Category: News

  • နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးဟုဆို

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာအနီး၌ စစ်တပ်စစ်ကြောင်း ခေတ္တစခန်းချနေစဉ် ပြောက်ကျားပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးသွားကြောင်း PDF Tatkon တပ်ရင်း ၈၀၃ တပ်ခွဲမှူး ရဲဘော် ကောင်းဘွိုင်က ပြောကြားသည်။

    ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအား အကာ အကွယ် ပေးရန်အတွက် စစ်ကော်မရှင်တပ်သား ၂၀ ခန့်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲ ချောင်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး သဲချောင်းကျေးရွာသို့ မရောက်မီ ခေတ္တ စခန်းချနေခဲ့ကြောင်း သိရသည်။

    ထိုသို့ ခေတ္တစခန်းချနေချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အလစ်အငိုက် ပြောက်ကျားစနစ်ဖြင့် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံး ကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “ရွေးကောက်ပွဲလုပ်ဖို့ ရွာတွေဘက်ကို စစ်ကြောင်း ပတ်ဝင်နေတာ၊ ဘယ်နေရာက ထွက်လာလဲဆိုက တော့ ပြောရခက်တယ်။ လူမရှိတော့ ဟိုစုဒီစုနဲ့ ထွက်လာတာ။ တခါတလေ လက်ရုံးတပ်တွေလည်း ပါတယ်၊ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲကို လုံးဝမထောက်ခံဖို့နဲ့ တတ်နိုင်သမျှ ဆန့်ကျင်ပေးကြ ဖို့ တိုက်တွန်းချင်ပါတယ်၊” ဟု PDF Tatkon တပ်ရင်း ၈၀၃ တပ်ခွဲ မှူး ရဲဘော် ကောင်းဘွိုင်က ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် ၁၈ မှ တပ်ရင်း ၈၀၃၊ ၈၀၂ နှင့် တပ်ကုန်းမြို့နယ် ပကဖအဖွဲ့များ ပူးပေါင်းကာ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဟန့်တားတိုက်ဖျက်ရန်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • မြစ်လက်တက်ပေမဲ့ရေစီးကြမ်းထဲ ပွဲကြမ်းခဲ့တဲ့ “တီတီတာရာ”

    မြစ်လက်တက်ပေမဲ့ရေစီးကြမ်းထဲ ပွဲကြမ်းခဲ့တဲ့ “တီတီတာရာ”

    မြစ်လက်တက်ပေမဲ့ရေစီးကြမ်းတယ် အထူးပြသပွဲမှာ ရန်တွေ အကြီးအကျယ် ဖြစ်ခဲ့ရတဲ့အဓိက ပြဿနာက??

    ” ဝတ်ကောင်းစားလှတွေနဲ့စရိုက်ကျတယ် ဆိုပြီး Sel ကြတာပေါ့ ။

    နိုင်ငံတော်သီချင်းမဖွင့်ခင်တည်းက ကို ရန်ဖြစ်နေခဲ့တာပါ၊

    ဖွင့်လိုက်တာလည်းအာရုံမထားမိဘူး။

    ကျွန်မကစွာတယ်၊ စရိုက်ကျတာမျိုးမဟုတ်ဘူး။

    ဖိတ်စာတွေနဲ့အများကြီးလာကြတယ်၊

    ကိုယ့်ခုံနံပါတ် ကိုပဲ ဖယ်ခိုင်းတာလေ၊

    အကုန်လုံး နာမည်တပ်ထားပြီးသားပါ။

    ခုံနံပါတ်ပြဆိုပြီးပြောတော့ မပြနိုင်ဘူး။

    ကျွန်မက လှလှလေးဝတ်ထားတော့ရန်မဖြစ်ချင်ဘူး၊

    ကျွန်မရဲ့ ကလေးသရုပ်ဆောင်လေးတွေ နောက်မှာ ဝန်းရံပါလာတဲ့လူတွေကလည်း နောက်မှာအကုန် တိုးလို့တန်းလန်းဖြစ်နေတော့ကိုယ်မှမပြောရင်မရတော့လို့ အဲဒီလိုတွေ ဖြစ်ကုန်တော့တာပါ.။

