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ဗန်းမော်မြို့ကို KIA က ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယခု ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဗန်းမော်တိုက်ပွဲထိုးစစ်အရှိန်မြှင့်တင်ခဲ့သည်။

    ထိုဒီဇင်ဘာ ၂၅ ရက်နေ့ တိုက်ပွဲတွင် စနခ(၆၄၁) မှ တပ်ရင်းမှူး ကျဆုံးသွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စနခ (၆၄၁) စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    စစ်ကော်မရှင်တပ်ကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ ခလရ(၄၇) နှင့် စနခ(၆၄၁) ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ဖြန့်ဝေထားကြသည်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA က အမတ(၃၆၆)၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း နှင့် ဗန်းမော်လေဆိပ်တို့ကို ယခုနှစ် အစောပိုင်း သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ စစ်အင်အား၊ လက်နက်ခဲယမ်းများကို လေကြောင်းမှတဆင့်သာ ဖြည့်တင်းနေခဲ့ရကြောင်း သိရသည်။

    ထို့နောက် ဩဂုတ်လတွင် စစ်ကော်မရှင်တပ်က ဗန်းမော်မြို့သို့ မန္တလေး ဂေါဝန်ဆိပ်ကမ်းမှတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘော ၁၁ စီးဖြင့် တပ်ကူပို့ခဲ့ရာ ဗန်းမော်တိုက်ပွဲ ထပ်မံပြင်းထန်ခဲ့သည်။

    ဗန်းမော်သို့ ထို သင်္ဘောများ ရောက်ရှိလာပြီးနောက် စက်တင်ဘာလတွင် KIA သိမ်းထားသည့် အမတ(၃၆၆) တပ်ရင်းကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    လက်ရှိတွင် ဗန်းမော်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) ၊ ခြေလျင်တပ်ရင်း ခလရ (၄၇)၊ အမှတ် (၉၁၄) စစ်အင်ဂျင်နီယာတပ်၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ တပ်မ (၈၈) လက်အောက်ခံတပ်ရင်း စသည့် တပ်စခန်းများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

  • “မုန့်တသိန်းကျော်ဖိုးမှာပြီး လိပ်စာအမှားနဲ့ ပိုခိုင်းတဲ့ကိစ္စ ဒေလီသမားလေးတွေ ဖော်ထုတ်ပြီ”

    “မုန့်တသိန်းကျော်ဖိုးမှာပြီး လိပ်စာအမှားနဲ့ ပိုခိုင်းတဲ့ကိစ္စ ဒေလီသမားလေးတွေ ဖော်ထုတ်ပြီ”