    နင့်ကိုရိုက်မယ် တင်မယ်ဆိုပြီးရိုက်သွားတာသိပေမဲ့ အဲဒီလောက်အထိ Sel ခံရမယ်ထင်မထားဘူး.”>>ဆိုတဲ့ ..တီတီတာရာ ..။

  • ကျိုက်ထီးရိုး တောင်တက်လမ်းတွင် ခရီးသည်အပြည့်နဲ့ တောင်တက်ကားတစ်စီး တိမ်းမှောက်

    ကျိုက်ထီးရိုး တောင်တက်လမ်းတွင် ခရီးသည်အပြည့်နဲ့ တောင်တက်ကားတစ်စီး တိမ်းမှောက်

    မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းတွင် ခရီးသည်တင်ကားတစ်စီး ယမန်နေ့ နေ့လည်ပိုင်း အချိန်က တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၂၆ ရက် နေ့လည် ၁၂ကျော်အချိန်က တိမ်းမှောက်ခဲ့တာဖြစ်ပြီး ခရီးသည်အချို့ ထိခိုက် ဒဏ်ရရှိခဲ့ပေမယ့် လူသေဆုံးမှုမရှိခဲ့ဘူးလို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

    “တောင်ပေါ်အတက်မှာဖြစ်သွားတာပါ။တောင်ပေါ်ရောက်ဖို့ဆို၅မိနစ်လောက်ပဲလိုတော့တယ်။ကြီးကြီးမားမားထိခိုက်တာတော့မရှိပါဘူး။ကောင်လေးတစ်ယောက်တော့ခေါင်းပေါက်သွားတယ်။ကျန်တဲ့သူတွေကတော့ပွန်းပဲ့ဒဏ်ရာလောက်ပဲရတယ်။အားလုံးအေးအေးဆေးဆေးပါပဲ” လို့ သူကပြောပါတယ်။

    မှောက်ခဲ့တဲ့ခရီးသည်တင် တောင်တက်ကားမှာ စက်ချို့ယွင်းမှုကြောင့် တောင်ပေါ်မတက်နိုင်တော့ပဲ နောက်ပြန်ကျလာတဲ့အတွက် ကားမောင်းသူက တောင်ဘက်အခြမ်းကပ်ကာ ကားကိုရပ်တန့်လိုက်ချိန် တွင် ကားမှောက်ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

    “ကားသမားအတွေ့အကြုံရှိလို့လိုက်လာတဲ့သူတွေဘာမှမဖြစ်တာ။ချောက်ထဲကျသွားရင်တော့မတွေးရဲစရာပဲ။တောင်ဘက်အခြမ်းကပ်ပြီးမှောက်လိုက်လို့ပါလာတဲ့သူတွေလည်းဘာမှကြီးကြီးမားမားမဖြစ်တာ။ဘုရားတန်ခိုးလည်းပါမယ်ထင်တယ်” လို့ သူကပြောပါတယ်။

    ဒီဇင်ဘာလအတွင်း ကျိုက်ထီးရိုးတောင်ပေါ်တွင် လူများစည်ကားနေပြီး မြန်မာနိုင်ငံအတွင်း စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် စစ်မဖြစ်တဲ့ ဒေသတွေကို လူအများစုက ခရီးထွက်အပန်းဖြေနေကြရတာဖြစ် တယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများကပြောပါတယ်။

  • ပထမဆုံး ချိန်းတွေ့မှု တစ်ခုကနေ လူမှုကွန်ယက်ထိပြန့်နှံ့သွားခဲ့တဲ့ မထင်မှတ်ထားတဲ့ အဖြစ်ပျက်တစ်ခု

    ပထမဆုံး ချိန်းတွေ့မှု တစ်ခုကနေ လူမှုကွန်ယက်ထိပြန့်နှံ့သွားခဲ့တဲ့ မထင်မှတ်ထားတဲ့ အဖြစ်ပျက်တစ်ခု

    ပထမဆုံး ချိန်းတွေ့မှု တစ်ခုကနေ လူမှုကွန်ယက်ထိပြန့်နှံ့သွားခဲ့တဲ့ မထင်မှတ်ထားတဲ့ အဖြစ်ပျက်တစ်ခုဖြစ်ပျက်ခဲ့ပါတယ်။

    သင်ဆိုရင်ရော ဒီလိုမျိုးကြုံရလျှင် ဘယ်လိုလုပ်မလဲ?

    ၂၀၂၁ ခုနှစ် တုန်းက တရုတ် နိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့ blind date ချိန်းတွေ့မှု တစ်ခုဟာ မထင်မှတ်တဲ့ အဖြစ်ပျက် တစ်ခုကြောင့် လူမှုကွန်ယက်ပေါ်မှာ အကြီးအကျယ် အာရုံစိုက်ခံခဲ့ရပြီး ယနေ့အထိလည်း လူတွေ ပြောစရာအဖြစ် ကျန်ရှ်ိနေဆဲ ဖြစ်ပါတယ်။

    ဇာတ်လမ်းရဲ့ အစမှာတော့ ကျန်းကျန်း ဆိုတဲ့ အမျိုးသမီး တစ်ဦးက blind date ချိန်းတွေ့မှု တစ်ခုမှာ ဇိမ်ခံစားသောက်ဆိုင်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် ပုံမှန်ချိန်းတွေ့မှုနဲ့ မတူပဲ သူမဟာ မိသားစုဝင် ၂၃ ယောက်ကိုပါ အတူခေါ်ဆောင်လာခဲ့ပြီး ဘာမှပြောဆိုခြင်း မရှိပဲ စားသောက်ပွဲတွေကို မှာယူခဲ့တာ ဖြစ်ပါတယ်။

    သူမ မှာယူခဲ့တာတွေဟာ မီနူးထဲက စျေးအကြီးဆုံး ဟင်းလျာတွေ ဖြစ်တဲ့ ဂဏန်းကောင်ကြီး၊ ပုစွန်၊ အခွံမာငါးနဲ့ ငှက်သိုက်စွပ်ပြုတ် စတဲ့ ဇိမ်ခံအစားအစာ များကို အများအပြား မှာယူခဲ့ကြပြီး မကြာခင်အတွင်းမှာပဲ ကုန်ကျငွေဟာ ယွမ် ၂၈၀၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့ပါတယ်။

    ဒါဟာ အမေရိကန် ဒေါ်လာ ၃၀၀၀ မှ ၄၀၀၀ ခန့် ညီမျှတဲ့ ပမာဏ ဖြစ်ပါတယ်

    ဒါကို သဘောပေါက်သွားတဲ့ အမျိုးသားဘက်ကတော့ ဆိုင်အပြင်ကို ခနထွက်မယ်လို့ ဆင်ခြေပေးကာ ငွေမရှင်းပဲ တိတ်တဆိတ် ထွက်သွားခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ အမျိုးသမီးဘက်က ဒါက်ို လူမှုကွန်ယက်ပေါ် တင်ကာ ကိုယ့်ရဲ့ တည်ခင်း ဧည့်ခံ ကျွေးမွေးမှုအတွက် ငွေရှင်းပေးသင့်တယ် လို့ပြောဆိုခဲ့ပါတယ်

    ဒီသတင်းဟာ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့သွားခဲ့ပြီး အင်တာနက် အသုံးပြုသူ အများစုကတော့ ဒီလိုချိန်းတွေ့မှုကို အသုံးချပြီး မိသားစုအတွက် ဇိမ်ခံအစားအစာ တွေကို အခမဲ့ရယူဖို့ ကြံစည်တာဟာ လိမ်လည်မှု တစ်ခုဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်