    ရန်ကုန် အလုံမြို့နယ် ငုဝါလမ်းမှာ ဖုန်းထဲကနေ မုန့် တသိန်းကျော်ဖိုး မှာပြီး

    ပို့မှ မယူတော့ဘူးလို့ မက်ဆေ့ပို့တာကြောင့်

    Deli ပို့သူ ၂ ဦး အခက်တွေ့ခဲ့ကြပါတယ်။

    တည်နေရာ အမှားနဲ့ မုန့်မှာ ခဲ့ကြတာ ဖြစ်ပြီး ရောက်ကာမှ

    “ငါတို့က အမေရိကန်ကနေ မှာတာ မင်းတို့ပဲ စားလိုက်”လို့ မက်ဆေ့ ပို့ခဲ့တာ ဖြစ်ပါတယ်။

    Deli သမား နှစ်ဦးရဲ့ အက်အခဲကို ဘေးက မြင်နေရတဲ့ စေတနာရှင်တဦးက ဖြေရှင်းပေးခဲ့ပြီး

    တသိန်းကျော်ဖိုး မုန့်တွေကို ဝယ်ယူပေးခဲ့ပါတယ်။

    နေပူထဲမှာ ရုန်းကုန်ရှာဖွေနေကြတဲ့ Deli သမားတွေကို မကူညီရင်နေ

    အခုလိုတော့ မနှောင့်ယှက်သင့်ပါဘူး။

    ကူညီပေးခဲ့တဲ့ စေတနာရှင်ကိုလည်း အထူး ကျေးဇူး တင်ပါတယ်။

    Photo – Ney Oo Lin

  • ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန်

    ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန်

    နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် ညွှန်ကြား ချက်ထုတ်ပြန်

    တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့နှင့်စခန်းများ၊ မြို့ကြီးများတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ လုံခြုံရေး အထူးသတိပြုရန် အကြမ်းဖက်စစ်တပ်က ညွှန်ကြား ချက်တစ်ရပ်ထုတ်ပြန်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့ အပါအဝင် မြို့ကြီးများတွင် လည်းကောင်း၊ နယ် မြေအေးချမ်းမှုမရှိသော မြို့နယ်ဧရိယာများရှိ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများတွင်လည်းကောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တိုက်ခိုက်မှုများ ကြုံတွေ့လာနိုင်သဖြင့် လုံခြုံ ရေး တင်းကျပ်ထားရန်၊ လုံခြုံရေးအတွက် သက်ဆိုင်ရာ ဌာနပေါင်းစုံ ပူးတွဲ ဆောင်ရွက်ကြပြီး စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များ ပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့များက ၂၄ နာရီ မပြတ် ကင်းများ ချထားရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်မှုတွေ ကြုံလာနိုင်လို့ လုံခြုံရေး တင်းကျပ်ဖို့နဲ့ သတိရှိဖို့ ညွှန်ကြားချက် ထုတ်ပြန်လာတယ်။ လုံခြုံရေးအတွက် ပြည်သူ့စစ်ဗျူဟာနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ညပိုင်းမှစတင်၍ ညမထွက်ရ အမိန့်ကို စစ်တပ်က ရုပ်သိမ်းလိုက်ပြီး မဲရုံများ၏ လုံခြုံရေးနှင့် ရပ်ကွက်များ၏ လုံခြုံရေးအတွက် စစ်တပ်က ပျူစောထီးများနှင့်ပြည်သူ့စစ်များ၊ ပြည်သူများကို အတင်းအကျပ် ဆင့်ခေါ် ကင်းစောင့်ခိုင်မှုများ ရှိနေကြောင်း သိရှိရသည်။

    “ဒဂုံတောင်မှာရွေးကောက်ပွဲအတွက်ဆိုပြီး ဆိုင်ကယ်ဘေးတွဲသမားတွေကို ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းကစပြီး ကင်းစောင့်ပေးဖို့ ဆင့်ခေါ်တယ်။ အကယ်၍ ကင်းမစောင့်ပေးဘူးဆိုရင် ဆိုင်ကယ်ဘေးတွဲကို သိမ်းပြီး လူကိုပါ ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ဒဂုံတောင် ၁၉ ရပ်ကွက်၊ ၂၀ ရပ်ကွက်တွေမှာ ဖြစ်နေတာပါ။ အကယ်၍ ကိုယ်မစောင့်နိုင်ရင် လူငှားပြီး စောင့်ခိုင်းလို့ရတယ်။ လူတစ်ဦးကို ညကင်းစောင့်ဖို့ ငှားရမ်းခက ငွေ ၃ သောင်းတောင်းတယ်” ဟု ဒဂုံတောင်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ မန္တလေးမြို့တွင်လည်း စစ်တပ်က ရပ်ကွက်ပြည်သူများကို ရွေးကောက်ပွဲလုံခြုံရေးအတွက် ညကင်းစောင့်ခိုင်းနေကြောင်း၊ တစ်အိမ်လျှင် တစ်ဦးကျ မဖြစ်မနေ ကင်းစောင့်ခိုင်းပြီး ကင်းမစောင့်နိုင်လျှင် ငွေကြေးထည့်ဝင်ကာ လူငှားရမ်းခိုင်းကြောင်း သိရှိရသည်။

    စစ်တပ်အခြေစိုက်ထားသော နေပြည်တော်တွင်မူ မြို့အဝင်အထွက် ဂိတ်များအားလုံးကို စစ်တပ်က သေချာစွာ စစ်ဆေးနေပြီး အဝင်အထွက်လူစာရင်းများကို People Survelliance and Management System PSMS ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

    ထို့ပြင် ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ရန်ကုန်-ပဲခူးကားလမ်း၊ ရန်ကုန်-မန္တ လေးအမြန်လမ်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတို့တွင်လည်း စစ်တပ်က စစ်ဆေးရေးများ အလွန်တင်းကျပ်ထားကြောင်း သိရှိရသည်။