    အမျိုးသားဘက်က အခြေနေကိုသိပြီး ထွက်ခွါသွားနိုင်ခဲ့တဲ့ အတွက် ချီးကျူးခံခဲ့ရပြီး အမျိုးသမီးဘက်ကတော့ လူမှုကွန်ယက်ပေါ်မှာ အကြီးကျယ် ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်

    ပထမဆုံး ချိန်းတွေ့မှုမှာ ဒီလိုလုပ်လိုက်တာကို ကြည့်ခြင်းဖြင့် လူတိုင်းကို ယုံကြည်လို့ မရဘူးဆိုတာ သင်ခန်းစာတစ်ခု ပေးလိုက်တာဖြစ်ပါတယ်

    အချစ်ဇာတ်လမ်းကနေစခဲ့တဲ့ မထင်မှတ်ထားတဲ့ ဒီဖြစ်ရပ်ဟာ ယနေ့အထိ လူတွေအတွက် ပြောစရာတခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်

  • ဒီဇင်ဘာ ၂၆ ရက် ဗန်းမော်တိုက်ပွဲတွင် တပ်ရင်းမှူး နဲ့ ဒုတပ်ရင်းမှူး အ6သ အလောင်း ရရှိ၊ စခန်းပါ ရရှိ

    ဒီဇင်ဘာ ၂၆ ရက် ဗန်းမော်တိုက်ပွဲတွင် တပ်ရင်းမှူး နဲ့ ဒုတပ်ရင်းမှူး အ6သ အလောင်း ရရှိ၊ စခန်းပါ ရရှိ

    ဒီဇင်ဘာ ၂၆ ရက် ဗန်းမော်တိုက်ပွဲတွင် တပ်ရင်းမှူး နဲ့ ဒုတပ်ရင်းမှူး အသေ အလောင်း ရရှိ၊ စခန်းပါ ရရှိ

    ခရစ်စမတ်ပွဲတော် ပျော်ပါးကြလိမ့်မယ် လို့ ယူဆနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ဟာ မြစ်ကြီးနား လေတပ်စခန်းကို တိုက်ခံရနေစဉ် အခြားတဘက်မှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စခဲ့တာလည်း ဖြစ်ပါတယ်။

    ခရစ်စမတ်စ်ပွဲ လုပ်နေကြတဲ့ အချိန် ဗုံးကြဲဖို့ မျှော်လင့်စောင့်စားနေတဲ့ စစ်ကော်မရှင်တွေဟာ သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။

    မကောင်းကြံတော့ သူတို့ပဲ ခံနေရတယ်။

    “မှန်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဗန်းမော် ခလရ (၄၇) နဲ့ စနခ (၆၄၁) တို့ကို တော်လှန်ရေးတပ်ဖွဲ့ အောင်လံလွှင့်ထူနိုင်ခဲ့ကြပါတယ်။ ပြီးတော့ ရန်သူဘက်က အကောင်ကြီး နှစ်ကောင် အလောင်းရရှိထားပါတယ်။ တပ်ရင်းမှူး နဲ့ ဒုတပ်ရင်းမှူး အရှင်မဖမ်းနိုင်ခဲ့ဘူး အသေပဲ ရတော့တယ်။”

    ဗန်းမော်ဟာ စစ်ကော်မရှင်တွက် ဒုတိယ နေပြည်တော်လို့ စစ်အင်အားကောင်းတဲ့ ဒေသလည်းဖြစ်ပါတယ်။

    ရှုံးဖို့ကြုံလာရင်တော့ ဘာတပ်ရက်းမှုးက ဦးဆောင်ဦးဆောင် 6သမှာပဲ။

    ပြည်သူ့တော်လှန်ရေး အောင်ပွဲ ရရှိမှုအတွက်

    Congratulations KIA & PDF