    “မော်လမြိုင်-ရန်ကုန်ကားလမ်းအနေအထားက စစ်ဆေးရေးတအားကိုကျပ်နေတယ်။ ကားတန်းက ၄မိုင်နီးနီးရှည်တယ်။ ဘာတွေ အရမ်းစစ်နေတာလဲမသိဘူး။ ရန်ကုန်အဝင်ကို အရမ်းကိုခက်တယ်။ အထွက်ကိုလည်း စစ်တာတအား။ အဓိကစစ်ဆေးရေးကို အကြောင်းပြပေမယ့် အကြောင်းတွေပြပြီး ရစ်နေတာပါပဲ။ ရန်ကုန်အဝင်ကတော့ 0 မိုင်အထိ ကုန်တင်ယဥ်တွေ ပြုံတိုးနေတာ” ဟု ကုန်တင်ယာဉ် လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး ရွေးကောက်ပွဲကို စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။

  • ခမရ ၂၀၂ ယာယီတပ်ရင်းမှူး  ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ဘားအံတွင် တပ်ပိုင်ဂိတ်ဖွင့်၍ ဆက်ကြေး၊ ဂိတ်ကြေးတောင်းခံနေသော ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီး၊ ရာထူးမှထုတ်ပယ်ခံရပြီး စစ်ဆေးမှုများဆက်တိုက်လုပ်

    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တပ်ပိုင်ဂိတ်ဖွင့်၍ ခရီးသွားပြည်သူများနှင့် ကုန်ကားများထံမှ ဆက်ကြေး၊ ဂိတ်ကြေးတောင်းခံနေသော ခမရ ၂၀၂ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည် ဖမ်းဆီးလိုက်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့ ဘားအံမြို့(တောင်ကလေး) အခြေစိုက် ခမရ ၂၀၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို စစ်တပ်က ပြန်လည်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမှုမှာ တပ်ပိုင်ဂိတ်ဖွင့်၍ ကုန် ကားများကို ဆက်ကြေးကောက်လွှတ်ပေးမှု၊ တရားမဝင်ကုန်သွယ်မှုများကို လာဘ်ငွေ ခွင့်ပြုမှု ၊ ခရီးသွားပြည်သူများထံမှ အသွားအပြန် ဂိတ်ကြေးကောက်ခံမှုများကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ခမရ ၂၀၂ က ဘားအံ- လှိုင်းဘွဲ့ကားလမ်းမပေါ် ၊ တောင်ကလေးကျေးရွာမှာ တည်ရှိပြီး ခမရ ၂၀၂ တပ်ရင်းရှေ့မှာ တပ်ပိုင်ဂိတ် ရှိပါတယ်။ မြဝတီ အသွား၊အပြန် ကားတွေကို ဂိတ်ကြေးတွေ အဆမတန် ကောက်ယူပြီး ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲမှုကြောင့် အဖမ်းခံရတာပါ။ ဂိတ်မှာ တာဝန်ကျတဲ့ ဗိုလ် ကြီး က ဂိတ်ကြေးတွေကို တပ်ရင်းမှူးမိန်းမကို နေ့စဉ်အပ်ရတာပါ။ ဒီဇင်ဘာလ ၂၄ ရက်နေ့ စစ်ဆင်ရေးထွက်နေတဲ့ မြဝတီမြို့၊ လေးကေ့ကော် ကနေ အချုပ်ကားနဲ့ စစ်တပ်က ပြန် လာဖမ်းသွာတာပါ” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

    ခမရ ၂၀၂ မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ် ၂၂ တပ်မဌာနချုပ် လက်အောက်ခံ ဖြစ်ပြီး မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများနှင့် ကုန်စည်သယ်ဆောင်မှုများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြောင့် တပ်ရင်းမှူးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဖမ်းဆီးထားသော ယာယီတပ်ရင်းမှူး ဗိုလ်မှူး သူရိန်အောင်ကို ရာထူးမှ ထုတ်ပယ်ထားသည့်အပြင် တရားမဝင်ကုန်သွယ်မှုများ ၊ ငွေကြေးပေး၍ ဂိတ်ဖြတ်သန်းခွင့် ဖြတ်သန်းခွင့်ပြုမှုများနှင့်ပတ်သက်၍ စစ်တပ်က ထပ်မံ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။